ဆောင်းပါးရှည်| ကလော့ပ် စင်တင်ပေးမှုမှာ ကြယ်ပွင့်ဖြစ်လာဦးမယ့် ၅၂ သန်းတန် လီဗာပူးအသင်းသား

UNICODE – လီဗာပူးအသင်းသားတွေ webcam ကနေ ဆက်သွယ်စကားပြောပြီး အွန်လိုင်းလေ့ကျင့်ရေး အစီအစဉ်တွေကို အတူတကွ လုပ်ဆောင်ကြတော့ ယာဂင်ကလော့ပ်က ဗီဒီယို ဖွင့်ဖွင့်ချင်းမှာ ဝမ်းသာအားရ ခေါ်လိုက်တာက “Naby lad” တဲ့။

မာဆေးဆိုဒ်ဒေသထဲက ဖွန်ဘီအရပ်မှာရှိတဲ့ နေအိမ်မှာ အခြားအသင်းဖော်တွေလိုပဲ နေအိမ်မှာပဲ လော့ဒေါင်း နေနေရတဲ့ ကီတာက ကတုံးဆံတောက် ဆံပင်ကေနဲ့။ သူက မန်နေဂျာကြီးကို ယောင်ယောင်လေးပြုံးပြတဲ့ အနေအထားနဲ့ ယောဂ လေ့ကျင့်ရေးကို ဆက်လုပ်နေခဲ့တယ်။

“ မင်းခေါင်းက အဲ့ကေနဲ့ ကြည့်ကောင်းတာပဲကွ ” လို့ ဗန်ဒိုက်က ရယ်မောပြီး ပြောတယ်။

ဂူနီယာကွင်းလယ်လူဟာ လီဗာပူးစီနီယာအသင်းသားတွေထဲမှာ နာမည်ကြီးတဲ့ ကစားသမားတစ်ဦးပါပဲ။ နိုင်ပွဲတွေရပြီးရင် အဝတ်လဲခန်းမှာ ကတတ်တဲ့ ကီတာ၊ မာနေးရဲ့ အရမ်းရင်းနှီးပြီး ပျော်ပျော်နေတတ်တဲ့ ကီတာ။ ၂၀၁၈ ခုနှစ်နွေမှာ လီဗာပူးကို ရောက်လာတဲ့ သူဟာ လီဗာပူးမှာ အသားကျလာနေပါပြီ။

ပင်ကိုယ်သဘောဝကိုက ကီတာက အရှက်ကြီးတယ်။ အင်္ဂလန်စာကို သင်ယူမှုတွေ လုပ်နေခြင်းကနေ အကျိုးအမြတ်တွေ ရလာနေဟန်လည်း ရှိတယ်။ မာဆေးဆိုဒ်မှာ သူ နေသားကျလာနေခဲ့တယ်။ သို့ပေမယ့် ကစားကွင်းမှာတော့ ကီတာက အခွင့်အရေးကောင်းတွေအတွက် ကြိုးစားနေရပါသေးတယ်။ လီဗာပူးကို ရောက်လာခဲ့တာ နှစ်နှစ် ရှိပြီဖြစ်ပြီး အန်ဖီးက မျှော်လင့်ချက်ကြီးကြီးနဲ့အတူ သူ့ကို ပေါင် ၅၂.၇၅ သန်းထိ အသုံးပြုပြီး ခေါ်ယူခဲ့ရတယ်။

ကီတာဟာ သူ့ရဲ့ အရည်အချင်းတွေကို ပြသဖို့ အခွင့်အရေး စောင့်နေတယ်။ သူ့ရဲ့ ကြံ့ခိုင်မှု အကောင်းဆုံး ပြန်ရောက်စေမယ့် အနေအထားကို စောင့်နေရခြင်းကြောင့် အက်သလက်တီကို မက်ဒရစ်ကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲမှာ လီဗာပူးသမိုင်းအတွင်း တတိယမြောက် ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားက အရန်ခုံမှာတောင် ရှိမနေခဲ့ရဘူး။

လီဗာပူးအသင်းဟာ ၁၈ လအတွင်းမှာ ချန်ပီယံလိဂ်ဖလား၊ ယူအီးအက်ဖ်အေ စူပါလိဂ်၊ ကလပ်ကမ္ဘာဖလား ဆိုတဲ့ ဆုဖလားတွေ အနိုင်ရခဲ့တယ်။ ပရီးမီးယားလိဂ်ကို ဦးဆောင်ထားပြီး ချန်ပီယံဖြစ်ဖို့လည်း နီးစပ်နေတယ်။ မန်နေဂျာ ယာဂင်ကလော့ပ် ခေါ်ယူထားတဲ့ ကစားသမားတွေထဲမှာ ကလပ်ရဲ့ ရင်းနှီးမြုပ်နှံမှုအပေါ် အကောင်းဆုံး ပြန်ပေးဆပ်နိုင်ခြင်း မရှိသေးတဲ့ တစ်ဦးတည်းသော ကစားသမားက ကီတာပါပဲ။

