အင်္ဂလန်ပြင်ပရောက် အသင်းသားတွေကို အရေးပေါ် အစီအစဉ်အရ ပြန်ခေါ်နေတဲ့ ချယ်ဆီး

UNICODE – ပရီးမီးယားလိဂ်ဟာ အရေးကြီး ၂၄ နာရီကို ရင်ဆိုင် ကျော်ဖြတ်ရတော့မှာဖြစ်ပြီး ဘောလုံးအသင်းတွေရဲ့ အကြီးတန်း တာဝန်ရှိသူတွေက ဘောလုံးပွဲတွေကို ဇွန်လ ၈ ရက်နေ့မှာ ပြန်စဖို့ကိစ္စအား ဒီအချိန်အတွင်း ဆွေးနွေးကြရတော့မှာ ဖြစ်ပါတယ်။

“Project Restart” လို့ အမည်ပေးထားတဲ့ ဘောလုံးပွဲ ပြန်စရေး ကိစ္စမှာ ကလပ်တွေဟာ နောက်အပတ် တနင်္လာနေ့မှာ လေ့ကျင့်ရေးတွေ ပြန်လုပ်ရမှာဖြစ်တယ်။ မေလ ၁၈ ရက်နေ့ကနေ စတင်ကာ သုံးပတ်ကြာ လေ့ကျင့်ရေး အပြည့် ပြန်ဆင်းခြင်းတွေလုပ်ကာ ဇွန်လ ၈ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ကွင်းပိတ်ပွဲအတွက် ပြင်ဆင်ကြရမှာဖြစ်တယ်။

ချယ်ဆီးအသင်းဟာ အင်္ဂလန်ပြင်ပကို ပြန်သွားကြတဲ့ အသင်းသားတွေကို ပြန်ခေါ်ယူမှုတွေ လုပ်နေပါတယ်။ ဘရာဇီးကို ပြန်သွားတဲ့ ဝီလီယမ်ဟာ ဇနီးသည်နဲ့ ကလေးတွေကို ခေါ်ပြီး ပြန်လာတော့မှာပါ။ ဒါ့အပြင် ပက်ဒရို၊ အလွန်ဆိုနဲ့ ကီပါတို့ကလည်း စပိန်တွေကို ပြန်သွားခဲ့ကြတာဖြစ်တယ်။ အီမာဆန်နဲ့ ပူလီဆစ်တို့ကလည်း အင်္ဂလန်ပြည်တွင်းမှာ ရှိမနေကြပါဘူး။

ပရီးမီးယားလိဂ် ကစားသမားတွေဟာ မျက်နှာကို အချိန်ပြည့် အကာအကွယ် ယူထားရမှုနဲ့အတူ လေ့ကျင့်ရေးတွေ လုပ်ဆောင်စဉ်အတွင်း ကန့်သတ်သွားမယ့် စည်းကမ်းချက်တွေနဲ့ လေ့ကျင့်ရေးကွင်းတွေထဲ ပြန်ဝင်ရမှာပါ။

ဘောလုံးအားလုံး၊ GPS units တွေ၊ လေ့ကျင့်ရေး အကူအညီပစ္စည်းတွေ၊ ထောင့်ကန်ဘောအလံ၊ ဂိုးတိုင်တွေ၊ အခြား ဘောလုံးပွဲဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေကို ပွဲမကစားခင်မှာကော ကစားပြီးချိန်မှာပါ PPE ဝတ်ဆင်ထားတဲ့ ဝန်ထမ်းတွေက ပိုးသတ်ရမှာဖြစ်တယ်။

လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေကော ဝန်ထမ်းတွေပါ တံတွေးထွေးခြင်း၊ ကလပ်ဆရာဝန်ရဲ့ ထောက်ခံချက်မပါပဲ အနှိပ်ခံခြင်း၊ အဝတ်လဲခန်း အသုံးပြုခြင်း၊ ကားပါကင် ရပ်နားခြင်းတွေကအစ အကန့်အသတ်တွေကြားမှာ လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ဟာ အေရးၾကီး ၂၄ နာရီကို ရင္ဆုိင္ ေက်ာ္ျဖတ္ရေတာ့မွာျဖစ္ျပီး ေဘာလံုးအသင္းေတြရဲ႕ အၾကီးတန္း တာဝန္ရွိသူေတြက ေဘာလံုးပြဲေတြကို ဇြန္လ ၈ ရက္ေန႔မွာ ျပန္စဖို႔ကိစၥအား ဒီအခ်ိန္အတြင္း ေဆြးေႏြးၾကရေတာ့မွာ ျဖစ္ပါတယ္။

