လီဗာပူးက ပရီးမီးယားလိဂ်ဖလားကို Nike ဂျာစီနဲ့ ကိုင်မြှောက်မှာလား New Balance နဲ့လား

UNICODE – လီဗာပူးအသင်း ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲမှာတော့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ချန်ပီယံဖြစ်လာတဲ့အခါ လက်ရှိ ဝတ်ဆင်နေတဲ့ New Balance ဂျာစီကိုဝတ်ပြီး အောင်ပွဲခံမလား ဇွန်လ ၁ ရက်နေ့မှာ တရားဝင် ဝတ်ဆင်ခွင့်ရှိမယ့် Nike ဂျာစီကို ပြောင်းမလားဆိုတဲ့ အချက်လည်း ပါဝင်နေပါတယ်။

ဒီပြဿနာက ကလပ်တိုင်းမှာ ရှိနေတာ မဟုတ်ပါဘူး။ လီဗာပူးအသင်းဟာ ဒီလအကုန်ဖြစ်တဲ့ မေလ ၃၁ ရက်နေ့မှာတော့ New Balance နဲ့ ဂျာစီစပွန်ဆာစာချုပ် ကုန်ဆုံးမှာဖြစ်ပြီး ဇွန်လ ၁ ရက်နေ့ကစလို့ Nike နဲ့စာချုပ် တရားဝင် အသက်ဝင်မှာဖြစ်တယ်။ ပုံမှန်အတိုင်းဆိုရင်တော့ ရာသီကုန်ထိ New Balance ဂျာစီကို ဝတ်ဆင်ပြီး ချန်ပီယံဖလားကိုလည်း New Balance နဲ့ပဲ ကိုင်မြောက်လိုက်လို့ ရနိုင်ပါတယ်။

ကိုရိုနာကြောင့် ဘောလုံးရာသီ ရပ်နားအပြီးမှာ ပုံမှန်အတိုင်း မေလအတွင်း ဘောလုံးရာသီ မပြီးပြတ်ရာက တရားရေးရာ ကိစ္စတွေလည်း ပါဝင်လာခဲ့ပါတယ်။ ဇွန်လမှာမှ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို စတင်ပြီး ဇူလိုင်မှာ အဆုံးသတ်မှာဖြစ်လို့ လီဗာပူးဟာ ရာသီဝက်မှာပဲ Nike ဂျာစီကို ပြောင်းပြီး ဝတ်ရမလားဖြစ်လာခဲ့တယ်။ ဒီကိစ္စအတွက် ကုမ္ပဏီနှစ်ခုနဲ့အတူ လီဗာပူးဘက်က ညိနှိုင်းနေခဲ့ရပါတယ်။

လီဗာပူးအသင်းရဲ့ မန်နေးဂျင်းဒါရိုက်တာနဲ့ စီးပွားရေးဆိုင်ရာ အကြီးအကဲဖြစ်သူ ဘီလီဟိုဂန်က ရာသီဝက်မှာ ဂျာစီပြောင်းခြင်း မပြုပဲ လက်ကျန် ရာသီကိုလည်း New Balance ဝတ်ဆင်ခွင့်ကိုပဲ ကုမ္ပဏီနှစ်ခုထံ အဆိုတင်ခဲ့ပြီး ညိနှိုင်းမှု အောင်မြင်ခဲ့ပါတယ်။

Nike ဘက်က အကြီးအတန်းပုဂ္ဂိုလ်ကပဲ The Athletic ထံ “ တရားရေးအရဆိုရင် ဇွန်လ ၁ ရက်နေ့မှာ စတင်ရမှာပါ။ ဒါပေမယ့် မုန်တိုင်းထန်တဲ့ ကာလတွေမှာ ဒီလို လွဲပြောင်းမှုက မမှန်ကန်ခြင်းကြောင့် အခုလို ဆုံးဖြတ်ချက်ကို လုပ်ဆောင်ခဲ့ရတာဖြစ်တယ်။ အခြေအနေတွေက ပြေပြေလည်လည်ပါပဲ။

