ဒေးလီးမေလ်းက ရွေးတဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးအသင်းနဲ့ ကစားသမားများ

ဗြိတိန်မှာ ဘောလုံးပွဲတွေ ပုံမှန်အတိုင်း ကျင်းပနိုင်မယ်ဆိုရင် ဒီကနေ့ဟာ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု၊ အကောင်းဆုံး လူငယ်ဆုနဲ့ အကောင်းဆုံး အသင်းတွေကို ဆုပေးမယ့် နေ့ရက်ဖြစ်ပါတယ်။

သို့ပေမယ့် အခြေအနေ အရပ်ရပ်ဟာ အရေးပေါ် ရပ်နားထားရတဲ့ အနေအထားမှာ ပရီးမီးယားလိဂ်နဲ့တကွ ဆုပေးပွဲတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီတော့ ပွဲစဉ် ၂၉ ထိ ယှဉ်ပြိုင်ကစားထားခဲ့ပြီဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကစားသမားဆုတွေကို ဘယ်သူတွေ ရသင့်သလဲဆိုတာကို ဗြိတိန် သတင်းဌာနကြီး တစ်ခုဖြစ်တဲ့ ဒေးလီးမေလ်းက ရွေးချယ် ဖော်ပြသွားပါတယ်။

PFA Player of the Year – Jordan Henderson

အင်္ဂလန်ဘောလုံးလောကရဲ့ အထင်ကရ ဆုတစ်ခုဖြစ်တဲ့ PFA အကောင်းဆုံးဆုကို ဒီရာသီ ရသင့်သူအဖြစ် လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ဒေးလီးမေလ်းက ရွေးချယ်ပါတယ်။

ဟန်ဒါဆန်ဟာ ကိုရိုနာ ကပ်ဘေး မတိုင်ခင်တည်းက ဒီဆုအတွက် အသင်းဖော် မာနေး၊ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းတို့ကို အသာရထားတဲ့ အနေအထားပါ။ သူဟာ အကောင်းဆုံးဆုအတွက် ဒီဘရိုင်းကို ကျော်ပြီး ရွေးချယ်ခံရဖို့ ဖြစ်ခဲ့ခြင်းက လီဗာပူးအသင်းအတွက် ကိုယ်ကျိုးမငဲ့တဲ့ ကစားသမားအဖြစ် ထူးချွန်ခြင်းကြောင့် ဖြစ်သလို ကိုဗစ် ကပ်ဘေးဖြစ်လာချိန်မှာ ခေါင်းဆောင်တစ်ယောက်အဖြစ် ကိုယ်ဘာသာ တာဝန်ယူမှု အပြည့်နဲ့ လူမှုရေးရာ ကိစ္စတွေမှာ လုံ့ဆော်မှု ပေးခြင်းကြောင့် ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အသင်းခေါင်းဆောင်တွေထဲမှာ ပြိုင်ဘက် အသင်းခေါင်းဆောင်တွေ ကိုယ်တိုင်က အသိအမှတ်ပြု ချီးကျူးရတဲ့ ဟန်ဒါဆန်ဟာ မန်နေဂျာယာဂင်ကလော့ပ်အတွက် အသင်း ဟန်ချက်ညီဖို့ အဓိက မောင်းနှင်သူဖြစ်တယ်။ လီဗာပူးအဝတ်လဲခန်းဟာ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ တစ်သားတည်း ရှိကြသလို ကစားကွင်းမှာလည်း ဟန်ဒါဆန်ရဲ့ ခြေစွမ်းတည်ငြိမ်မှုက ဒီဘရိုင်းရှိတဲ့ မန်စီးတီးအသင်းကို အမှတ်ပေးဇယားမှာ ၂၅ မှတ်ထိ ဖြတ်ထားနိုင်သည်ထိ အရေးပါခဲ့ပါတယ်။

PFA Young Player of the Year – Trent Alexander-Arnold

အသက် ၂၁ နှစ်အရွယ် အင်္ဂလန်သား ညာအစွန်လူဟာ ဒီဆုအတွက် အပြိုင်အဆိုင် နည်းနည်းနဲ့ ရွေးချယ်ခံရမယ့်သူပါ။ အစွန်လူအဖြစ်တင်မကပဲ အစွန်-တောင်ပံ သမားအဖြစ် အဓိက ကျလာတဲ့သူဟာ လီဗာပူးတိုက်စစ် တစ်ခုလုံးရဲ့ စတင်ရာဖြစ်လာခဲ့တယ်။ ခံစစ်ကနေ ဖန်တီးရှင်တစ်ဦးလို ကစားစေဖို့ဆိုတဲ့ ကလော့ပ်ရဲ့ အကြံကို အကောင်းဆုံး ဖြည့်စည်းပေးခဲ့သူဖြစ်ပါတယ်။

