NEWS: ပရီးမီးယားလိဂ်ကို ပြန်စတင်ရင် ကွင်းထဲကို လူဘယ်လောက် ဝင်ခွင့်ပေးမလဲ စတင် ရေတွက်

UNICODE – ပရီးမီးယားလိဂ်ဟာ ကွင်းပိတ် ကစားမှုနဲ့အတူ ဘောလုံးရာသီကို ပြန်စတင်ပါက လူဘယ်လောက်ထိ ဝင်ခွင့်ပေးရမလဲ ဆိုတဲ့အချက်ကို စတင်ကာ ရေတွက်မှု လုပ်ဆောင်နေပြီဖြစ်ကြောင်း တယ်လီဂရပ်က ဖော်ပြသွားပါတယ်။

မေလ ၉ ရက်မှာ ပြန်စမယ့် ဘွန်ဒက်လီဂါမှာတော့ ကစားကွင်းတွေမှာ တစ်ပွဲကို လူ ၂၀၀ ထက် ပိုဝင်ခွင့်ပေးမှာ မဟုတ်ပဲ လူပေါင်း ၂၄၀ လောက်ကိုပဲ သက်ဆိုင်ရာ ကိစ္စတွေအတွက် ဝင်ခွင့်ပေးမှာဖြစ်တယ်။ အဆိုပါထဲမှာတော့ ရဲအရာရှိ ၄ ဦး၊ သတင်းထောက် ၁၀ ဦး၊ ဘောလုံးကောက် ၄ ဦး၊ ကွင်းမြက်ခင်ပြင် ထိန်းသိမ်းပေးမယ့် groundsmen ၈ ဦး၊ လုံခြုံရေးဆိုင်ရာ ဝန်ထမ်း ၅၀ ဦးတို့ ပါဝင်သွားမှာဖြစ်တယ်။

ပရီးမီးယားလိဂ်ကတော့ ဇွန်လ ၈ ရက်နေ့မှာ ဘောလုံးပွဲတွေ ပြန်စတင်နိုင်ဖို့ ယာယီ မျှော်မှန်းထားကြတယ်။ ကွင်းပိတ်စနစ်ဖြင့် ပွဲတွေ ပြန်စတဲ့အခါ ပရီးမီးယားလိဂ်ဟာ အနည်းဆုံး လူ ၃၀၀ ကို ဝင်ခွင့်ပေးရလိမ့်မယ်လို့ တွက်ချက်ထားကြတယ်။

အဆိုပါထဲမှာ တစ်သင်းကို ကစားသမား ၂၀ ဦးနဲ့ နှစ်သင်း ၄၀ ဦး၊ အသင်းတွေရဲ့ နည်းပြအဖွဲ့နဲ့ ဆေးအဖွဲ့ဝင်တွေ ၁၆ ဦးစီနဲ့ ၃၂ ဦးတို့ကို ဝင်ခွင့်ပြုရမယ်။ ကလပ် ဒါရိုက်တာတွေ၊ ကလပ် မီဒီယာ၊ လုံခြုံရေးနဲ့ ပွဲကြီးကြပ်သူ၊ မြက်ခင်း ထိန်းသိမ်းပေးမယ့်အဖွဲ့၊ ဂိုးစကိုး အော်ပရေတာ အစရှိတဲ့ ပုဂ္ဂိုလ်တွေကိုပါ ဝင်ခွင့်ပြုရမယ်လို့ တွက်ချက်ထားကြတယ်။

တိုက်ရိုက် ထုပ်လွှင့်မှုအရ ရုပ်သံဝန်းထမ်းတွေက အနည်းဆုံး လူ ၇၇ ဦးလောက်ထိ ဝင်ခွင့်ရမှာဖြစ်တယ်။ ဒါ့အပြင် အသံလွှင့်မှုပိုင်းအတွက် ကွင်းထဲမှာ မဟုတ်ပဲ ကွင်းအနီးတစ်ဝိုက်မှာ လူပေါင်း ၇၀ လောက်ကို ဝင်ခွင့်ပြုရမှာဖြစ်တယ်။ ယှဉ်ပြိုင်မယ့် ကလပ် ၂၀ ရဲ့ အနိမ့်ဆုံးနဲ့ အမြင့်ဆုံး ကွင်းထဲဝင်မှု အနေအထားတွေကို တွက်ချက်မှုတွေ လုပ်နေပြီး အနည်းဆုံး လူ ၃၀၀ ကနေ အများဆုံး လူ ၅၀၀ ထိကို ကွင်းထဲ ဝင်ခွင့်ပေးရဖို့ ရှိနေပါတယ်။

အင်္ဂလန်မှာတော့ ပရီးမီးယားလိဂ်တင် မဟုတ်ပဲ အခြားသော ပရော်ဖက်ရှင်နယ် အားကစားတွေကိုလည်း အများပြည်သူရဲ့ စိတ်ဓါတ်ပိုင်းကို အကျိုးဖြစ်စေတဲ့ ရည်ရွယ်ချက်ဖြင့် ပွဲတွေ ပြန်ကစားခွင့် ပြုတော့မှာပါ။ ဒါကြောင့် ခရစ်ကတ်၊ ရူဘီ အစရှိတဲ့ အားကစားတွေမှာ ကွင်းထဲ လူဘယ်လောက် ဝင်ခွင့်ပေးမလဲ စတင် တွက်ချက်နေကြပြီဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ဟာ ကြင္းပိတ္ ကစားမႈနဲ႔အတူ ေဘာလံုးရာသီကို ျပန္စတင္ပါက လူဘယ္ေလာက္ထိ ဝင္ခြင့္ေပးရမလဲ ဆိုတဲ့အခ်က္ကို စတင္ကာ ေရတြက္မႈ လုပ္ေဆာင္ေနျပီျဖစ္ေၾကာင္း တယ္လီဂရပ္က ေဖာ္ျပသြားပါတယ္။

