ယူနိုက်တက်ရဲ့ နွေအပြောင်းအရွှေ့ အစီအစဉ်ကြီးမှာ ဂျင်းတွေဝယ်ဖို့ မပါကြောင်း ဝုဒ်ဝတ် ထုတ်ပြော

UNICODE – ယူနိုက်တက် အကြီးအကဲ ဝုဒ်ဝတ်က မန်ချက်စတာအသင်းဟာ အပြောင်းအရွှေ့ဈေးကွက်ထဲ ဝင်ရောက်လာပြီး ဆုဖလား အောင်မြင်ဖို့ ရည်မှန်းချက်နဲ့ ကစားသမားကောင်းတွေကို ခေါ်ယူမယ်လို့ တရားဝင် ဖွင့်ပြောလိုက်ပါတယ်။

ဘောလုံးဈေးကွက်မှာ ကစားသမားတန်ကြေးတွေ ကျဆင်းနေပြီး ထိပ်တန်းကစားသမာတွေကို ယူနိုက်တက်က ပေါင် သန်းပေါင်းများစွာ အကုန်အကျခံ ခေါ်ယူမယ့် သတင်းမျိုးတွေ မဖန်တီးဖို့ ဝုဒ်ဝတ်က တောင်းဆိုခဲ့တယ်။ မကြာသေးခင်က ယူနိုက်တက်ဟာ ဟယ်ရီကိန်းကို သန်း ၂၀၀ သုံးမယ်ဆိုတဲ့ သတင်းမျိုးတွေလည်း ထွက်ခဲ့ပါတယ်။

ဝုဒ်ဝတ်က ” လက်ရှိ အခြေအနေမှာ သန်းပေါင်း ရာနဲ့ချီတဲ့ ငွေကြေးတွေကို အပြောင်းအရွှေ့တွေမှာ အသုံးပြုတာကို မြင်ရဖို့ဆိုတာက မသင့်လျော်တဲ့ကိစ္စလို့ မြင်ပါတယ်။ အပြောင်းအရွှေ့ဆိုင်ရာ ဇာတ်လမ်း ဖန်တီးသူတွေက ဘောလုံးကလပ်တွေ ရင်ဆိုင်နေရတဲ့ စီးပွားရေးဆိုင်ရာ အခြေအနေတွေကို လုံးဝကြီး မသိနားမလည်ကြတာလည်း ဖြစ်နိုင်တယ်။

မန်ချက်စတာယူနိုက်တက်ဟာ ကံကောင်းထောက်မစွာဖြင့်ပဲ များစွာသော ကလပ်တွေနဲ့ ယှဉ်ပြိုင်ဖို့ရာ ဘဏ္ဍာရေး တောင့်တင်းလွန်းတယ်ဆိုတာက ထင်ရှားပါတယ်။ ဒါပေမယ့် ဗိုင်းရပ်ရဲ့ ရိုက်ခတ်မှုကြောင့် ဘဏ္ဍာရေး ထိခိုက်မှုမှာ သက်ရောက်မှုမရှိရအောင် ကိုယ်တွင်းအားသိပ်ကောင်းတဲ့ အသင်းမျိုးတော့လည်း မဟုတ်ပါဘူး။

ဒါကို နောက်တစ်ကြိမ် ထပ်ပြောလိုတာက ဒီကပ်ဘေးကို ကျော်ဖြတ်ရမယ့် အခြေအနေအတွက် ကျနေ်ာတို့မှာ အမြင်တွေ ရှိတယ်။ ပုံမှန်အခြေအနေနဲ့ နှိုင်းယှဉ်လို့ မရပေမယ့် အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ကြီးကြီးမားမား ယှဉ်ပြိုင်မှုတွေ ဝင်လုပ်ဖို့ ရည်မှန်းချက် ထားထားပါတယ် ” လို့ ဆိုတယ်။

ဝုဒ်ဝတ်က ယူနိုက်တက်ဟာ အပြောင်းအရွှေ့မှာ ကစားသမား တစ်ဦးအတွက် ပေါင် သန်း ရာကျော် အသုံးပြုတာမျိုး မလုပ်ဘူးလို့ ဆိုထားတယ်။ အခု ထပ်ပြောတဲ့ စကားအရ ယူနိုက်တက်ဟာ ဈေးကွက်ထဲ ဝင်ရောက်မှာ ဖြစ်ပေမယ့် ကိုရိုနာ ကပ်ဘေးကြောင့် ကစားသမားတန်ကြေး ကျဆင်းနေမှုမှာ မတန်တဆဈေး မပေးနိုင်ဘူးလို့ ကြေညာလိုက်ခြင်း ဖြစ်ပါတယ်။

ဝုဒ်ဝတ်ကပဲ ” ပြောခဲ့ဖူးသလိုပဲ ဒီစကားကို အကြိမ်တွေအများကြီး ပြောခဲ့ပြီးပြီ။ ကျနေ်ာတို့က အိုလီကို ဆုဖလားတွေ အများကြီး အနိုင်ရဖို့ ပံ့ပိုးပေးသွားမှာဖြစ်တယ်။ ဒါက မန်ချက်စတာယူနိုက်တက် အနေနဲ့ ကျနေ်ာတို့ရဲ့ အဓိက ပန်းတိုင်ပါပဲ ” လို့ ဖွင့်ဟသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္ အၾကီးအကဲ ဝုဒ္ဝတ္က မန္ခ်က္စတာအသင္းဟာ အေျပာင္းအေရႊ႔ေစ်းကြက္ထဲ ဝင္ေရာက္လာျပီး ဆုဖလား ေအာင္ျမင္ဖို႔ ရည္မွန္းခ်က္နဲ႔ ကစားသမားေကာင္းေတြကို ေခၚယူမယ္လို႔ တရားဝင္ ဖြင့္ေျပာလိုက္ပါတယ္။

