ပရီးမီးယားလိဂ်ကို အင်္ဂလန်ပြင်ပ ထွက်ကစားဖို့ အကြံပေးလိုက်တဲ့ ဂယ်ရီနဗီး

UNICODE – ယူနိုက်တက် ခံစစ်မှူးဟောင်းကြီး ဂယ်ရီနဗီးလ်က ပရီးမီးယားလိဂ် ပြိုင်ပွဲကို အင်္ဂလန်မှာ မဟုတ်ဘဲ ပြည်ပတစ်နေရာ၊ ကိုရိုနာ ဗိုင်းရပ်စ်ကင်းစင်ပြီး သီးခြား ဖြစ်နေတဲ့ တစ်နေရာရာမှာ သွားရောက် ကစားကာ ဘောလုံးရာသီကို အပြီးသတ်ဖို့ အကြံပြုလိုက်ကာ အင်္ဂလန် ပတ်ဝန်းကျင် အခြေအနေက စိတ်မချရသေးဘူးလို့ ယူဆနေပါတယ်။

ယူအီးအက်ဖ်အေရဲ့ ထောက်ခံမှုနဲ့အတူ ပရီးမီးယားလိဂ်ကတော့ ဘောလုံးရာသီကို အပြီးသတ်အောင် ပွဲကျန်တွေ ကစားဖို့ စိတ်အား ထက်သန်နေပြီး ပြန်ကစားဖြစ်ဖို့က အစိုးရနဲ့ ဆေးအဖွဲ့တွေရဲ့ အတည်ပြုမှုပေါ် မူတည်ဦးမှာ ဖြစ်ပါတယ်။

ဘောလုံး တာဝန်ရှိသူတွေ့တော့ အစိုးရ အရာရှိတွေနဲ့ သီတင်းပတ် အတန်ကြာ ပြောဆို ဆွေးနွေးနေပြီ ကလပ်အသင်းတွေကလည်း တစ်ပတ်ပြီးတစ်ပတ် သောကြာနေ့များမှာ အစည်းအဝေးများ ပြုလုပ်ပြီး ရှေ့ဆက်ဖို့ အစီအစဉ်များ တိုင်ပင်နေကြပါတယ်။ နဗီးလ်ကတော့ မတူညီနဲ့ အမြင် အနေနဲ့ အင်္ဂလန် ပြင်ပ စိတ်ချရတဲ့ နေရာမှာ ပွဲကျန်တွေ ကစားဖို့ အကြံပေးလိုက်ပါတယ်။

” ပရီးမီးယားလိဂ်က တကယ်ကို လက်ကျန်ပွဲတွေကို သေချာပေါက် ကစားချင်တယ် ဆိုရင် ကိုရိုနာဗိုင်းရပ်စ် မရှိသေးတဲ့ စိတ်ချရတဲ့ တစ်နိုင်ငံ မှာ သုံးလေးနာရီအတွင်း သွားလို့ရတဲ နေရာ ၂နေရာ ၃ နေရာလောက် ရွေးပြီး ကစားသင့်တယ်။

သူတို့ က ပရီးမီးယားလိဂ် ကစားသမားတွေ၊ ရုပ်သံလွှင့်သူတွေ၊ မီဒီယာတွေ အကုန်ခေါ်သွား၊ အဲဒီမှာ ကွာရန်တင်း တစ်ပတ်တန်သည် နှစ်ပတ် တန်သည် နေပြီးမှ ဒီဗိုင်းရပ်စ်ကို ကိုင်တွယ်နိုင်တဲ့ တစ်နေရာမှာ သေချာ ကစားဖို့ စီစဉ်သင့်တယ်။ ဥရောပမှာတင် ကိုရိုနာဗိုင်းရပ်စ် မရောက်သေးတဲ့ နေရာတွ ရှိနေသေးတော့ ပရီးမီးယားလိဂ် အဆုံးသတ်ဖို့ အဲဒီလို နေရာတွေ ရှာဖွေသင့်တယ်။

တကယ်ကို စိတ်ချရတဲ့ ရလဒ် ထွက်ချင်ရင် စိတ်အားထက်သန်နေရင် ဒါမျိုးက လုပ်လို့ ရပါတယ်။ ဒီနိုင်ငံမှာ ဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရှိနေတဲ့ နေရာမှာ ကစားဖို့ သင့်ပါ့မလား ကျနော်တော့ မသေချာဘူး။ ဟိုဟို ဒီဒီ သွားလာရတာတွေလည်း အဆင်ပြေမယ် မထင်ဘူး။ သူတို့ လိုချင်သလို ရလဒ်မျိုး ထွက်လာနိုင်ပါ့မလား ကျနော်တော့ မထင်လှဘူး။ ” လို့ နဗီးက ဘောလုံးအစီအစဉ် တစ်ခုမှာ သုံးသပ် ပြောကြားခဲ့ပါတယ်။

