ပရီးမီးယားလိဂ် ပြန်စရင် ပေါင် ၄ သန်း ကုန်ကျမယ့် ကိုဗစ်စစ်ဆေးမှု အကြိမ် ၂၆၀၀၀ လုပ်ဆောင်မည်

UNICODE – ပရီးမီးယားလိဂ်ကလပ်တွေဟာ ကွင်းပိတ် အစီအစဉ်နဲ့ ဘောလုံးပွဲ ပြန်စမှုမှာ အသင်း ၂၀ လုံးက ကစားသမားတွေကို တစ်ပတ်ကို ၂ ကြိမ် ကိုဗစ် စစ်ဆေးရမယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းရမှဖြစ်တယ်။

ဘွန်ဒက်လီဂါက ကျင့်သုံးမယ့် နည်းလမ်းအတိုင်း ပရီးမီးယားလိဂ်ဟာလည်း အသင်းလိုက် ပထမဆုံး လေ့ကျင့်ရေး မစတင်ခင် တစ်သင်းလုံး test kits ဖြင့် ကိုဗစ် စစ်ဆေးမှု ခံယူရမှာဖြစ်တယ်။ ရာသီကုန်အထိ တစ်ပတ်ကို နှစ်ကြိမ် စစ်ဆေးခံရမှာဖြစ်ပြီး တစ်ကြိမ်ကတော့ ပွဲမကစားခင်ဖြစ်တယ်။

ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ကစားသမားတွေ၊ ဝန်ထမ်းတွေအပါ တစ်သင်းချင်းဟာ တစ်ကြိမ်ကို အယောက် ၅၀ စစ်ဆေးမှုဖြင့် တစ်ပတ်ကို နှစ်ကြိမ် လုပ်ရမှာဖြစ်တယ်။ ကိုဗစ် စစ်ဆေးမှု ခံယူခြင်းဟာ တစ်ကြိမ်အတွက် ပေါင် ၁၅၀ ဝန်းကျင် ကုန်ကျပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ကလပ်တွေဟာ တစ်ပတ်လျှင် ၂ ကြိမ် ကိုဗစ် စစ်ဆေးမှုအတွက် ပေါင် ၃ သိန်း ကျင့်မှာ ဖြစ်ပါတယ်။

မေလအလည်ကနေ စတင်ပြီး အဖွဲ့လိုက် လေ့ကျင့်ရေးတွေ ပြန်လုပ်ချိန်နဲ့ ဂျူလိုင်လ အကုန်ထိ ၁၃ ပတ်စာ အတွက် ပရီးမီးယားလိဂ်ဟာ ကိုဗစ် စစ်ဆေးမှုပေါင်း ၂၆၀၀၀ လုပ်ဆောင်ရမှာဖြစ်ပြီး ပေါင် ၄ သန်း ကုန်ကျသွားမှာဖြစ်ပါတယ်။ ဒီကုန်ကျစရိတ်တွေ အားလုံးက ပရီးမီးယားလိဂ်ကလပ်တွေက ကျခံသွားရမှာဖြစ်ပါတယ်။

ဒီကာလတွေအတွင်းမှာ ကစားသမားတွေက ကိုယ်ပိုင် ရေဗူးတွေကိုပဲ သုံးခွင့်ရှိမှာဖြစ်ကာ ကစားပွဲအပြီး ရေချိုးခြင်းနဲ့တကွ အဝတ်လဲခြင်းကို နေအိမ်တွေမှာပဲ လုပ်ရမှာဖြစ်ပါတယ်။ ကစားသမားတွေက ဘက်စ်ကား တစ်စီးတည်းအစား လူခွဲထိုင်ခိုင်းတဲ့ ဘက်စ်ကားတွေနဲ့ ကွင်းထဲကို လာရာမှာဖြစ်ကာ အိမ်ကွင်း ကစားသမားတွေက ကိုယ်ပိုင် ကားတွေနဲ့ လာရောက်ခြင်းတွေ ခွင့်ပြုဖွယ်ရှိတယ်။

