တနင်္လာနေ့ နောက်ဆုံးရ ပရီးမီးယားလိဂ် ညနေခင်းသတင်းများ

ချယ်ဆီး လူငယ်ကွင်းလယ်သမားလေး ဘီလီ ဂေးလ်မားက အသင်း ထရိန်နင် ကွင်းမှာ သူ အမြဲ စောင့်ကြည့်ကာ သင်ယူ လေ့လာရသူတွေကတော့ ကွင်းလယ် နှစ်ဦး ဖြစ်တဲ့ ကိုဗာဆစ်နဲ့ ဂျော်ဂျင်ဟိုတို့ ဖြစ်ကြောင်း ဖွင့်ဟလိုက်ပါတယ်။

ယူနိုက်တက် ကွင်းလယ်သမား တော်မီနေးက မော်ရင်ညို ၎င်းကို စီနီယာအသင်းကြီးနဲ့ အတူ ပွဲကစားခွင့် မပေးခင်က အငှားနဲ့ ထွက်ခွာဖို့ အခွင့်အရေးတွေ ရှိခဲ့သော်လည်း အိုးထရက်ဖို့ဒ်မှာပဲ နေဖို့သာ ရွေးချယ်ဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ကိုဗစ်ကာလအတွင်း ပရီးမီးယားလိဂ် ထိပ်သီး ၆သင်းဟာ ကစားသမား တန်ကြေး ကျဆင်းမှုတွေ ရှိနေပြီး နှစ်စက ကြေငြာထားမှုထက် အနည်းဆုံး ၁၉% လောက် တန်ကြေး ကျဆင်းခဲ့တယ် သိရပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး လူငယ်ကစားသမား အဖြစ် ထရန့် အလက်ဇန်းဒါး အာနိုးကို ဗြိတိန် နာမည်ကျော် သတင်းဌာနတွေ ဖြစ်တဲ့ The Athletic နဲ့ ဒေးလီးမေးလ်တို့က ရွေးချယ်လိုက်ပါတယ်။

လိုင်ယွန်မှာ ကစားနေတဲ့ ယူနိုက်တက် တိုက်စစ်သမားဟောင်း မန်းဖစ် ဒီပေးက ဘောလုံးကစားခြင်းမှ အနားယူသွားရင် ဂီတဘက် အားစိုက် လုပ်ဆောင်လိုကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒီပေးက ရက်ပ်ဂီတာကို နှစ်သက်သူပါ။

ဝါရင့်ကစားသမားကြီး ဂျိမ်းစ် မေနာက လီဗာပူး အသင်းဖော် ဟန်ဒါဆန် ရဲ့ နာမည်ကောင်း မယူဘဲ ကြိုးစား အားထုတ်မှုကို ချီးကျူးလိုက် ပါတယ်။ ဟန်ဒါဆန်က NHS ဝန်ထမ်းတွေကို ထောက်ပံ့ပေးဖို့ ကလပ်အသင်းခေါင်းဆောင်တွေ ဆွေးနွေးမှုမှာ ဖုန်းဘေလ် သောက်သောက်လဲ ကုန်ခဲ့လိမ့်မယ်လို့ မေနာက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ဂိုးသမား ဒီဂီယာက အသင်းမှာ နှစ်ကာလ အကြာကြီး ဆက်နေသွားဦးမှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အငှားထွက် ကစားနေတဲ့ ဒင်း ဟန်ဒါဆန်ကတော့ ယူနိုက်တက်ထံ ပြန်လာပြီး ပွဲထွက်နေရာ ယူလိုပေမယ့် ဒီဂီယာက အခုလို ဆိုလိုက်တာကြောင့် ၎င်းအတွက် အခွင့်အရေး နည်းဦးမှာ ဖြစ်ပါတယ်။

ချယ်ဆီး တောင်ပံတိုက်စစ်သမား ဝီလီယံကို ခေါ်ယူမယ့် အသင်းတွေထဲ အာဆင်နယ်က အလေးအသာဆုံး အဖြစ် ရေပန်းစားနေပါတယ်။ ဝီလီယံက လန်ဒန်မှာ ဆက်လက် နေလိုပြီး အာဆင်နယ် ခံစစ်မှူး ဒေးဗစ်လူးဝစ်နဲ့လည်း ရင်းနှီးတာကြောင့် အာဆင်နယ်က အဆင် အပြေဆုံး ဖြစ်ပါတယ်။

လီဗာပူး ကစားသမားဟောင်းကြီး ဒန်နီ မာဖီက ဘင်နီတက်ဇ်နဲ့ လီဗာပူး ချန်ပီယံလိဂ်ဖလား ယူတာကို မကြုံလိုက်ရဘဲ စောစီးစွာ အသင်းက ထွက်ခွာခဲ့တာ အတွက် နောင်တရကြောင်း ဝန်ခံလိုက်ပါတယ်။

