ကိုဗစ်ကာလမှာ ကစားကွင်းအတွင်း တံတွေးထွေးခြင်းကို တားဆီးပြီး အဝါကဒ်ပါပြဖို့ အကြံပေး

UNICODE – ဖီဖာရဲ့ ကျန်းမာရေးဆိုင်ရာ ကော်မတီ ဥက္ကဌ Michel D’Hooghe က ကိုဗစ်ကာလအတွင်း ကစားကွင်းတွေမှာ ကစားသမားတွေက ပလုပ်ကျင်းပြီး တံတွေးထွေးမှု ကိစ္စကို ပိတ်ပင်ဖို့နဲ့ ကွင်းလယ်ဒိုင်ကို အဝါကဒ်ပြသခွင့် ပြုသည်ထိ အရေးယူမှုတွေ ပြုလုပ်စေဖို့ တိုက်တွန်းလိုက်ပါတယ်။

အင်္ဂလန်မှာ ဘောလုံးပွဲတွေ ပြန်စတင်ဖို့ကိစ္စကို လုပ်ဆောင်မှုတွေ ပြန်ရှိလာခဲ့ပါပြီ။ ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ ဝက်ဟမ်း၊ အာဆင်နယ်၊ ဘရိုက်တန်တို့က လေ့ကျင့်ရေးတွေတောင် ပြန်စနေခဲ့ပြီဖြစ်တယ်။

ယူအီးအက်ဖ်အေက မေလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ဘောလုံးလိဂ်တွေ ပြန်ကစားဖို့ အခြေအနေကို ဆုံးဖြတ်ပေးဖို့ တောင်းဆိုထားကာ မေလ အစောပိုင်းမှာပဲ လေ့ကျင့်ရေးတွေ ပြန်စတင်လာမယ် သိထားရတာဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ လုံခြုံစိတ်ချဖို့ရာ အကြောင်းရင်းတွေကြောင့် ကစားကွင်းထဲမှာ လုပ်ခွင့်မပေးရမယ့် ကိစ္စတွေကို ယာယီတားမြစ်မှုတွေ လုပ်ဖို့ D’Hooghe က အကြံပေး တိုက်တွန်းခဲ့တာပါ။

တယ်လီဂရပ် သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ D’Hooghe က ” ဘောလုံးပွဲတွေ တစ်ကျော့ပြန်စတင်တာနဲ့ ဒီကိစ္စကို လုပ်ခွင့်မပေးဖို့ တားမြစ်သင့်ပါတယ်။ ကစားသမားတွေကို တံတွေးမထွေးဖို့ တားမြစ်နိုင်မလားဆိုတဲ့ မေးခွန်းရှိပါတယ်။ အဝါကဒ် ပြမယ်လို့ သတိပေးလိုက်ရင် တားမြစ်လို့ ရကောင်းရနိုင်ပါတယ်။

ဒါက ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ ကိစ္စဖြစ်ပြီး ဗိုင်းရပ်ကို ပျံ့ပွှားစေတဲ့ နည်းလမ်းပါပဲ။ ဒါကြောင့် ဘောလုံးပွဲတွေ ပြန်မစခင် ကွင်းထဲမှာ တံတွေးထွေးမှု ကိစ္စတွေကို ဂရုစိုက်သင့်တာပါ။ ကျနော်က အကောင်းမမြင်တာမျိုး မဟုတ်ပါဘူး။ ဒီအခြေအနေမှာ ဒီလိုလုပ်ခြင်းက ကျန်မာရေးဆိုင်ရာကို အနှောက်အယှက်ဖြစ်မယ်လို့ သံသယရှိနေတာပဲ ဖြစ်ပါတယ် ” ” လို့ ရှင်းပြခဲ့ပါတယ်။

ဘောလုံးအသင်းတွေဟာ ကိုရိုနာ ပျံ့နှံ့မှုကို ကာကွယ်ဖို့ အခြားသော လုပ်ဆောင်ရမယ့် တားမြစ်ချက်တွေကိုလည်း လိုက်နာရမှာဖြစ်တယ်။ အဆိုပါထဲမှာတော့ ကလပ်တိုင်းဟာ တစ်ပတ်ကို နှစ်ကြိမ် ကိုဗစ် စစ်ဆေးမှုလုပ်ဖို့ဆိုတဲ့ အချက်လည်း ပါဝင်ထားပါတယ်။