လီဗာပူးက သူ့အတွက် အသင်းပြောင်းကြေး ပေါင် ၄၈ သန်းကို ပေးပြီး ခေါ်ယူထားခဲ့တယ်။ သူကို ခေါ်ယူခဲ့တာဟာ ကလော့ပ်ရဲ့ တောင်းဆိုမှုကြောင့်ပဲ ဖြစ်တယ်။ ပေါင် ၅၂ သန်းထိ ပြောင်းရွှေ့ကြေး မြင့်တက်သွားနိုင်တဲ့ ကီတာဟာ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ဘွန်ဒက်လီဂါအတွင်း ၃၁ ပွဲကစားကာ ကိုယ်တိုင် ၈ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၈ ကြိမ် လုပ်ပေးခဲ့တယ်။

ကလော့ပ်က ကီတာဟာ ပြီးပြည့်စုံတဲ့ ကွင်းလယ်လူလို့ ယုံကြည်ပြီး အရခေါ်ယူစေခဲ့တယ်။ ကီတာက ဖန်တီးမှုနဲ့ ဖျက်ဆီးမှုဆိုတဲ့ ကွင်းလယ်တာဝန် နှစ်ရပ်လုံးကို အကောင်းဆုံး လုပ်နိုင်တယ်။ မန်နေဂျာကလော့ပ်နဲ့ သေသေချာချာ ဆွေးနွေးခွင့်ရခဲ့တဲ့ ကီတာကို သူ့စိတ်ကြိုက် နံပါတ်ဖြစ်တဲ့ ကျောနံပါတ် ၈ ဝတ်ဆင်ကစားခွင့်ရဖို့မှာ ပရိသတ်တွေ အမြင်မကြည် မဖြစ်စေဖို့ စတီဗင်ဂျရတ်ကိုယ်တိုင် မဲဝုဒ်မှာ ဂျာစီ လာပေးခဲ့ခြင်းဖြစ်တယ်။

ကီတာရဲ့ အသိုင်းအဝိုင်းက လီဗာပူးပရိသတ်တွေ များပါတယ်။ သူကိုယ်တိုင်ကလည်း ဂျရတ်ကို စံပြအဖြစ် လေးစားပြီး ကျောနံပါတ်ကိုယ်တောင် နံပါတ် ၈ ကိုပဲ ဝတ်လေ့ရှိတာပါ။ နယ်မြေသစ်ကို စတင် ခြေချချိန်မှာ လီဗာပူးသမိုင်းမှာ အကြီးကျယ်ဆုံး အသင်းခေါင်းဆောင်တွေထဲက တစ်ဦးရဲ့ ဂျာစီကို ဝတ်ဆင်တာက ကီတာကို ဖိအားပိူများစေခဲ့တာလို့ ဒီဒီဟာမန်းက ယူဆထားတယ်။

သူ့ရဲ့ လီဗာပူးကစားသမားဘဝ ပထမဆုံးပွဲဖြစ်တဲ့ ဝက်ဟမ်းနဲ့ပွဲမှာတော့ ကီတာဆိုတာ ဘယ်လို ကစားသမားလဲ အားလုံး မြင်ခဲ့ရတယ်။ ကွင်းလယ်မှာ အားကောင်းတယ်၊ ပေါက်ကွဲအားကောင်းပြီး လွှမ်းမိုးနိုင်စွမ်း ရှိခဲ့တယ်။ ဒါပေမယ့် ကြံ့ခိုင်မှုဆိုင်ရာ တည်ငြိမ်ဖို့ လိုအပ်ခြင်း၊ ကလပ်နဲ့ လက်ရွေးစင်ကြား ရွေးချယ်ရခြင်းတွေမှာ သူ့ရဲ့ ပုံမှန်ပွဲထွက်ခွင့်က အတော်လေးကို လျော့ကျသွားခဲ့တယ်။ ပရီးမီးယားလိဂ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ တောင်းဆိုမှု အရမ်းကြီးတာကို ကီတာ ဝန်ခံပါတယ်။

ကီတာက ကံတရားရဲ့ ဖေးမမှုလည်း နည်းနည်းလိုခြင်းကို ရင်ဆိုင်နေရတယ်။ သူက အချို့ပွဲတွေမှာဆိုရင် သိပ်ကောင်းတယ်။ ကြံ့ခိုင်မှု ပြန်ကောင်းလာသလို ကလော့ပ်ရဲ့ ယုံကြည်မှုကို ခံရပြီး ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ကစားရတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲမှာ ပွဲထွက်လူစာရင်းကနေတောင် ပါဝင်နေပေမယ့် ဒဏ်ရာကြောင့် မက်ဒရစ်မှာကစားတဲ့ တီကိုနဲ့ပွဲကို လွဲခဲ့ရပြန်တယ်။

ခြေစွမ်းကောင်းနေချိန်မှာ ဒဏ်ရာပြန်ရခဲ့တာက သူအတွက် ခက်ခဲပါတယ်။ နောက်ပြီး ကစားသမားတိုင်း အိပ်မက်မက်ရတဲ့ ဗိုလ်လုပွဲကို ဒဏ်ရာကြောင့် သူမပါနိုင်ခဲ့တာပါ။ ဒဏ်ရာကိစ္စက မပြီးပါပြီး ဂူနီယာအသင်းက လက်ရွေးစင်အတွက် ခေါ်တော့ ရာသီကြိုကို လွဲခဲ့ရပြန်တယ်။ အဲ့မှာရခဲ့တဲ့ ဒဏ်ရာကြောင့် စူပါကပ်ပွဲအဖြစ် ချယ်ဆီးနဲ့ပွဲကို ထပ်လွဲပါတယ်။ စက်တင်ဘာလအထိ မပါနုငိသလို နောက်ပိုင်းမှာ အဖျားရောဂါ၊ အသေးစား ကြွက်သားဒဏ်ရာတွေ ထပ်ရခဲ့တယ်။

