NEWS: လက်ကျန် ပရီးမီးယားလိဂ် ပြန်မစဖို့ အဓိက တိုက်ခိုက်နေတဲ့ အသင်း ၆ သင်း

UNICODE – ပရီးမီးယားလိဂ် ပြန်စဖို့ကို ဆွေးနွေးတိုင်းမှာ အငြင်းအခုံ ကိစ္စတွေ ဖြစ်ခဲ့ရပြီး ဘဏ္ဍာရေးပြဿနာ ရင်ဆိုင်ရမယ် သိပါလျက်နဲ့ ကန့်ကွက်သူတွေကလည်း လိဂ်ပြန်စဖို့ကို နည်းမျိုးစုံ တားဆီးလေ့ရှိကြပါတယ်။

တယ်လီဂရပ် သတင်းက ဖော်ပြရာမှာတော့ ပရီးမီးယားလိဂ် ပြန်စတင်ဖို့ကို ကလပ် အများအပြားက သဘောတူညီပေမယ့် သဘောမတူတဲ့ ကလပ် ၆ သင်းက ဇယားအောက်ခြေက အသင်းတွေဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က အစည်းအဝေးမှာလည်း ဘရိုက်တန်၊ ဝက်ဟမ်း၊ ဘုန်းမောက်၊ နော်ဝစ်နဲ့ အက်စတွန်ဗီလာတို့က လက်ကျန်ပွဲကို ကြားကွင်းမှာ ကစားဖို့ကို ကန့်ကွက်ခဲ့ကြတယ်။

ဘောလုံးပွဲတွေကို ပြန်မစနိုင်ရင် ပရီးမီးယားလိဂ် တစ်ခုတည်းကတင် ပေါင် ၁.၁၃၇ ဘီလီယမ် ထိ ဆုံးရံှူးမယ်ဆိုတာကို သိထားရပြီးပါပြီ။ ကလပ်တွေက အပြီးသတ် မပေးရသေးတဲ့ ပြောင်းရွှေ့ကြေးတွေ၊ လုပ်ခ လစာတွေနဲ့ စာချုပ်ကိစ္စတွေအတွက် ရုန်းကန်ရမှုတွေကို ရင်ဆိုင်လာရမှာဖြစ်တယ်။ အထူးသဖြင့် လုပ်ခ ပေးချေမှုတွေမှာ ပြဿနာတွေ ပေါ်ပေါက်လာဖို့ ရှိနေပါတယ်။

ယခင်တည်းက ဘောလုံးရာသီကို ပြန်မစပဲ ပယ်ဖျက်လိုက်ဖို့ကိုပဲ ဦးတည်တောင်းဆိုနေကြတဲ့ အသင်းတွေက တန်းဆင်းရမှာ ကြောက်ရွံ့နေကြတဲ့ အသင်းတွေပဲ အဓိကဖြစ်ကြတယ်။ ဘဏ္ဍာရေးအခြေအနေကြောင့် လက်ကျန်ပွဲတွေကို ပြန်ကစားရမှာထက် တန်းဆင်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာမယ့် အနေအထားတွေကိုပဲ ၎င်းကလပ်တွေက အဓိက စိုးရိမ်နေကြပါတယ်။

ကလပ် ၆ သင်း ပါဝင်တဲ့ အဆိုပါ အုပ်စုက ပရီးမီးယားလိဂ်ကို ပယ်ဖျက်ဖို့ဆိုတဲ့ မဲ ၁၄ မဲထိ ရအောင် ကြိုးစားနိုင်ခြင်း မရှိတာကြောင့် ဘောလုံးရာသီ ဆက်သွားခြင်းကို မတားဆီးနိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် လိဂ်ကို ပြန်စဖို့ အစီအစဉ်တွေကို တတ်နိုင်သလောက် ငြင်းဆန်နေကြပြီး နောက်ဆုံး အစီအစဉ်ဖြစ်တဲ့ ကြားကွင်း ကစားဖို့ကို ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ကြပြီဖြစ်တယ်။

ပရီးမီးယားလိဂ်ကို နိုင်ငံပြင်ပ ထွက်ကစားဖို့ကလည်း အလုံးစုံ ငြင်းဆန်နေတဲ့ အဆိုပါ ကလပ် ၆ သင်းနဲ့ဆိုရင် အကောင်အထည် ပေါ်ဖို့လည်း ခက်ခဲမှာဖြစ်တယ်။ ပရီးမီးယားလိဂ်ဟာ ပြင်သစ်လိဂ်လို အဆုံးသတ်ဖို့ကလည်း မလွယ်ကူလှတာကြောင့် လာမယ့် အပတ်မှာ ပြင်းထန်တဲ့ ဆွေးနွေးမှုကို တစ်ကြိမ် ထပ်လုပ်ကြဦးမှာ ဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ ျပန္စဖို႔ကို ေဆြးေႏြးတိုင္းမွာ အျငင္းအခံု ကိစၥေတြ ျဖစ္ခဲ့ရျပီး ဘ႑ာေရးျပႆနာ ရင္ဆိုင္ရမယ္ သိပါလ်က္နဲ႔ ကန္႔ကြက္သူေတြကလည္း လိဂ္ျပန္စဖို႔ကို နည္းမ်ိဳးစံု တားဆီးေလ့ရွိၾကပါတယ္။