ေမလ ၉ ရက္မွာ ျပန္စမယ့္ ဘြန္ဒက္လီဂါမွာေတာ့ ကစားကြင္းေတြမွာ တစ္ပြဲကို လူ ၂၀၀ ထက္ ပိုဝင္ခြင့္ေပးမွာ မဟုတ္ပဲ လူေပါင္း ၂၄၀ ေလာက္ကိုပဲ သက္ဆိုင္ရာ ကိစၥေတြအတြက္ ဝင္ခြင့္ေပးမွာျဖစ္တယ္။ အဆိုပါထဲမွာေတာ့ ရဲအရာရွိ ၄ ဦး၊ သတင္းေထာက္ ၁၀ ဦး၊ ေဘာလံုးေကာက္ ၄ ဦး၊ ကြင္းျမက္ခင္ျပင္ ထိန္းသိမ္းေပးမယ့္ groundsmen ၈ ဦး၊ လံုျခံဳေရးဆိုင္ရာ ဝန္ထမ္း ၅၀ ဦးတို႔ ပါဝင္သြားမွာျဖစ္တယ္။

ပရီးမီးယားလိဂ္ကေတာ့ ဇြန္လ ၈ ရက္ေန႔မွာ ေဘာလံုးပြဲေတြ ျပန္စတင္ႏုိင္ဖို႔ ယာယီ ေမွ်ာ္မွန္းထားၾကတယ္။ ကြင္းပိတ္စနစ္ျဖင့္ ပြဲေတြ ျပန္စတဲ့အခါ ပရီးမီးယားလိဂ္ဟာ အနည္းဆံုး လူ ၃၀၀ ကို ဝင္ခြင့္ေပးရလိမ့္မယ္လုိ႔ တြက္ခ်က္ထားၾကတယ္။

အဆိုပါထဲမွာ တစ္သင္းကို ကစားသမား ၂၀ ဦးနဲ႔ ႏွစ္သင္း ၄၀ ဦး၊ အသင္းေတြရဲ႕ နည္းျပအဖြဲ႔နဲ႔ ေဆးအဖြဲ႔ဝင္ေတြ ၁၆ ဦးစီနဲ႔ ၃၂ ဦးတို႔ကို ဝင္ခြင့္ျပဳရမယ္။ ကလပ္ ဒါရိုက္တာေတြ၊ ကလပ္ မီဒီယာ၊ လံုျခံဳေရးနဲ႔ ပြဲၾကီးၾကပ္သူ၊ ျမက္ခင္း ထိန္းသိမ္းေပးမယ့္အဖြဲ႔၊ ဂိုးစကိုး ေအာ္ပေရတာ အစရွိတဲ့ ပုဂၢိဳလ္ေတြကိုပါ ဝင္ခြင့္ျပဳရမယ္လို႔ တြက္ခ်က္ထားၾကတယ္။

တိုက္ရိုက္ ထုပ္လႊင့္မႈအရ ရုပ္သံဝန္းထမ္းေတြက အနည္းဆံုး လူ ၇၇ ဦးေလာက္ထိ ဝင္ခြင့္ရမွာျဖစ္တယ္။ ဒါ့အျပင္ အသံလႊင့္မႈပိုင္းအတြက္ ကြင္းထဲမွာ မဟုတ္ပဲ ကြင္းအနီးတစ္ဝိုက္မွာ လူေပါင္း ၇၀ ေလာက္ကို ဝင္ခြင့္ျပဳရမွာျဖစ္တယ္။ ယွဥ္ျပိဳင္မယ့္ ကလပ္ ၂၀ ရဲ႕ အနိမ့္ဆံုးနဲ႔ အျမင့္ဆံုး ကြင္းထဲဝင္မႈ အေနအထားေတြကို တြက္ခ်က္မႈေတြ လုပ္ေနျပီး အနည္းဆံုး လူ ၃၀၀ ကေန အမ်ားဆံုး လူ ၅၀၀ ထိကို ကြင္းထဲ ဝင္ခြင့္ေပးရဖို႔ ရွိေနပါတယ္။

အဂၤလန္မွာေတာ့ ပရီးမီးယားလိဂ္တင္ မဟုတ္ပဲ အျခားေသာ ပေရာ္ဖက္ရွင္နယ္ အားကစားေတြကိုလည္း အမ်ားျပည္သူရဲ႕ စိတ္ဓါတ္ပိုင္းကို အက်ိဳးျဖစ္ေစတဲ့ ရည္ရြယ္ခ်က္ျဖင့္ ပြဲေတြ ျပန္ကစားခြင့္ ျပဳေတာ့မွာပါ။ ဒါေၾကာင့္ ခရစ္ကတ္၊ ရူဘီ အစရွိတဲ့ အားကစားေတြမွာ ကြင္းထဲ လူဘယ္ေလာက္ ဝင္ခြင့္ေပးမလဲ စတင္ တြက္ခ်က္ေနၾကျပီျဖစ္ပါတယ္။