ရှားရှားပါးပါး စကားပြောလာတဲ့ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ရဲ့ လျှို့ဝှက်မျက်လုံး

UNICODE – လီဗာပူးအသင်းမှာ လှုပ်ရှားမှုနည်းပြီး စကားမပြောသလောက် ရှားပါးပေမယ့် ကလော့ပ်နားမှာ အမြဲရှိနေတတ်တဲ့ ခန္ဓာကိုယ် တောင့်တောင့်တင်းတင်း ဆံပင် ကောက်ကောက်နဲ့ သူတစ်ဦးကို သတိထားမိကြမယ် ထင်ပါတယ်။

သူကတော့ ယာဂင်ကလော့ပ်ရဲ့ မျက်လုံးရယ်လို့ ထင်ရှားတဲ့ လက်ထောက်နည်းပြ ပီတာ ခရာဝစ်ဇ်ပဲ ဖြစ်ပါတယ်။ အသက် ၄၈ နှစ်အရွယ် နည်းပြဟာ ကလော့ပ်နားမှာ အမြဲရှိတတ်သူဖြစ်ပြီး သူ့ရဲ့ အလုပ်ကတော့ ဗီဒီယိုဖြင့် နည်းစနစ် ခွဲခြမ်းစိတ်ဖြာသူဖြစ်ပြီး ကလော့ပ်ရဲ့ မန်နေဂျာဘဝ အစောပိုင်းနေ့တွေတည်းက အတူရှိခဲ့သူဖြစ်ပါတယ်။

ပီတာဟာ မိန့်ဇ်ကနေ ဒေါ့မွန်၊ ဒေါ့မွန်ကနေ လီဗာပူးကို ကလော့ပ် ပြောင်းရွှေ့မှုမှာ အမြဲလိုက်ပါလာခဲ့သူပါ။ ပွဲနေ့မှာ၊ လေ့ကျင့်ရေးကွင်းမှာ၊ ကစားကွင်းပြင်ပမှာ လှုပ်ရှားမှုနည်းသလို လီဗာပူးအသင်းကို ရောက်လာပြီးတည်းက အင်တာဗျူးတောင် ဖြေလေ့မရှိတဲ့ ပီတာက ကိုဗစ်ကာလမှာတော့ လီဗာပူးအသင်းဝဘ်ဆိုဒ်နဲ့ အင်တာဗျူးတစ်ခု လုပ်ပေးခဲ့ပါတယ်။

ပီတာ ခရာဝစ်ဇ်က ” မန်နေဂျာတိုင်းက စကားပြောဖို့ အချိန် ၅ မိနစ်၊ ၆ မိနစ်ပဲ အချိန်ရကြတာပါ။ ဒီတော့ ဖြစ်နိုင်သလောက် အတိုဆုံးနဲ့ အမြန်ဆုံး ပြောနိုင်ဖို ပြင်ဆင်ပေးဖို့ လိုပါတယ်။

ပွဲတွေမှာဆိုရင် စာအုပ်တစ်အုပ်နဲ့ မှတ်စုရေးနေတတ်တဲ့ ကျနော်ကို ခင်ဗျားတို့ မြင်ရနိုင်ပါတယ်။ ကျနော် ချရေးနေတတ်တာက အသင်း အကောင်းဆုံး လုပ်ဆောင်နေသလား၊ ပြဿနာတွေကြားထဲမှာ ရုန်းကန်နေရသလားဆိုတာအတွက် တိကျတဲ့ အခြေအနေတွေ သိနိုင်ဖို့ဖြစ်ပါတယ်။ ကျနေ်ာက အဖြေရှာလို့မရတဲ့ အခြေအနေတွေအတွက် မှတ်စုတွေ ရေးနေရခြင်းဖြစ်ပါတယ်။

