ချယ်ဆီးရဲ့ အရည်အချင်း သုံးရပ်ကို ချီးကျူးပြီး လန်ဒန်ကလပ်နဲ့ အစွမ်းပြမယ် ဆိုလာတဲ့ ဇီယက်

UNICODE – မိုရိုကို ကစားသမား ဇီယက်က ချယ်ဆီးကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ခြင်းက မှန်ကန်တဲ့ လုပ်ရပ်အဖြစ် ယုံကြည်ထားပြီး မန်နေဂျာလမ်းပတ်နဲ့ စကားပြောဖြစ်ခဲ့ကာ ဒီလို ခံစားရလို့လည်း ချယ်ဆီးကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

အသက် ၂၇ နှစ်အရွယ် ဇီယက်ဟာ ဇွန်လ ၁ ရက်နေ့မှာ ချယ်ဆီးအသင်းထံ ပြောင်းရွှေ့လာတော့မှာ ဖြစ်ပါတယ်။ သူဟာ ချယ်ဆီးအတွက် ပွဲကစားပေးခွင့်တွေ ရဖို့တော့ မရှိပေမယ့် ဘောလုံးရာသီ နောက်ကျမှ သိမ်းနိုင်တဲ့ အခြေအနေအရ ချယ်ဆီးနဲ့အတူ လေ့ကျင့်ခွင့်တော့ ရဖွယ် ရှိပါတယ်။

ဇီယက်က ” အခုချိန်မှာ အစစအရာရာ မှန်ကန်နေတယ်လို့ ခံစားရတယ်။ ချယ်ဆီးက ကြီးကျယ်တဲ့ ကလပ်ဖြစ်တယ်၊ အရမ်းကောင်းတဲ့ အသင်းကောင်းလည်းဖြစ်တယ်။ ချယ်ဆီးမှာ လူငယ်ကစားသမားကောင်းတွေ အများအပြားရှိပြီး ဒါက လွန်ခဲ့တဲ့ သုံးနှစ်ခွဲက အေဂျက်အသင်းမှာ ကျနော် စတင်ဝင်ရောက်ခဲ့တဲ့ ပုံစံပါပဲ။ ဒီအခြေအနေက ကျနော်နဲ့ သင့်လျော်ပါတယ်။

နောက်ပြီး ချယ်ဆီးမန်နေဂျာက တိုက်စစ်ကစားဟန်ကို မြတ်နိုးသလို တိုက်စစ်သမားဟန်ကို ကျင့်သုံးတဲ့ ဖရန့် လမ်းပတ်ဖြစ်ပါတယ်။ ကျနော်က တူညီတဲ့ နည်းလမ်းတွေကို ပိုင်ဆိုင်ထားတယ် ခံစားရတယ်။ ကျနော်တို့ကြားမှာ စကားပြောဆိုမှုတွေ ကောင်းမွန်ခဲ့တယ်။ လမ်းပတ်က အတော်လေး တည်ငြိမ်ပြီး သူ့ဘာသာအကြောင်းလည်း ကောင်းကောင်း ဖော်ပြနိုင်တယ်။

ကျနေ်ာတို့ရဲ့ ဆွေးနွေးမှုကနေတစ်ဆင့် သူနဲ့ ကျနော်ကြားမှာ ဆက်နွယ်မှု ရှိတယ်လို့ ခံစားခဲ့ရတယ်။ ဒါကြောင့်လည်း ချယ်ဆီးအသင်းကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါပဲ။ ကျနော် အဆင့်သင့် ဖြစ်နေပါပြီ။ မိသားစုတွေ သူငယ်ချင်းတွေနဲ့ဝေးရာ လန်ဒန်မှာ အခြေချရမှာလည်း ကျနော်အတွက် ဘဝ စာမျက်နှာသစ်ပါပဲ။