လီဗာပူးကွင်းလယ်မှာ ဟန်ဒါဆန်၊ ဝိုက်နယ်ဒမ်၊ ဖာဘင်ညို၊ မီလ်နာ၊ ချိန်ဘာလိန်တို့တွေက ကီတာကို ကျော်ပြီး ပွဲထွက်ခွင့်တွေ ရထားကြတယ်။ ဒါပေမယ့် ဒီကစားသမားတွေ အားလုံးထဲမှာ ဖန်တီးမှုအတွက် အမြင်ရှိတဲ့ အပိုင်းမှာတော့ ကီတာက အားလုံးထက် သာပါတယ်။ လီဗာပူးကွင်းလယ်လူတွေ တစ်ရာသီ သွင်းဂိုး ၁၀ ဂိုး ရယူပေးဖို့ ခက်ခဲပေမယ့် ကီတာအတွက်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။

ဒါက ကလော့ပ်ရဲ့ ယုံကြည်မှုဖြစ်ပါတယ်။ ကလော့ပ်က ကီတာဟာ ကွင်းလယ်မှာ အခြားသူတွေနဲ့ ခြားနားသူလို့ မြင်တယ်။ ကလော့ပ်က “ နာဘီနဲ့ ချိန်ဘာလိန်က ပင်ကိုယ်သဘာဝ မတူကြဘူး။ နာဘီက ပိုကောင်းကောင်း ကစားနိုင်ပြီး ကစားတာ ပိုကောင်းတယ်။ ဒါပေမယ့် အဲ့တာကြောင့်တော့ အခွင့်အရေး ပိုရမှာ မဟုတ်ဘူး ” လို့ ဝန်ခံထားတယ်။

လီဗာပူးကွင်းလယ်လူတွေဟာ ပေါက်ကွဲအားကောင်းပြီး စိတ်ဓါတ် ပြင်းထန်ကြတယ်။ ကီတာမှာက မတူညီတဲ့ အရည်အချင်းတစ်ရပ် ရှိပါတယ်။ သူက အတွင်းလူနေရာကနေ ကစားနိုင်သလို ပြိုင်ဘက်အသင်းရဲ့ နေရာလွတ်တွေကို အသုံးချပြီး လှုပ်ရှားနိုင်တဲ့ ဘောလုံးဉာဏ်ရည် ပိုမြင့်သူဖြစ်တယ်။ အဆုံးသတ်ပိုင်း နယ်ပယ်တွေမှာ ကီတာက ကျန် ကွင်းလယ်လူတွေထက် ပိုကောင်းသူဖြစ်တယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ကီတာဟာ ၄ ပွဲကိုပဲ ပွဲထွက်လူစာရင်းက ကစားရတယ်။ ဒါပေမယ့် ဘောလုံး လှိမ်ခေါက်မှု အောင်မြင်အောင် အများဆုံး လုပ်နိုင်တဲ့ ကစားသမားတွေထဲ ပါပါတယ်။ လီဗာပူးရဲ့ ဘောလုံးစကေး အကောင်းဆုံးဖြစ်တဲ့ ဖာမင်နိုတောင်မှ လှိမ်ခေါက်ကျော်ဖြတ်မှုမှာ ၅၉% ပဲ အောင်မြင်ပေမယ့် ကီတာက ၇၃% ရှိတယ်။

လီဗာပူးက ဘယ်လိုပြိုင်ဘက်ကို ရင်ဆိုင်နေရသလဲအပေါ် မူတည်ပြီး ကလော့ပ်ရဲ့ နည်းစနစ် အပြောင်းအလဲမှာ ကီတာက အရေးပါလာနိုင်ပါတယ်။ ကီတာက ဘောလုံးမရှိချိန်မှာ လှုပ်ရှားမှု နည်းတယ်၊ ပြိုင်ဘက်တွေ ဘောလုံးပေးနေရင် လိုက်ပြီး ပိတ်ဖို့ဆိုတဲ့ အချက်မှာ သူက အားနည်းတယ်။ ဒါပေမယ့် လီဗာပူးက ပြိုင်ဘက်ကို လွှမ်းမိုးကစားပြီး ပြိုင်ဘက်က ခံစစ်မှာပဲ ပိတ်ကစားပြီဆိုရင်တော့ ဒါမျိုးက ကီတာအကြိုက်ပါပဲ။ သူ မွှေနှောက်ကစားပါတော့မယ်။

“ ဘွန်ဒက်လီဂါမှာတုန်းက ကီတာဟာ အကောင်းဆုံး ကွင်းလယ်တိုက်စစ်သမားတွေထဲ ပါဝင်သူပါ။ သူက လွတ်လွတ်လပ်လပ် ကစားရသူလို့ မပြောလိုပေမယ့် အချိန်အများအပြားမှာ သူလုပ်ချင်တဲ့အတိုင်း ကစားခွင့်ရခဲ့တယ်။ တိုက်စစ်ကို ဘောလုံးနဲ့အတူ မောင်းနှင်နိုင်ပြီး ဧရိယာထဲ ဝင်ရောက်နိုင်စွမ်းရှိတယ်။