“Project Restart” လို႔ အမည္ေပးထားတဲ့ ေဘာလံုးပြဲ ျပန္စေရး ကိစၥမွာ ကလပ္ေတြဟာ ေနာက္အပတ္ တနလၤာေန႔မွာ ေလ့က်င့္ေရးေတြ ျပန္လုပ္ရမွာျဖစ္တယ္။ ေမလ ၁၈ ရက္ေန႔ကေန စတင္ကာ သံုးပတ္ၾကာ ေလ့က်င့္ေရး အျပည့္ ျပန္ဆင္းျခင္းေတြလုပ္ကာ ဇြန္လ ၈ ရက္ေန႔မွာ ယွဥ္ျပိဳင္ကစားမယ့္ ကြင္းပိတ္ပြဲအတြက္ ျပင္ဆင္ၾကရမွာျဖစ္တယ္။

ခ်ယ္ဆီးအသင္းဟာ အဂၤလန္ျပင္ပကို ျပန္သြားၾကတဲ့ အသင္းသားေတြကို ျပန္ေခၚယူမႈေတြ လုပ္ေနပါတယ္။ ဘရာဇီးကို ျပန္သြားတဲ့ ဝီလီယမ္ဟာ ဇနီးသည္နဲ႔ ကေလးေတြကို ေခၚျပီး ျပန္လာေတာ့မွာပါ။ ဒါ့အျပင္ ပက္ဒရို၊ အလြန္ဆိုနဲ႔ ကီပါတို႔ကလည္း စပိန္ေတြကို ျပန္သြားခဲ့ၾကတာျဖစ္တယ္။ အီမာဆန္နဲ႔ ပူလီဆစ္တုိ႔ကလည္း အဂၤလန္ျပည္တြင္းမွာ ရွိမေနၾကပါဘူး။

ပရီးမီးယားလိဂ္ ကစားသမားေတြဟာ မ်က္ႏွာကို အခ်ိန္ျပည့္ အကာအကြယ္ ယူထားရမႈနဲ႔အတူ ေလ့က်င့္ေရးေတြ လုပ္ေဆာင္စဥ္အတြင္း ကန္႔သတ္သြားမယ့္ စည္းကမ္းခ်က္ေတြနဲ႔ ေလ့က်င့္ေရးကြင္းေတြထဲ ျပန္ဝင္ရမွာပါ။

ေဘာလံုးအားလံုး၊ GPS units ေတြ၊ ေလ့က်င့္ေရး အကူအညီပစၥည္းေတြ၊ ေထာင့္ကန္ေဘာအလံ၊ ဂိုးတိုင္ေတြ၊ အျခား ေဘာလံုးပြဲဆိုင္ရာ အသံုးအေဆာင္ပစၥည္းေတြကို ပြဲမကစားခင္မွာေကာ ကစားျပီးခ်ိန္မွာပါ PPE ဝတ္ဆင္ထားတဲ့ ဝန္ထမ္းေတြက ပိုးသတ္ရမွာျဖစ္တယ္။

ေလ့က်င့္ေရးကြင္းမွာ ကစားသမားေတြေကာ ဝန္ထမ္းေတြပါ တံေတြးေထြးျခင္း၊ ကလပ္ဆရာဝန္ရဲ႕ ေထာက္ခံခ်က္မပါပဲ အႏွိပ္ခံျခင္း၊ အဝတ္လဲခန္း အသံုးျပဳျခင္း၊ ကားပါကင္ ရပ္နားျခင္းေတြကအစ အကန္႔အသတ္ေတြၾကားမွာ လိုက္နာေဆာင္ရြက္ရမွာ ျဖစ္ပါတယ္။