ခံစစ်ပိုင်းမှာ ကျနေ်ာတို့အသင်း ဘယ်နေရာတွေမှာ ပြဿနာတွေရှိနေသလဲ ဆိုတာကို သိအောင်လုပ်ရတယ်။ ဒါမှလည်း ပြိုင်ဘက်က ကျနေ်ာတို့ကို အခွင့်အရေးဖန်တီးမှုတွေနဲ့ ဒုက္ခပေးနိုင်မလား သိနိုင်မှာပါ။

အဲ့တာပြီးရင် ဒုတိယပိုင်း ပြန်မစတင်ခင် ကာလတိုအတွင်း အဖြေရှာမှုတွေ လုပ်ရပါမယ်။ ဘောလုံးပွဲ ကစားနေတာ ၃၅ မိနစ် လောက်မှာဆိုရင် ကျနော် နည်းပြခုံမှာ ပပ်လင်ဒါး၊ ယာဂင်ကလော့ပ်တို့နဲ့ ဆွေးနွေးနေလေ့ရှိတယ်။ ကျနေ်ာတို့ အကြံထုတ်နေတာက ကစားသမားတွေကို ဘယ်လို ကူညီပေးကြမလဲနဲ့ ဒုတိယပိုင်းမှာ ဘယ်လိုစကားတွေ ပြောမလဲဆိုတာပါ။

ပထမပိုင်း မပြီးခင် ၃ မိနစ် ၄ မိနစ်လောက်မှာ ကျနော် ထိုင်ခုံကနေ ထလာပြီး အဝတ်လဲခန်းထဲ ဝင်သွားလေ့ရှိတယ်။ ဟယ်ရီ၊ မက်ခ် တို့နဲ့ တွေ့ဆုံပြီး ပထမပိုင်းအတွင်း ဘယ်လို ပြကွက်တွေကို ပြသဖို့က မှန်ကန်မလဲ၊ ဘယ်လို ဗီဒီယိုတွေကို ပြသရမလဲဆိုတာကို ကျနော် ရွေးချယ်ပေးရတယ်။

အဲ့တာက အရမ်းကို အလုပ်များလွန်းတဲ့ မိနစ်ပိုင်းတွေဖြစ်ပါတယ်။ ပြီးရင်တော့ အသင်းအတွက် အကူအညီဖြစ်မယ့် ဗီဒီယို နှစ်ခု သုံးခုကို ရွေးထုတ်ပြီး ယာဂင်နဲ့ ပပ်တို့ ဝင်လာပြီဆိုရင် သူတို့ကို ပြရတယ်။ အဆင်သင့်ပြင်ထားတဲ့ ဗီဒီယိုတွေကို ပြသပြီး အသင်းအတွက် ဘာလုပ်ရမယ်လို့ ကျနော်ထင်တာကို သူတို့ကို ပြောရတယ် ” လို့ ရှင်းပြသွားခဲ့ပါတယ်။

ဒီအင်တာဗျူးကတော့ လီဗာပူးအသင်းက ဒုတိယပိုင်းအတွင်း လီဗာပူးအဝတ်လဲခန်းထဲမှာ ဘာတွေဖြစ်လေ့ရှိသလဲ ရှင်းပြမှုမှာ ပီတာ ခရာဝစ်ဇ်က ပြောဆိုခဲ့တာဖြစ်တယ်။ ပီတာဟာ နည်းစနစ်ပိုင်းကို အထူးအားပြုသူဖြစ်ပြီး လီဗာပူးရဲ့ နံပါတ် ၂ ပုဂ္ဂိုလ်ဟာ နည်းစနစ်အမြင် ဘယ်လောက်ကောင်းသလဲဆိုတာက မန်နေဂျာကလော့ပ်ပဲ သိနိုင်မှာဖြစ်ပါတယ်။