PFA Team of the Year

ဒေးလီးမေလ်းက တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ ဂိုးသမားနေရာအတွက်ကတော့ အယ်လီဆန်ကို ရွေးချယ်ထားပါတယ်။ မာဆေးဆိုဒ် ကစားသမားဘဝ ပထမဆုံးရာသီမှာတင် ရွှေလက်အိတ်ဆုရတဲ့ အယ်လီဆန်ဟာ ကမ္ဘာအဆင့် ဂိုးသမားဖြစ်သလို ဒဏ်ရာပြဿနာကြောင့် ပွဲအများအပြား မကစားခဲ့ရတာတောင်မှပဲ clean-sheet အများဆုံး စာရင်းထဲ ပါဝင်ထားပါတယ်။

ခံစစ်ကတော့ ရော်ဘတ်ဆန်၊ ဗန်ဒိုက်၊ ဆိုရန်ချူနဲ့ ထရန့်တို့ ဖြစ်ကြတယ်။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အစွန်လူတွေဖြစ်တဲ့ ရော်ဘတ်ဆန်နဲ့ ထရန့်တို့ဟာ မနှစ်ကလည်း အကောင်းဆုံးအသင်းမှာ ပါခဲ့ပြီး ဗန်ဒိုက်ကတော့ ကမ္ဘာအကောင်းဆုံး ခံစစ်မှူး ၂ ဦးစာရင်းထဲမှာ ပါဝင်သူဖြစ်ပါတယ်။ ဒီစာရင်းထဲ ပါဝင်လာတဲ့ ဆိုရန်ချူဟာ နွေကမှ လက်စတာကို ရောက်လာခဲ့သူဖြစ်ကာ နယ်မြေသစ်မှာ ခပ်မြန်မြန် အသားကျလာခဲ့တယ်။

ကွင်းလယ်ကတော့ ဒီဘရိုင်း၊ ဟန်ဒါဆန်၊ ဂရီလစ်တို့ ဖြစ်ကြတယ်။ ဟန်ဒါဆန်က သူ့ရဲ့ ဦးဆောင်နိုင်မှု ကောင်းတွေကြောင့်နဲ့ ဒီဘရိုင်းက သူ့ရဲ့ ဖန်တီးနိုင်မှု ကောင်းတွေကြောင့် ဒီစာရင်းထဲ ပါဝင်လာခဲ့တယ်။ အက်စတွန်ဗီလာ အသင်းခေါင်းဆောင်ကတော့ ကိုဗစ်ကပ်ဘေးမှာ ပြောစရာဖြစ်တဲ့ ကိစ္စတွေ လုပ်ခဲ့ပေမယ့် ဒီစာရင်းမှာပါတဲ့ ကွင်းလယ်လူ နှစ်ဦးလို မဟုတ်ပဲ ဗီလာတစ်သင်းလုံးက သူ့ကို အားကိုးနေရတာဖြစ်ပါတယ်။

တိုက်စစ်ကတော့ ဆာလက်၊ ဗာဒီ၊ မာနေးတို့ ဖြစ်ကြတယ်။ ဆာလက်နဲ့ မာနေးတို့ဟာ မနှစ်တုန်းက ရွှေဖိနပ်ဆုကို အူဘာမီယန်နဲ့အတူ ပူးတွဲရခဲ့ကြသူတွေဖြစ်ပြီး ဒီရာသီမှာလည်း ဂိုးသွင်းနှုန်းနဲ့ ကြံ့ခိုင်မှုကို ဆက်ထိန်းထားနိုင်ကြပါတယ်။ လက်စတာအသင်း တိုက်စစ်သမား ဗာဒီက မန်နေဂျာ ဘရန်ဒန် ရော်ဂျာရဲ့ တိုက်စစ်အသားပေးမှာ ခြေစွမ်းပြနေဆဲဖြစ်ပြီး ဒီရာသီ ရွှေဖိနပ်ဆုကို ဦးဆောင်ထားသူပဲ ဖြစ်ပါတယ်။

ZAWGYI – ျဗိတိန္မွာ ေဘာလံုးပြဲေတြ ပံုမွန္အတုိင္း က်င္းပႏုိင္မယ္ဆိုရင္ ဒီကေန႔ဟာ ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆု၊ အေကာင္းဆံုး လူငယ္ဆုနဲ႔ အေကာင္းဆံုး အသင္းေတြကို ဆုေပးမယ့္ ေန႔ရက္ျဖစ္ပါတယ္။

