ချန်ပီယံလိဂ်ပိတ်ခံထားရတဲ့ မန်စီးတီးကနေ ထွက်ခွာမယ့်အကြောင်း ဒီဘရိုင်း စကားစပြောလာ

UNICODE – မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက ချန်ပီယံလိဂ် နှစ်ရာသီ ပိတ်ခံထားရမှုကို မန်စီးတီးဘက်က မဖြေရှင်းနိုင်ရင် မန်ချက်စတာကလပ်ကနေ ထွက်ခွာမယ်ဆိုတဲ့စကား စပြောလာခဲ့ပါပြီ။

ဥရောပကလပ်တွေက စိတ်ဝင်စားခြင်း ခံနေရတဲ့ ဒီဘရိုင်းဟာ အသက် ၂၈ နှစ်အရွယ်ရှိနေပြီဖြစ်ကာ မန်စီးတီးအသင်း ဥရောပဝင်ခွင့် နှစ်နှစ် ပိတ်ခံထားရမှုကို အဖြေမရှာနိုင်ရင် နောက်တစ်ကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲထဲ ပါဝင်ရချိန်မှာ သူဟာ အသက် ၃၀ အရွယ်ကို ရောက်ရှိနေမှာပါ။

ဒီဘရိုင်းက “ အချိန်နည်းနည်းပေးပြီး ကျနော် စောင့်ဆိုင်းနေပါတယ်။ ကလပ်က သူတို့ ဆုံးဖြတ်ချက်ကို အယူခံဝင်ထားတယ်လို့ ပြောတယ်။ သူတို့ပြောတာ ရာနှုန်းပြည့် မှန်တယ်ဆိုတာကို စောင့်ကြည့်ရပါမယ်။ ကျနော်က ကလပ်ကို ယုံကြည်မှုရှိပါတယ်။ သူတို့က မမှန်ဘူးလို့ ပြောတဲ့ ကိစ္စအတွက် ကလပ်ကို ယုံပါတယ်။

ကျနေ်ာတို့ စောင့်ဆိုင်းပြီး ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရပါမယ်။ နောက်ဆုံးအဖြေထွက်လာရင် ကျနော် စဉ်းစားရမှာပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နှစ်ရာသီ မပါဝင်ခွင့်ဆိုတာက အရမ်းကြာပါတယ်။ တစ်နှစ်လောက်ဆိုရင်တော့ ကျနော် စဉ်းစားပေးလို့ရပါတယ်။ ” လို့ ပြောပါတယ်။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာကလည်း မန်စီးတီးနဲ့ စာချုပ် တစ်နှစ်ပဲ ကျန်ရှိတော့တာပါ။ ဒီဘရိုင်းက သူ့ရဲ့ အနာဂတ်က ဂွာဒီယိုလာရဲ့ အသင်းသစ်နဲ့ ဆိုင်းမလားဆိုတာကိုလည်း မဆိုင်ဘူးလို့ ဖြေပါတယ်။ သူနဲ့ မန်စီးတီးကြား စာချုပ်က ၂၀၂၃ ခုနှစ်ထိဖြစ်ပြီး ဆုကြေးတွေ အပါဆိုရင် တစ်ပတ်ကို ပေါင် ၃၅၀၀၀၀ လောက် ရနေတာဖြစ်ပါတယ်။

ဒီဘရိုင်းကပဲ “ ဒီအခြေအနေမှာ စာချုပ်သစ်ကိစ္စ စကားပြောနေတာ မရှိပါဘူး။ ဘာဖြစ်လာမယ်တော့ မသိပါဘူး။ ကမ္ဘာကြီးပေါ်မှာ ဖြစ်နေတဲ့ ကိစ္စနဲ့ ပက်သက်ပြီး စောင့်ကြည့်ဖို့တော့ လိုပါတယ်။ ကျနော်က စာချုပ် သုံးနှစ် ကျန်ပါသေးတယ်။ ဒီရာသီ အပြီးသတ်ခဲ့ရင် အနာဂတ်ကို ကြည့်ဖို့ အခွင့်အရေး ရပါပြီ။ အခုချိန်ကတော့ အနာဂတ်အကြောင်း တွေးနေရမယ့်အချိန် မဟုတ်ပါဘူး။ ” လို့ ဖြေခဲ့တာဖြစ်ပါတယ်။

