အင်္ဂါနေ့ နောက်ဆုံးရ ပရီးမီးယားလိဂ် ညနေခင်းသတင်းများ

UNICODE – လိဒ်ယူနိုက်တက်က လာမယ့်ရာသီမှာ ဘရိုက်တန်ခံစစ်မှူး ဘမ်ဝိုက်ကို ထပ်မံ ခေါ်ယူမှာ မဟုတ်ကြောင်း အတည်ပြုလိုက်ပါပြီ။ သူတို့ကို ခေါ်ယူဖို့ ယူနိုက်တက်၊ လီဗာပူး၊ မန်စီးတီးတို့က စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

လိုင်ယွန်အသင်းက ပရီးမီးယားလိဂ်ကလပ်တွေ စိတ်ဝင်စားနေတဲ့ ပြင်သစ်သား ကွင်းလယ်လူ အော်ရေးကို နွေအပြောင်းအရွှေ့မှာ ရောင်းထုတ်ပေးမှာဖြစ်ကာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ကို အနည်းဆုံးအဖြစ် သက်မှတ်လိုက်ပါတယ်။

ဖီအိုရင်တီးနား တိုက်စစ်သမား ချီဆာကို ခေါ်ယူဖို့မှာ စီးရီးအေ ထိပ်သီးအသင်းတွေဖြစ်တဲ့ ဂျူဗင်တပ်၊ အင်တာမီလန်အသင်းနဲ့အပြိုင် ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ ယူနိုက်တက်၊ ချယ်ဆီးတို့လည်း ပါဝင်နေပါတယ်။

အာဆင်နယ်ဟာ တိုက်စစ်မှူး အူဘာမီယန်ကို နွေအပြောင်းအရွှေ့မှာ ပေါင် သန်း ၃၀ နဲ့တင် ရောင်းထုတ်သွားမှာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းကို အပြီးသတ် ဝယ်ယူခွင့်ကိစ္စဟာ စည်းမျဉ်းစည်းကမ်းပိုင်းမှာ ညိနှိုင်းမရသေးတဲ့ အနေအထားကြောင့် အခုချိန်ထိ မပြီးမြောက်သေးပါဘူး။ ဆော်ဒီနောက်ခံ အဖွဲ့က နယူးကာဆယ်ကို ဝယ်ယူဖို့ နောက်ဆုတ်ခဲ့မယ်ဆိုရင် အမေရိကန်ဘက်က ပိုင်ရှင်တွေ ဝင်လာဖွယ် ရှိပါတယ်။

မိုရိုကို ကစားသမား ဇီယက်က ချယ်ဆီးကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ခြင်းက မှန်ကန်တဲ့ လုပ်ရပ်အဖြစ် ယုံကြည်ထားပြီး မန်နေဂျာလမ်းပတ်နဲ့ စကားပြောဖြစ်ခဲ့ကာ ဒီလို ခံစားရလို့လည်း ချယ်ဆီးကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဟာ ကွင်းပိတ် အစီအစဉ်နဲ့ ဘောလုံးပွဲ ပြန်စမှုမှာ အသင်း ၂၀ လုံးက ကစားသမားတွေကို တစ်ပတ်ကို ၂ ကြိမ်အဖြစ် ၁၃ ပတ်အတွက် ကိုဗစ် စစ်ဆေးမှုပေါင်း အကြိမ် ၂၆၀၀၀ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ချယ်ဆီး လူငယ် ကွင်းလယ်သမားလေး ဘီလီဂေးလ်မားက သူကို ထူးချွန်တဲ့ လူငယ်အဖြစ် ချက်ချင်း ချီးကျူးခဲ့ပြီး ဆက်ကြိုးစားဖို့ တိုက်တွန်းခဲ့သူက လီဗာပူးကစားသမား ရော်ဘတ်ဆန်ပါလို့ ဖွင့်ဟပါတယ်။

ဒေါ့မွန်အသင်း ဒါရိုက်တာဖြစ်သူ မိုက်ကယ်ဇော့က ပေါင် သန်း ၁၀၀ ဈေးသက်မှတ်ထားတဲ့ တိုက်စစ်သမား ဆန်ချိုကို ခေါ်ယူဖို့ အင်္ဂလန်ကလပ်တွေ အားတက်သရော မရှိလှဘူးလို့ ဝန်ခံစကား ပြောဆိုပါတယ်။

လီဗာပူးဂန္တဝင်ကြီး ကာရေဂါက ရော်ဘတ်ဆန်နေရာ အရန်နဲ့ တိုက်စစ်သမား သုံးယောက်ကို ဖိအားပေးဖို့ ထိပ်တန်း တိုက်စစ်သမားတစ်ဦးကို သေချာပေါက် ခေါ်ယူပေးဖို့ အသင်းဟောင်းကို တောင်းဆိုလိုက်ပါတယ်။

ဘာစီလိုနာက ကွင်းလယ်လူ အာသာကို ရောင်းထုတ်တော့မှာဖြစ်ပြီး သူ့ကို ခေါ်ယူလိုတဲ့ အသင်းထဲမှာ စပါးလည်း ပါဝင်လာပါတယ်။

ZAWGYI – လိဒ္ယူႏုိက္တက္က လာမယ့္ရာသီမွာ ဘရိုက္တန္ခံစစ္မွဴး ဘမ္ဝိုက္ကို ထပ္မံ ေခၚယူမွာ မဟုတ္ေၾကာင္း အတည္ျပဳလုိက္ပါျပီ။ သူတို႔ကို ေခၚယူဖို႔ ယူႏုိက္တက္၊ လီဗာပူး၊ မန္စီးတီးတို႔က စိတ္ဝင္စားေနၾကတာျဖစ္ပါတယ္။