ေဘာလံုးေစ်းကြက္မွာ ကစားသမားတန္ေၾကးေတြ က်ဆင္းေနျပီး ထိပ္တန္းကစားသမာေတြကို ယူႏုိက္တက္က ေပါင္ သန္းေပါင္းမ်ားစြာ အကုန္အက်ခံ ေခၚယူမယ့္ သတင္းမ်ိဳးေတြ မဖန္တီးဖို႔ ဝုဒ္ဝတ္က ေတာင္းဆိုခဲ့တယ္။ မၾကာေသးခင္က ယူနုိက္တက္ဟာ ဟယ္ရီကိန္းကို သန္း ၂၀၀ သံုးမယ္ဆိုတဲ့ သတင္းမ်ိဳးေတြလည္း ထြက္ခဲ့ပါတယ္။

ဝုဒ္ဝတ္က ” လက္ရွိ အေျခအေနမွာ သန္းေပါင္း ရာနဲ႔ခ်ီတဲ့ ေငြေၾကးေတြကို အေျပာင္းအေရႊ႔ေတြမွာ အသံုးျပဳတာကို ျမင္ရဖို႔ဆိုတာက မသင့္ေလ်ာ္တဲ့ကိစၥလို႔ ျမင္ပါတယ္။ အေျပာင္းအေရႊ႔ဆုိင္ရာ ဇာတ္လမ္း ဖန္တီးသူေတြက ေဘာလံုးကလပ္ေတြ ရင္ဆိုင္ေနရတဲ့ စီးပြားေရးဆိုင္ရာ အေျခအေနေတြကို လံုးဝၾကီး မသိနားမလည္ၾကတာလည္း ျဖစ္ႏုိင္တယ္။

မန္ခ်က္စတာယူႏုိက္တက္ဟာ ကံေကာင္းေထာက္မစြာျဖင့္ပဲ မ်ားစြာေသာ ကလပ္ေတြနဲ႔ ယွဥ္ျပိဳင္ဖို႔ရာ ဘ႑ာေရး ေတာင့္တင္းလြန္းတယ္ဆိုတာက ထင္ရွားပါတယ္။ ဒါေပမယ့္ ဗိုင္းရပ္ရဲ႕ ရိုက္ခတ္မႈေၾကာင့္ ဘ႑ာေရး ထိခိုက္မႈမွာ သက္ေရာက္မႈမရွိရေအာင္ ကိုယ္တြင္းအားသိပ္ေကာင္းတဲ့ အသင္းမ်ိဳးေတာ့လည္း မဟုတ္ပါဘူး။

ဒါကို ေနာက္တစ္ၾကိမ္ ထပ္ေျပာလိုတာက ဒီကပ္ေဘးကို ေက်ာ္ျဖတ္ရမယ့္ အေျခအေနအတြက္ က်ေန္ာတို႔မွာ အျမင္ေတြ ရွိတယ္။ ပံုမွန္အေျခအေနနဲ႔ ႏိႈ္င္းယွဥ္လို႔ မရေပမယ့္ အေျပာင္းအေရႊ႔ ေစ်းကြက္ထဲမွာ ၾကီးၾကီးမားမား ယွဥ္ျပိဳင္မႈေတြ ဝင္လုပ္ဖို႔ ရည္မွန္းခ်က္ ထားထားပါတယ္ ” လို႔ ဆိုတယ္။

ဝုဒ္ဝတ္က ယူႏုိက္တက္ဟာ အေျပာင္းအေရႊ႔မွာ ကစားသမား တစ္ဦးအတြက္ ေပါင္ သန္း ရာေက်ာ္ အသံုးျပဳတာမ်ိဳး မလုပ္ဘူးလို႔ ဆိုထားတယ္။ အခု ထပ္ေျပာတဲ့ စကားအရ ယူႏုိက္တက္ဟာ ေစ်းကြက္ထဲ ဝင္ေရာက္မွာ ျဖစ္ေပမယ့္ ကိုရိုနာ ကပ္ေဘးေၾကာင့္ ကစားသမားတန္ေၾကး က်ဆင္းေနမႈမွာ မတန္တဆေစ်း မေပးႏုိင္ဘူးလို႔ ေၾကညာလိုက္ျခင္း ျဖစ္ပါတယ္။

ဝုဒ္ဝတ္ကပဲ ” ေျပာခဲ့ဖူးသလိုပဲ ဒီစကားကို အၾကိမ္ေတြအမ်ားၾကီး ေျပာခဲ့ျပီးျပီ။ က်ေန္ာတို႔က အိုလီကို ဆုဖလားေတြ အမ်ားၾကီး အႏုိင္ရဖို႔ ပံ့ပိုးေပးသြားမွာျဖစ္တယ္။ ဒါက မန္ခ်က္စတာယူႏုိက္တက္ အေနနဲ႔ က်ေန္ာတို႔ရဲ႕ အဓိက ပန္းတိုင္ပါပဲ ” လို႔ ဖြင့္ဟသြားခဲ့တာျဖစ္ပါတယ္။