ဘောလုံးပွဲတွေ ပြန်စပြီး ယူနိုက်တက်ကို ရင်ဆိုင်ရမှာ ပြိုင်ဘက်တွေ စိုးရိမ်နေကြောင်း အိုဝင် ပြော

UNICODE – ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုင်ကယ်အိုဝင်က မန်ချက်စတာယူနိုက်တက်ဟာ ပုံစံကောင်းတွေနဲ့ ပြန်လာနိုင်ပြီဖြစ်ပြီး ထိပ်တန်းအဆင့်တွေကို ပြန်စိန်ခေါ်တော့မယ်လို့ ယုံကြည်နေပါတယ်။

ဘောလုံးရာသီ မရပ်နားခင်မှာ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ ၁၁ ပွဲဆက်တိုက် ရံှူးပွဲမရှိသလို ပေးဂိုးမရှိ ၉ ပွဲထိ ကစားထားတာပါ။ ယူနိုက်တက် ပုံစံကောင်းတွေ ရနေသလို ရပ်ဖိုဒ့်၊ ပေါ့ဘာလို ဒဏ်ရာရ ကစားသမားတွေပါ ပြန်သက်သာလာခြင်းက ချန်ပီယံလိဂ်ပြိုင်ပွဲ ပြေးလမ်းကြောင်းအတွက် ပြိုင်ဘက်တွေကို စိုးရိမ်မှုတွေ ဖြစ်လာစေမယ်လို့ အိုဝင်က ယုံကြည်နေတယ်။

အိုဝင်က “ လက်ရှိ ရပ်တန့်နေတဲ့ အခြေအနေမှာ ဘောလုံးပွဲတွေ ပြန်စစေလိုတဲ့ ကလပ်တွေထဲက တစ်သင်းက ယူနိုက်တက်ပဲ ဖြစ်ပါလိမ့်မယ်။ သူတို့က အကောင်းဆုံးပုံစံတွေကို စတင်ရရှိနေပြီး ဘောလုံးပွဲတွေကို တကယ်ကို ပြန်စလိုနေမှာပါ။

ဖာနန်ဒက်စ်ကို လက်မှတ်ထိုးထားပြီး သိပ်ကောင်းတဲ့ လက်မှတ်ထိုးမှု ဖြစ်ထားခဲ့တယ်။ ပေါ့ဘာကလည်း ပြန်လာနိုင်တော့မယ်။ ဒီအနားယူမှု ကာလက ရပ်ဖိုဒ့်အတွက်လည်း အရမ်းကောင်းစေခဲ့ပြီ သူက ကြံ့ခိုင်မှုကောင်းကောင်းနဲ့ ပြန်လာနိုင်ပါမယ်။

ရုတ်တရက်ပဲ ယူနိုက်တက်ကိုကြည့်ရင် သူတို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီလို့ ကျနော် မပြောဖြစ်ခဲ့တာ ကြာလှပါပြီ။ ဒါပေမယ့် လက်ရှိ လူစာရင်းနဲ့အတူ ယူနိုက်တက်က ပြန်လာနိုင်ခဲ့ပြီဆိုတာကို တွေးနေမိကြမှာပဲ ဖြစ်ပါတယ်။

သူတို့ရဲ့ ခံစစ်အတွက်လည်း အများကြီး အကုန်အကျခံထားတယ်။ ကမ္ဘာအကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါတွေကပဲ ယူနိုက်တက်က လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာနေပြီဆိုတာကို အားလုံးကို တွေးမိလာစေတယ်။ ယူနိုက်တက်ပြန်လာနေပြီ ဆိုတာမျိုးကို ကျနော် မပြောတာ နှစ်အတော် ကြာနေခဲ့ပါပြီ။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ယူနိုက်တက်ဟာ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရှိနေပြီး စတုတ္ထနေရာက ချယ်ဆီးနဲ့ ၃ မှတ်အကွာမှာ ရှိနေကာ ဥရောပဝင်ခွင့် တစ်နေရာစာအတွက် ဝုဗ်၊ ရှက်ဖီး၊ စပါး၊ အာဆင်နယ်တို့နဲ့ အပြိုင် လုရမှာဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း မုိင္ကယ္အိုဝင္က မန္ခ်က္စတာယူႏုိက္တက္ဟာ ပံုစံေကာင္းေတြနဲ႔ ျပန္လာႏုိင္ျပီျဖစ္ျပီး ထိပ္တန္းအဆင့္ေတြကို ျပန္စိန္ေခၚေတာ့မယ္လို႔ ယံုၾကည္ေနပါတယ္။