လန်ဒန်မှာ ရုန်းကန်ရမယ်လို့ မထင်ပဲ ခပ်မြန်မြန် အသားကျမယ်လို့ ယုံကြည်တယ်။ ရှေ့ဆက်ရမယ့် ကိစ္စတွေကိုလည်း အာရုံစိုက်နေပါတယ်။ အစွမ်းကုန် ကြိုးစားကစားသွားမျာပါ။ သင်ယူမှုသစ်တွေ ပြုလုပ်ပြီး အနာဂတ်မှာ ပိုမို တိုးတက်လာဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI – မိုရိုကို ကစားသမား ဇီယက္က ခ်ယ္ဆီးကို ေျပာင္းေရႊ႔ဖို႔ ေရြးခ်ယ္ခဲ့ျခင္းက မွန္ကန္တဲ့ လုပ္ရပ္အျဖစ္ ယံုၾကည္ထားျပီး မန္ေနဂ်ာလမ္းပတ္နဲ႔ စကားေျပာျဖစ္ခဲ့ကာ ဒီလို ခံစားရလို႔လည္း ခ်ယ္ဆီးကို ေျပာင္းဖို႔ ဆံုးျဖတ္ခဲ့တာလို႔ ေျပာပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ ဇီယက္ဟာ ဇြန္လ ၁ ရက္ေန႔မွာ ခ်ယ္ဆီးအသင္းထံ ေျပာင္းေရႊ႔လာေတာ့မွာ ျဖစ္ပါတယ္။ သူဟာ ခ်ယ္ဆီးအတြက္ ပြဲကစားေပးခြင့္ေတြ ရဖို႔ေတာ့ မရွိေပမယ့္ ေဘာလံုးရာသီ ေနာက္က်မွ သိမ္းႏုိင္တဲ့ အေျခအေနအရ ခ်ယ္ဆီးနဲ႔အတူ ေလ့က်င့္ခြင့္ေတာ့ ရဖြယ္ ရွိပါတယ္။

ဇီယက္က ” အခုခ်ိန္မွာ အစစအရာရာ မွန္ကန္ေနတယ္လို႔ ခံစားရတယ္။ ခ်ယ္ဆီးက ၾကီးက်ယ္တဲ့ ကလပ္ျဖစ္တယ္၊ အရမ္းေကာင္းတဲ့ အသင္းေကာင္းလည္းျဖစ္တယ္။ ခ်ယ္ဆီးမွာ လူငယ္ကစားသမားေကာင္းေတြ အမ်ားအျပားရွိျပီး ဒါက လြန္ခဲ့တဲ့ သံုးႏွစ္ခြဲက ေအဂ်က္အသင္းမွာ က်ေနာ္ စတင္ဝင္ေရာက္ခဲ့တဲ့ ပံုစံပါပဲ။ ဒီအေျခအေနက က်ေနာ္နဲ႔ သင့္ေလ်ာ္ပါတယ္။

ေနာက္ျပီး ခ်ယ္ဆီးမန္ေနဂ်ာက တုိက္စစ္ကစားဟန္ကို ျမတ္ႏိုးသလို တိုက္စစ္သမားဟန္ကို က်င့္သံုးတဲ့ ဖရန္႔ လမ္းပတ္ျဖစ္ပါတယ္။ က်ေနာ္က တူညီတဲ့ နည္းလမ္းေတြကို ပိုင္ဆုိင္ထားတယ္ ခံစားရတယ္။ က်ေနာ္တုိ႔ၾကားမွာ စကားေျပာဆိုမႈေတြ ေကာင္းမြန္ခဲ့တယ္။ လမ္းပတ္က အေတာ္ေလး တည္ျငိမ္ျပီး သူ႔ဘာသာအေၾကာင္းလည္း ေကာင္းေကာင္း ေဖာ္ျပနုိင္တယ္။

က်ေန္ာတို႔ရဲ႕ ေဆြးေႏြးမႈကေနတစ္ဆင့္ သူနဲ႔ က်ေနာ္ၾကားမွာ ဆက္ႏြယ္မႈ ရွိတယ္လို႔ ခံစားခဲ့ရတယ္။ ဒါေၾကာင့္လည္း ခ်ယ္ဆီးအသင္းကို ေျပာင္းဖို႔ ဆံုးျဖတ္ခဲ့တာပါပဲ။ က်ေနာ္ အဆင့္သင့္ ျဖစ္ေနပါျပီ။ မိသားစုေတြ သူငယ္ခ်င္းေတြနဲ႔ေဝးရာ လန္ဒန္မွာ အေျခခ်ရမွာလည္း က်ေနာ္အတြက္ ဘဝ စာမ်က္ႏွာသစ္ပါပဲ။

လန္ဒန္မွာ ရုန္းကန္ရမယ္လို႔ မထင္ပဲ ခပ္ျမန္ျမန္ အသားက်မယ္လို႔ ယံုၾကည္တယ္။ ေရွ႔ဆက္ရမယ့္ ကိစၥေတြကိုလည္း အာရံုစိုက္ေနပါတယ္။ အစြမ္းကုန္ ၾကိဳးစားကစားသြားမ်ာပါ။ သင္ယူမႈသစ္ေတြ ျပဳလုပ္ျပီး အနာဂတ္မွာ ပိုမို တိုးတက္လာဖို႔ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။