NEWS: နယူးကာဆယ်နဲ့အတူ ပရီးမီးယားလိဂ်ကို ပြန်လာနိုင်တော့မယ့် ပိုချက်တီနို

UNICODE – နယူးကာဆယ် ပိုင်ရှင်သစ်တွေဟာ ကလပ်ရဲ့ ဦးစားပေး မန်နေဂျာအဖြစ် စပါးအသင်း မန်နေဂျာဟောင်း ပိုချက်တီနိုကို ရွေးချယ်လိုက်ပြီဖြစ်ကြောင်း စကိုင်းစပေါ့က အတည်ပြုလိုက်ပါတယ်။

မနှစ်က နိုဝင်ဘာကတည်းက ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ မန်နေဂျာ ပိုချက်တီနိုကို နယူးကာဆယ်က တစ်နှစ်ကို လုပ်ခ ပေါင် ၁၉ သန်းပေးမယ့် ကမ်းလှမ်းမှု ပေးပို့သွားမှာပါ။ မန်နေဂျာ ပိုချက်တီနိုဘက်က စိတ်ဝင်စားရင် တရားဝင် ညိနှိုင်းသွားကြမှာဖြစ်ကာ လာမယ့် ဘောလုံးရာသီမှာ စတင်ကာ တာဝန်ယူခွင့်ရှိပါမယ်။

လက်ကျန် ဘောလုံးရာသီကိုတော့ စတိဗ် ဘရုစ်ကပဲ ဆက်လက် တာဝန်ယူခွင့်ရမှာဖြစ်ပြီး ပိုချက်တီနိုက ကမ်းလှမ်းမှုကို ငြင်းပယ်မယ်ဆိုရင် မန်နေဂျာဟောင်း ရာဖေး ဘင်နီတက်စ်ကို ဒုတိယဦးစားပေးအဖြစ် ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။

ဆော်ဒီအခြေစိုက် ရင်းနှီးမြုပ်နှံမှုအဖွဲ့က နောက်ခံပေးထားတဲ့ နယူးကာဆယ်ဟာ ပိုင်ရှင်သစ်ဟာ လက်ရှိအသင်းပိုင်ရှင် မိုက် အက်ရှလေနဲ့ ပေါင် သန်း ၃၀၀ တန် လွဲပြောင်းမှု ပြီးဆုံးသေးခြင်းတော့ မရှိပါဘူး။ အပြီးသတ်ပြီးခဲ့ရင် မန်နေဂျာသစ်ကိစ္စကိုပါ ပိုင်ရှင်သစ်တွေက စီစဉ်လာခြင်းဖြစ်ပြီး ဘောလုံးရာသီ အပြီးမှာ တရားဝင် တာဝန်ပေးမှာဖြစ်တယ်။

နယူးကာဆယ် ပိုင်ရှင်သစ်တွေက ကလပ်ကို ပြန်လည်တည်ဆောက်မှု ပရော်ဂျက်အား ပိုချက်လီနိုလက်ထဲ အပ်နှံမှာဖြစ်ကာ ၅ နှစ်စာချုပ် ပေးမှာဖြစ်ပါတယ်။ ပိုချက်တီနိုဟာ စပါးကနေ ရာထူးကနေ ထုတ်ပယ်ခံထားရပေမယ့် တစ်နှစ်လုပ်ခ ပေါင် ၈.၅ သန်းကို ခံစားခွင့် ရှိနေဆဲဖြစ်ပါတယ်။

နယူးကာဆယ်မှာ ပိုချက်တီနိုရမယ့် လုပ်ခဟာ လက်ရှိ စပါးမှာ မော်ရင်ညိုရနေတဲ့ ပေါင် ၁၅ သန်းထက် ကျော်လွန်မှာပါ။ လက်ရှိ ပရီးမီးယားလိဂ်မှာ လုပ်ခ အမြင့်ဆုံးရနေတဲ့ မန်နေဂျာက မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာဖြစ်ပြီး ၂၀၂၁ ခုနှစ်ထိ ရှိမယ့် စာချုပ်အတွက် တစ်နှစ်ကို ပေါင် သန်း ၂၀ ရရှိနေပါတယ်။

ZAWGYI – နယူးကာဆယ် ပိုင်ရှင်သစ်တွေဟာ ကလပ်ရဲ့ ဦးစားပေး မန်နေဂျာအဖြစ် စပါးအသင်း မန်နေဂျာဟောင်း ပိုချက်တီနိုကို ရွေးချယ်လိုက်ပြီဖြစ်ကြောင်း စကိုင်းစပေါ့က အတည်ပြုလိုက်ပါတယ်။




