Official: ပြင်သစ်ကွင်းလယ်လူ ဂူရီကို ၅ နှစ်စာချုပ်ဖြင့် အပြီးသတ် ခေါ်ယူနိုင်ခဲ့တဲ့ ဝတ်ဖိုဒ့်

UNICODE – ပရီးမီးယားလိဂ်ကလပ် ဝတ်ဖိုဒ့်အသင်းဟာ ပြင်သစ် လူငယ်ကွင်းလယ်လူ ပေပီဂူရီကို ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း ၎င်းတို့အသင်း ဝဘ်ဆိုဒ်ကနေ တရားဝင် ကြေညာလိုက်ပြီဖြစ်ပါတယ်။

ဇန်နဝါရီလကတည်းက ခေါ်ယူဖို့ ဝတ်ဖိုဒ့်ဘက်က ညိနှိုင်းနေခဲ့ခြင်းဖြစ်ပြီး ဒီကနေ့မှာပဲ တရားဝင် ခေါ်ယူနိုင်ခဲ့တာပါ။ ဒါကြောင့် ဝတ်ဖိုဒ့်ဟာ ကိုရိုနာဗိုင်းရပ်ကြောင့် lockdown လုပ်ခံထားရတဲ့ ကာလအတွင်း အပြောင်းအရွှေ့ကိစ္စ တရားဝင် ပြီးမြောက်ခဲ့တဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်အသင်းလည်း ဖြစ်လာခဲ့တယ်။

အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူဟာ ပြင်သစ် လီဂူး ၂ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရထားသူဖြစ်ပြီး ဝတ်ဖိုဒ့်က ၅ နှစ်စာချုပ်ဖြင့် လက်မှတ်ထိုးခဲ့ခြင်းဖြစ်တယ်။ ဂူရီဟာ ဇွန်လ ၁ ရက်နေ့ကစပြီး ဝတ်ဖိုဒ့်အသင်း တရားဝင် ကစားသမား ဖြစ်လာပါမယ်။

ပြင်သစ်မှာ ဝန်ကြီးချုပ် Edouard Phillipe က ဘောလုံးကစားခွင့်ကို စက်တင်ဘာလ ၁ ရက်နေ့ထိ ပိတ်ထားခြင်းကြောင့် လက်ကျန် ဘောလုံးပွဲတွေကို ဆက်မကစားပဲ ပယ်ဖျက်ခဲ့ပြီဖြစ်တယ်။ ဝတ်ဖိုဒ့်ကစားသမားအဖြစ် ဂူရီဟာ ဇွန်လထဲ ဘောလုံးပွဲ ပြန်စမယ့် ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်ရမယ်လို့ ယူဆရပါတယ်။

ဗြိတိန်အာဏာပိုင်တွေက အများပြည်သူရဲ့ စိတ်ဓါတ်ပိုင်းကို မြင့်တင်ပေးနိုင်ဖို့အတွက် ပိတ်ဆို့မှုတွေကို ဖြေလျော့ပြီး ဘောလုံးပွဲတွေ ပြန်ကစားနိုင်ဖို့ ကူညီပေးမှာဖြစ်တယ်။ လာမယ့် မေလ ၉ ရက်နေ့မှာတော့ ပရီးမီးယားလိဂ် အသင်းတိုင်းကို လေ့ကျင့်ရေး ပြန်ဝင်ခွင့်ပြုပြီး ဇွန်လ ၈ ရက်မှာတော့ ဘောလုံးပွဲတွေ ပြန်စတင်ဖို့ ယာယီ စီစဉ်ထားတာဖြစ်တယ်။

ZAWGYI – ပရီးမီးယားလိဂ္ကလပ္ ဝတ္ဖိုဒ့္အသင္းဟာ ျပင္သစ္ လူငယ္ကြင္းလယ္လူ ေပပီဂူရီကို ၅ ႏွစ္စာခ်ဳပ္ျဖင့္ ေခၚယူဖို႔ အၾကိဳသေဘာတူညီမႈ ရယူႏုိင္ခဲ့ေၾကာင္း ၄င္းတို႔အသင္း ဝဘ္ဆုိဒ္ကေန တရားဝင္ ေၾကညာလိုက္ျပီျဖစ္ပါတယ္။

ဇန္နဝါရီလကတည္းက ေခၚယူဖို႔ ဝတ္ဖိုဒ့္ဘက္က ညိႏိႈင္းေနခဲ့ျခင္းျဖစ္ျပီး ဒီကေန႔မွာပဲ တရားဝင္ ေခၚယူႏုိင္ခဲ့တာပါ။ ဒါေၾကာင့္ ဝတ္ဖိုဒ့္ဟာ ကိုရိုနာဗိုင္းရပ္ေၾကာင့္ lockdown လုပ္ခံထားရတဲ့ ကာလအတြင္း အေျပာင္းအေရႊ႔ကိစၥ တရားဝင္ ျပီးေျမာက္ခဲ့တဲ့ ပထမဆံုးေသာ ပရီးမီးယားလိဂ္အသင္းလည္း ျဖစ္လာခဲ့တယ္။

အသက္ ၂၁ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ျပင္သစ္ လီဂူး ၂ အသင္းကေန အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ထြက္ခြာခြင့္ရထားသူျဖစ္ျပီး ဝတ္ဖိုဒ့္က ၅ ႏွစ္စာခ်ဳပ္ျဖင့္ လက္မွတ္ထိုးခဲ့ျခင္းျဖစ္တယ္။ ဂူရီဟာ ဇြန္လ ၁ ရက္ေန႔ကစျပီး ဝတ္ဖိုဒ့္အသင္း တရားဝင္ ကစားသမား ျဖစ္လာပါမယ္။

ျပင္သစ္မွာ ဝန္ၾကီးခ်ဳပ္ Edouard Phillipe က ေဘာလံုးကစားခြင့္ကို စက္တင္ဘာလ ၁ ရက္ေန႔ထိ ပိတ္ထားျခင္းေၾကာင့္ လက္က်န္ ေဘာလံုးပြဲေတြကို ဆက္မကစားပဲ ပယ္ဖ်က္ခဲ့ျပီျဖစ္တယ္။ ဝတ္ဖိုဒ့္ကစားသမားအျဖစ္ ဂူရီဟာ ဇြန္လထဲ ေဘာလံုးပြဲ ျပန္စမယ့္ ပရီးမီးယားလိဂ္မွာ ပြဲထြက္ခြင့္ရမယ္လို႔ ယူဆရပါတယ္။

ျဗိတိန္အာဏာပိုင္ေတြက အမ်ားျပည္သူရဲ႕ စိတ္ဓါတ္ပိုင္းကို ျမင့္တင္ေပးႏုိင္ဖို႔အတြက္ ပိတ္ဆို႔မႈေတြကို ေျဖေလ်ာ့ျပီး ေဘာလံုးပြဲေတြ ျပန္ကစားႏုိင္ဖို႔ ကူညီေပးမွာျဖစ္တယ္။ လာမယ့္ ေမလ ၉ ရက္ေန႔မွာေတာ့ ပရီးမီးယားလိဂ္ အသင္းတိုင္းကို ေလ့က်င့္ေရး ျပန္ဝင္ခြင့္ျပဳျပီး ဇြန္လ ၈ ရက္မွာေတာ့ ေဘာလံုးပြဲေတြ ျပန္စတင္ဖို႔ ယာယီ စီစဥ္ထားတာျဖစ္တယ္။