ယူနိုက်တက်ရဲ့ တိုးတက်မှုက ဂန်းနားမပြောနဲ့ မန်စီးတီးတောင် လိုက်မမှီဘူးဆိုတဲ့ ပေါလ်မာဆန်

ပရီးမီးယားလိဂ်ကို ပြန်လည်စတင်ခြင်းမှာ အသာစီးရသွားနိုင်တဲ့ အသင်းတစ်သင်းက ယူနိုက်တက်ဖြစ်ကြောင်း ပေါလ်မာဆန်က ယုံကြည်နေပါတယ်။

ကိုဗစ်ကာလကြောင့် ဘောလုံးပွဲတွေ မပိတ်ခင်မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရဲ့ စွမ်းဆောင်ရည် အတည်ငြိမ်ဆုံး အသင်းလို့ သူက ဆိုလိုက်ပြီး ငယ်ရွယ် နုပျိုတဲ့ အသင်းတစ်သင်းအဖြစ် စောင့်ကြည့်ချင်စရာ ကောင်းနေတယ်လို့လည်း ဆိုပါတယ်။

ပေါလ်မာဆန်က ‘ ဘောလုံးပွဲတွေ ပြန်စလာရင် ကျနော် စိတ်ဝင်စား စောင့်ကြည့်မယ် အသင်းက မန်ချက်စတာယူနိုက်တက် ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ပိတ်ဆို့ကာလတွေ မစခင်တုန်းက သူတို့က နောက်ဆုံး ၁၁ ပွဲမှာ ၈ ပွဲထိ အနိုင်ရထားပါတယ်။ ဂိုးတွေလည်း အများကြီး သွင်းထားတယ်။ ဇန်နဝါရီနောက်ပိုင်း အရေးနိမ့်ထားခြင်းလည်း မရှိဘူး။

အချက်အလက်အရ ပြောမယ်ဆိုရင် မတ်လတုန်းက ဘောလုံးပွဲတွေ မရပ်နားခင်ထိ ယူနိုက်တက်ထက် ကစားပုံ ပိုကောင်းနေတဲ့ အသင်းမရှိပါဘူး။ ဘောလုံးပွဲတွေ ပြန်စမယ်ဆိုရင် သူတို့ ဒီပုံစံကို စတင်နိုင်မလား။ ဒီမေးခွန်းက ပေါင် ၆၄ သန်းလောက် တန်ပါတယ်။ ဒါပေမယ့် ဆိုးရှားက တကယ်ကို ရှိန်လောက်တော့ လူစာရင်းကို အိုထရတ်ဖိုဒ့်မှာ စုဆောင်းထားနိုင်ပါပြီ။

သူတို့က ငယ်ရွယ်တယ်၊ တိုးတက်လာနေတယ်။ ယူနိုက်တက်မှာ မြင်ရတဲ့ တိုးတက်ကောင်းမွန်မှုတွေကို အာဆင်နယ်မှာ မမြင်ရသလို မန်စီးတီးမှာတောင် မမြင်ရပါဘူး။ ’ လို့ ဆိုခဲ့တာဖြစ်တယ်။

သူကပဲ ဆက်လက်ပြီး ‘ နောက်ရာသီမှာ ယူနိုက်တက်က အမှတ်ပေးဖလား စိန်ခေါ်မယ့်အသင်း ဖြစ်ရမယ်လို့ ကျနော် မပြောပါဘူး။ ဒါပေမယ့် သူတို့က မှန်ကန်တဲ့ လမ်းကြောင်းနဲ့ ဦးတည်နေတာဖြစ်ပြီး ဒီနှစ်တွေထက်စာရင် အမှတ်ပေးဇယား ထိပ်ပိုင်းတွေကို ပြန်ရောက်နိုင်ဖို့ ပိုနီးစပ်နေပါပြီ။

မေးခွန်းထုတ်စရာက ဆိုးရှားရဲ့ လက်အောက်မှာ ယူနိုက်တက်က အတူတကွနဲ့ ကိုင်တွယ်နိုင်စွမ်း ရှိကြပြီး နိုင်ပွဲတွေ ရယူထားတယ်၊ သူတို့က ဆိုးရွားတဲ့ ရလဒ်ဆိုးတွေလည်း ရထားပါတယ်။ ဂွာဒီယိုလာနဲ့ ကလော့ပ်လို အဆင့်မျိုးတော့ မရှိသေးပါဘူး။ တကယ့် ထိပ်တန်းမန်နေဂျာဆိုတာက နှစ်ပွဲ သုံးပွဲလောက် နိုင်ပွဲမရတာမျိုး ဖြစ်လာဖို့ဆိုတာ ကြုံတောင့်ကြုံခဲ့ ကိစ္စဖြစ်ပါတယ်။

ဆိုးရှားက လိုအပ်ချက်တွေ ရှိနေသေးတဲ့ မန်နေဂျာလို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် ကျနော်က ယူနိုက်တက် ပရိသတ်ဆိုရင် အနာဂတ်မှာ သူတို့အသင်းရဲ အနေအထားအတွက် အရမ်းကို စိတ်လှုပ်ရှားနေမိမှာပါ ’ လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ကို ျပန္လည္စတင္ျခင္းမွာ အသာစီးရသြားႏုိင္တဲ့ အသင္းတစ္သင္းက ယူႏုိက္တက္ျဖစ္ေၾကာင္း ေပါလ္မာဆန္က ယံုၾကည္ေနပါတယ္။