တယ္လီဂရပ္ သတင္းက ေဖာ္ျပရာမွာေတာ့ ပရီးမီးယားလိဂ္ ျပန္စတင္ဖို႔ကို ကလပ္ အမ်ားအျပားက သေဘာတူညီေပမယ့္ သေဘာမတူတဲ့ ကလပ္ ၆ သင္းက ဇယားေအာက္ေျခက အသင္းေတြျဖစ္တယ္လို႔ သိရပါတယ္။ ျပီးခဲ့တဲ့ ေသာၾကာေန႔က အစည္းအေဝးမွာလည္း ဘရိုက္တန္၊ ဝက္ဟမ္း၊ ဘုန္းေမာက္၊ ေနာ္ဝစ္နဲ႔ အက္စတြန္ဗီလာတို႔က လက္က်န္ပြဲကို ၾကားကြင္းမွာ ကစားဖို႔ကို ကန္႔ကြက္ခဲ့ၾကတယ္။

ေဘာလံုးပြဲေတြကို ျပန္မစႏုိင္ရင္ ပရီးမီးယားလိဂ္ တစ္ခုတည္းကတင္ ေပါင္ ၁.၁၃၇ ဘီလီယမ္ ထိ ဆံုးရံွဴးမယ္ဆိုတာကို သိထားရျပီးပါျပီ။ ကလပ္ေတြက အျပီးသတ္ မေပးရေသးတဲ့ ေျပာင္းေရႊ႔ေၾကးေတြ၊ လုပ္ခ လစာေတြနဲ႔ စာခ်ဳပ္ကိစၥေတြအတြက္ ရုန္းကန္ရမႈေတြကို ရင္ဆိုင္လာရမွာျဖစ္တယ္။ အထူးသျဖင့္ လုပ္ခ ေပးေခ်မႈေတြမွာ ျပႆနာေတြ ေပၚေပါက္လာဖို႔ ရွိေနပါတယ္။

ယခင္တည္းက ေဘာလံုးရာသီကို ျပန္မစပဲ ပယ္ဖ်က္လိုက္ဖို႔ကိုပဲ ဦးတည္ေတာင္းဆိုေနၾကတဲ့ အသင္းေတြက တန္းဆင္းရမွာ ေၾကာက္ရြံ႔ေနၾကတဲ့ အသင္းေတြပဲ အဓိကျဖစ္ၾကတယ္။ ဘ႑ာေရးအေျခအေနေၾကာင့္ လက္က်န္ပြဲေတြကို ျပန္ကစားရမွာထက္ တန္းဆင္းျပီးေနာက္ပိုင္း ျဖစ္ေပၚလာမယ့္ အေနအထားေတြကိုပဲ ၄င္းကလပ္ေတြက အဓိက စိုးရိမ္ေနၾကပါတယ္။

ကလပ္ ၆ သင္း ပါဝင္တဲ့ အဆိုပါ အုပ္စုက ပရီးမီးယားလိဂ္ကို ပယ္ဖ်က္ဖို႔ဆိုတဲ့ မဲ ၁၄ မဲထိ ရေအာင္ ၾကိဳးစားနုိင္ျခင္း မရွိတာေၾကာင့္ ေဘာလံုးရာသီ ဆက္သြားျခင္းကို မတားဆီးႏုိင္ခဲ့ၾကပါဘူး။ ဒါေပမယ့္ လိဂ္ကို ျပန္စဖို႔ အစီအစဥ္ေတြကို တတ္ႏုိင္သေလာက္ ျငင္းဆန္ေနၾကျပီး ေနာက္ဆံုး အစီအစဥ္ျဖစ္တဲ့ ၾကားကြင္း ကစားဖို႔ကို ျပတ္ျပတ္သားသား ျငင္းဆန္ခဲ့ၾကျပီျဖစ္တယ္။

ပရီးမီးယားလိဂ္ကို ႏုိင္ငံျပင္ပ ထြက္ကစားဖို႔ကလည္း အလံုးစံု ျငင္းဆန္ေနတဲ့ အဆိုပါ ကလပ္ ၆ သင္းနဲ႔ဆိုရင္ အေကာင္အထည္ ေပၚဖို႔လည္း ခက္ခဲမွာျဖစ္တယ္။ ပရီးမီးယားလိဂ္ဟာ ျပင္သစ္လိဂ္လို အဆံုးသတ္ဖို႔ကလည္း မလြယ္ကူလွတာေၾကာင့္ လာမယ့္ အပတ္မွာ ျပင္းထန္တဲ့ ေဆြးေႏြးမႈကို တစ္ၾကိမ္ ထပ္လုပ္ၾကဦးမွာ ျဖစ္ပါတယ္။