ကလော့ပ်က သူ့ကို ကစားစေလိုတဲ့အတိုင်း ပေးမကစားဘူးလို့ မပြောပါဘူး။ ဒါပေမယ့် သူ့နားမှာကလည်း ထူးချွန်တဲ့ ကစားသမားတွေ ရှိနေတယ်။ လိုက်ဇစ်မှာဆိုရင် ကီတာက အဓိကလူပဲ သူကစားချင်သလို ကစားလို့ရတယ်။ လီဗာပူးမှာက နောက်ထပ် ငါကြီးကြီးတွေ ရှိနေတယ်။ ကိုယ်နေရာ ကိုယ်ရှာနိုင်ဖို့လိုတယ်။

လီဗာပူးမှာ တိုက်စစ်သမား သုံးဦးနဲ့ ကစားရတာက လိုက်ဇစ်မှာနဲ့ တူမှာ မဟုတ်ဘူး။ ဖာမင်နိုက တီမိုဝါနာလို မဟုတ်ဘူး။ သူက တကိုယ်တော် မကစားပဲ ချိတ်ဆက်ကစားတဲ့သူ။ လီဗာပူးက ကွင်းလယ်လူတွေရဲ့ တိုက်စစ် မောင်းနှင်မှုကို အားမကိုးဘူး။ အဲ့တာထက် ဘောလုံးကို ခပ်မြန်မြန် ပြန်ယူပြီး အသင်းဖော်တွေကို ဘောလုံးပေးမှုနဲ့ ပွဲထဲ ပြန်ဝင်လာတတ်ကြသူတွေ။

တိုက်စစ်သုံးယောက်ကလည်း အခွင့်အရေး ဖန်တီးမှုမှာ ကိုယ်တိုင် လုပ်နိုင်တဲ့ ကမ္ဘာအကောင်းဆုံးတွေ။ သူတို့မှာ တောင်ပံသမားတွေလို ကစားနိုင်တဲ့ အစွန်သမားတွေရှိတယ်။ ဒီတော့ ကီတာရဲ့ ကွင်းလယ်မှာ ဖန်တီးရှင်လို ကစားမှုက အသင်းကို ဟန်ချက် မညီမှုတွေ ဖြစ်စေတယ်။ အဲ့တာကပဲ ကီတာက သူ့ရဲ့ အရည်အချင်းကို အပြည့်အဝ မပြနိုင်တဲ့ အကြောင်းရင်း ဖြစ်နိုင်တယ် ” လို့ ဟားမန်းက သူ့အမြင်ကို ရှင်းပြခဲ့တယ်။

လီဗာပူးအသင်းက နွေမှာ ကွင်းလယ်အတွက် အင်အားဖြည့်မှုကြီးတွေ မလုပ်ဘူးလို့ သတင်းထွက်ထားတယ်။ ဒါကလည်း ချိန်ဘာလိန်နဲ့ ကီတာတို့ကို နေရာပေးလိုခြင်းကြောင့်ပါပဲ။ ပေးရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်အောင်တော့ ကီတာက ခြေစွမ်း မပြထားနိုင်ပါဘူး။ ဒါပေမယ့် ကီတာကို ယုံကြည့်သူက ကလော့ပ်ဖြစ်တယ်။ ကလော့ပ်ဟာ သူ့ကို ယုံကြည်ရင် လေးနှစ်အတွင်း ဆုဖလားယူပြနိုင်တယ်လို့ ဆိုခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို ကိုင်မြောက်ခဲ့တယ်။ အခု ပရီးမီးယားလိဂ်ဖလားကလည်း နီးစပ်လာနေပြီဖြစ်တယ်။

ဒီတော့ ယာဂင်ကလော့ပ်က ကီတာဟာ လီဗာပူးအတွက် တောက်ပလာမယ့်သူလို့ ယုံကြည်ထားတယ်ဆိုရင် ဒါက မဖြစ်လာနိုင်ဘူးလို့ ငြင်းဆန်ဖို့ရာ သိပ်ကို ခက်ခဲလွန်းပါတယ်။

The Athletic မှ လီဗာပူးသတင်းထောက် James Pearce ရေးသားသည့် The Keita conundrum – how do Liverpool get the best out of him? ကို မှီးငြမ်း ဖော်ပြပါသည်။

ZAWGYI – လီဗာပူးအသင္းသားေတြ webcam ကေန ဆက္သြယ္စကားေျပာျပီး အြန္လိုင္းေလ့က်င့္ေရး အစီအစဥ္ေတြကို အတူတကြ လုပ္ေဆာင္ၾကေတာ့ ယာဂင္ကေလာ့ပ္က ဗီဒီယို ဖြင့္ဖြင့္ခ်င္းမွာ ဝမ္းသာအားရ ေခၚလိုက္တာက “Naby lad” တဲ့။

