ချယ်ဆီးက ပိုကောင်းတဲ့ လုပ်ခတွေနဲ့ ကမ်လှမ်းခဲ့ပေမယ့် လီဗာပူးကို ရွေးချယ်ခဲ့ကြသူများ

UNICODE – ချယ်ဆီးအသင်းနဲ့ မန်နေဂျာ ကွန်တီတို့ရဲ့ လမ်းခွဲ မလှပခဲ့ခြင်းရဲ့ အကြောင်းရင်း တစ်ချက်မှာ အီတလီသားကြီးက လွဲမှားတဲ့ အပြောင်းအရွှေ့ကိစ္စတွေ အများအပြား စီမံခဲ့မှုလည်း အကြောင်းရင်းတစ်ချက်ဖြစ်ကြောင်း the Athletic က ဖွင့်ချလိုက်ပါတယ်။

တိုက်စစ်မှူးကော်စတာကို ဈေးပေါပေါနဲ့ ရောင်းထုတ်စေဖို့ရာ ကွန်တီရဲ့ စနက် မကင်းခဲ့တာကြောင့် လန်ဒန်ကလပ်နဲ့ အီတလီသားကြီး လမ်းခွဲမှာ ချယ်ဆီးဘက်က စာချုပ်ပါအတိုင်း လျှော်ကြေးကို မပေးဖို့ နည်းလမ်းမျိုးစုံ သုံးခဲ့ရတာပါ။ ဒါ့အပြင် ၂၀၁၇ ခုနှစ်မှာ မိုရာတာ၊ ဒရင့်ဝါးသား၊ ဘာကာယိုကိုတို့အတွက် ပေါင် ၁၃၈ သန်း အကုန်အကျခံခဲ့ရခြင်းက ချယ်ဆီးရဲ့ အပြောင်းအရွှေ့ သမိုင်းမှာ အဆိုးရွားဆုံးလည်း ဖြစ်ခဲ့တယ်။

အဲ့ထက် ပိုဆိုးရွားတာကတော့ အဆိုပါ နှစ်မှာပဲ ဗန်ဒိုက်နဲ့ ချိန်ဘာလိန်ကို ကမ်းလှမ်းဖို့ ကြိုးစားရာမှာ ကွန်တီကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့ခြင်းလည်းဖြစ်တယ်။ ဗန်ဒိုက်နဲ့ ချိန်ဘာလိန်တို့ဟာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီ ချန်ပီယံ ချယ်ဆီးအသင်းထံ မပြောင်းပဲ မန်နေဂျာယာဂင်ကလော့ပ်ရှိတဲ့ လီဗာပူးအသင်းကို ရွေးချယ်ခဲ့ခြင်းဟာ ကွန်တီရဲ့ ကစားဟန်ကြောင့်လည်း ပါဝင်ခဲ့ပါတယ်။

ချယ်ဆီးက ကွင်းလယ်အတွက် ချိန်ဘာလိန်ကို ခေါ်ယူလိုခဲ့ပြီး မန်နေဂျာကွန်တီက ချိန်ဘာလိန်ကို ညာခြမ်းမှာ အာဆင်နယ်အသင်း အသုံးပြုသလို အစွန်-တောင်ပံအဖြစ် နေရာပေးလိုတယ်။ အာဆင်နယ်ကစားသမားဟောင်းက ကွင်းလယ်လူအဖြစ် အဓိက ကစားလိုခြင်းကြောင့် လုပ်ခပိုင်း ပိုမို ပေးချေပေမယ့် ကွင်းလယ်မှာ ပေးကစားမယ်လို့ စည်းရုံးခဲ့တဲ့ လီဗာပူးကိုပဲ ပြောင်းရွှေ့သွားခဲ့တာဖြစ်တယ်။

ချိန်ဘာလိန် လီဗာပူးအသင်းကို ရောက်ဖို့အတွက် အင်္ဂလန်လက်ရွေးစင် အသင်းဖော်တွေဖြစ်တဲ့ ဟန်ဒါဆန်နဲ့ ဂိုးမက်စ်တို့ရဲ့ တောက်ပမှုကလည်း အရေးပါခဲ့ပါတယ်။ အင်္ဂလန်သားတွေရဲ့ နေရာရမှု၊ တိုးတက်လာမှုတွေကြောင့် မန်နေဂျာယာဂင်ကလော့ပ် လက်အောက်မှာ ကစားရဖို့ကို ချိန်ဘာလိန်က ပိုအားသန်သွားခဲ့တာပါ။

ဗန်ဒိုက်ရဲ့ အပြောင်းအရွှေ့မှာလည်း ချယ်ဆီး၊ လီဗာပူး၊ မန်စီးတီးတို့က တူညီတဲ့ အခွင့်အရေးတွေ ရခဲ့ကြခြင်းဖြစ်ကာ ချယ်ဆီးက ဆက်ဆံရေးကောင်းတွေ တည်ဆောက်ထားတဲ့ ဆောက်သမ်တန်ခံစစ်မှူးဟောင်းကို ခေါ်ယူနိုင်မယ် မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ဗန်ဒိုက်က မန်နေဂျာကွန်တီထက် မန်နေဂျာယာဂင်ကလော့ပ်ရဲ့ ဘောလုံးဒဿနကို ပိုမို နှစ်သက်ခြင်းကြောင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ပေါင် ၇၅ သန်းဖြင့် လီဗာပူးကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

