ယူနိုက်တက်နဲ့ ဆန်ချိုကြား အပြောင်းအရွှေ့ အကောင်းမြင်စရာကို နာမည်ကျော် ဂျာနယ်လစ် ထုတ်ပြော

UNICODE – အပြောင်းအရွှေ့ရေးရာ နာမည်ကျော် သတင်းထောက်တစ်ဦးဖြစ်တဲ့ Fabrizio Romano က ယူနိုက်တက်က ဆန်ချိုကို ခေါ်ယူဖို့ နှစ်သက်ကြောင်းနဲ့ ကိုဗစ်ဖြစ်ရပ်က ကစားသမားကို ခေါ်ယူဖို့ ခက်ခဲမှုတွေ ပေးနေတာလို့ ထုတ်ပြောလာပါတယ်။

ယူနိုက်တက် တာဝန်ရှိသူတွေဟာ ဆန်ချိုနဲ့ ဆက်သွယ်မှု လုပ်ထားခဲ့ပြီးပြီဆိုတာကို ရိုမန်နိုက ထုတ်ပြောခဲ့ပြီး ကစားသမားရဲ့ တန်ကြေးက အင်္ဂလန်သတင်းတွေမှာ ဖော်ပြနေသလို ပေါင် သန်း ၁၂၀ နဲ့ သန်း ၁၀၀ တွေ မဟုတ်ပဲ ပေါင် ၈၇ သန်းဖြစ်တယ်လို့ ဖော်ထုတ်လာခဲ့ပါတယ်။

ရိုမန်နိုက ‘ ယူနိုက်တက်က ဆန်ချိုကို ခေါ်ယူဖို့ နှစ်သက်ပါတယ်။ ယူနိုက်တက် အုပ်ချုပ်မှုအဖွဲ့နဲ့တကွ မန်နေဂျာ ဆိုးရှားကပါ နှစ်သက်မှု ရှိနေတာပါ။ သူတို့က ဆန်ချိုကို ခေါ်ယူလိုတယ်။ ကိုရိုနာဗိုင်းရပ်က အပြောင်းအရွှေ့အပေါ် သက်ရောက်မှု မရှိဘူးဆိုရင် ယူနိုက်တက်က ဆန်ချိုအတွက် အရေးပါတဲ့ ကမ်းလှမ်းမှု ပေးပါလိမ့်မယ်။

ယူနိုက်တက်က သူ့ရဲ့အေးဂျင့်နဲ့ ဆက်သွယ်မှု ရှိနေဆဲဖြစ်ပြီး ဆန်ချိုနဲ့လည်း စကားပြောထားပါတယ်။ ကစားသမားနဲ့ ဆက်သွယ်မှုက ပြဿနာမရှိပါဘူး။ ဆန်ချိုကိုယ်တိုင်ကလည်း ယူနိုက်တက်က ထိပ်တန်းအသင်းဆိုတာ သိထားတယ်။ စာချုပ်ကလည်း သိပ်ကြီးတဲ့ ပြဿနာ မဟုတ်ပါဘူး။

အဓိက ပြဿနာက ယူနိုက်တက်နဲ့ ဒေါ့မွန် ကြားမှာပါ။ ယူနိုက်တက်အတွက်တင် မဟုတ်ပါဘူး။ ထိပ်သီးအသင်းတိုင်းကလည်း ဒါက ပြဿနာတစ်ခု ဖြစ်လာပါတယ်။ ဒီအခြေအနေမှာ ကစားသမားတစ်ဦးအတွက် ဘယ်အသင်းကမှ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ မခေါ်လိုပါဘူး။ ဒေါ့မွန်ဘက်က ကစားသမားရဲ့ တန်ကြေးက တက်လာနိုင်သေးတာကို သိတယ်။ ဒေါ့မွန်မှာ တစ်နှစ် ဆက်ထားပြီး နောက်နှစ်မှ ရောင်းတာလည်း လုပ်လိုတယ်။

ဒါပေမယ့် ကိုဗစ်က မရှိတော့ဖို့ လိုတယ်လေ။ ဒီအခြေအနေမှာ ဒေါ့မွန်ကတော့ ဆန်ချိုကို ဈေးပေါပေါနဲ့ ရောင်းပေးမှာ မဟုတ်ဘူး။ သူတို့က ယူရို သန်း ၁၀၀ ရလိုပြီး အဲ့လောက်နဲ့ ရောင်းထုတ်လိုတယ်။ ဒီတော့ အဲ့သည် ပြောင်းရွှေ့ကြေး မပေးရင် ဆန်ချိုကို ကလပ်တွေ ခေါ်နိုင်ဖို့က ခက်ခဲပါတယ် ’ လို့ ရှင်းပြခဲ့တာဖြစ်ပါတယ်။

