NEWS: ကိုရိုနာ ကပ်ဘေးကြောင့် ဘောလုံးစည်းမျဉ်းတစ်ခု အရေးကြီး ပြင်ဆင်ပေးရဖွယ် ရှိနေ

UNICODE – ပရီးမီးယားလိဂ် အပါအဝင် ဥရောပဘောလုံးလိဂ်တွေဟာ ဘောလုံးပွဲတွေ ပြန်စတင်တဲ့အခါ ကစားသမား လူစားလဲမှု ၅ ခုထိ ပြုလုပ်ခွင့်ပေးသွားဖွယ် ရှိပါတယ်။

ကိုဗစ်ကြောင့် လက်ရှိ ဘောလုံးရာသီကို ပြန်စတင်မှုဟာ နောက်ကျမှာဖြစ်သလို ရာသီသိမ်းမှုကလည်း နောက်ကျမှာပါ။ ဒါကြောင့် နောက်ထပ် ဘောလုံးရာသီ စတင်ဖို့ကလည်း နောက်ကျသွားမှာဖြစ်ပါတယ်။ ပုံမှန်တိုင်း မဟုတ်တဲ့ ဘောလုံးပွဲ အစီအစဉ်တွေကြောင့် ကစားသမားတွေ အလွယ်တကူ ဒဏ်ရာရနိုင်တဲ့ အခြေအနေကို ရှောင်ရှားဖို့ လူစားလဲမှုကို ၅ ဦးထိ မြင့်တင်လိုနေကြတာဖြစ်တယ်။

ဒီစည်းမျဉ်းကို ယာယီစည်းမျဉ်းအဖြစ် ပရီးမီးယားလိဂ်က ဇွန်လအတွင်း ဘောလုံးပွဲတွေ စတင်တဲ့အခါ ကျင့်သုံးလိုပါတယ်။ ရာသီဝက်မှာ ကစားသမား နေအိမ်တွေမှာပဲ နေထိုင်နေခဲ့ရပြီး ပုံမှန်လေ့ကျင့်ရေးတွေကို မလုပ်နိုင်ခြင်းက ဘောလုံးပွဲတွေ ပြန်စတင်တဲ့အခါ ကြံ့ခိုင်မှုကို ပြဿနာဖြစ်လာစေမှာပါ။ ကစားသမားဟာ မေလအတွင်းမှာ လေ့ကျင့်ချိန် သုံးပတ်စာလောက် ရမှာဖြစ်ပေမယ့် ပိုမို ဂရုစိုက်မှုတွေ လုပ်ပေးဖို့ လိဂ်တာဝန်ရှိသူတွေ စဉ်းစားနေတာပါ။

ကြံ့ခိုင်မှုဆိုင်ရာ ကျွမ်းကျင်သူတွေက ကစားသမားတွေဟာ လေ့ကျင့်ရေး ပြန်ဝင်ရမှာဖြစ်ပေမယ့် အကန့်အသတ်ရှိတဲ့ လေ့ကျင့်ရေးတွေက ရာနှုန်းပြည့် ကြံ့ခိုင်မှုကို ရစေမှာ မဟုတ်ဘူးလို့ အကြံပြုထားကြတယ်။ ကမ္ဘာဘောလုံးအဖွဲ့ချုပ် ဖီဖာကလည်း နည်းလမ်းရှာပေးနေဆဲ ဖြစ်ပေမယ့် ပရီးမီးယားလိဂ်ကတော့ လက်ကျန် ဘောလုံးပွဲတွေမှာ လူစားလဲမှု ၅ ခုလုပ်ခွင့်ပြုမယ့် စနစ်က အကျိုးဖြစ်မယ် ယုံကြည်နေပါတယ်။

ဒီစနစ်ကို ယာယီလို့ သက်မှတ်ထားပေမယ့် ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ ကျင့်ပမယ့် ဘောလုံးပွဲတွေမှာ မိတ်ဆက်ဖို့ ဦးတည်ထားလို့ လက်ရှိ ရာသီအပြင် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီထိပါ အကျုံးဝင်သွားမှာ ဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ အပါအဝင္ ဥေရာပေဘာလံုးလိဂ္ေတြဟာ ေဘာလံုးပြဲေတြ ျပန္စတင္တဲ့အခါ ကစားသမား လူစားလဲမႈ ၅ ခုထိ ျပဳလုပ္ခြင့္ေပးသြားဖြယ္ ရွိပါတယ္။