အစီအစဉ်အရ လီဗာပူးအသင်းဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ရာသီကြိုမှာမှ Nike ဂျာစီကို ပြောင်းလဲ ဝတ်ဆင်မှာဖြစ်ပါတယ်။ လက်ကျန် ဘောလုံးရာသီကိုတော့ New Balance ကိုပဲ ဝတ်ဆင်မှာပါ။ ကျနေ်ာတို့ဘက်က နောက်ရာသီကိုပဲ အာရုံစိုက်မှာ ဖြစ်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးနဲ့ Nike ကြား စာချုပ်အရ တစ်ရာသီကို စပွန်ဆာကြေး ပေါင် သန်း ၃၀ ရရှိမှာဖြစ်ပြီး သစ္စာရှိကြေးအဖြစ် အသာတင် အမြတ်ငွေရဲ့ ၂၀% အား လီဗာပူးအသင်းက ခံစားခွင့်ရှိပါမယ်။ ချန်ပီယံလိဂ်ဖလား အနိုင်ရရင် ပေါင် ၄ သန်း၊ ပရီးမီးယားလိဂ်ဖလား အနိုင်ရရင် ပေါင် ၂ သန်းနဲ့ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာရရင် ပေါင် ၂ သန်းတို့ကို ဆုကြေးအဖြစ် ပေးမှာဖြစ်တယ်။

အဆိုပါ စာချုပ်အရ လီဗာပူးအသင်းဟာ တစ်နှစ်ကို ပေါင် သန်း ၆၀ ကနေ သန်း ၇၀ အထိ အကျိုးအမြတ်ရမှာဖြစ်တယ်။ ဒါဟာ ယခင်စာချုပ်ဖြစ်တဲ့ New Balance ရဲ့ ပေါင် သန်း ၄၀ ထက် အများကြီး သာလွန်နေတာ ဖြစ်ပါတယ်။

ZAWGYI – လီဗာပူးအသင္း ရင္ဆိုင္ေနရတဲ့ ျပႆနာေတြထဲမွာေတာ့ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ ခ်န္ပီယံျဖစ္လာတဲ့အခါ လက္ရွိ ဝတ္ဆင္ေနတဲ့ New Balance ဂ်ာစီကိုဝတ္ျပီး ေအာင္ပြဲခံမလား ဇြန္လ ၁ ရက္ေန႔မွာ တရားဝင္ ဝတ္ဆင္ခြင့္ရွိမယ့္ Nike ဂ်ာစီကို ေျပာင္းမလားဆိုတဲ့ အခ်က္လည္း ပါဝင္ေနပါတယ္။

ဒီျပႆနာက ကလပ္တိုင္းမွာ ရွိေနတာ မဟုတ္ပါဘူး။ လီဗာပူးအသင္းဟာ ဒီလအကုန္ျဖစ္တဲ့ ေမလ ၃၁ ရက္ေန႔မွာေတာ့ New Balance နဲ႔ ဂ်ာစီစပြန္ဆာစာခ်ဳပ္ ကုန္ဆံုးမွာျဖစ္ျပီး ဇြန္လ ၁ ရက္ေန႔ကစလို႔ Nike နဲ႔စာခ်ဳပ္ တရားဝင္ အသက္ဝင္မွာျဖစ္တယ္။ ပံုမွန္အတိုင္းဆိုရင္ေတာ့ ရာသီကုန္ထိ New Balance ဂ်ာစီကို ဝတ္ဆင္ျပီး ခ်န္ပီယံဖလားကိုလည္း New Balance နဲ႔ပဲ ကိုင္ေျမာက္လုိက္လို႔ ရႏိုင္ပါတယ္။

