ကွင်းပိတ်ကစားမှုမှာ ကစားသမားတွေ စိတ်အားတက်ကြွစေဖို့ ပရိသတ်အားပေးသံ ဖန်တီးပေးမည်

UNICODE – ပရီးမီးယားလိဂ်ကို ကွင်းပိတ် အစီအစဉ်နဲ့ ပြန်စတင်တဲ့အခါ ကွင်းအတွင်း ကစားသမားတွေ စိတ်အားတက်ကြွစေဖို့ ဗြိတိန် ရုပ်သံချန်နယ်တွေက ပရိသတ်အားပေးမှုတွေ ဖန်တီးပေးသွားဖို့ စီစဉ်နေပါတယ်။

ပရီးမီးယားလိဂ် ပြသခွင့်တွေကို ပိုင်ဆိုင်ထားတဲ့ Sky နဲ့ BT Sports တို့က နေအိမ်မှာနေပြီး ပွဲတွေကြည့်ရမယ့် ဘောလုံးပရိသတ်တွေအတွက် ပရိသတ်အားပေးသံကို ရုပ်သံထုတ်လွှင့်မှုမှာ ထည့်သွင်း ဖော်ပြသွားဖို့ စီစဉ်နေတာပါ။ ဗြိတိန်အာဏာပိုင်တွေက ဘောလုံးပွဲတွေ ပြန်ကစားခွင့်ပေးတာနဲ့ အဆိုပါကိစ္စကို ရုပ်သံကြီးတွေက ချဉ်ကပ် လုပ်ဆောင်သွားမှာဖြစ်တယ်။

အစောတုန်းကတော့ Sky နဲ့ BT Sports တို့ဟာ ရုပ်သံကြည့်မယ့် ပရိသတ်တွေကို အစစ်အမှန် ပုံစံတွေပဲ ပြသကာ အားပေးသံ အတုတွေကို မထည့်ဖို့ စဉ်းစားခဲ့ပါတယ်။ သို့ပေမယ့် သီးသန့် ချန်နယ် တစ်ခုမှာ အတုထည့်သွင်းထားတဲ့ ပရိသတ် အားပေးသံကိုပါ ထည့်သွင်းဖို့ စီစဉ်လာခဲ့တာဖြစ်တယ်။

ဘောလုံးအသင်းတွေကလည်း ကွင်းအတွင်း ကစားနေမယ့် အသင်းသားတွေအတွက် ပွဲနေ့တွေမှာ ပရိသတ် အားပေးတဲ့ အားပေးမှု အသံတွေကို ထည့်သွင်းပေးဖို့ စဉ်းစားနေပါတယ်။ ဒါက ကိုဗစ် ကာလမှာ အများပြည်သူ စိတ်အားတက်ကြွစေဖို့ ကြပ်မတ်မှုတွေကြားက ဘောလုံးကစားရမယ့် ဘောလုံးသမားတွေအတွက် အင်အားဖြစ်စေမယ်လို့ ကလပ်တွေက ယူဆထားကြတယ်။

နည်းပညာဆိုင်ရာ ကုမ္ပဏီ တစ်ခုကဆိုရင် အထူးဆန်းသစ် တီထွင်တဲ့ စနစ်အဖြစ် ပရီးမီးယားလိဂ်ကို နေအိမ်တွေမှာ စောင့်ကြည့်နေတဲ့ ပရိသတ်တွေရဲ့ ပုံစံကို မှတ်တမ်းယူပြီး ကစားကွင်းတွေထဲမှာ ထည့်သွင်းပြသခြင်းမျိုးကို ပြုလုပ်ဖို့ထိ စဉ်းစားနေပါတယ်။ အဆိုပါ အချက်ကိုတော့ Sky Sports ကော BT Sports ပါ အကြံပေး အဆိုတင်သွင်းလာခြင်း မရှိသေးပါဘူး။