ကိုဗစ္ေၾကာင့္ လက္ရွိ ေဘာလံုးရာသီကို ျပန္စတင္မႈဟာ ေနာက္က်မွာျဖစ္သလို ရာသီသိမ္းမႈကလည္း ေနာက္က်မွာပါ။ ဒါေၾကာင့္ ေနာက္ထပ္ ေဘာလံုးရာသီ စတင္ဖို႔ကလည္း ေနာက္က်သြားမွာျဖစ္ပါတယ္။ ပံုမွန္တိုင္း မဟုတ္တဲ့ ေဘာလံုးပြဲ အစီအစဥ္ေတြေၾကာင့္ ကစားသမားေတြ အလြယ္တကူ ဒဏ္ရာရႏုိင္တဲ့ အေျခအေနကို ေရွာင္ရွားဖို႔ လူစားလဲမႈကို ၅ ဦးထိ ျမင့္တင္လိုေနၾကတာျဖစ္တယ္။

ဒီစည္းမ်ဥ္းကို ယာယီစည္းမ်ဥ္းအျဖစ္ ပရီးမီးယားလိဂ္က ဇြန္လအတြင္း ေဘာလံုးပြဲေတြ စတင္တဲ့အခါ က်င့္သံုးလိုပါတယ္။ ရာသီဝက္မွာ ကစားသမား ေနအိမ္ေတြမွာပဲ ေနထိုင္ေနခဲ့ရျပီး ပံုမွန္ေလ့က်င့္ေရးေတြကို မလုပ္ႏုိင္ျခင္းက ေဘာလံုးပြဲေတြ ျပန္စတင္တဲ့အခါ ၾကံ႕ခိုင္မႈကို ျပႆနာျဖစ္လာေစမွာပါ။ ကစားသမားဟာ ေမလအတြင္းမွာ ေလ့က်င့္ခ်ိန္ သံုးပတ္စာေလာက္ ရမွာျဖစ္ေပမယ့္ ပိုမို ဂရုစိုက္မႈေတြ လုပ္ေပးဖို႔ လိဂ္တာဝန္ရွိသူေတြ စဥ္းစားေနတာပါ။

ၾကံ႕ခိုင္မႈဆိုင္ရာ ကၽြမ္းက်င္သူေတြက ကစားသမားေတြဟာ ေလ့က်င့္ေရး ျပန္ဝင္ရမွာျဖစ္ေပမယ့္ အကန္႔အသတ္ရွိတဲ့ ေလ့က်င့္ေရးေတြက ရာႏႈန္းျပည့္ ၾကံ႕ခိုင္မႈကို ရေစမွာ မဟုတ္ဘူးလို႔ အၾကံျပဳထားၾကတယ္။ ကမၻာေဘာလံုးအဖြဲ႔ခ်ဳပ္ ဖီဖာကလည္း နည္းလမ္းရွာေပးေနဆဲ ျဖစ္ေပမယ့္ ပရီးမီးယားလိဂ္ကေတာ့ လက္က်န္ ေဘာလံုးပြဲေတြမွာ လူစားလဲမႈ ၅ ခုလုပ္ခြင့္ျပဳမယ့္ စနစ္က အက်ိဳးျဖစ္မယ္ ယံုၾကည္ေနပါတယ္။

ဒီစနစ္ကို ယာယီလို႔ သက္မွတ္ထားေပမယ့္ ၂၀၂၀ နဲ႔ ၂၀၂၁ ခုႏွစ္ေတြမွာ က်င့္ပမယ့္ ေဘာလံုးပြဲေတြမွာ မိတ္ဆက္ဖို႔ ဦးတည္ထားလို႔ လက္ရွိ ရာသီအျပင္ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီထိပါ အက်ံဳးဝင္သြားမွာ ျဖစ္ပါတယ္။