NEWS: ပရီးမီးယားလိဂ်ပွဲတွေ ပြန်ကစားဖို့ ကြောက်ရွံ့နေတဲ့ ကစားသမားတွေ အများအပြား ရှိနေ

UNICODE – ဗြိတိန်အာဏာပိုင်တွေက အများပြည်သူရဲ့ စိတ်ဓါတ်ပိုင်းကို မြင့်တင်ပေးနိုင်ဖို့အတွက် ပိတ်ဆို့မှုတွေကို ဖြေလျော့ပြီး ဘောလုံးပွဲတွေ ပြန်ကစားနိုင်ဖို့ ကူညီပေးလိုပေမယ့် ပရီးမီးယားလိဂ် ဦးဆောင်ကလပ်တွေရဲ့ အကြီးအကဲ အများအပြားက ပြန်မစလိုဘူးလို့ တယ်လီဂရပ်က ဖော်ပြသွားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်က ဖြစ်နိုင်သမျှ အမြန်ဆုံးအဖြစ် ပရီးမီးယားလိဂ်ပွဲတွေ ပြန်စတင်နိုင်ဖို့ လုပ်ဆောင်ပေးမယ်လို့ ထုတ်ဖော် ပြောဆိုထားတယ်။ သို့ပေမယ့်လည်း ကစားသမားတွေရဲ့ လုံခြုံစိတ်ချရမှုနဲ့အတူ အခြားသော ဝန်ထမ်းတွေကို ကာကွယ်ပေးရမယ့် အပိုင်းတွေမှာ သံသယဝင်စရာ ကိစ္စတွေ ရှိနေသေးခြင်းကြောင့် အာဏာပိုင်တွေရဲ့ လုပ်ဆောင်မှုအပေါ် ထောက်ခံမှု အပြည့်အဝ မရှိဘူး ဖြစ်နေပါတယ်။

စီမံအုပ်ချုပ်မှုဆိုင်ရာ အကြီးအကဲတွေအပြင် ပရီးမီးယားလိဂ် ကစားသမားတွေ ကိုယ်တိုင်က ကွင်းပိတ် ကစားစေမှုနဲ့ ဘောလုံးပွဲတွေ ပြန်စမှာကို ကြောက်ရွံ့နေကြတယ်။ လိဂ်ဘက်ကတော့ အာဏာပိုင်တွေရဲ့ အကြံပေးမှုကို အခြေခံပြီး ဆက်လက် လုပ်ဆောင်မှာဖြစ်ပေမယ့် အပြည့်အဝ လုံခြုံမှု မရှိသေးခင်မှာ ခပ်စောစော ပြန်စဖို့ တွန်းအားပေးတာကို ကလပ်နဲ့ ကစားသမားတွေဘက်က ငြင်းဆန်လိုတဲ့ အရိပ်အယောင်တွေ ပြလာခ့တာဖြစ်ပါတယ်။

မတ်လ ၁၂ ရက်နေ့မှာ အာဆင်နယ်မန်နေဂျာ အာတီတာ ကိုဗစ်ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ပြီး မတ်လ ၁၄-၁၅ ရက်နေ့တွေမှာ ပရီးမီးယားလိဂ်ကို ယာယီ ပိတ်သိမ်းမှု လုပ်ထားခဲ့ကာ နောက်ဆက်တွဲ ပိတ်ထားမှုတွေလည်း လုပ်ဆောင်ထားတာပါ။ လာမယ့် မေလ ၉ ရက်နေ့မှာတော့ ပရီးမီးယားလိဂ် အသင်းတိုင်းကို လေ့ကျင့်ရေး ပြန်ဝင်ခွင့်ပြုပြီး ဇွန်လ ၈ ရက်မှာတော့ ဘောလုံးပွဲတွေ ပြန်စတင်ဖို့ ယာယီ စီစဉ်ထားတာဖြစ်တယ်။

ဒီအပတ်မှာတော့ ပရီးမီးယားလိဂ် အသင်း ၂၀ ဟာ ဘောလုံးပွဲ ပြန်စဖို့ကိစ္စ ဆွေးနွေးကြမှာဖြစ်ပြီး ဒါဟာ လေ့ကျင့်ရေးကွင်းထဲ ခြေပြန်မချခင်နဲ့ ဘောလုံးရာသီ ပြန်စဖို့ ကိစ္စတွေ မစီစဉ်ခင်မှာ အရေးပါတဲ့ အစည်းအဝေး ဖြစ်လာပါမယ်။