ZAWGYI – လီဗာပူးအသင္းမွာ လႈပ္ရွားမႈနည္းျပီး စကားမေျပာသေလာက္ ရွားပါးေပမယ့္ ကေလာ့ပ္နားမွာ အျမဲရွိေနတတ္တဲ့ ခႏၶာကိုယ္ ေတာင့္ေတာင့္တင္းတင္း ဆံပင္ ေကာက္ေကာက္နဲ႔ သူတစ္ဦးကို သတိထားမိၾကမယ္ ထင္ပါတယ္။

သူကေတာ့ ယာဂင္ကေလာ့ပ္ရဲ႔ မ်က္လံုးရယ္လို႔ ထင္ရွားတဲ့ လက္ေထာက္နည္းျပ ပီတာ ခရာဝစ္ဇ္ပဲ ျဖစ္ပါတယ္။ အသက္ ၄၈ ႏွစ္အရြယ္ နည္းျပဟာ ကေလာ့ပ္နားမွာ အျမဲရွိတတ္သူျဖစ္ျပီး သူ႔ရဲ႕ အလုပ္ကေတာ့ ဗီဒီယိုျဖင့္ နည္းစနစ္ ခြဲျခမ္းစိတ္ျဖာသူျဖစ္ျပီး ကေလာ့ပ္ရဲ႕ မန္ေနဂ်ာဘဝ အေစာပိုင္းေန႔ေတြတည္းက အတူရွိခဲ့သူျဖစ္ပါတယ္။

ပီတာဟာ မိန္႔ဇ္ကေန ေဒါ့မြန္၊ ေဒါ့မြန္ကေန လီဗာပူးကို ကေလာ့ပ္ ေျပာင္းေရႊ႔မႈမွာ အျမဲလိုက္ပါလာခဲ့သူပါ။ ပြဲေန႔မွာ၊ ေလ့က်င့္ေရးကြင္းမွာ၊ ကစားကြင္းျပင္ပမွာ လႈပ္ရွားမႈနည္းသလို လီဗာပူးအသင္းကို ေရာက္လာျပီးတည္းက အင္တာဗ်ဴးေတာင္ ေျဖေလ့မရွိတဲ့ ပီတာက ကိုဗစ္ကာလမွာေတာ့ လီဗာပူးအသင္းဝဘ္ဆိုဒ္နဲ႔ အင္တာဗ်ဴးတစ္ခု လုပ္ေပးခဲ့ပါတယ္။

ပီတာ ခရာဝစ္ဇ္က ” မန္ေနဂ်ာတိုင္းက စကားေျပာဖို႔ အခ်ိန္ ၅ မိနစ္၊ ၆ မိနစ္ပဲ အခ်ိန္ရၾကတာပါ။ ဒီေတာ့ ျဖစ္ႏုိင္သေလာက္ အတိုဆံုးနဲ႔ အျမန္ဆံုး ေျပာႏုိင္ဖို ျပင္ဆင္ေပးဖို႔ လိုပါတယ္။

ပြဲေတြမွာဆိုရင္ စာအုပ္တစ္အုပ္နဲ႔ မွတ္စုေရးေနတတ္တဲ့ က်ေနာ္ကို ခင္ဗ်ားတို႔ ျမင္ရႏုိင္ပါတယ္။ က်ေနာ္ ခ်ေရးေနတတ္တာက အသင္း အေကာင္းဆံုး လုပ္ေဆာင္ေနသလား၊ ျပႆနာေတြၾကားထဲမွာ ရုန္းကန္ေနရသလားဆိုတာအတြက္ တိက်တဲ့ အေျခအေနေတြ သိႏုိင္ဖို႔ျဖစ္ပါတယ္။ က်ေန္ာက အေျဖရွာလို႔မရတဲ့ အေျခအေနေတြအတြက္ မွတ္စုေတြ ေရးေနရျခင္းျဖစ္ပါတယ္။

