BREAKING: လာလီဂါအဖွဲ့ချုပ်က ကစားသမားတွေကို မြက်ခင်းပြင်ပေါ် ခြေပြန်ချခွင့်ပေးပြီ

UNICODE – စပိန်ဘောလုံးအဖွဲ့ချုပ်က နိုင်ငံတစ်ဝန်း ပိတ်ဆို့မှုတွေ လုပ်ဆောင်ထားပေမယ့်လည်း မေလ ၄ ရက်နေ့မှာတော့ လာလီဂါ ကစားသမားတွေကို လေ့ကျင့်ရေး ပြန်ဆင်းခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။

စပိန်သမ္မတ ပက်ဒရို ဆန်းချက်စ်ရဲ့ အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာတဲ့ ဥပဒေမူကြမ်းကြောင့် တစ်ဦးချင်း လေ့ကျင့်ရေးတွေ ပြန်စတင်ခွင့် ရလိုက်တာဖြစ်တယ်။ ဥရောပမှာ ကိုဗစ်ကြောင့် လူအသေအပျောက် အမြင့်ဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ စပိန်ဟာ ဘောလုံးအားကစား ပြန်စဖို့ အခက်ခဲဆုံး ဖြစ်နေတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။

မနေ့ကပဲ ပြင်သစ် ဝန်ကြီးချုပ် Edouard Philippe က စက်တင်ဘာလအထိ မည့်သည့် အားကစားပွဲကိုမှ ကွင်းပိတ် အစီအစဉ်ဖြင့်တောင်မှ လုပ်ခွင့်မပေးခြင်းကြောင့် ဒီရာသီ ပြင်သစ် လီဂူး ၁ နဲ့ လီဂူး ၂ လက်ကျန် ပြိုင်ပွဲတွေကို ဆက်ကစားမှာ မဟုတ်ပဲ ဘောလုံးရာသီ ပယ်ဖျက်လိုက်ပြီဖြစ်ပါတယ်။

စပိန်ဟာ စီမံမှုဆိုင်ရာ အဆင့် ၀ အဖြစ် မေလ ၄ ရက်နေ့မှာ တစ်ဦးချင်း လေ့ကျင့်မှုတွေကို ခွင့်ပြုမယ်၊ အဆင့် ၁ အဖြစ် မေလ ၁၄ ရက်နေ့မှာ လေ့ကျင့်ရေးဆင်တာတွေ ပြန်ခွင့်မှုပေအးမှာဖြစ်တယ်။ သို့သော်လည်း ကိုဗစ် ဗိုင်းရပ် ဒုတိယလှိုင်း ရိုက်ခတ်မှုအတွက် တိုင်းတာမှုတွေနဲ့အတူ နေရာအချို့ကို ပိတ်ပင်မှုတွေ ဆက်လုပ်ထားပါမယ်။

လာလီဂါကလည်း ကလပ်တွေကို တစ်ဦးချင်း လေ့ကျင့်ရေးတွေ ခွင့်ပြုကြောင်း အကြောင်း ကြားထားပြီဖြစ်ပြီး တစ်ဦးချင်း လေ့ကျင့်ရေး၊ အဖွဲ့ငယ်လိုက် လေ့ကျင့်ရေးနဲ့ လူစာရင်းအပြည့် စီနီယာလေ့ကျင့်ရေးတွေကို အဆင့်အလိုက် တိုးမြှင့်လုပ်ဆောင်ဖို့ ကြိုတင်ပြင်ဆင်နေပြီဖြစ်ပါတယ်။

ZAWGYI – စပိန္ေဘာလံုးအဖြဲ႔ခ်ဳပ္က ႏုိင္ငံတစ္ဝန္း ပိတ္ဆို႔မႈေတြ လုပ္ေဆာင္ထားေပမယ့္လည္း ေမလ ၄ ရက္ေန႔မွာေတာ့ လာလီဂါ ကစားသမားေတြကို ေလ့က်င့္ေရး ျပန္ဆင္းခြင့္ေပးလိုက္ျပီျဖစ္ပါတယ္။

စပိန္သမၼတ ပက္ဒရို ဆန္းခ်က္စ္ရဲ႕ အဂၤါေန႔မွာ ထုတ္ျပန္ေၾကညာတဲ့ ဥပေဒမူၾကမ္းေၾကာင့္ တစ္ဦးခ်င္း ေလ့က်င့္ေရးေတြ ျပန္စတင္ခြင့္ ရလိုက္တာျဖစ္တယ္။ ဥေရာပမွာ ကိုဗစ္ေၾကာင့္ လူအေသအေပ်ာက္ အျမင့္ဆံုး ႏုိုင္ငံေတြထဲက တစ္ခုျဖစ္တဲ့ စပိန္ဟာ ေဘာလံုးအားကစား ျပန္စဖို႔ အခက္ခဲဆံုး ျဖစ္ေနတဲ့ ႏုိင္ငံေတြထဲက တစ္ခုျဖစ္ပါတယ္။

မေန႔ကပဲ ျပင္သစ္ ဝန္ၾကီးခ်ဳပ္ Edouard Philippe က စက္တင္ဘာလအထိ မည့္သည့္ အားကစားပြဲကိုမွ ကြင္းပိတ္ အစီအစဥ္ျဖင့္ေတာင္မွ လုပ္ခြင့္မေပးျခင္းေၾကာင့္ ဒီရာသီ ျပင္သစ္ လီဂူး ၁ နဲ႔ လီဂူး ၂ လက္က်န္ ျပိဳင္ပြဲေတြကို ဆက္ကစားမွာ မဟုတ္ပဲ ေဘာလံုးရာသီ ပယ္ဖ်က္လိုက္ျပီျဖစ္ပါတယ္။

စပိန္ဟာ စီမံမႈဆိုင္ရာ အဆင့္ ၀ အျဖစ္ ေမလ ၄ ရက္ေန႔မွာ တစ္ဦးခ်င္း ေလ့က်င့္မႈေတြကို ခြင့္ျပဳမယ္၊ အဆင့္ ၁ အျဖစ္ ေမလ ၁၄ ရက္ေန႔မွာ ေလ့က်င့္ေရးဆင္တာေတြ ျပန္ခြင့္မႈေပအးမွာျဖစ္တယ္။ သို႔ေသာ္လည္း ကိုဗစ္ ဗိုင္းရပ္ ဒုတိယလိႈင္း ရိုက္ခတ္မႈအတြက္ တိုင္းတာမႈေတြနဲ႔အတူ ေနရာအခ်ိဳ႔ကို ပိတ္ပင္မႈေတြ ဆက္လုပ္ထားပါမယ္။

လာလီဂါကလည္း ကလပ္ေတြကို တစ္ဦးခ်င္း ေလ့က်င့္ေရးေတြ ခြင့္ျပဳေၾကာင္း အေၾကာင္း ၾကားထားျပီျဖစ္ျပီး တစ္ဦးခ်င္း ေလ့က်င့္ေရး၊ အဖြဲ႔ငယ္လိုက္ ေလ့က်င့္ေရးနဲ႔ လူစာရင္းအျပည့္ စီနီယာေလ့က်င့္ေရးေတြကို အဆင့္အလိုက္ တိုးျမွင့္လုပ္ေဆာင္ဖို႔ ၾကိဳတင္ျပင္ဆင္ေနျပီျဖစ္ပါတယ္။