NEWS: ပြန်လည်စတင်မယ့် ပရီးမီးယားလိဂ်ပွဲတွေကို ကြားကွင်း ၁၀ ကွင်းမှာ ကစားမည်

UNICODE – သောကြာနေ့က ပရီးမီးယားလိဂ်ကလပ်တွေဟာ အစည်းအဝေး ထပ်မံ ပြုလုပ်ခဲ့ပြီး အဆိုပါ ညိနှိုင်းမှုအရ ကလပ် ၂၀ လုံးက ဘောလုံးရာသီကို အပြီးသတ်ဖို့ကိုပဲ ဆက်လက် လုပ်ဆောင်ဖို့ အားသန်ခဲ့ကြတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေက မိမိတို့ ကိုယ်ပိုင် အိမ်ကွင်းတွေကို ကစားရမှာ မဟုတ်ပဲ ဘောလုံးရာသီ အဆုံးသတ်တဲ့အထိ ကြားကွင်း ၈ ကွင်းကနေ ၁၀ ကွင်းကြားမှာ ကစားရမှာဖြစ်တယ်။ ဒါကလည်း ရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေရဲ့ ဆုံးဖြတ်မှုကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ကြားကွင်းနဲ့ ပက်သက်ပြီးလဲ

  • ပရိသတ်တွေ စုရုံးပြီး ခရီးဝေး လာရောက်ကြည့်မှုမှာ ဘယ်လောက် လွယ်ကူမလဲ
  • ကွင်းနဲ့ အနီးထိ ပရိသတ်တွေ လာခြင်းကို တားဆီးဖို့ ဘယ်လောက်လွယ်မလဲနဲ့ လူစုလူဝေးကိစ္စ တားဆီးနိုင်မလား
  • ကန်မယ့် ဧရိယာမှာ ကိုဗစ်-၁၉ သက်ရောက်မှု ဘယ်လောက် အတိုင်းအတာရှိသလဲ
  • ပွဲဖျက်တာမျိုး လုပ်ဆောင်ခဲ့ရင် ပြီးခဲ့တဲ့ သမိုင်းကြောင်းမှာ ဘယ်လိုတွေ ရှိထားခဲ့လဲ

အစရှိတဲ့ အချက်တွေကိုပါ ထည့်သွင်းလေ့လာသွားမှာဖြစ်တယ်။ တိကျတဲ့ ပွဲနေ့နဲ့ ပွဲနေရာတွေကို ထိန်းသိမ်းထားဦးမှာဖြစ်ပြီး ကလပ်တွေ ခရီးဝေးထွက်ရခြင်း မဖြစ်ဖို့တော့ ကြိုးစားသွားမယ်လို့ သိရပါတယ်။

မည်သည့်အသင်းမှ အိမ်ကွင်းတွေကို အသုံးပြုခွင့်ရမှာ မဟုတ်ခြင်းကြောင့် လီဗာပူးအသင်းဟာ ချန်ပီယံအဖြစ် အန်ဖီးကွင်းမှာ အောင်ပွံခံခွင့်ရမှာ မဟုတ်ပါဘူး။ အခုလို ကြားကွင်းတွေကိုပဲ အသုံးပြုခြင်းက ရဲအဖွဲ့၊ အရေးပေါ်အဖွဲ့နဲ့ ဘောလုံးပွဲတွေကို ပြန်လုပ်ဖို့ရာ အများပြည်သူတွေ လက်သင့်ခံပေးလိမ့်မယ်လို့ ပရီးမီးယားလိဂ်က ယုံကြည်တယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီဟာ ဆက်ကစားဖို့ ၉၂ ပွဲထိ ကျန်ရှိနေပြီး ဇွန်လ ၁၃ ရက်နေ့မှာ စတင်ကာ ဇွန်လိုက်လ ၂၆ ရက်မှာ အပြီးသတ်ဖို့ မှန်းစထားပါတယ်။ နောက်ဆုံးအပတ် ပွဲတွေမှာတော့ ဗြိတိန်အစိုးရက ပိတ်ဆို့မှုတွေကို တိုးမြင့် ဖြေလျော့ပေးမယ်ဆိုရင် ပွဲစဉ် ၁၀ ပွဲလုံးကို စနေ၊ တနင်္ဂနွေတွေမှာ တပြိုင်နက် ကစားမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ZAWGYI – ေသာၾကာေန႔က ပရီးမီးယားလိဂ္ကလပ္ေတြဟာ အစည္းအေဝး ထပ္မံ ျပဳလုပ္ခဲ့ျပီး အဆိုပါ ညိႏိႈင္းမႈအရ ကလပ္ ၂၀ လံုးက ေဘာလံုးရာသီကို အျပီးသတ္ဖို႔ကိုပဲ ဆက္လက္ လုပ္ေဆာင္ဖို႔ အားသန္ခဲ့ၾကတယ္လို႔ သိရပါတယ္။