ZAWGYI – ယူနိုက္တက္ ခံစစ္မွဴးေဟာင္းၾကီး ဂယ္ရီနဗီးလ္က ပရီးမီးယားလိဂ္ ျပိဳင္ပြဲကို အဂၤလန္မွာ မဟုတ္ဘဲ ျပည္ပတစ္ေနရာ၊ ကိုရိုနာ ဗိုင္းရပ္စ္ကင္းစင္ျပီး သီးျခား ျဖစ္ေနတဲ့ တစ္ေနရာရာမွာ သြားေရာက္ ကစားကာ ေဘာလံုးရာသီကို အျပီးသတ္ဖို႔ အၾကံျပဳလိုက္ကာ အဂၤလန္ ပတ္၀န္းက်င္ အေျခအေနက စိတ္မခ်ရေသးဘူးလို႔ ယူဆေနပါတယ္။

ယူအီးအက္ဖ္ေအရဲ႕ ေထာက္ခံမႈနဲ႕အတူ ပရီးမီးယားလိဂ္ကေတာ့ ေဘာလံုးရာသီကို အျပီးသတ္ေအာင္ ပြဲက်န္ေတြ ကစားဖို႔ စိတ္အား ထက္သန္ေနျပီး ျပန္ကစားျဖစ္ဖို႔က အစိုးရနဲ႕ ေဆးအဖြဲ႕ေတြရဲ႕ အတည္ျပဳမႈေပၚ မူတည္ဦးမွာ ျဖစ္ပါတယ္။

ေဘာလံုး တာ၀န္ရွိသူေတြ႕ေတာ့ အစိုးရ အရာရွိေတြနဲ႕ သီတင္းပတ္ အတန္ၾကာ ေျပာဆို ေဆြးေႏြးေနျပီ ကလပ္အသင္းေတြကလည္း တစ္ပတ္ျပီးတစ္ပတ္ ေသာၾကာေန႔မ်ားမွာ အစည္းအေ၀းမ်ား ျပဳလုပ္ျပီး ေရွ႕ဆက္ဖို႔ အစီအစဥ္မ်ား တိုင္ပင္ေနၾကပါတယ္။ နဗီးလ္ကေတာ့ မတူညီနဲ႕ အျမင္ အေနနဲ႕ အဂၤလန္ ျပင္ပ စိတ္ခ်ရတဲ့ ေနရာမွာ ပြဲက်န္ေတြ ကစားဖို႔ အၾကံေပးလိုက္ပါတယ္။

” ပရီးမီးယားလိဂ္က တကယ္ကို လက္က်န္ပြဲေတြကို ေသခ်ာေပါက္ ကစားခ်င္တယ္ ဆိုရင္ ကိုရိုနာဗိုင္းရပ္စ္ မရွိေသးတဲ့ စိတ္ခ်ရတဲ့ တစ္နုိင္ငံ မွာ သံုးေလးနာရီအတြင္း သြားလို႔ရတဲ ေနရာ ၂ေနရာ ၃ ေနရာေလာက္ ေရြးျပီး ကစားသင့္တယ္။

သူတို႔ က ပရီးမီးယားလိဂ္ ကစားသမားေတြ၊ ရုပ္သံလႊင့္သူေတြ၊ မီဒီယာေတြ အကုန္ေခၚသြား၊ အဲဒီမွာ ကြာရန္တင္း တစ္ပတ္တန္သည္ နွစ္ပတ္ တန္သည္ ေနျပီးမွ ဒီဗုိင္းရပ္စ္ကို ကိုင္တြယ္နုိင္တဲ့ တစ္ေနရာမွာ ေသခ်ာ ကစားဖို႔ စီစဥ္သင့္တယ္။ ဥေရာပမွာတင္ ကိုရိုနာဗိုင္းရပ္စ္ မေရာက္ေသးတဲ့ ေနရာတြ ရွိေနေသးေတာ့ ပရီးမီးယားလိဂ္ အဆံုးသတ္ဖို႔ အဲဒီလို ေနရာေတြ ရွာေဖြသင့္တယ္။

တကယ္ကို စိတ္ခ်ရတဲ့ ရလဒ္ ထြက္ခ်င္ရင္ စိတ္အားထက္သန္ေနရင္ ဒါမ်ိဳးက လုပ္လို႔ ရပါတယ္။ ဒီနုိင္ငံမွာ ဆိုရင္ေတာ့ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ ရွိေနတဲ့ ေနရာမွာ ကစားဖို႔ သင့္ပါ့မလား က်ေနာ္ေတာ့ မေသခ်ာဘူး။ ဟိုဟို ဒီဒီ သြားလာရတာေတြလည္း အဆင္ေျပမယ္ မထင္ဘူး။ သူတို႕ လိုခ်င္သလို ရလဒ္မ်ိဳး ထြက္လာနိုင္ပါ့မလား က်ေနာ္ေတာ့ မထင္လွဘူး။ ” လို႔ နဗီးက ေဘာလံုးအစီအစဥ္ တစ္ခုမွာ သံုးသပ္ ေျပာၾကားခဲ့ပါတယ္။