ဘောလုံးပွဲတွေ ပြန်စခွင့်မပေးရင် ပရို ဘောလုံးလောကကြီး ပျောက်ကွယ်သွားနိုင်ကြောင်း သတိပေး

UNICODE – လာလီဂါ ဥက္ကဌဖြစ်သူ ဂျာဗီယာ တီဗက်စ်က စပိန်သမ္မတရဲ့ ပိတ်ဆို့မှု ဖြေလျော့ရေး အစီအစဉ်အရ မေလမှာ လေ့ကျင့်ရေးတွေ ပြန်စတင်မယ်လို့ တရားဝင် ထုတ်ပြောထားပြီဖြစ်ပါတယ်။

ဘွန်ဒက်လီဂါက ဘောလုံးပွဲတွေကိုတောင် ပြန်စမှာ ဖြစ်သလို စီးရီးအေနဲ့ လာလီဂါက လေ့ကျင့်ရေးတွေ ပြန်စတင်ဖို့ အတည်ပြုထားတယ်။ ပရီးမီးယားလိဂ်ကတော့ ဒီအပတ်မှာ ကြေညာချက် ထုတ်နိုင်ပေမယ့် ကလပ် အများအပြားက တစ်ဦးချင်း လေ့ကျင့်ရေးတွေကို ပြန်ခွင့်ပြုပေးနေပြီ ဖြစ်ပါတယ်။

သို့ပေမယ့် နယ်သာလန်လိဂ်က ဘောလုံးရာသီကို ပယ်ဖျက်လိုက်ပြီး ပြင်သစ်ကလည်း အားကစားပြိုင်ပွဲတွေ အားလုံးကို စက်တင်ဘာလထိ နောက်ဆုတ်ခဲ့ပြီဖြစ်ပါတယ်။ လာလီဂါဥက္ကဌက လူတိုင်းဟာ အသက်အန္တရာယ်ရှိတဲ့ ကိစ္စတွေကို နေ့တဒူဝ လုပ်ဆောင်နေပေမယ့် ဘောလုံးပွဲတွေကို ဘာလို့များ ကစားခွင့် မပေးနိုင်ရလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။

တီဗက်စ်က ‘ ဘောလုံးပွဲတွေကို ကွင်းပိတ်ကစားမှာမျိုးကို အရမ်း အန္တရာယ်ကြီးတယ်လို့ ဘာလို့များ ယူဆနေကြသလဲ နားမလည်နိုင်အောင်ပါပဲ။ ပြောရမယ်ဆိုရင် လွှတ်တော်ထဲမှာ ညိနှိုင်းတိုင်ပင်နေကြတဲ့ ကိစ္စတွေနဲ့ ပင်လယ်နက်ထဲမှာ ငါးမြှားနေကြတာတွေကတောင် ဘောလုံးပွဲတွေထက် ပို အန္တရာယ်များနေတာပါ။

လုံခြုံရေးနဲ့ ထိန်းချုပ်မှုဆိုင်ရာ ကိစ္စတွေကြောင့် အရေးပါတဲ့ စီးပွားရေးဆိုင်ရာ အခန်းကဏ္ဍတွေ ပြန်မစတင်နိုင်ဘူးဆိုရင် အဲ့သည် လုပ်ငန်းတွေက ပျက်ဆီး ပျောက်ကွယ်ခြင်းနဲ့ အဆုံးသတ်သွားနိုင်ပါတယ်။ ဘောလုံးပွဲတွေကို ပြန်မစနိုင်ရင် ပရော်ဖက်ရှင်နယ် ဘောလုံးလောကကြီး ပျောက်ကွယ်သွားနိုင်ပါတယ် ’ လို့ ဆိုခဲ့တာဖြစ်တယ်။

ဘောလုံးအားကစားတွေဟာ ကလပ်အသင်းတွေနဲ့တင် ရပ်တည်နေတာ မဟုတ်ပဲ ၎င်းတို့ကို မှီခိုနေတဲ့ ကစားသမားတွေ၊ နည်းပြတွေ၊ ဝန်ထမ်းတွေအပြင် ရုပ်သံတွေ သတင်းဌာနတွေ ရေဒီယိုချန်နယ်တွေလည်း ရှိနေသေးတာပါ။ ဘောလုံးရာသီတွေ ပြန်မစနိုင်ရင် ထိပ်တန်းအသင်းတွေက ဝင်ငွေဆုံးရံှူးမှု ကြီးမားနိုင်သလို အောက်တန်းကလပ်တွေက ဖျက်သိမ်းကြရသည်ထိ ဆုံးရံှူးမှု ကြီးမားနိုင်တယ်လို့ ခန့်မှန်းထားရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖီဖာ ဆေးဘက်ဆိုင်ရာ အကြီးအကဲကိုယ်တိုင်က ဘောလုံးပွဲတွေ ပြန်စဖို့ သိပ်စောနေသေးတယ်ဆိုတဲ့ သတိပေးမှုနဲ့အတူ ဘောလုံးလိဂ်တွေ ပြန်စတင်ဖို့က အငြင်းပွားစရာ ကိစ္စရပ် ဖြစ်နေဆဲ ဖြစ်ပါတယ်။