ZAWGYI – ဖီဖာရဲ႕ က်န္းမာေရးဆိုင္ရာ ေကာ္မတီ ဥကၠဌ Michel D’Hooghe က ကိုဗစ္ကာလအတြင္း ကစားကြင္းေတြမွာ ကစားသမားေတြက ပလုပ္က်င္းျပီး တံေတြးေထြးမႈ ကိစၥကို ပိတ္ပင္ဖို႔နဲ႔ ကြင္းလယ္ဒိုင္ကို အဝါကဒ္ျပသခြင့္ ျပဳသည္ထိ အေရးယူမႈေတြ ျပဳလုပ္ေစဖို႔ တိုက္တြန္းလိုက္ပါတယ္။

အဂၤလန္မွာ ေဘာလံုးပြဲေတြ ျပန္စတင္ဖို႔ကိစၥကို လုပ္ေဆာင္မႈေတြ ျပန္ရွိလာခဲ့ပါျပီ။ ပရီးမီးယားလိဂ္ ကလပ္ေတြျဖစ္တဲ့ ဝက္ဟမ္း၊ အာဆင္နယ္၊ ဘရိုက္တန္တို႔က ေလ့က်င့္ေရးေတြေတာင္ ျပန္စေနခ့ဲျပီျဖစ္တယ္။

ယူအီးအက္ဖ္ေအက ေမလ ၂၅ ရက္ေန႔ ေနာက္ဆံုးထားျပီး ေဘာလံုးလိဂ္ေတြ ျပန္ကစားဖို႔ အေျခအေနကို ဆံုးျဖတ္ေပးဖို႔ ေတာင္းဆိုထားကာ ေမလ အေစာပိုင္းမွာပဲ ေလ့က်င့္ေရးေတြ ျပန္စတင္လာမယ္ သိထားရတာျဖစ္ပါတယ္။ ဒါေၾကာင့္ က်န္းမာေရးနဲ႔ လံုျခံဳစိတ္ခ်ဖို႔ရာ အေၾကာင္းရင္းေတြေၾကာင့္ ကစားကြင္းထဲမွာ လုပ္ခြင့္မေပးရမယ့္ ကိစၥေတြကို ယာယီတားျမစ္မႈေတြ လုပ္ဖို႔ D’Hooghe က အၾကံေပး တိုက္တြန္းခဲ့တာပါ။

တယ္လီဂရပ္ သတင္းဌာနနဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ D’Hooghe က ” ေဘာလံုးပြဲေတြ တစ္ေက်ာ့ျပန္စတင္တာနဲ႔ ဒီကိစၥကို လုပ္ခြင့္မေပးဖို႔ တားျမစ္သင့္ပါတယ္။ ကစားသမားေတြကို တံေတြးမေထြးဖို႔ တားျမစ္ႏုိင္မလားဆိုတဲ့ ေမးခြန္းရွိပါတယ္။ အဝါကဒ္ ျပမယ္လို႔ သတိေပးလိုက္ရင္ တားျမစ္လို႔ ရေကာင္းရႏုိင္ပါတယ္။

ဒါက က်န္းမာေရးနဲ႔ မညီညႊတ္တဲ့ ကိစၥျဖစ္ျပီး ဗိုင္းရပ္ကို ပ်ံ႔ပႊားေစတဲ့ နည္းလမ္းပါပဲ။ ဒါေၾကာင့္ ေဘာလံုးပြဲေတြ ျပန္မစခင္ ကြင္းထဲမွာ တံေတြးေထြးမႈ ကိစၥေတြကို ဂရုစိုက္သင့္တာပါ။ က်ေနာ္က အေကာင္းမျမင္တာမ်ိဳး မဟုတ္ပါဘူး။ ဒီအေျခအေနမွာ ဒီလိုလုပ္ျခင္းက က်န္မာေရးဆိုင္ရာကို အေႏွာက္အယွက္ျဖစ္မယ္လို႔ သံသယရွိေနတာပဲ ျဖစ္ပါတယ္ ” ” လို႔ ရွင္းျပခဲ့ပါတယ္။

ေဘာလံုးအသင္းေတြဟာ ကိုရိုနာ ပ်ံ႔ႏွံ႔မႈကို ကာကြယ္ဖို႔ အျခားေသာ လုပ္ေဆာင္ရမယ့္ တားျမစ္ခ်က္ေတြကိုလည္း လိုက္နာရမွာျဖစ္တယ္။ အဆိုပါထဲမွာေတာ့ ကလပ္တုိင္းဟာ တစ္ပတ္ကို ႏွစ္ၾကိမ္ ကိုဗစ္ စစ္ေဆးမႈလုပ္ဖို႔ဆိုတဲ့ အခ်က္လည္း ပါဝင္ထားပါတယ္။