သို႔ေပမယ့္ အေျခအေန အရပ္ရပ္ဟာ အေရးေပၚ ရပ္နားထားရတဲ့ အေနအထားမွာ ပရီးမီးယားလိဂ္နဲ႔တကြ ဆုေပးပြဲေတြလည္း ပါဝင္ခဲ့ပါတယ္။ ဒီေတာ့ ပြဲစဥ္ ၂၉ ထိ ယွဥ္ျပိဳင္ကစားထားခဲ့ျပီျဖစ္တဲ့ ပရီးမီးယားလိဂ္မွာ အေကာင္းဆံုး ကစားသမားဆုေတြကို ဘယ္သူေတြ ရသင့္သလဲဆိုတာကို ျဗိတိန္ သတင္းဌာနၾကီး တစ္ခုျဖစ္တဲ့ ေဒးလီးေမလ္းက ေရြးခ်ယ္ ေဖာ္ျပသြားပါတယ္။

PFA Player of the Year – Jordan Henderson

အဂၤလန္ေဘာလံုးေလာကရဲ႕ အထင္ကရ ဆုတစ္ခုျဖစ္တဲ့ PFA အေကာင္းဆံုးဆုကို ဒီရာသီ ရသင့္သူအျဖစ္ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကို ေဒးလီးေမလ္းက ေရြးခ်ယ္ပါတယ္။

ဟန္ဒါဆန္ဟာ ကိုရိုနာ ကပ္ေဘး မတိုင္ခင္တည္းက ဒီဆုအတြက္ အသင္းေဖာ္ မာေနး၊ မန္စီးတီးကြင္းလယ္လူ ဒီဘရိုင္းတို႔ကို အသာရထားတဲ့ အေနအထားပါ။ သူဟာ အေကာင္းဆံုးဆုအတြက္ ဒီဘရိုင္းကို ေက်ာ္ျပီး ေရြးခ်ယ္ခံရဖို႔ ျဖစ္ခဲ့ျခင္းက လီဗာပူးအသင္းအတြက္ ကိုယ္က်ိဳးမငဲ့တဲ့ ကစားသမားအျဖစ္ ထူးခၽြန္ျခင္းေၾကာင့္ ျဖစ္သလို ကိုဗစ္ ကပ္ေဘးျဖစ္လာခ်ိန္မွာ ေခါင္းေဆာင္တစ္ေယာက္အျဖစ္ ကိုယ္ဘာသာ တာဝန္ယူမႈ အျပည့္နဲ႔ လူမႈေရးရာ ကိစၥေတြမွာ လံု႔ေဆာ္မႈ ေပးျခင္းေၾကာင့္ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ အသင္းေခါင္းေဆာင္ေတြထဲမွာ ျပိဳင္ဘက္ အသင္းေခါင္းေဆာင္ေတြ ကိုယ္တိုင္က အသိအမွတ္ျပဳ ခ်ီးက်ဴးရတဲ့ ဟန္ဒါဆန္ဟာ မန္ေနဂ်ာယာဂင္ကေလာ့ပ္အတြက္ အသင္း ဟန္ခ်က္ညီဖို႔ အဓိက ေမာင္းႏွင္သူျဖစ္တယ္။ လီဗာပူးအဝတ္လဲခန္းဟာ သူ႔ရဲ႕ ဦးေဆာင္မႈေအာက္မွာ တစ္သားတည္း ရွိၾကသလို ကစားကြင္းမွာလည္း ဟန္ဒါဆန္ရဲ႔ ေျခစြမ္းတည္ျငိမ္မႈက ဒီဘရိုင္းရွိတဲ့ မန္စီးတီးအသင္းကို အမွတ္ေပးဇယားမွာ ၂၅ မွတ္ထိ ျဖတ္ထားႏုိင္သည္ထိ အေရးပါခဲ့ပါတယ္။

PFA Young Player of the Year – Trent Alexander-Arnold

အသက္ ၂၁ ႏွစ္အရြယ္ အဂၤလန္သား ညာအစြန္လူဟာ ဒီဆုအတြက္ အျပိဳင္အဆုိင္ နည္းနည္းနဲ႔ ေရြးခ်ယ္ခံရမယ့္သူပါ။ အစြန္လူအျဖစ္တင္မကပဲ အစြန္-ေတာင္ပံ သမားအျဖစ္ အဓိက က်လာတဲ့သူဟာ လီဗာပူးတိုက္စစ္ တစ္ခုလံုးရဲ႕ စတင္ရာျဖစ္လာခဲ့တယ္။ ခံစစ္ကေန ဖန္တီးရွင္တစ္ဦးလို ကစားေစဖို႔ဆိုတဲ့ ကေလာ့ပ္ရဲ႕ အၾကံကို အေကာင္းဆံုး ျဖည့္စည္းေပးခဲ့သူျဖစ္ပါတယ္။