ZAWGYI – အေျပာင္းအေရႊ႔ေရးရာ နာမည္ေက်ာ္ သတင္းေထာက္တစ္ဦးျဖစ္တဲ့ Fabrizio Romano က ယူႏုိက္တက္က ဆန္ခိ်ဳကို ေခၚယူဖို႔ ႏွစ္သက္ေၾကာင္းနဲ႔ ကိုဗစ္ျဖစ္ရပ္က ကစားသမားကို ေခၚယူဖို႔ ခက္ခဲမႈေတြ ေပးေနတာလို႔ ထုတ္ေျပာလာပါတယ္။

ယူႏုိက္တက္ တာဝန္ရွိသူေတြဟာ ဆန္ခ်ိဳနဲ႔ ဆက္သြယ္မႈ လုပ္ထားခဲ့ျပီးျပီဆိုတာကို ရိုမန္ႏိုက ထုတ္ေျပာခဲ့ျပီး ကစားသမားရဲ႕ တန္ေၾကးက အဂၤလန္သတင္းေတြမွာ ေဖာ္ျပေနသလို ေပါင္ သန္း ၁၂၀ နဲ႔ သန္း ၁၀၀ ေတြ မဟုတ္ပဲ ေပါင္ ၈၇ သန္းျဖစ္တယ္လို႔ ေဖာ္ထုတ္လာခဲ့ပါတယ္။

ရိုမန္ႏိုက ‘ ယူႏုိက္တက္က ဆန္ခ်ိဳကို ေခၚယူဖို႔ ႏွစ္သက္ပါတယ္။ ယူႏုိက္တက္ အုပ္ခ်ဳပ္မႈအဖြဲ႔နဲ႔တကြ မန္ေနဂ်ာ ဆိုးရွားကပါ ႏွစ္သက္မႈ ရွိေနတာပါ။ သူတို႔က ဆန္ခ်ိဳကို ေခၚယူလိုတယ္။ ကိုရိုနာဗိုင္းရပ္က အေျပာင္းအေရႊ႔အေပၚ သက္ေရာက္မႈ မရွိဘူးဆိုရင္ ယူႏုိက္တက္က ဆန္ခ်ိဳအတြက္ အေရးပါတဲ့ ကမ္းလွမ္းမႈ ေပးပါလိမ့္မယ္။

ယူႏုိက္တက္က သူ႔ရဲ႕ေအးဂ်င့္နဲ႔ ဆက္သြယ္မႈ ရွိေနဆဲျဖစ္ျပီး ဆန္ခ်ိဳနဲ႔လည္း စကားေျပာထားပါတယ္။ ကစားသမားနဲ႔ ဆက္သြယ္မႈက ျပႆနာမရွိပါဘူး။ ဆန္ခ်ိဳကိုယ္တိုင္ကလည္း ယူႏုိက္တက္က ထိပ္တန္းအသင္းဆိုတာ သိထားတယ္။ စာခ်ဳပ္ကလည္း သိပ္ၾကီးတဲ့ ျပႆနာ မဟုတ္ပါဘူး။

အဓိက ျပႆနာက ယူႏုိက္တက္နဲ႔ ေဒါ့မြန္ ၾကားမွာပါ။ ယူႏုိက္တက္အတြက္တင္ မဟုတ္ပါဘူး။ ထိပ္သီးအသင္းတိုင္းကလည္း ဒါက ျပႆနာတစ္ခု ျဖစ္လာပါတယ္။ ဒီအေျခအေနမွာ ကစားသမားတစ္ဦးအတြက္ ဘယ္အသင္းကမွ ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ မေခၚလိုပါဘူး။ ေဒါ့မြန္ဘက္က ကစားသမားရဲ႕ တန္ေၾကးက တက္လာႏုိင္ေသးတာကို သိတယ္။ ေဒါ့မြန္မွာ တစ္ႏွစ္ ဆက္ထားျပီး ေနာက္ႏွစ္မွ ေရာင္းတာလည္း လုပ္လိုတယ္။

ဒါေပမယ့္ ကိုဗစ္က မရွိေတာ့ဖို႔ လိုတယ္ေလ။ ဒီအေျခအေနမွာ ေဒါ့မြန္ကေတာ့ ဆန္ခ်ိဳကို ေစ်းေပါေပါနဲ႔ ေရာင္းေပးမွာ မဟုတ္ဘူး။ သူတို႔က ယူရို သန္း ၁၀၀ ရလိုျပီး အဲ့ေလာက္နဲ႔ ေရာင္းထုတ္လိုတယ္။ ဒီေတာ့ အဲ့သည္ ေျပာင္းေရႊ႔ေၾကး မေပးရင္ ဆန္ခ်ိဳကို ကလပ္ေတြ ေခၚႏုိင္ဖို႔က ခက္ခဲပါတယ္ ’ လို႔ ရွင္းျပခဲ့တာျဖစ္ပါတယ္။