NEWS: ဆောက်သမ်တန်ကို ဝက်လို သဘောမထားဘဲ သန်း ၂၅၀ နဲ့ ရောင်းထုတ်မယ့် တရုတ်သူဌေး

UNICODE – ဆောက်သမ်တန်အသင်းရဲ့ အဓိက ရှယ်ယာရှင် တရုတ်စီးပွားရေးသမား Gao Jisheng က သူပိုင်ဆိုင်တဲ့ ကလပ်ရဲ့ ရှယ်ယာ ၈၀% ကို အမေရိကန် အခြေစိုက် ကုမ္ပဏီထံ ရောင်းချဖို့ စကားပြောမှု လုပ်ဆောင်နေပါတယ်။

ကိုဗစ်ကပ်ဘေးကြောင့် ဒီစကားပြောမှုက ရပ်ဆိုင်ထားရပေမယ့် အမေရိကန်အဖွဲ့က ဆောက်သမ်တန်ကို အလုံးစုံ ထိန်းချုပ်ခွင့်ရမယ့် ဝယ်ယူခွင့်ကို စိတ်ဝင်စားနေဆဲဖြစ်တယ်။ ၂၀၂၀ အစောပိုင်းမှာ Gao Jisheng က ဆောက်သမ်တန် ရှယ်ယာတွေကို ရောင်းထုတ်ဖို့ စတင်ခဲ့တာလို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။

ဆောက်သမ်တန်ကို အမေရိကန်အဖွဲ့က ဝယ်ယူလိုပေမယ့် ကိုရိုနာ ကပ်ဘေးကြောင့် သဘောတူညီမှု မရသေးပါဘူး။ ဆောက်သမ်တန်အသင်းရဲ့ လက်ကျန်ရှယ်ယာ ၂၀% ကိုတော့ ပိုင်ရှင်ဟောင်းဖြစ်သူ Katharina Liebherr က ပိုင်ဆိုင်ထားပြီး ကလပ်ရဲ့ ဘုတ်အဖွဲ့မှာ သူပါဝင်ဆဲဖြစ်ကာ ဆုံးဖြတ်ချက်လုပ်ဆောင်မှုတွေမှာလည်း ဝင်ရောက် ဆွေးနွေးနေဆဲဖြစ်တယ်။

ဆွစ်ဇလန်လူမျိုး Katharina Liebherr က သူမပိုင်ဆိုင်တဲ့ ရှယ်ယာတွေကို ၂၀၁၇ ခုနှစ်တုန်းက တရုတ်သူဌေး Jisheng ထံ ပေါင် သန်း ၂၁၀ နဲ့ ရောင်းထုတ်ခဲ့ခြင်းဖြစ်တယ်။ သူမဟာ ၂၀၁၀ မှာတော့ ဖခင်ဖြစ်သူ Markus ထံက ဆောက်သမ်တန်အသင်းကို အမွေရခဲ့ခြင်းဖြစ်ပါတယ်။

ဆောက်သမ်တန်ရဲ့ အဓိက ရှယ်ယာရှင် Jisheng က လက်ရှိမှာ သူပိုင်ဆိုင်တဲ့ ရှာယာ ၈၀% လုံးကို ပေါင် သန်း ၂၅၀ နဲပ ရောင်းချမှာဖြစ်တယ်။ စီးပွားရေးဆိုင်ရာ သတင်းဌာနတွေက Jisheng ဟာ သူ့ရဲ့ Lander Sports Group အရံှူးပေါ်နေခြင်းကြောင့် ဘဏ္ဍာရေးပိုင်း ပြဿနာတွေရှိနေပြီး ဆောက်သမ်တန်ကို ရောင်းချလိုတာလို့ ဖွင့်ချပေမယ့် Jisheng က ငြင်းဆန်ပါတယ်။

Jisheng ” ကျနော်က ဆောက်သမ်တန်ကို ဝက်တစ်ကောင်လို ဝဖိုင်းလာအောင် အစာကြွေးပြီးမှ ရောင်းချတာမျိုး လုပ်ဆောင်မယ့်သူ မဟုတ်ပါဘူး။ ဆောက်သမ်တန်ကို ကလေးတစ်ယောက်လို ဆက်ဆံတဲ့သူပါ။ ဒါပေမယ့် ကျနော်ရဲ့ ကလေးက သူ့ရဲ့ သူဌေးအပေါ်မှာပဲ မှီခိုနေလို့ မရဘူးဆိုတာ သိထားရပါမယ်။ ကျနော်က ဆောက်သမ်တန်ရဲ့ ဖခင်ဖြစ်ပေမယ့် မှန်ကန်တဲ့ လမ်းကြောင်းပေါ် တင်ပေးပြီး ကိုယ်ဘာသာ အစာရှာစားစေလိုပါတယ် ” လို့ ဆိုထားပါတယ်။