ZAWGYI – ပရီးမီးယားလိဂ္ကလပ္ေတြဟာ ကြင္းပိတ္ အစီအစဥ္နဲ႔ ေဘာလံုးပြဲ ျပန္စမႈမွာ အသင္း ၂၀ လံုးက ကစားသမားေတြကို တစ္ပတ္ကို ၂ ၾကိမ္ ကိုဗစ္ စစ္ေဆးရမယ္ဆိုတဲ့ အခ်က္ကိုလည္း ထည့္သြင္းရမွျဖစ္တယ္။

ဘြန္ဒက္လီဂါက က်င့္သံုးမယ့္ နည္းလမ္းအတိုင္း ပရီးမီးယားလိဂ္ဟာလည္း အသင္းလိုက္ ပထမဆံုး ေလ့က်င့္ေရး မစတင္ခင္ တစ္သင္းလံုး test kits ျဖင့္ ကိုဗစ္ စစ္ေဆးမႈ ခံယူရမွာျဖစ္တယ္။ ရာသီကုန္အထိ တစ္ပတ္ကို ႏွစ္ၾကိမ္ စစ္ေဆးခံရမွာျဖစ္ျပီး တစ္ၾကိမ္ကေတာ့ ပြဲမကစားခင္ျဖစ္တယ္။

ပရီးမီးယားလိဂ္ကလပ္ေတြရဲ႕ ကစားသမားေတြ၊ ဝန္ထမ္းေတြအပါ တစ္သင္းခ်င္းဟာ တစ္ၾကိမ္ကို အေယာက္ ၅၀ စစ္ေဆးမႈျဖင့္ တစ္ပတ္ကို ႏွစ္ၾကိမ္ လုပ္ရမွာျဖစ္တယ္။ ကိုဗစ္ စစ္ေဆးမႈ ခံယူျခင္းဟာ တစ္ၾကိမ္အတြက္ ေပါင္ ၁၅၀ ဝန္းက်င္ ကုန္က်ပါတယ္။ ဒါေၾကာင့္ ပရီးမီးယားလိဂ္ကလပ္ေတြဟာ တစ္ပတ္လွ်င္ ၂ ၾကိမ္ ကိုဗစ္ စစ္ေဆးမႈအတြက္ ေပါင္ ၃ သိန္း က်င့္မွာ ျဖစ္ပါတယ္။

ေမလအလည္ကေန စတင္ျပီး အဖြဲ႔လိုက္ ေလ့က်င့္ေရးေတြ ျပန္လုပ္ခ်ိန္နဲ႔ ဂ်ဴလိုင္လ အကုန္ထိ ၁၃ ပတ္စာ အတြက္ ပရီးမီးယားလိဂ္ဟာ ကိုဗစ္ စစ္ေဆးမႈေပါင္း ၂၆၀၀၀ လုပ္ေဆာင္ရမွာျဖစ္ျပီး ေပါင္ ၄ သန္း ကုန္က်သြားမွာျဖစ္ပါတယ္။ ဒီကုန္က်စရိတ္ေတြ အားလံုးက ပရီးမီးယားလိဂ္ကလပ္ေတြက က်ခံသြားရမွာျဖစ္ပါတယ္။

ဒီကာလေတြအတြင္းမွာ ကစားသမားေတြက ကိုယ္ပိုင္ ေရဗူးေတြကိုပဲ သံုးခြင့္ရွိမွာျဖစ္ကာ ကစားပြဲအျပီး ေရခ်ိဳးျခင္းနဲ႔တကြ အဝတ္လဲျခင္းကို ေနအိမ္ေတြမွာပဲ လုပ္ရမွာျဖစ္ပါတယ္။ ကစားသမားေတြက ဘက္စ္ကား တစ္စီးတည္းအစား လူခြဲထိုင္ခိုင္းတဲ့ ဘက္စ္ကားေတြနဲ႔ ကြင္းထဲကို လာရာမွာျဖစ္ကာ အိမ္ကြင္း ကစားသမားေတြက ကိုယ္ပိုင္ ကားေတြနဲ႔ လာေရာက္ျခင္းေတြ ခြင့္ျပဳဖြယ္ရွိတယ္။