ကိုရိုနာ ကပ်ဘေးမှာ ဘောလုံးပွဲတွေ ပြန်စသင့်လားအပေါ် ဝါရင့်မန်နေဂျာ မော်ရင်ညိုရဲ့ အမြင်
UNICODE – မော်ရင်ညိုက စပါးကွင်းထံ ဝင်ရောက်လာခဲ့ပြီး မျက်နှာကို mask တပ်ထားကာ ဟင်းသီးဟင်းရွက်တွေ ဆွဲလာခဲ့တယ်။ သူက စပါး လေ့ကျင့်ရေးကွင်းမှာ လုပ်အားပေးတစ်ဦးအဖြစ် အခုချိန်ထိ ကူညီပေးနေဆဲဖြစ်ပါတယ်။
ကိုဗစ်ကြောင့် ဗြိတိန်တွင်းမှာ ပိတ်ဆို့မှုတွေ ရှိခဲ့တာတောင်မှ မန်နေဂျာမော်ရင်ညိုက လေ့ကျင့်မှုတွေ မပြတ်ခဲ့ပါဘူး။ သူဟာ အသင်းသားဖြစ်တဲ့ အမ်ဒွန်ဘီလီ အိမ်ရှေ့မှာ နေ့တိုင်း သွားစောင့်ပြီး ပြင်သစ်သားနဲ့အတူ ပန်းခြံထဲမှာ အပြေးလေ့ကျင့်ရေးတွေ သွားလုပ်လေ့ရှိပါတယ်။ ဝါရင့်မန်နေဂျာကြီးက ရပ်နားထားရတဲ့ ဘောလုံးအားကစားနဲ့ ပက်သက်ပြီး ဘာပြောတယ်လို့ သင်ထင်ပါသလဲ။
မော်ရင်ညိုက ” ငါ ဘောလုံးကိုလွမ်းတယ်။ အဲ့တာထက် ငါက ငါတို့ရဲ့ ဘောလုံးကမ္ဘာကြီးကို လွမ်းတယ်လို့ ပြောရမယ် ထင်ပါတယ်။ အားလုံးလည်း လွမ်းနေကြမယ်လို့ ထင်ပါတယ်။ ဘောလုံးက ငါ့ကမ္ဘာရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ဒါပေမယ့် ငါတို့ စိတ်ရှည်ရမယ်၊ ဒီတိုက်ပွဲက ငါတို့အားလုံး ရင်ဆိုင်တိုက်ခိုက်ရမယ့် တိုက်ပွဲတစ်ခုပါပဲ။ ” လို့ ပြောပါတယ်။
အင်္ဂလန်မှာ ဘောလုံးပွဲတွေ ရပ်နားထားပေမယ့် မကြာခင်မှာ ပြန်စတော့မယ့် အလားအလာတွေ မြင်နေရပါတယ်။ ဒီအပတ်မှာပဲ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက စကားပြောကြမှာဖြစ်ပြီး ဇွန်လထဲမှာ ကွင်းပိတ်ကစားဖို့ ရည်မှန်းထားပါတယ်။ ဗြိတိန်အာဏာပိုင်းတွေရဲ့ ခွင့်ပြုမှုရရင် ဘောလုံးပွဲတွေ ပြန်စမှာဖြစ်ကာ မန်နေဂျာ မော်ရင်ညိုကတော့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို အပြီးသတ်သည်ထိ ယှဉ်ပြိုင်လိုတယ်။
မော်ရင်ညိုကပဲ ” ဒီရာသီ လက်ကျန်ပွဲ ၉ ပွဲကို ကစားခွင့်ရမယ်ဆိုရင် ငါတို့ အားလုံးအတွက် ကောင်းမှာပါ။ ဘောလုံးလောကအတွက်ကော ပရီးမီးယားလိဂ်အတွက်ကော ကောင်းမွန်ပါလိမ့်မယ်။
ကွင်းပိတ်ပွဲတွေနဲ့ ဘောလုံးကစားမယ်ဆိုရင် ဘောလုံးပွဲတွေကို တကယ်ကြီး ဘယ်သူမှ မမြင်အောင် ပိတ်ထားတယ်လို့ ငါမထင်ဘူး။ ကင်မရာတွေနဲ့အတူ ငါတို့ကို သန်း ရာပေါင်းများစွာက စောင့်ကြည့်နေကြမှာပါ။ ဒီတော့ တစ်ရက်မှာ လူမရှိတဲ့ ကွင်းထဲ ဘောလုံးပွဲကစားဖို့ ငါဝင်ရောက်လာခဲ့ရင်တောင် လူမရှိတဲ့ ကွင်းလို့ ငါကတော့ ထင်မိမှာ မဟုတ်ပါဘူး ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။