ZAWGYI – ခ်ယ္ဆီးအသင္းနဲ႔ မန္ေနဂ်ာ ကြန္တီတို႔ရဲ႕ လမ္းခြဲ မလွပခဲ့ျခင္းရဲ႕ အေၾကာင္းရင္း တစ္ခ်က္မွာ အီတလီသားၾကီးက လြဲမွားတဲ့ အေျပာင္းအေရႊ႔ကိစၥေတြ အမ်ားအျပား စီမံခဲ့့မႈလည္း အေၾကာင္းရင္းတစ္ခ်က္ျဖစ္ေၾကာင္း the Athletic က ဖြင့္ခ်လိုက္ပါတယ္။

တိုက္စစ္မွဴးေကာ္စတာကို ေစ်းေပါေပါနဲ႔ ေရာင္းထုတ္ေစဖို႔ရာ ကြန္တီရဲ႕ စနက္ မကင္းခဲ့တာေၾကာင့္ လန္ဒန္ကလပ္နဲ႔ အီတလီသားၾကီး လမ္းခြဲမွာ ခ်ယ္ဆီးဘက္က စာခ်ဳပ္ပါအတိုင္း ေလွ်ာ္ေၾကးကို မေပးဖို႔ နည္းလမ္းမ်ိဳးစံု သံုးခဲ့ရတာပါ။ ဒါ့အျပင္ ၂၀၁၇ ခုႏွစ္မွာ မိုရာတာ၊ ဒရင့္ဝါးသား၊ ဘာကာယိုကိုတို႔အတြက္ ေပါင္ ၁၃၈ သန္း အကုန္အက်ခံခဲ့ရျခင္းက ခ်ယ္ဆီးရဲ႕ အေျပာင္းအေရႊ႔ သမိုင္းမွာ အဆိုးရြားဆံုးလည္း ျဖစ္ခဲ့တယ္။

အဲ့ထက္ ပိုဆိုးရြားတာကေတာ့ အဆိုပါ ႏွစ္မွာပဲ ဗန္ဒိုက္နဲ႔ ခ်ိန္ဘာလိန္ကို ကမ္းလွမ္းဖို႔ ၾကိဳးစားရာမွာ ကြန္တီေၾကာင့္ အေျပာင္းအေရႊ႔ မျဖစ္ခ့ဲျခင္းလည္းျဖစ္တယ္။ ဗန္ဒိုက္နဲ႔ ခ်ိန္ဘာလိန္တို႔ဟာ ၂၀၁၆-၂၀၁၇ ေဘာလံုးရာသီ ခ်န္ပီယံ ခ်ယ္ဆီးအသင္းထံ မေျပာင္းပဲ မန္ေနဂ်ာယာဂင္ကေလာ့ပ္ရွိတဲ့ လီဗာပူးအသင္းကို ေရြးခ်ယ္ခဲ့ျခင္းဟာ ကြန္တီရဲ႕ ကစားဟန္ေၾကာင့္လည္း ပါဝင္ခဲ့ပါတယ္။

ခ်ယ္ဆီးက ကြင္းလယ္အတြက္ ခ်ိန္ဘာလိန္ကို ေခၚယူလိုခဲ့ျပီး မန္ေနဂ်ာကြန္တီက ခ်ိန္ဘာလိန္ကို ညာျခမ္းမွာ အာဆင္နယ္အသင္း အသံုးျပဳသလို အစြန္-ေတာင္ပံအျဖစ္ ေနရာေပးလိုတယ္။ အာဆင္နယ္ကစားသမားေဟာင္းက ကြင္းလယ္လူအျဖစ္ အဓိက ကစားလိုျခင္းေၾကာင့္ လုပ္ခပိုင္း ပိုမို ေပးေခ်ေပမယ့္ ကြင္းလယ္မွာ ေပးကစားမယ္လို႔ စည္းရံုးခဲ့တဲ့ လီဗာပူးကိုပဲ ေျပာင္းေရႊ႔သြားခဲ့တာျဖစ္တယ္။

ခ်ိန္ဘာလိန္ လီဗာပူးအသင္းကို ေရာက္ဖို႔အတြက္ အဂၤလန္လက္ေရြးစင္ အသင္းေဖာ္ေတြျဖစ္တဲ့ ဟန္ဒါဆန္နဲ႔ ဂိုးမက္စ္တို႔ရဲ႕ ေတာက္ပမႈကလည္း အေရးပါခဲ့ပါတယ္။ အဂၤလန္သားေတြရဲ႕ ေနရာရမႈ၊ တိုးတက္လာမႈေတြေၾကာင့္ မန္ေနဂ်ာယာဂင္ကေလာ့ပ္ လက္ေအာက္မွာ ကစားရဖို႔ကို ခ်ိန္ဘာလိန္က ပိုအားသန္သြားခဲ့တာပါ။

ဗန္ဒိုက္ရဲ႕ အေျပာင္းအေရႊ႔မွာလည္း ခ်ယ္ဆီး၊ လီဗာပူး၊ မန္စီးတီးတို႔က တူညီတဲ့ အခြင့္အေရးေတြ ရခဲ့ၾကျခင္းျဖစ္ကာ ခ်ယ္ဆီးက ဆက္ဆံေရးေကာင္းေတြ တည္ေဆာက္ထားတဲ့ ေဆာက္သမ္တန္ခံစစ္မွဴးေဟာင္းကို ေခၚယူႏုိင္မယ္ ေမွ်ာ္လင့့္ခဲ့တယ္။ ဒါေပမယ့္ ဗန္ဒိုက္က မန္ေနဂ်ာကြန္တီထက္ မန္ေနဂ်ာယာဂင္ကေလာ့ပ္ရဲ႕ ေဘာလံုးဒႆနကို ပိုမို ႏွစ္သက္ျခင္းေၾကာင့္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႔မွာ ေပါင္ ၇၅ သန္းျဖင့္ လီဗာပူးကို ေျပာင္းေရႊ႔သြားခဲ့ပါတယ္။