PFA Team of the Year

ေဒးလီးေမလ္းက တစ္ႏွစ္တာ အေကာင္းဆံုး အသင္းမွာ ဂိုးသမားေနရာအတြက္ကေတာ့ အယ္လီဆန္ကို ေရြးခ်ယ္ထားပါတယ္။ မာေဆးဆိုဒ္ ကစားသမားဘဝ ပထမဆံုးရာသီမွာတင္ ေရႊလက္အိတ္ဆုရတဲ့ အယ္လီဆန္ဟာ ကမၻာအဆင့္ ဂိုးသမားျဖစ္သလို ဒဏ္ရာျပႆနာေၾကာင့္ ပြဲအမ်ားအျပား မကစားခဲ့ရတာေတာင္မွပဲ clean-sheet အမ်ားဆံုး စာရင္းထဲ ပါဝင္ထားပါတယ္။

ခံစစ္ကေတာ့ ေရာ္ဘတ္ဆန္၊ ဗန္ဒိုက္၊ ဆိုရန္ခ်ဴနဲ႔ ထရန္႔တို႔ ျဖစ္ၾကတယ္။ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး အစြန္လူေတြျဖစ္တဲ့ ေရာ္ဘတ္ဆန္နဲ႔ ထရန္႔တို႔ဟာ မႏွစ္ကလည္း အေကာင္းဆံုးအသင္းမွာ ပါခဲ့ျပီး ဗန္ဒိုက္ကေတာ့ ကမၻာအေကာင္းဆံုး ခံစစ္မွဴး ၂ ဦးစာရင္းထဲမွာ ပါဝင္သူျဖစ္ပါတယ္။ ဒီစာရင္းထဲ ပါဝင္လာတဲ့ ဆိုရန္ခ်ဴဟာ ေႏြကမွ လက္စတာကို ေရာက္လာခဲ့သူျဖစ္ကာ နယ္ေျမသစ္မွာ ခပ္ျမန္ျမန္ အသားက်လာခဲ့တယ္။

ကြင္းလယ္ကေတာ့ ဒီဘရိုင္း၊ ဟန္ဒါဆန္၊ ဂရီလစ္တို႔ ျဖစ္ၾကတယ္။ ဟန္ဒါဆန္က သူ႔ရဲ႕ ဦးေဆာင္ႏုိင္မႈ ေကာင္းေတြေၾကာင့္နဲ႔ ဒီဘရိုင္းက သူ႔ရဲ႕ ဖန္တီးႏုိင္မႈ ေကာင္းေတြေၾကာင့္ ဒီစာရင္းထဲ ပါဝင္လာခဲ့တယ္။ အက္စတြန္ဗီလာ အသင္းေခါင္းေဆာင္ကေတာ့ ကိုဗစ္ကပ္ေဘးမွာ ေျပာစရာျဖစ္တဲ့ ကိစၥေတြ လုပ္ခဲ့ေပမယ့္ ဒီစာရင္းမွာပါတဲ့ ကြင္းလယ္လူ ႏွစ္ဦးလို မဟုတ္ပဲ ဗီလာတစ္သင္းလံုးက သူ႔ကို အားကိုးေနရတာျဖစ္ပါတယ္။

တိုက္စစ္ကေတာ့ ဆာလက္၊ ဗာဒီ၊ မာေနးတို႔ ျဖစ္ၾကတယ္။ ဆာလက္နဲ႔ မာေနးတို႔ဟာ မႏွစ္တုန္းက ေရႊဖိနပ္ဆုကို အူဘာမီယန္နဲ႔အတူ ပူးတြဲရခဲ့ၾကသူေတြျဖစ္ျပီး ဒီရာသီမွာလည္း ဂိုးသြင္းႏႈန္းနဲ႔ ၾကံ႕ခိုင္မႈကို ဆက္ထိန္းထားႏုိင္ၾကပါတယ္။ လက္စတာအသင္း တိုက္စစ္သမား ဗာဒီက မန္ေနဂ်ာ ဘရန္ဒန္ ေရာ္ဂ်ာရဲ႕ တိုက္စစ္အသားေပးမွာ ေျခစြမ္းျပေနဆဲျဖစ္ျပီး ဒီရာသီ ေရႊဖိနပ္ဆုကို ဦးေဆာင္ထားသူပဲ ျဖစ္ပါတယ္။