NEWS: ဘောလုံးပွဲ ပြန်စရေးကိစ္စ FIFA အကြီးအကဲနဲ့ UEFA အကြီးအကဲ ထိပ်တိုက်တွေ့

UNICODE – ယူအီးအက်ဖ်အေ ဆေးဘက်ဆိုင်ရာ အကြီးအကဲ ဒေါက်တာ တင်မီယာက ဘောလုံးပွဲကို စက်တင်ဘာအထိ မကစားသင့်ဘူးဆိုတဲ့ ဖီဖာ ဆေးဘက်ဆိုင်ရာ အကြီးအကဲရဲ့ ဝေဖန်မှုကို တိုက်ရိုက် တုန့်ပြန်လိုက်ပါတယ်။

ဖီဖာ ဆေးဘက်ဆိုင်ရာ အကြီးအကဲ Michel D’Hooghe က ကိုရိုနာ ကပ်ဘေးက အပြီးတိုင် လွှတ်မြောက်သေးတာ မဟုတ်ခြင်းကြောင့် ဘောလုံးပွဲတွေ ပြန်မကစားသင့်ဘူးလို့ ထုတ်ပြောထားတာပါ။ သူ့ရဲ့ ပြောဆိုမှုအပြီးမှာ ပြင်သစ်အာဏာပိုင်တွေက ဘောလုံးရာသီကို စက်တင်ဘာအထိ ပိတ်သိမ်းခဲ့တာဖြစ်တယ်။

ဒီကနေ့မှာတော့ ဒေါက်တာ တင်မီယာက မှန်ကန်တဲ့ ကာကွယ်မှုတွေ၊ အစောင့်အရှောက်တွေနဲ့ဆိုရင် ဘောလုံးရာသီက ပြန်စလို့ ဘာလို့များ မဖြစ်နိုင်ရမလဲဆိုပြီး ဖီဖာအကြီးအကဲကို တိုက်ရိုက် တုန့်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒေါက်တာ တင်မီယာက ” ဆွေးနွေးမှုတွေမှာ ထိပ်တန်းအဆင့် ဘောလုံးပွဲတွေ ပြန်ကစားနိုင်ဖို့၊ ကစားသမားတွေရဲ့ ကျန်းမာရေး၊ ကစားပွဲတွေမှာ ပါဝင်မယ့်သူတွေ၊ ကြီးမားတဲ့ အများပြည်သူဆိုင်ရာ ကိစ္စတွေက အရမ်းကို အရေးကြီးပါတယ်။

ဘောလုံးအဖွဲ့ချုပ်တွေ အားလုံးက သက်ဆိုင်ရာ ဘောလုံးပွဲတွေကို ပြန်စဖို့ ပြင်ဆင်နေတယ်။ ပွဲတွေမှာ ပါဝင်ကြမယ့် သူတွေအတွက် ကာကွယ်မှုတွေပေးဖို့နဲ့ အများပြည်သူဆိုင်ရာ ပေါ်လစီတွေကို တည်တံ့ခိုင်မာစွာ မပျက်စီအောင် ထိန်းသိမ်းမှုတွေလည်း လုပ်ဆောင်သွားမှာဖြစ်တယ်။

ဒီလို စောင့်ကြည့်မှု အခြေအနေတွေကြားမှာ သက်ဆိုင်ရာ နယ်မြေတွေက ဥပဒေပြဋ္ဌာန်းမှုတွေကိုလည်း အပြည့်အဝ လေးစားလိုက်နာမှာဖြစ်တယ်။ ဒီလို အစီအမံတွေနဲ့အတူ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို မပယ်ဖျက်ပဲ ပြန်စတင်ဖို့ ဆိုတာက အသေအချာကို ဖြစ်နိုင်တဲ့ ကိစ္စပဲဖြစ်ပါတယ် ” လို့ သူက ဆိုပါတယ်။

ကမ္ဘာအကြီးဆုံး ဘောလုံးအဖွဲ့ချုပ်နှစ်ခုကြား အခုလို အငြင်းပွားစရာ ဖြစ်လာခဲ့ပေမယ့် ဥရောပ ဘောလုံးရေးရာ ကိစ္စတွေမှာ ယူအီးအက်ဖ်အေက ဖီဖာထက် ပိုမိုသြဇာရှိတာကြောင့် ဥရောပလိဂ်တွေက ယူအီးအက်ဖ်အေရဲ့ အစီအမံတွေနဲ့ပဲ ရှေ့ဆက်ကြဖို့ ရှိနေပါတယ်။