ZAWGYI – ျဗိတိန္အာဏာပိုင္ေတြက အမ်ားျပည္သူရဲ႕ စိတ္ဓါတ္ပိုင္းကို ျမင့္တင္ေပးႏုိင္ဖို႔အတြက္ ပိတ္ဆို႔မႈေတြကို ေျဖေလ်ာ့ျပီး ေဘာလံုးပြဲေတြ ျပန္ကစားႏုိင္ဖို႔ ကူညီေပးလိုေပမယ့္ ပရီးမီးယားလိဂ္ ဦးေဆာင္ကလပ္ေတြရဲ႕ အၾကီးအကဲ အမ်ားအျပားက ျပန္မစလိုဘူးလို႔ တယ္လီဂရပ္က ေဖာ္ျပသြားပါတယ္။

ျဗိတိန္ဝန္ၾကီးခ်ဳပ္က ျဖစ္ႏုိင္သမွ် အျမန္ဆံုးအျဖစ္ ပရီးမီးယားလိဂ္ပြဲေတြ ျပန္စတင္ႏုိင္ဖို႔ လုပ္ေဆာင္ေပးမယ္လို႔ ထုတ္ေဖာ္ ေျပာဆိုထားတယ္။ သို႔ေပမယ့္လည္း ကစားသမားေတြရဲ႕ လံုျခံဳစိတ္ခ်ရမႈနဲ႔အတူ အျခားေသာ ဝန္ထမ္းေတြကို ကာကြယ္ေပးရမယ့္ အပိုင္းေတြမွာ သံသယဝင္စရာ ကိစၥေတြ ရွိေနေသးျခင္းေၾကာင့္ အာဏာပိုင္ေတြရဲ႕ လုပ္ေဆာင္မႈအေပၚ ေထာက္ခံမႈ အျပည့္အဝ မရွိဘူး ျဖစ္ေနပါတယ္။

စီမံအုပ္ခ်ဳပ္မႈဆိုင္ရာ အၾကီးအကဲေတြအျပင္ ပရီးမီးယားလိဂ္ ကစားသမားေတြ ကိုယ္တိုင္က ကြင္းပိတ္ ကစားေစမႈနဲ႔ ေဘာလံုးပြဲေတြ ျပန္စမွာကို ေၾကာက္ရြံ႔ေနၾကတယ္။ လိဂ္ဘက္ကေတာ့ အာဏာပိုင္ေတြရဲ႕ အၾကံေပးမႈကို အေျခခံျပီး ဆက္လက္ လုပ္ေဆာင္မွာျဖစ္ေပမယ့္ အျပည့္အဝ လံုျခံဳမႈ မရွိေသးခင္မွာ ခပ္ေစာေစာ ျပန္စဖို႔ တြန္းအားေပးတာကို ကလပ္နဲ႔ ကစားသမားေတြဘက္က ျငင္းဆန္လိုတဲ့ အရိပ္အေယာင္ေတြ ျပလာခ့တာျဖစ္ပါတယ္။

မတ္လ ၁၂ ရက္ေန႔မွာ အာဆင္နယ္မန္ေနဂ်ာ အာတီတာ ကိုဗစ္ကူးစက္ခံရေၾကာင္း ေတြ႔ရွိခဲ့ျပီး မတ္လ ၁၄-၁၅ ရက္ေန႔ေတြမွာ ပရီးမီးယားလိဂ္ကို ယာယီ ပိတ္သိမ္းမႈ လုပ္ထားခဲ့ကာ ေနာက္ဆက္တြဲ ပိတ္ထားမႈေတြလည္း လုပ္ေဆာင္ထားတာပါ။ လာမယ့္ ေမလ ၉ ရက္ေန႔မွာေတာ့ ပရီးမီးယားလိဂ္ အသင္းတိုင္းကို ေလ့က်င့္ေရး ျပန္ဝင္ခြင့္ျပဳျပီး ဇြန္လ ၈ ရက္မွာေတာ့ ေဘာလံုးပြဲေတြ ျပန္စတင္ဖို႔ ယာယီ စီစဥ္ထားတာျဖစ္တယ္။

ဒီအပတ္မွာေတာ့ ပရီးမီးယားလိဂ္ အသင္း ၂၀ ဟာ ေဘာလံုးပြဲ ျပန္စဖို႔ကိစၥ ေဆြးေႏြးၾကမွာျဖစ္ျပီး ဒါဟာ ေလ့က်င့္ေရးကြင္းထဲ ေျချပန္မခ်ခင္နဲ႔ ေဘာလံုးရာသီ ျပန္စဖို႔ ကိစၥေတြ မစီစဥ္ခင္မွာ အေရးပါတဲ့ အစည္းအေဝး ျဖစ္လာပါမယ္။