ZAWGYI – လာလီဂါ ဥကၠဌျဖစ္သူ ဂ်ာဗီယာ တီဗက္စ္က စပိန္သမၼတရဲ႕ ပိတ္ဆို႔မႈ ေျဖေလ်ာ့ေရး အစီအစဥ္အရ ေမလမွာ ေလ့က်င့္ေရးေတြ ျပန္စတင္မယ္လို႔ တရားဝင္ ထုတ္ေျပာထားျပီျဖစ္ပါတယ္။

ဘြန္ဒက္လီဂါက ေဘာလံုးပြဲေတြကိုေတာင္ ျပန္စမွာ ျဖစ္သလို စီးရီးေအနဲ႔ လာလီဂါက ေလ့က်င့္ေရးေတြ ျပန္စတင္ဖို႔ အတည္ျပဳထားတယ္။ ပရီးမီးယားလိဂ္ကေတာ့ ဒီအပတ္မွာ ေၾကညာခ်က္ ထုတ္ႏုိင္ေပမယ့္ ကလပ္ အမ်ားအျပားက တစ္ဦးခ်င္း ေလ့က်င့္ေရးေတြကို ျပန္ခြင့္ျပဳေပးေနျပီ ျဖစ္ပါတယ္။

သို႔ေပမယ့္ နယ္သာလန္လိဂ္က ေဘာလံုးရာသီကို ပယ္ဖ်က္လိုက္ျပီး ျပင္သစ္ကလည္း အားကစားျပိဳင္ပြဲေတြ အားလံုးကို စက္တင္ဘာလထိ ေနာက္ဆုတ္ခဲ့ျပီျဖစ္ပါတယ္။ လာလီဂါဥကၠဌက လူတိုင္းဟာ အသက္အႏၱရာယ္ရွိတဲ့ ကိစၥေတြကို ေန႔တဒူဝ လုပ္ေဆာင္ေနေပမယ့္ ေဘာလံုးပြဲေတြကို ဘာလို႔မ်ား ကစားခြင့္ မေပးႏုိင္ရလဲလို႔ ေမးခြန္းထုတ္လုိက္ပါတယ္။

တီဗက္စ္က ‘ ေဘာလံုးပြဲေတြကို ကြင္းပိတ္ကစားမွာမ်ိဳးကို အရမ္း အႏၱရာယ္ၾကီးတယ္လို႔ ဘာလို႔မ်ား ယူဆေနၾကသလဲ နားမလည္ႏုိင္ေအာင္ပါပဲ။ ေျပာရမယ္ဆိုရင္ လႊတ္ေတာ္ထဲမွာ ညိႏိႈင္းတိုင္ပင္ေနၾကတဲ့ ကိစၥေတြနဲ႔ ပင္လယ္နက္ထဲမွာ ငါးျမွားေနၾကတာေတြကေတာင္ ေဘာလံုးပြဲေတြထက္ ပို အႏၱရာယ္မ်ားေနတာပါ။

လံုျခံဳေရးနဲ႔ ထိန္းခ်ဳပ္မႈဆိုင္ရာ ကိစၥေတြေၾကာင့္ အေရးပါတဲ့ စီးပြားေရးဆုိင္ရာ အခန္းက႑ေတြ ျပန္မစတင္ႏုိင္ဘူးဆိုရင္ အဲ့သည္ လုပ္ငန္းေတြက ပ်က္ဆီး ေပ်ာက္ကြယ္ျခင္းနဲ႔ အဆံုးသတ္သြားႏုိင္ပါတယ္။ ေဘာလံုးပြဲေတြကို ျပန္မစႏုိင္ရင္ ပေရာ္ဖက္ရွင္နယ္ ေဘာလံုးေလာကၾကီး ေပ်ာက္ကြယ္သြားႏုိင္ပါတယ္ ’ လို႔ ဆိုခဲ့တာျဖစ္တယ္။

ေဘာလံုးအားကစားေတြဟာ ကလပ္အသင္းေတြနဲ႔တင္ ရပ္တည္ေနတာ မဟုတ္ပဲ ၄င္းတို႔ကို မွီခိုေနတဲ့ ကစားသမားေတြ၊ နည္းျပေတြ၊ ဝန္ထမ္းေတြအျပင္ ရုပ္သံေတြ သတင္းဌာနေတြ ေရဒီယိုခ်န္နယ္ေတြလည္း ရွိေနေသးတာပါ။ ေဘာလံုးရာသီေတြ ျပန္မစႏုိင္ရင္ ထိပ္တန္းအသင္းေတြက ဝင္ေငြဆံုးရံွဴးမႈ ၾကီးမားႏုိင္သလို ေအာက္တန္းကလပ္ေတြက ဖ်က္သိမ္းၾကရသည္ထိ ဆံုးရံွဴးမႈ ၾကီးမားႏုိင္တယ္လို႔ ခန္႔မွန္းထားရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဖီဖာ ေဆးဘက္ဆိုင္ရာ အၾကီးအကဲကိုယ္တိုင္က ေဘာလံုးပြဲေတြ ျပန္စဖို႔ သိပ္ေစာေနေသးတယ္ဆိုတဲ့ သတိေပးမႈနဲ႔အတူ ေဘာလံုးလိဂ္ေတြ ျပန္စတင္ဖို႔က အျငင္းပြားစရာ ကိစၥရပ္ ျဖစ္ေနဆဲ ျဖစ္ပါတယ္။