မာေဆးဆိုဒ္ေဒသထဲက ဖြန္ဘီအရပ္မွာရွိတဲ့ ေနအိမ္မွာ အျခားအသင္းေဖာ္ေတြလိုပဲ ေနအိမ္မွာပဲ ေလာ့ေဒါင္း ေနေနရတဲ့ ကီတာက ကတံုးဆံေတာက္ ဆံပင္ေကနဲ႔။ သူက မန္ေနဂ်ာၾကီးကို ေယာင္ေယာင္ေလးျပံဳးျပတဲ့ အေနအထားနဲ႔ ေယာဂ ေလ့က်င့္ေရးကို ဆက္လုပ္ေနခဲ့တယ္။

“ မင္းေခါင္းက အဲ့ေကနဲ႔ ၾကည့္ေကာင္းတာပဲကြ ” လို႔ ဗန္ဒိုက္က ရယ္ေမာျပီး ေျပာတယ္။

ဂူနီယာကြင္းလယ္လူဟာ လီဗာပူးစီနီယာအသင္းသားေတြထဲမွာ နာမည္ၾကီးတဲ့ ကစားသမားတစ္ဦးပါပဲ။ ႏုိင္ပြဲေတြရျပီးရင္ အဝတ္လဲခန္းမွာ ကတတ္တဲ့ ကီတာ၊ မာေနးရဲ႕ အရမ္းရင္းႏွီးျပီး ေပ်ာ္ေပ်ာ္ေနတတ္တဲ့ ကီတာ။ ၂၀၁၈ ခုႏွစ္ေႏြမွာ လီဗာပူးကို ေရာက္လာတဲ့ သူဟာ လီဗာပူးမွာ အသားက်လာေနပါျပီ။

ပင္ကိုယ္သေဘာဝကိုက ကီတာက အရွက္ၾကီးတယ္။ အဂၤလန္စာကို သင္ယူမႈေတြ လုပ္ေနျခင္းကေန အက်ိဳးအျမတ္ေတြ ရလာေနဟန္လည္း ရွိတယ္။ မာေဆးဆိုဒ္မွာ သူ ေနသားက်လာေနခဲ့တယ္။ သို႔ေပမယ့္ ကစားကြင္းမွာေတာ့ ကီတာက အခြင့္အေရးေကာင္းေတြအတြက္ ၾကိဳးစားေနရပါေသးတယ္။ လီဗာပူးကို ေရာက္လာခဲ့တာ ႏွစ္ႏွစ္ ရွိျပီျဖစ္ျပီး အန္ဖီးက ေမွ်ာ္လင့္ခ်က္ၾကီးၾကီးနဲ႔အတူ သူ႔ကို ေပါင္ ၅၂.၇၅ သန္းထိ အသံုးျပဳျပီး ေခၚယူခဲ့ရတယ္။

ကီတာဟာ သူ႔ရဲ႕ အရည္အခ်င္းေတြကို ျပသဖို႔ အခြင့္အေရး ေစာင့္ေနတယ္။ သူ႔ရဲ႕ ၾကံ႕ခိုင္မႈ အေကာင္းဆံုး ျပန္ေရာက္ေစမယ့္ အေနအထားကို ေစာင့္ေနရျခင္းေၾကာင့္ အက္သလက္တီကို မက္ဒရစ္ကို အေရးနိမ့္ျပီး ထြက္ခြာခဲ့ရတဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ပြဲမွာ လီဗာပူးသမိုင္းအတြင္း တတိယေျမာက္ ေျပာင္းေရႊ႔ေၾကး အျမင့္ဆံုး ကစားသမားက အရန္ခံုမွာေတာင္ ရွိမေနခဲ့ရဘူး။

လီဗာပူးအသင္းဟာ ၁၈ လအတြင္းမွာ ခ်န္ပီယံလိဂ္ဖလား၊ ယူအီးအက္ဖ္ေအ စူပါလိဂ္၊ ကလပ္ကမၻာဖလား ဆိုတဲ့ ဆုဖလားေတြ အႏိုင္ရခဲ့တယ္။ ပရီးမီးယားလိဂ္ကို ဦးေဆာင္ထားျပီး ခ်န္ပီယံျဖစ္ဖို႔လည္း နီးစပ္ေနတယ္။ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ ေခၚယူထားတဲ့ ကစားသမားေတြထဲမွာ ကလပ္ရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈအေပၚ အေကာင္းဆံုး ျပန္ေပးဆပ္ႏုိင္ျခင္း မရွိေသးတဲ့ တစ္ဦးတည္းေသာ ကစားသမားက ကီတာပါပဲ။

လီဗာပူးက သူ႔အတြက္ အသင္းေျပာင္းေၾကး ေပါင္ ၄၈ သန္းကို ေပးျပီး ေခၚယူထားခ့ဲတယ္။ သူကို ေခၚယူခဲ့တာဟာ ကေလာ့ပ္ရဲ႕ ေတာင္းဆိုမႈေၾကာင့္ပဲ ျဖစ္တယ္။ ေပါင္ ၅၂ သန္းထိ ေျပာင္းေရႊ႔ေၾကး ျမင့္တက္သြားႏုိင္တဲ့ ကီတာဟာ ၂၀၁၆-၂၀၁၇ ခုႏွစ္မွာ ဘြန္ဒက္လီဂါအတြင္း ၃၁ ပြဲကစားကာ ကိုယ္တိုင္ ၈ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၈ ၾကိမ္ လုပ္ေပးခဲ့တယ္။