လိုင္ယြန္အသင္းက ပရီးမီးယားလိဂ္ကလပ္ေတြ စိတ္ဝင္စားေနတဲ့ ျပင္သစ္သား ကြင္းလယ္လူ ေအာ္ေရးကို ေႏြအေျပာင္းအေရႊ႔မွာ ေရာင္းထုတ္ေပးမွာျဖစ္ကာ ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၄၀ ကို အနည္းဆံုးအျဖစ္ သက္မွတ္လိုက္ပါတယ္။

ဖီအိုရင္တီးနား တိုက္စစ္သမား ခ်ီဆာကို ေခၚယူဖို႔မွာ စီးရီးေအ ထိပ္သီးအသင္းေတြျဖစ္တဲ့ ဂ်ဴဗင္တပ္၊ အင္တာမီလန္အသင္းနဲ႔အျပိဳင္ ပရီးမီးယားလိဂ္အသင္းေတြျဖစ္တဲ့ ယူႏုိက္တက္၊ ခ်ယ္ဆီးတို႔လည္း ပါဝင္ေနပါတယ္။

အာဆင္နယ္ဟာ တိုက္စစ္မွဴး အူဘာမီယန္ကို ေႏြအေျပာင္းအေရႊ႔မွာ ေပါင္ သန္း ၃၀ နဲ႔တင္ ေရာင္းထုတ္သြားမွာ ျဖစ္ပါတယ္။

နယူးကာဆယ္အသင္းကို အျပီးသတ္ ဝယ္ယူခြင့္ကိစၥဟာ စည္းမ်ဥ္းစည္းကမ္းပိုင္းမွာ ညိႏိႈင္းမရေသးတဲ့ အေနအထားေၾကာင့္ အခုခ်ိန္ထိ မျပီးေျမာက္ေသးပါဘူး။ ေဆာ္ဒီေနာက္ခံ အဖြဲ႔က နယူးကာဆယ္ကို ဝယ္ယူဖို႔ ေနာက္ဆုတ္ခဲ့မယ္ဆိုရင္ အေမရိကန္ဘက္က ပိုင္ရွင္ေတြ ဝင္လာဖြယ္ ရွိပါတယ္။

မိုရိုကို ကစားသမား ဇီယက္က ခ်ယ္ဆီးကို ေျပာင္းေရႊ႔ဖို႔ ေရြးခ်ယ္ခဲ့ျခင္းက မွန္ကန္တဲ့ လုပ္ရပ္အျဖစ္ ယံုၾကည္ထားျပီး မန္ေနဂ်ာလမ္းပတ္နဲ႔ စကားေျပာျဖစ္ခဲ့ကာ ဒီလို ခံစားရလို႔လည္း ခ်ယ္ဆီးကို ေျပာင္းဖို႔ ဆံုးျဖတ္ခဲ့တာလို႔ ေျပာပါတယ္။

ပရီးမီးယားလိဂ္ကလပ္ေတြဟာ ကြင္းပိတ္ အစီအစဥ္နဲ႔ ေဘာလံုးပြဲ ျပန္စမႈမွာ အသင္း ၂၀ လံုးက ကစားသမားေတြကို တစ္ပတ္ကို ၂ ၾကိမ္အျဖစ္ ၁၃ ပတ္အတြက္ ကိုဗစ္ စစ္ေဆးမႈေပါင္း အၾကိမ္ ၂၆၀၀၀ လုပ္ေဆာင္ရမွာျဖစ္ပါတယ္။

ခ်ယ္ဆီး လူငယ္ ကြင္းလယ္သမားေလး ဘီလီေဂးလ္မားက သူကို ထူးခၽြန္တဲ့ လူငယ္အျဖစ္ ခ်က္ခ်င္း ခ်ီးက်ဴးခဲ့ျပီး ဆက္ၾကိဳးစားဖို႔ တိုက္တြန္းခဲ့သူက လီဗာပူးကစားသမား ေရာ္ဘတ္ဆန္ပါလို႔ ဖြင့္ဟပါတယ္။

ေဒါ့မြန္အသင္း ဒါရိုက္တာျဖစ္သူ မိုက္ကယ္ေဇာ့က ေပါင္ သန္း ၁၀၀ ေစ်းသက္မွတ္ထားတဲ့ တိုက္စစ္သမား ဆန္ခ်ိဳကို ေခၚယူဖို႔ အဂၤလန္ကလပ္ေတြ အားတက္သေရာ မရွိလွဘူးလို႔ ဝန္ခံစကား ေျပာဆိုပါတယ္။

လီဗာပူးဂႏၱဝင္ၾကီး ကာေရဂါက ေရာ္ဘတ္ဆန္ေနရာ အရန္နဲ႔ တိုက္စစ္သမား သံုးေယာက္ကို ဖိအားေပးဖို႔ ထိပ္တန္း တိုက္စစ္သမားတစ္ဦးကို ေသခ်ာေပါက္ ေခၚယူေပးဖို႔ အသင္းေဟာင္းကို ေတာင္းဆိုလိုက္ပါတယ္။

ဘာစီလိုနာက ကြင္းလယ္လူ အာသာကို ေရာင္းထုတ္ေတာ့မွာျဖစ္ျပီး သူ႔ကို ေခၚယူလိုတဲ့ အသင္းထဲမွာ စပါးလည္း ပါဝင္လာပါတယ္။