ZAWGYI – ေဆာက္သမ္တန္အသင္းရဲ႕ အဓိက ရွယ္ယာရွင္ တရုတ္စီးပြားေရးသမား Gao Jisheng က သူပိုင္ဆိုင္တဲ့ ကလပ္ရဲ႕ ရွယ္ယာ ၈၀% ကို အေမရိကန္ အေျခစိုက္ ကုမၸဏီထံ ေရာင္းခ်ဖို႔ စကားေျပာမႈ လုပ္ေဆာင္ေနပါတယ္။

ကိုဗစ္ကပ္ေဘးေၾကာင့္ ဒီစကားေျပာမႈက ရပ္ဆိုင္ထားရေပမယ့္ အေမရိကန္အဖြဲ႔က ေဆာက္သမ္တန္ကို အလံုးစံု ထိန္းခ်ဳပ္ခြင့္ရမယ့္ ဝယ္ယူခြင့္ကို စိတ္ဝင္စားေနဆဲျဖစ္တယ္။ ၂၀၂၀ အေစာပိုင္းမွာ Gao Jisheng က ေဆာက္သမ္တန္ ရွယ္ယာေတြကို ေရာင္းထုတ္ဖို႔ စတင္ခဲ့တာလို႔ စကိုင္းစေပါ့က ေဖာ္ျပပါတယ္။

ေဆာက္သမ္တန္ကို အေမရိကန္အဖြဲ႔က ဝယ္ယူလိုေပမယ့္ ကိုရိုနာ ကပ္ေဘးေၾကာင့္ သေဘာတူညီမႈ မရေသးပါဘူး။ ေဆာက္သမ္တန္အသင္းရဲ႕ လက္က်န္ရွယ္ယာ ၂၀% ကိုေတာ့ ပိုင္ရွင္ေဟာင္းျဖစ္သူ Katharina Liebherr က ပိုင္ဆုိင္ထားျပီး ကလပ္ရဲ႕ ဘုတ္အဖြဲ႔မွာ သူပါဝင္ဆဲျဖစ္ကာ ဆံုးျဖတ္ခ်က္လုပ္ေဆာင္မႈေတြမွာလည္း ဝင္ေရာက္ ေဆြးေႏြးေနဆဲျဖစ္တယ္။

ဆြစ္ဇလန္လူမ်ိဳး Katharina Liebherr က သူမပိုင္ဆုိင္တဲ့ ရွယ္ယာေတြကို ၂၀၁၇ ခုႏွစ္တုန္းက တရုတ္သူေဌး Jisheng ထံ ေပါင္ သန္း ၂၁၀ နဲ႔ ေရာင္းထုတ္ခဲ့ျခင္းျဖစ္တယ္။ သူမဟာ ၂၀၁၀ မွာေတာ့ ဖခင္ျဖစ္သူ Markus ထံက ေဆာက္သမ္တန္အသင္းကို အေမြရခဲ့ျခင္းျဖစ္ပါတယ္။

ေဆာက္သမ္တန္ရဲ႕ အဓိက ရွယ္ယာရွင္ Jisheng က လက္ရွိမွာ သူပိုင္ဆုိင္တဲ့ ရွာယာ ၈၀% လံုးကို ေပါင္ သန္း ၂၅၀ နဲပ ေရာင္းခ်မွာျဖစ္တယ္။ စီးပြားေရးဆိုင္ရာ သတင္းဌာနေတြက Jisheng ဟာ သူ႔ရဲ႕ Lander Sports Group အရံွဴးေပၚေနျခင္းေၾကာင့္ ဘ႑ာေရးပိုင္း ျပႆနာေတြရွိေနျပီး ေဆာက္သမ္တန္ကို ေရာင္းခ်လိုတာလို႔ ဖြင့္ခ်ေပမယ့္ Jisheng က ျငင္းဆန္ပါတယ္။

Jisheng ” က်ေနာ္က ေဆာက္သမ္တန္ကို ဝက္တစ္ေကာင္လို ဝဖိုင္းလာေအာင္ အစာေၾကြးျပီးမွ ေရာင္းခ်တာမ်ိဳး လုပ္ေဆာင္မယ့္သူ မဟုတ္ပါဘူး။ ေဆာက္သမ္တန္ကို ကေလးတစ္ေယာက္လို ဆက္ဆံတဲ့သူပါ။ ဒါေပမယ့္ က်ေနာ္ရဲ႕ ကေလးက သူ႔ရဲ႕ သူေဌးအေပၚမွာပဲ မွီခိုေနလို႔ မရဘူးဆိုတာ သိထားရပါမယ္။ က်ေနာ္က ေဆာက္သမ္တန္ရဲ႕ ဖခင္ျဖစ္ေပမယ့္ မွန္ကန္တဲ့ လမ္းေၾကာင္းေပၚ တင္ေပးျပီး ကိုယ္ဘာသာ အစာရွာစားေစလိုပါတယ္ ” လို႔ ဆိုထားပါတယ္။