ေဘာလံုးရာသီ မရပ္နားခင္မွာ ယူႏုိက္တက္ဟာ ျပိဳင္ပြဲစံု ၁၁ ပြဲဆက္တုိက္ ရံွဴးပြဲမရွိသလို ေပးဂိုးမရွိ ၉ ပြဲထိ ကစားထားတာပါ။ ယူႏုိက္တက္ ပံုစံေကာင္းေတြ ရေနသလို ရပ္ဖိုဒ့္၊ ေပါ့ဘာလို ဒဏ္ရာရ ကစားသမားေတြပါ ျပန္သက္သာလာျခင္းက ခ်န္ပီယံလိဂ္ျပိဳင္ပြဲ ေျပးလမ္းေၾကာင္းအတြက္ ျပိဳင္ဘက္ေတြကို စိုးရိမ္မႈေတြ ျဖစ္လာေစမယ္လို႔ အိုဝင္က ယံုၾကည္ေနတယ္။

အိုဝင္က “ လက္ရွိ ရပ္တန္႔ေနတဲ့ အေျခအေနမွာ ေဘာလံုးပြဲေတြ ျပန္စေစလိုတဲ့ ကလပ္ေတြထဲက တစ္သင္းက ယူႏုိက္တက္ပဲ ျဖစ္ပါလိမ့္မယ္။ သူတုိ႔က အေကာင္းဆံုးပံုစံေတြကို စတင္ရရွိေနျပီး ေဘာလံုးပြဲေတြကို တကယ္ကို ျပန္စလိုေနမွာပါ။

ဖာနန္ဒက္စ္ကို လက္မွတ္ထိုးထားျပီး သိပ္ေကာင္းတဲ့ လက္မွတ္ထိုးမႈ ျဖစ္ထားခဲ့တယ္။ ေပါ့ဘာကလည္း ျပန္လာႏုိင္ေတာ့မယ္။ ဒီအနားယူမႈ ကာလက ရပ္ဖိုဒ့္အတြက္လည္း အရမ္းေကာင္းေစခဲ့ျပီ သူက ၾကံ႕ခိုင္မႈေကာင္းေကာင္းနဲ႔ ျပန္လာႏုိင္ပါမယ္။

ရုတ္တရက္ပဲ ယူႏုိက္တက္ကိုၾကည့္ရင္ သူတို႔ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္လာျပီလို႔ က်ေနာ္ မေျပာျဖစ္ခဲ့တာ ၾကာလွပါျပီ။ ဒါေပမယ့္ လက္ရွိ လူစာရင္းနဲ႔အတူ ယူႏုိက္တက္က ျပန္လာႏုိင္ခဲ့ျပီဆိုတာကို ေတြးေနမိၾကမွာပဲ ျဖစ္ပါတယ္။

သူတို႔ရဲ႕ ခံစစ္အတြက္လည္း အမ်ားၾကီး အကုန္အက်ခံထားတယ္။ ကမၻာအေကာင္းဆံုး ဂိုးသမားေတြထဲက တစ္ဦးကိုလည္း ပိုင္ဆိုင္ထားတယ္။ ဒါေတြကပဲ ယူႏုိက္တက္က လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္လာေနျပီဆိုတာကို အားလံုးကို ေတြးမိလာေစတယ္။ ယူႏုိက္တက္ျပန္လာေနျပီ ဆိုတာမ်ိဳးကို က်ေနာ္ မေျပာတာ ႏွစ္အေတာ္ ၾကာေနခဲ့ပါျပီ။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ယူႏုိက္တက္ဟာ အမွတ္ေပးဇယား အဆင့္ ၅ ေနရာမွာ ရွိေနျပီး စတုတၳေနရာက ခ်ယ္ဆီးနဲ႔ ၃ မွတ္အကြာမွာ ရွိေနကာ ဥေရာပဝင္ခြင့္ တစ္ေနရာစာအတြက္ ဝုဗ္၊ ရွက္ဖီး၊ စပါး၊ အာဆင္နယ္တို႔နဲ႔ အျပိဳင္ လုရမွာျဖစ္ပါတယ္။