ခံစစ္ပိုင္းမွာ က်ေန္ာတို႔အသင္း ဘယ္ေနရာေတြမွာ ျပႆနာေတြရွိေနသလဲ ဆိုတာကို သိေအာင္လုပ္ရတယ္။ ဒါမွလည္း ျပိဳင္ဘက္က က်ေန္ာတို႔ကို အခြင့္အေရးဖန္တီးမႈေတြနဲ႔ ဒုကၡေပးႏုိင္မလား သိႏုိင္မွာပါ။

အဲ့တာျပီးရင္ ဒုတိယပိုင္း ျပန္မစတင္ခင္ ကာလတိုအတြင္း အေျဖရွာမႈေတြ လုပ္ရပါမယ္။ ေဘာလံုးပြဲ ကစားေနတာ ၃၅ မိနစ္ ေလာက္မွာဆိုရင္ က်ေနာ္ နည္းျပခံုမွာ ပပ္လင္ဒါး၊ ယာဂင္ကေလာ့ပ္တို႔နဲ႔ ေဆြးေႏြးေနေလ့ရွိတယ္။ က်ေန္ာတို႔ အၾကံထုတ္ေနတာက ကစားသမားေတြကို ဘယ္လို ကူညီေပးၾကမလဲနဲ႔ ဒုတိယပိုင္းမွာ ဘယ္လိုစကားေတြ ေျပာမလဲဆိုတာပါ။

ပထမပိုင္း မျပီးခင္ ၃ မိနစ္ ၄ မိနစ္ေလာက္မွာ က်ေနာ္ ထိုင္ခံုကေန ထလာျပီး အဝတ္လဲခန္းထဲ ဝင္သြားေလ့ရွိတယ္။ ဟယ္ရီ၊ မက္ခ္ တို႔နဲ႔ ေတြ႔ဆံုျပီး ပထမပိုင္းအတြင္း ဘယ္လို ျပကြက္ေတြကို ျပသဖို႔က မွန္ကန္မလဲ၊ ဘယ္လို ဗီဒီယိုေတြကို ျပသရမလဲဆိုတာကို က်ေနာ္ ေရြးခ်ယ္ေပးရတယ္။

အဲ့တာက အရမ္းကို အလုပ္မ်ားလြန္းတဲ့ မိနစ္ပိုင္းေတြျဖစ္ပါတယ္။ ျပီးရင္ေတာ့ အသင္းအတြက္ အကူအညီျဖစ္မယ့္ ဗီဒီယို ႏွစ္ခု သံုးခုကို ေရြးထုတ္ျပီး ယာဂင္နဲ႔ ပပ္တို႔ ဝင္လာျပီဆိုရင္ သူတို႔ကို ျပရတယ္။ အဆင္သင့္ျပင္ထားတဲ့ ဗီဒီယိုေတြကို ျပသျပီး အသင္းအတြက္ ဘာလုပ္ရမယ္လို႔ က်ေနာ္ထင္တာကို သူတို႔ကို ေျပာရတယ္ ” လို႔ ရွင္းျပသြားခဲ့ပါတယ္။

ဒီအင္တာဗ်ဴးကေတာ့ လီဗာပူးအသင္းက ဒုတိယပိုင္းအတြင္း လီဗာပူးအဝတ္လဲခန္းထဲမွာ ဘာေတြျဖစ္ေလ့ရွိသလဲ ရွင္းျပမႈမွာ ပီတာ ခရာဝစ္ဇ္က ေျပာဆိုခဲ့တာျဖစ္တယ္။ ပီတာဟာ နည္းစနစ္ပိုင္းကို အထူးအားျပဳသူျဖစ္ျပီး လီဗာပူးရဲ႕ နံပါတ္ ၂ ပုဂၢိဳလ္ဟာ နည္းစနစ္အျမင္ ဘယ္ေလာက္ေကာင္းသလဲဆိုတာက မန္ေနဂ်ာကေလာ့ပ္ပဲ သိႏိုင္မွာျဖစ္ပါတယ္။