ပရီးမီးယားလိဂ္အသင္းေတြက မိမိတို႔ ကိုယ္ပိုင္ အိမ္ကြင္းေတြကို ကစားရမွာ မဟုတ္ပဲ ေဘာလံုးရာသီ အဆံုးသတ္တဲ့အထိ ၾကားကြင္း ၈ ကြင္းကေန ၁၀ ကြင္းၾကားမွာ ကစားရမွာျဖစ္တယ္။ ဒါကလည္း ရဲတပ္ဖြဲ႔နဲ႔ အာဏာပိုင္ေတြရဲ႕ ဆံုးျဖတ္မႈေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။ ၾကားကြင္းနဲ႔ ပက္သက္ျပီးလဲ

  • ပရိသတ္ေတြ စုရံုးျပီး ခရီးေဝး လာေရာက္ၾကည့္မႈမွာ ဘယ္ေလာက္ လြယ္ကူမလဲ
  • ကြင္းနဲ႔ အနီးထိ ပရိသတ္ေတြ လာျခင္းကို တားဆီးဖို႔ ဘယ္ေလာက္လြယ္မလဲနဲ႔ လူစုလူေဝးကိစၥ တားဆီးႏုိင္မလား
  • ကန္မယ့္ ဧရိယာမွာ ကိုဗစ္-၁၉ သက္ေရာက္မႈ ဘယ္ေလာက္ အတိုင္းအတာရွိသလဲ
  • ပြဲဖ်က္တာမ်ိဳး လုပ္ေဆာင္ခဲ့ရင္ ျပီးခဲ့တဲ့ သမိုင္းေၾကာင္းမွာ ဘယ္လိုေတြ ရွိထားခဲ့လဲ

အစရွိတဲ့ အခ်က္ေတြကိုပါ ထည့္သြင္းေလ့လာသြားမွာျဖစ္တယ္။ တိက်တဲ့ ပြဲေန႔နဲ႔ ပြဲေနရာေတြကို ထိန္းသိမ္းထားဦးမွာျဖစ္ျပီး ကလပ္ေတြ ခရီးေဝးထြက္ရျခင္း မျဖစ္ဖို႔ေတာ့ ၾကိဳးစားသြားမယ္လို႔ သိရပါတယ္။

မည္သည့္အသင္းမွ အိမ္ကြင္းေတြကို အသံုးျပဳခြင့္ရမွာ မဟုတ္ျခင္းေၾကာင့္ လီဗာပူးအသင္းဟာ ခ်န္ပီယံအျဖစ္ အန္ဖီးကြင္းမွာ ေအာင္ပြံခံခြင့္ရမွာ မဟုတ္ပါဘူး။ အခုလို ၾကားကြင္းေတြကိုပဲ အသံုးျပဳျခင္းက ရဲအဖြဲ႔၊ အေရးေပၚအဖြဲ႔နဲ႔ ေဘာလံုးပြဲေတြကို ျပန္လုပ္ဖို႔ရာ အမ်ားျပည္သူေတြ လက္သင့္ခံေပးလိမ့္မယ္လို႔ ပရီးမီးယားလိဂ္က ယံုၾကည္တယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီဟာ ဆက္ကစားဖို႔ ၉၂ ပြဲထိ က်န္ရွိေနျပီး ဇြန္လ ၁၃ ရက္ေန႔မွာ စတင္ကာ ဇြန္လိုက္လ ၂၆ ရက္မွာ အျပီးသတ္ဖို႔ မွန္းစထားပါတယ္။ ေနာက္ဆံုးအပတ္ ပြဲေတြမွာေတာ့ ျဗိတိန္အစိုးရက ပိတ္ဆို႔မႈေတြကို တိုးျမင့္ ေျဖေလ်ာ့ေပးမယ္ဆိုရင္ ပြဲစဥ္ ၁၀ ပြဲလံုးကို စေန၊ တနဂၤေႏြေတြမွာ တျပိဳင္နက္ ကစားမႈေတြ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။