ကေလာ့ပ္က ကီတာဟာ ျပီးျပည့္စံုတဲ့ ကြင္းလယ္လူလို႔ ယံုၾကည္ျပီး အရေခၚယူေစခဲ့တယ္။ ကီတာက ဖန္တီးမႈနဲ႔ ဖ်က္ဆီးမႈဆိုတဲ့ ကြင္းလယ္တာဝန္ ႏွစ္ရပ္လံုးကို အေကာင္းဆံုး လုပ္ႏုိင္တယ္။ မန္ေနဂ်ာကေလာ့ပ္နဲ႔ ေသေသခ်ာခ်ာ ေဆြးေႏြးခြင့္ရခဲ့တဲ့ ကီတာကို သူ႔စိတ္ၾကိဳက္ နံပါတ္ျဖစ္တဲ့ ေက်ာနံပါတ္ ၈ ဝတ္ဆင္ကစားခြင့္ရဖို႔မွာ ပရိသတ္ေတြ အျမင္မၾကည္ မျဖစ္ေစဖို႔ စတီဗင္ဂ်ရတ္ကိုယ္တိုင္ မဲဝုဒ္မွာ ဂ်ာစီ လာေပးခဲ့ျခင္းျဖစ္တယ္။

ကီတာရဲ႕ အသိုင္းအဝိုင္းက လီဗာပူးပရိသတ္ေတြ မ်ားပါတယ္။ သူကိုယ္တိုင္ကလည္း ဂ်ရတ္ကို စံျပအျဖစ္ ေလးစားျပီး ေက်ာနံပါတ္ကိုယ္ေတာင္ နံပါတ္ ၈ ကိုပဲ ဝတ္ေလ့ရွိတာပါ။ နယ္ေျမသစ္ကို စတင္ ေျခခ်ခ်ိန္မွာ လီဗာပူးသမုိင္းမွာ အၾကီးက်ယ္ဆံုး အသင္းေခါင္းေဆာင္ေတြထဲက တစ္ဦးရဲ႕ ဂ်ာစီကို ဝတ္ဆင္တာက ကီတာကို ဖိအားပိူမ်ားေစခဲ့တာလို႔ ဒီဒီဟာမန္းက ယူဆထားတယ္။

သူ႔ရဲ႕ လီဗာပူးကစားသမားဘဝ ပထမဆံုးပြဲျဖစ္တဲ့ ဝက္ဟမ္းနဲ႔ပြဲမွာေတာ့ ကီတာဆိုတာ ဘယ္လို ကစားသမားလဲ အားလံုး ျမင္ခဲ့ရတယ္။ ကြင္းလယ္မွာ အားေကာင္းတယ္၊ ေပါက္ကြဲအားေကာင္းျပီး လႊမ္းမိုးႏိုင္စြမ္း ရွိခဲ့တယ္။ ဒါေပမယ့္ ၾကံ႕ခိုင္မႈဆုိင္ရာ တည္ျငိမ္ဖို႔ လိုအပ္ျခင္း၊ ကလပ္နဲ႔ လက္ေရြးစင္ၾကား ေရြးခ်ယ္ရျခင္းေတြမွာ သူ႔ရဲ႕ ပံုမွန္ပြဲထြက္ခြင့္က အေတာ္ေလးကို ေလ်ာ့က်သြားခဲ့တယ္။ ပရီးမီးယားလိဂ္ရဲ႕ ရုပ္ပိုင္းဆိုင္ရာ ေတာင္းဆိုမႈ အရမ္းၾကီးတာကို ကီတာ ဝန္ခံပါတယ္။

ကီတာက ကံတရားရဲ႕ ေဖးမမႈလည္း နည္းနည္းလိုျခင္းကို ရင္ဆိုင္ေနရတယ္။ သူက အခ်ိဳ႕ပြဲေတြမွာဆိုရင္ သိပ္ေကာင္းတယ္။ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာသလို ကေလာ့ပ္ရဲ႕ ယံုၾကည္မႈကို ခံရျပီး ဘာစီလိုနာနဲ႔ ယွဥ္ျပိဳင္ကစားရတဲ့ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ ပထမအေက်ာ့ပြဲမွာ ပြဲထြက္လူစာရင္းကေနေတာင္ ပါဝင္ေနေပမယ့္ ဒဏ္ရာေၾကာင့္ မက္ဒရစ္မွာကစားတဲ့ တီကိုနဲ႔ပြဲကို လြဲခဲ့ရျပန္တယ္။

ေျခစြမ္းေကာင္းေနခ်ိန္မွာ ဒဏ္ရာျပန္ရခဲ့တာက သူအတြက္ ခက္ခဲပါတယ္။ ေနာက္ျပီး ကစားသမားတိုင္း အိပ္မက္မက္ရတဲ့ ဗိုလ္လုပြဲကို ဒဏ္ရာေၾကာင့္ သူမပါႏုိင္ခဲ့တာပါ။ ဒဏ္ရာကိစၥက မျပီးပါျပီး ဂူနီယာအသင္းက လက္ေရြးစင္အတြက္ ေခၚေတာ့ ရာသီၾကိဳကို လြဲခဲ့ရျပန္တယ္။ အဲ့မွာရခဲ့တဲ့ ဒဏ္ရာေၾကာင့္ စူပါကပ္ပြဲအျဖစ္ ခ်ယ္ဆီးနဲ႔ပြဲကို ထပ္လြဲပါတယ္။ စက္တင္ဘာလအထိ မပါႏုငိ္သလို ေနာက္ပိုင္းမွာ အဖ်ားေရာဂါ၊ အေသးစား ၾကြက္သားဒဏ္ရာေတြ ထပ္ရခဲ့တယ္။