ZAWGYI – မန္စီးတီးကြင္းလယ္လူ ဒီဘရိုင္းက ခ်န္ပီယံလိဂ္ ႏွစ္ရာသီ ပိတ္ခံထားရမႈကို မန္စီးတီးဘက္က မေျဖရွင္းႏုိင္ရင္ မန္ခ်က္စတာကလပ္ကေန ထြက္ခြာမယ္ဆိုတဲ့စကား စေျပာလာခဲ့ပါျပီ။

ဥေရာပကလပ္ေတြက စိတ္ဝင္စားျခင္း ခံေနရတဲ့ ဒီဘရိုင္းဟာ အသက္ ၂၈ ႏွစ္အရြယ္ရွိေနျပီျဖစ္ကာ မန္စီးတီးအသင္း ဥေရာပဝင္ခြင့္ ႏွစ္ႏွစ္ ပိတ္ခံထားရမႈကို အေျဖမရွာႏုိင္ရင္ ေနာက္တစ္ၾကိမ္ ခ်န္ပီယံလိဂ္ျပိဳင္ပြဲထဲ ပါဝင္ရခ်ိန္မွာ သူဟာ အသက္ ၃၀ အရြယ္ကို ေရာက္ရွိေနမွာပါ။

ဒီဘရိုင္းက “ အခ်ိန္နည္းနည္းေပးျပီး က်ေနာ္ ေစာင့္ဆိုင္းေနပါတယ္။ ကလပ္က သူတို႔ ဆံုးျဖတ္ခ်က္ကို အယူခံဝင္ထားတယ္လို႔ ေျပာတယ္။ သူတို႔ေျပာတာ ရာႏႈန္းျပည့္ မွန္တယ္ဆိုတာကို ေစာင့္ၾကည့္ရပါမယ္။ က်ေနာ္က ကလပ္ကို ယံုၾကည္မႈရွိပါတယ္။ သူတို႔က မမွန္ဘူးလို႔ ေျပာတဲ့ ကိစၥအတြက္ ကလပ္ကို ယံုပါတယ္။

က်ေန္ာတို႔ ေစာင့္ဆိုင္းျပီး ဘာေတြျဖစ္လာမလဲ ေစာင့္ၾကည့္ရပါမယ္။ ေနာက္ဆံုးအေျဖထြက္လာရင္ က်ေနာ္ စဥ္းစားရမွာပါ။ ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ ႏွစ္ရာသီ မပါဝင္ခြင့္ဆိုတာက အရမ္းၾကာပါတယ္။ တစ္ႏွစ္ေလာက္ဆိုရင္ေတာ့ က်ေနာ္ စဥ္းစားေပးလို႔ရပါတယ္။ ” လို႔ ေျပာပါတယ္။

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာကလည္း မန္စီးတီးနဲ႔ စာခ်ဳပ္ တစ္ႏွစ္ပဲ က်န္ရွိေတာ့တာပါ။ ဒီဘရိုင္းက သူ႔ရဲ႕ အနာဂတ္က ဂြာဒီယိုလာရဲ႕ အသင္းသစ္နဲ႔ ဆုိင္းမလားဆိုတာကိုလည္း မဆိုင္ဘူးလို႔ ေျဖပါတယ္။ သူနဲ႔ မန္စီးတီးၾကား စာခ်ဳပ္က ၂၀၂၃ ခုႏွစ္ထိျဖစ္ျပီး ဆုေၾကးေတြ အပါဆိုရင္ တစ္ပတ္ကို ေပါင္ ၃၅၀၀၀၀ ေလာက္ ရေနတာျဖစ္ပါတယ္။

ဒီဘရိုင္းကပဲ “ ဒီအေျခအေနမွာ စာခ်ဳပ္သစ္ကိစၥ စကားေျပာေနတာ မရွိပါဘူး။ ဘာျဖစ္လာမယ္ေတာ့ မသိပါဘူး။ ကမၻာၾကီးေပၚမွာ ျဖစ္ေနတဲ့ ကိစၥနဲ႔ ပက္သက္ျပီး ေစာင့္ၾကည့္ဖို႔ေတာ့ လိုပါတယ္။ က်ေနာ္က စာခ်ဳပ္ သံုးႏွစ္ က်န္ပါေသးတယ္။ ဒီရာသီ အျပီးသတ္ခဲ့ရင္ အနာဂတ္ကို ၾကည့္ဖို႔ အခြင့္အေရး ရပါျပီ။ အခုခ်ိန္ကေတာ့ အနာဂတ္အေၾကာင္း ေတြးေနရမယ့္အခ်ိန္ မဟုတ္ပါဘူး။ ” လို႔ ေျဖခဲ့တာျဖစ္ပါတယ္။