ကိုရိုနာေၾကာင့္ ေဘာလံုးရာသီ ရပ္နားအျပီးမွာ ပံုမွန္အတုိင္း ေမလအတြင္း ေဘာလံုးရာသီ မျပီးျပတ္ရာက တရားေရးရာ ကိစၥေတြလည္း ပါဝင္လာခဲ့ပါတယ္။ ဇြန္လမွာမွ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီကို စတင္ျပီး ဇူလိုင္မွာ အဆံုးသတ္မွာျဖစ္လို႔ လီဗာပူးဟာ ရာသီဝက္မွာပဲ Nike ဂ်ာစီကို ေျပာင္းျပီး ဝတ္ရမလားျဖစ္လာခဲ့တယ္။ ဒီကိစၥအတြက္ ကုမၸဏီႏွစ္ခုနဲ႔အတူ လီဗာပူးဘက္က ညိႏိႈင္းေနခဲ့ရပါတယ္။

လီဗာပူးအသင္းရဲ႕ မန္ေနးဂ်င္းဒါရိုက္တာနဲ႔ စီးပြားေရးဆုိင္ရာ အၾကီးအကဲျဖစ္သူ ဘီလီဟိုဂန္က ရာသီဝက္မွာ ဂ်ာစီေျပာင္းျခင္း မျပဳပဲ လက္က်န္ ရာသီကိုလည္း New Balance ဝတ္ဆင္ခြင့္ကိုပဲ ကုမၸဏီႏွစ္ခုထံ အဆိုတင္ခဲ့ျပီး ညိႏိႈင္းမႈ ေအာင္ျမင္ခဲ့ပါတယ္။

Nike ဘက္က အၾကီးအတန္းပုဂၢိဳလ္ကပဲ The Athletic ထံ “ တရားေရးအရဆိုရင္ ဇြန္လ ၁ ရက္ေန႔မွာ စတင္ရမွာပါ။ ဒါေပမယ့္ မုန္တိုင္းထန္တဲ့ ကာလေတြမွာ ဒီလို လြဲေျပာင္းမႈက မမွန္ကန္ျခင္းေၾကာင့္ အခုလို ဆံုးျဖတ္ခ်က္ကို လုပ္ေဆာင္ခဲ့ရတာျဖစ္တယ္။ အေျခအေနေတြက ေျပေျပလည္လည္ပါပဲ။

အစီအစဥ္အရ လီဗာပူးအသင္းဟာ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ ရာသီၾကိဳမွာမွ Nike ဂ်ာစီကို ေျပာင္းလဲ ဝတ္ဆင္မွာျဖစ္ပါတယ္။ လက္က်န္ ေဘာလံုးရာသီကိုေတာ့ New Balance ကိုပဲ ဝတ္ဆင္မွာပါ။ က်ေန္ာတုိ႔ဘက္က ေနာက္ရာသီကိုပဲ အာရံုစိုက္မွာ ျဖစ္ပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။

လီဗာပူးနဲ႔ Nike ၾကား စာခ်ဳပ္အရ တစ္ရာသီကို စပြန္ဆာေၾကး ေပါင္ သန္း ၃၀ ရရွိမွာျဖစ္ျပီး သစၥာရွိေၾကးအျဖစ္ အသာတင္ အျမတ္ေငြရဲ႕ ၂၀% အား လီဗာပူးအသင္းက ခံစားခြင့္ရွိပါမယ္။ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရရင္ ေပါင္ ၄ သန္း၊ ပရီးမီးယားလိဂ္ဖလား အႏုိင္ရရင္ ေပါင္ ၂ သန္းနဲ႔ ပရီးမီးယားလိဂ္မွာ ဒုတိယေနရာရရင္ ေပါင္ ၂ သန္းတို႔ကို ဆုေၾကးအျဖစ္ ေပးမွာျဖစ္တယ္။

အဆုိပါ စာခ်ဳပ္အရ လီဗာပူးအသင္းဟာ တစ္ႏွစ္ကို ေပါင္ သန္း ၆၀ ကေန သန္း ၇၀ အထိ အက်ိဳးအျမတ္ရမွာျဖစ္တယ္။ ဒါဟာ ယခင္စာခ်ဳပ္ျဖစ္တဲ့ New Balance ရဲ႕ ေပါင္ သန္း ၄၀ ထက္ အမ်ားၾကီး သာလြန္ေနတာ ျဖစ္ပါတယ္။