လီဗာပူးကြင္းလယ္မွာ ဟန္ဒါဆန္၊ ဝိုက္နယ္ဒမ္၊ ဖာဘင္ညိဳ၊ မီလ္နာ၊ ခ်ိန္ဘာလိန္တို႔ေတြက ကီတာကို ေက်ာ္ျပီး ပြဲထြက္ခြင့္ေတြ ရထားၾကတယ္။ ဒါေပမယ့္ ဒီကစားသမားေတြ အားလံုးထဲမွာ ဖန္တီးမႈအတြက္ အျမင္ရွိတဲ့ အပိုင္းမွာေတာ့ ကီတာက အားလံုးထက္ သာပါတယ္။ လီဗာပူးကြင္းလယ္လူေတြ တစ္ရာသီ သြင္းဂိုး ၁၀ ဂိုး ရယူေပးဖို႔ ခက္ခဲေပမယ့္ ကီတာအတြက္ဆိုရင္ေတာ့ ျဖစ္ႏုိင္ပါတယ္။

ဒါက ကေလာ့ပ္ရဲ႕ ယံုၾကည္မႈျဖစ္ပါတယ္။ ကေလာ့ပ္က ကီတာဟာ ကြင္းလယ္မွာ အျခားသူေတြနဲ႔ ျခားနားသူလို႔ ျမင္တယ္။ ကေလာ့ပ္က “ နာဘီနဲ႔ ခ်ိန္ဘာလိန္က ပင္ကိုယ္သဘာဝ မတူၾကဘူး။ နာဘီက ပိုေကာင္းေကာင္း ကစားႏုိင္ျပီး ကစားတာ ပိုေကာင္းတယ္။ ဒါေပမယ့္ အဲ့တာေၾကာင့္ေတာ့ အခြင့္အေရး ပိုရမွာ မဟုတ္ဘူး ” လို႔ ဝန္ခံထားတယ္။

လီဗာပူးကြင္းလယ္လူေတြဟာ ေပါက္ကြဲအားေကာင္းျပီး စိတ္ဓါတ္ ျပင္းထန္ၾကတယ္။ ကီတာမွာက မတူညီတဲ့ အရည္အခ်င္းတစ္ရပ္ ရွိပါတယ္။ သူက အတြင္းလူေနရာကေန ကစားႏုိင္သလို ျပိဳင္ဘက္အသင္းရဲ႕ ေနရာလြတ္ေတြကို အသံုးခ်ျပီး လႈပ္ရွားႏုိင္တဲ့ ေဘာလံုးဥာဏ္ရည္ ပိုျမင့္သူျဖစ္တယ္။ အဆံုးသတ္ပိုင္း နယ္ပယ္ေတြမွာ ကီတာက က်န္ ကြင္းလယ္လူေတြထက္ ပိုေကာင္းသူျဖစ္တယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီမွာ ကီတာဟာ ၄ ပြဲကိုပဲ ပြဲထြက္လူစာရင္းက ကစားရတယ္။ ဒါေပမယ့္ ေဘာလံုး လွိမ္ေခါက္မႈ ေအာင္ျမင္ေအာင္ အမ်ားဆံုး လုပ္နုိင္တဲ့ ကစားသမားေတြထဲ ပါပါတယ္။ လီဗာပူးရဲ႕ ေဘာလံုးစေကး အေကာင္းဆံုးျဖစ္တဲ့ ဖာမင္ႏိုေတာင္မွ လွိမ္ေခါက္ေက်ာ္ျဖတ္မႈမွာ ၅၉% ပဲ ေအာင္ျမင္ေပမယ့္ ကီတာက ၇၃% ရွိတယ္။

လီဗာပူးက ဘယ္လိုျပိဳင္ဘက္ကို ရင္ဆုိင္ေနရသလဲအေပၚ မူတည္ျပီး ကေလာ့ပ္ရဲ႕ နည္းစနစ္ အေျပာင္းအလဲမွာ ကီတာက အေရးပါလာႏုိင္ပါတယ္။ ကီတာက ေဘာလံုးမရွိခ်ိန္မွာ လႈပ္ရွားမႈ နည္းတယ္၊ ျပိဳင္ဘက္ေတြ ေဘာလံုးေပးေနရင္ လုိက္ျပီး ပိတ္ဖို႔ဆိုတဲ့ အခ်က္မွာ သူက အားနည္းတယ္။ ဒါေပမယ့္ လီဗာပူးက ျပိဳင္ဘက္ကို လႊမ္းမုိးကစားျပီး ျပိဳင္ဘက္က ခံစစ္မွာပဲ ပိတ္ကစားျပီဆိုရင္ေတာ့ ဒါမ်ိဳးက ကီတာအၾကိဳက္ပါပဲ။ သူ ေမႊေႏွာက္ကစားပါေတာ့မယ္။