ZAWGYI – ယူအီးအက္ဖ္ေအ ေဆးဘက္ဆိုင္ရာ အၾကီးအကဲ ေဒါက္တာ တင္မီယာက ေဘာလံုးပြဲကို စက္တင္ဘာအထိ မကစားသင့္ဘူးဆိုတဲ့ ဖီဖာ ေဆးဘက္ဆိုင္ရာ အၾကီးအကဲရဲ႕ ေဝဖန္မႈကို တိုက္ရိုက္ တုန္႔ျပန္လိုက္ပါတယ္။

ဖီဖာ ေဆးဘက္ဆိုင္ရာ အၾကီးအကဲ Michel D’Hooghe က ကိုရိုနာ ကပ္ေဘးက အျပီးတိုင္ လႊတ္ေျမာက္ေသးတာ မဟုတ္ျခင္းေၾကာင့္ ေဘာလံုးပြဲေတြ ျပန္မကစားသင့္ဘူးလို႔ ထုတ္ေျပာထားတာပါ။ သူ႔ရဲ႕ ေျပာဆိုမႈအျပီးမွာ ျပင္သစ္အာဏာပိုင္ေတြက ေဘာလံုးရာသီကို စက္တင္ဘာအထိ ပိတ္သိမ္းခဲ့တာျဖစ္တယ္။

ဒီကေန႔မွာေတာ့ ေဒါက္တာ တင္မီယာက မွန္ကန္တဲ့ ကာကြယ္မႈေတြ၊ အေစာင့္အေရွာက္ေတြနဲ႔ဆိုရင္ ေဘာလံုးရာသီက ျပန္စလို႔ ဘာလို႔မ်ား မျဖစ္နုိင္ရမလဲဆိုျပီး ဖီဖာအၾကီးအကဲကို တိုက္ရိုက္ တုန္႔ျပန္ခ့ဲျခင္း ျဖစ္ပါတယ္။

ေဒါက္တာ တင္မီယာက ” ေဆြးေႏြးမႈေတြမွာ ထိပ္တန္းအဆင့္ ေဘာလံုးပြဲေတြ ျပန္ကစားႏုိင္ဖို႔၊ ကစားသမားေတြရဲ႕ က်န္းမာေရး၊ ကစားပြဲေတြမွာ ပါဝင္မယ့္သူေတြ၊ ၾကီးမားတဲ့ အမ်ားျပည္သူဆိုင္ရာ ကိစၥေတြက အရမ္းကို အေရးၾကီးပါတယ္။

ေဘာလံုးအဖြဲ႔ခ်ဳပ္ေတြ အားလံုးက သက္ဆုိင္ရာ ေဘာလံုးပြဲေတြကို ျပန္စဖို႔ ျပင္ဆင္ေနတယ္။ ပြဲေတြမွာ ပါဝင္ၾကမယ့္ သူေတြအတြက္ ကာကြယ္မႈေတြေပးဖို႔နဲ႔ အမ်ားျပည္သူဆုိင္ရာ ေပၚလစီေတြကို တည္တံ့ခိုင္မာစြာ မပ်က္စီေအာင္ ထိန္းသိမ္းမႈေတြလည္း လုပ္ေဆာင္သြားမွာျဖစ္တယ္။

ဒီလို ေစာင့္ၾကည့္မႈ အေျခအေနေတြၾကားမွာ သက္ဆုိင္ရာ နယ္ေျမေတြက ဥပေဒျပ႒ာန္းမႈေတြကိုလည္း အျပည့္အဝ ေလးစားလိုက္နာမွာျဖစ္တယ္။ ဒီလို အစီအမံေတြနဲ႔အတူ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီကို မပယ္ဖ်က္ပဲ ျပန္စတင္ဖို႔ ဆိုတာက အေသအခ်ာကို ျဖစ္ႏုိင္တဲ့ ကိစၥပဲျဖစ္ပါတယ္ ” လို႔ သူက ဆိုပါတယ္။

ကမၻာအၾကီးဆံုး ေဘာလံုးအဖြဲ႔ခ်ဳပ္ႏွစ္ခုၾကား အခုလို အျငင္းပြားစရာ ျဖစ္လာခဲ့ေပမယ့္ ဥေရာပ ေဘာလံုးေရးရာ ကိစၥေတြမွာ ယူအီးအက္ဖ္ေအက ဖီဖာထက္ ပိုမိုၾသဇာရွိတာေၾကာင့္ ဥေရာပလိဂ္ေတြက ယူအီးအက္ဖ္ေအရဲ႕ အစီအမံေတြနဲ႔ပဲ ေရွ႔ဆက္ၾကဖို႔ ရွိေနပါတယ္။