ZAWGYI – ပရီးမီးယားလိဂ္ကို ကြင္းပိတ္ အစီအစဥ္နဲ႔ ျပန္စတင္တဲ့အခါ ကြင္းအတြင္း ကစားသမားေတြ စိတ္အားတက္ၾကြေစဖို႔ ျဗိတိန္ ရုပ္သံခ်န္နယ္ေတြက ပရိသတ္အားေပးမႈေတြ ဖန္တီးေပးသြားဖို႔ စီစဥ္ေနပါတယ္။

ပရီးမီးယားလိဂ္ ျပသခြင့္ေတြကို ပိုင္ဆိုင္ထားတဲ့ Sky နဲ႔ BT Sports တို႔က ေနအိမ္မွာေနျပီး ပြဲေတြၾကည့္ရမယ့္ ေဘာလံုးပရိသတ္ေတြအတြက္ ပရိသတ္အားေပးသံကုိ ရုပ္သံထုတ္လႊင့္မႈမွာ ထည့္သြင္း ေဖာ္ျပသြားဖို႔ စီစဥ္ေနတာပါ။ ျဗိတိန္အာဏာပိုင္ေတြက ေဘာလံုးပြဲေတြ ျပန္ကစားခြင့္ေပးတာနဲ႔ အဆိုပါကိစၥကို ရုပ္သံၾကီးေတြက ခ်ဥ္ကပ္ လုပ္ေဆာင္သြားမွာျဖစ္တယ္။

အေစာတုန္းကေတာ့ Sky နဲ႔ BT Sports တို႔ဟာ ရုပ္သံၾကည့္မယ့္ ပရိသတ္ေတြကို အစစ္အမွန္ ပံုစံေတြပဲ ျပသကာ အားေပးသံ အတုေတြကို မထည့္ဖို႔ စဥ္းစားခဲ့ပါတယ္။ သို႔ေပမယ့္ သီးသန္႔ ခ်န္နယ္ တစ္ခုမွာ အတုထည့္သြင္းထားတဲ့ ပရိသတ္ အားေပးသံကိုပါ ထည့္သြင္းဖို႔ စီစဥ္လာခဲ့တာျဖစ္တယ္။

ေဘာလံုးအသင္းေတြကလည္း ကြင္းအတြင္း ကစားေနမယ့္ အသင္းသားေတြအတြက္ ပြဲေန႔ေတြမွာ ပရိသတ္ အားေပးတဲ့ အားေပးမႈ အသံေတြကို ထည့္သြင္းေပးဖို႔ စဥ္းစားေနပါတယ္။ ဒါက ကိုဗစ္ ကာလမွာ အမ်ားျပည္သူ စိတ္အားတက္ၾကြေစဖို႔ ၾကပ္မတ္မႈေတြၾကားက ေဘာလံုးကစားရမယ့္ ေဘာလံုးသမားေတြအတြက္ အင္အားျဖစ္ေစမယ္လို႔ ကလပ္ေတြက ယူဆထားၾကတယ္။

နည္းပညာဆုိင္ရာ ကုမၸဏီ တစ္ခုကဆိုရင္ အထူးဆန္းသစ္ တီထြင္တဲ့ စနစ္အျဖစ္ ပရီးမီးယားလိဂ္ကို ေနအိမ္ေတြမွာ ေစာင့္ၾကည့္ေနတဲ့ ပရိသတ္ေတြရဲ႕ ပံုစံကို မွတ္တမ္းယူျပီး ကစားကြင္းေတြထဲမွာ ထည့္သြင္းျပသျခင္းမ်ိဳးကို ျပဳလုပ္ဖို႔ထိ စဥ္းစားေနပါတယ္။ အဆိုပါ အခ်က္ကိုေတာ့ Sky Sports ေကာ BT Sports ပါ အၾကံေပး အဆိုတင္သြင္းလာျခင္း မရွိေသးပါဘူး။