“ ဘြန္ဒက္လီဂါမွာတုန္းက ကီတာဟာ အေကာင္းဆံုး ကြင္းလယ္တိုက္စစ္သမားေတြထဲ ပါဝင္သူပါ။ သူက လြတ္လြတ္လပ္လပ္ ကစားရသူလို႔ မေျပာလိုေပမယ့္ အခ်ိန္အမ်ားအျပားမွာ သူလုပ္ခ်င္တဲ့အတုိင္း ကစားခြင့္ရခဲ့တယ္။ တိုက္စစ္ကို ေဘာလံုးနဲ႔အတူ ေမာင္းႏွင္ႏုိင္ျပီး ဧရိယာထဲ ဝင္ေရာက္ႏုိင္စြမ္းရွိတယ္။

ကေလာ့ပ္က သူ႔ကို ကစားေစလိုတဲ့အတိုင္း ေပးမကစားဘူးလို႔ မေျပာပါဘူး။ ဒါေပမယ့္ သူ႔နားမွာကလည္း ထူးခၽြန္တဲ့ ကစားသမားေတြ ရွိေနတယ္။ လိုက္ဇစ္မွာဆိုရင္ ကီတာက အဓိကလူပဲ သူကစားခ်င္သလို ကစားလို႔ရတယ္။ လီဗာပူးမွာက ေနာက္ထပ္ ငါၾကီးၾကီးေတြ ရွိေနတယ္။ ကိုယ္ေနရာ ကိုယ္ရွာႏုိင္ဖို႔လိုတယ္။

လီဗာပူးမွာ တိုက္စစ္သမား သံုးဦးနဲ႔ ကစားရတာက လိုက္ဇစ္မွာနဲ႔ တူမွာ မဟုတ္ဘူး။ ဖာမင္ႏိုက တီမိုဝါနာလို မဟုတ္ဘူး။ သူက တကုိယ္ေတာ္ မကစားပဲ ခ်ိတ္ဆက္ကစားတဲ့သူ။ လီဗာပူးက ကြင္းလယ္လူေတြရဲ႔ တိုက္စစ္ ေမာင္းႏွင္မႈကို အားမကိုးဘူး။ အဲ့တာထက္ ေဘာလံုးကို ခပ္ျမန္ျမန္ ျပန္ယူျပီး အသင္းေဖာ္ေတြကို ေဘာလံုးေပးမႈနဲ႔ ပြဲထဲ ျပန္ဝင္လာတတ္ၾကသူေတြ။

တိုက္စစ္သံုးေယာက္ကလည္း အခြင့္အေရး ဖန္တီးမႈမွာ ကိုယ္တိုင္ လုပ္ႏုိင္တဲ့ ကမၻာအေကာင္းဆံုးေတြ။ သူတို႔မွာ ေတာင္ပံသမားေတြလို ကစားႏုိင္တဲ့ အစြန္သမားေတြရွိတယ္။ ဒီေတာ့ ကီတာရဲ႕ ကြင္းလယ္မွာ ဖန္တီးရွင္လို ကစားမႈက အသင္းကို ဟန္ခ်က္ မညီမႈေတြ ျဖစ္ေစတယ္။ အဲ့တာကပဲ ကီတာက သူ႔ရဲ႕ အရည္အခ်င္းကို အျပည့္အဝ မျပႏုိင္တဲ့ အေၾကာင္းရင္း ျဖစ္ႏုိင္တယ္ ” လို႔ ဟားမန္းက သူ႔အျမင္ကို ရွင္းျပခဲ့တယ္။

လီဗာပူးအသင္းက ေႏြမွာ ကြင္းလယ္အတြက္ အင္အားျဖည့္မႈၾကီးေတြ မလုပ္ဘူးလို႔ သတင္းထြက္ထားတယ္။ ဒါကလည္း ခ်ိန္ဘာလိန္နဲ႔ ကီတာတို႔ကို ေနရာေပးလိုျခင္းေၾကာင့္ပါပဲ။ ေပးရတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ ထိုက္တန္ေအာင္ေတာ့ ကီတာက ေျခစြမ္း မျပထားႏုိင္ပါဘူး။ ဒါေပမယ့္ ကီတာကို ယံုၾကည့္သူက ကေလာ့ပ္ျဖစ္တယ္။ ကေလာ့ပ္ဟာ သူ႔ကို ယံုၾကည္ရင္ ေလးႏွစ္အတြင္း ဆုဖလားယူျပႏုိင္တယ္လို႔ ဆိုခဲ့ျပီး ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမာက္ခဲ့တယ္။ အခု ပရီးမီးယားလိဂ္ဖလားကလည္း နီးစပ္လာေနျပီျဖစ္တယ္။

ဒီေတာ့ ယာဂင္ကေလာ့ပ္က ကီတာဟာ လီဗာပူးအတြက္ ေတာက္ပလာမယ့္သူလို႔ ယံုၾကည္ထားတယ္ဆိုရင္ ဒါက မျဖစ္လာႏုိင္ဘူးလို႔ ျငင္းဆန္ဖို႔ရာ သိပ္ကို ခက္ခဲလြန္းပါတယ္။

The Athletic မွ လီဗာပူးသတင္းေထာက္ James Pearce ေရးသားသည့္ The Keita conundrum – how do Liverpool get the best out of him? ကို မွီးျငမ္း ေဖာ္ျပပါသည္။