Zawgyi – ခ်ယ္ဆီး လူငယ္ကြင္းလယ္သမားေလး ဘီလီ ေဂးလ္မားက အသင္း ထရိန္နင္ ကြင္းမွာ သူ အျမဲ ေစာင့္ၾကည့္ကာ သင္ယူ ေလ့လာ ရသူေတြကေတာ့ ကြင္းလယ္ နွစ္ဦး ျဖစ္တဲ့ ကိုဗာဆစ္နဲ႕ ေဂ်ာ္ဂ်င္ဟိုတို႔ ျဖစ္ေၾကာင္း ဖြင့္ဟလိုက္ပါတယ္။

ယူနိုက္တက္ ကြင္းလယ္သမား ေတာ္မီေနးက ေမာ္ရင္ညိဳ ၄င္းကို စီနီယာအသင္းၾကီးနဲ႕ အတူ ပြဲကစားခြင့္ မေပးခင္က အငွားနဲ႕ ထြက္ခြာဖို႔ အခြင့္အေရးေတြ ရွိခဲ့ေသာ္လည္း အိုးထရက္ဖို႔ဒ္မွာပဲ ေနဖို႔သာ ေရြးခ်ယ္ျဖစ္ခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ကိုဗစ္ကာလအတြင္း ပရီးမီးယားလိဂ္ ထိပ္သီး ၆သင္းဟာ ကစားသမား တန္ေၾကး က်ဆင္းမႈေတြ ရွိေနျပီး နွစ္စက ေၾကျငာထားမႈထက္ အနည္းဆံုး ၁၉% ေလာက္ တန္ေၾကး က်ဆင္းခဲ့တယ္ သိရပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္ အေကာင္းဆံုး လူငယ္ကစားသမား အျဖစ္ ထရန္႔ အလက္ဇန္းဒါး အာနိုးကို ျဗိတိန္ နာမည္ေက်ာ္ သတင္းဌာနေတြ ျဖစ္တဲ့ The Athletic နဲ႕ ေဒးလီးေမးလ္တို႔က ေရြးခ်ယ္လိုက္ပါတယ္။

လိုင္ယြန္မွာ ကစားေနတဲ့ ယူနိုက္တက္ တိုက္စစ္သမားေဟာင္း မန္းဖစ္ ဒီေပးက ေဘာလံုးကစားျခင္းမွ အနားယူသြားရင္ ဂီတဘက္ အားစိုက္ လုပ္ေဆာင္လိုေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ ဒီေပးက ရက္ပ္ဂီတာကို နွစ္သက္သူပါ။

၀ါရင့္ကစားသမားၾကီး ဂ်ိမ္းစ္ ေမနာက လီဗာပူး အသင္းေဖာ္ ဟန္ဒါဆန္ ရဲ႕ နာမည္ေကာင္း မယူဘဲ ၾကိဳးစား အားထုတ္မႈကို ခ်ီးက်ဴးလိုက္ ပါတယ္။ ဟန္ဒါဆန္က NHS ၀န္ထမ္းေတြကို ေထာက္ပံ့ေပးဖို႔ ကလပ္အသင္းေခါင္းေဆာင္ေတြ ေဆြးေႏြးမႈမွာ ဖုန္းေဘလ္ ေသာက္ေသာက္လဲ ကုန္ခဲ့လိမ့္မယ္လို႔ ေမနာက ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ ဂိုးသမား ဒီဂီယာက အသင္းမွာ နွစ္ကာလ အၾကာၾကီး ဆက္ေနသြားဦးမွာ ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။ အငွားထြက္ ကစားေနတဲ့ ဒင္း ဟန္ဒါဆန္ကေတာ့ ယူနိုက္တက္ထံ ျပန္လာျပီး ပြဲထြက္ေနရာ ယူလိုေပမယ့္ ဒီဂီယာက အခုလို ဆိုလိုက္တာေၾကာင့္ ၄င္းအတြက္ အခြင့္အေရး နည္းဦးမွာ ျဖစ္ပါတယ္။

ခ်ယ္ဆီး ေတာင္ပံတိုက္စစ္သမား ၀ီလီယံကို ေခၚယူမယ့္ အသင္းေတြထဲ အာဆင္နယ္က အေလးအသာဆံုး အျဖစ္ ေရပန္းစားေနပါတယ္။ ၀ီလီယံက လန္ဒန္မွာ ဆက္လက္ ေနလိုျပီး အာဆင္နယ္ ခံစစ္မွဴး ေဒးဗစ္လူး၀စ္နဲ႕လည္း ရင္းနွီးတာေၾကာင့္ အာဆင္နယ္က အဆင္ အေျပဆံုး ျဖစ္ပါတယ္။

လီဗာပူး ကစားသမားေဟာင္းၾကီး ဒန္နီ မာဖီက ဘင္နီတက္ဇ္နဲ႕ လီဗာပူး ခ်န္ပီယံလိဂ္ဖလား ယူတာကို မၾကံဳလိုက္ရဘဲ ေစာစီးစြာ အသင္းက ထြက္ခြာခဲ့တာ အတြက္ ေနာင္တရေၾကာင္း ၀န္ခံလိုက္ပါတယ္။