ကိုဗစ္ကာလေၾကာင့္ ေဘာလံုးပြဲေတြ မပိတ္ခင္မွာ ယူနုိက္တက္ဟာ ပရီးမီးယားလိဂ္ရဲ႕ စြမ္းေဆာင္ရည္ အတည္ျငိမ္ဆံုး အသင္းလို႔ သူက ဆိုလိုက္ျပီး ငယ္ရြယ္ ႏုပ်ိဳတဲ့ အသင္းတစ္သင္းအျဖစ္ ေစာင့္ၾကည့္ခ်င္စရာ ေကာင္းေနတယ္လို႔လည္း ဆိုပါတယ္။

ေပါလ္မာဆန္က ‘ ေဘာလံုးပြဲေတြ ျပန္စလာရင္ က်ေနာ္ စိတ္ဝင္စား ေစာင့္ၾကည့္မယ္ အသင္းက မန္ခ်က္စတာယူႏုိက္တက္ ျဖစ္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ ပိတ္ဆို႔ကာလေတြ မစခင္တုန္းက သူတို႔က ေနာက္ဆံုး ၁၁ ပြဲမွာ ၈ ပြဲထိ အႏုိင္ရထားပါတယ္။ ဂိုးေတြလည္း အမ်ားၾကီး သြင္းထားတယ္။ ဇန္နဝါရီေနာက္ပိုင္း အေရးနိမ့္ထားျခင္းလည္း မရွိဘူး။

အခ်က္အလက္အရ ေျပာမယ္ဆိုရင္ မတ္လတုန္းက ေဘာလံုးပြဲေတြ မရပ္နားခင္ထိ ယူႏုိက္တက္ထက္ ကစားပံု ပိုေကာင္းေနတဲ့ အသင္းမရွိပါဘူး။ ေဘာလံုးပြဲေတြ ျပန္စမယ္ဆိုရင္ သူတို႔ ဒီပံုစံကို စတင္ႏုိင္မလား။ ဒီေမးခြန္းက ေပါင္ ၆၄ သန္းေလာက္ တန္ပါတယ္။ ဒါေပမယ့္ ဆိုးရွားက တကယ္ကို ရွိန္ေလာက္ေတာ့ လူစာရင္းကို အိုထရတ္ဖိုဒ့္မွာ စုေဆာင္းထားႏုိင္ပါျပီ။

သူတို႔က ငယ္ရြယ္တယ္၊ တိုးတက္လာေနတယ္။ ယူႏုိက္တက္မွာ ျမင္ရတဲ့ တိုးတက္ေကာင္းမြန္မႈေတြကို အာဆင္နယ္မွာ မျမင္ရသလို မန္စီးတီးမွာေတာင္ မျမင္ရပါဘူး။ ’ လို႔ ဆိုခဲ့တာျဖစ္တယ္။

သူကပဲ ဆက္လက္ျပီး ‘ ေနာက္ရာသီမွာ ယူႏုိက္တက္က အမွတ္ေပးဖလား စိန္ေခၚမယ့္အသင္း ျဖစ္ရမယ္လို႔ က်ေနာ္ မေျပာပါဘူး။ ဒါေပမယ့္ သူတို႔က မွန္ကန္တဲ့ လမ္းေၾကာင္းနဲ႔ ဦးတည္ေနတာျဖစ္ျပီး ဒီႏွစ္ေတြထက္စာရင္ အမွတ္ေပးဇယား ထိပ္ပိုင္းေတြကို ျပန္ေရာက္ႏုိင္ဖို႔ ပိုနီးစပ္ေနပါျပီ။

ေမးခြန္းထုတ္စရာက ဆိုးရွားရဲ႕ လက္ေအာက္မွာ ယူႏုိက္တက္က အတူတကြနဲ႔ ကိုင္တြယ္ႏုိင္စြမ္း ရွိၾကျပီး ႏိုင္ပြဲေတြ ရယူထားတယ္၊ သူတို႔က ဆိုးရြားတဲ့ ရလဒ္ဆိုးေတြလည္း ရထားပါတယ္။ ဂြာဒီယိုလာနဲ႔ ကေလာ့ပ္လို အဆင့္မ်ိဳးေတာ့ မရွိေသးပါဘူး။ တကယ့္ ထိပ္တန္းမန္ေနဂ်ာဆိုတာက ႏွစ္ပြဲ သံုးပြဲေလာက္ ႏုိင္ပြဲမရတာမ်ိဳး ျဖစ္လာဖို႔ဆိုတာ ၾကံဳေတာင့္ၾကံဳခဲ့ ကိစၥျဖစ္ပါတယ္။

ဆိုးရွားက လိုအပ္ခ်က္ေတြ ရွိေနေသးတဲ့ မန္ေနဂ်ာလို႔ က်ေနာ္ ထင္ပါတယ္။ ဒါေပမယ့္ က်ေနာ္က ယူႏုိက္တက္ ပရိသတ္ဆိုရင္ အနာဂတ္မွာ သူတို႔အသင္းရဲ အေနအထားအတြက္ အရမ္းကို စိတ္လႈပ္ရွားေနမိမွာပါ ’ လို႔ ဆိုခဲ့တာျဖစ္ပါတယ္။