Breaking: မေလ ၁၈ ရက်နေ့မှာ စီးရီးအေ ပြန်စမယ်လို့ အီတလီဝန်ကြီးချုပ် တရားဝင်ကြေညာ

UNICODE – အီတလီ ဝန်ကြီးချုပ် ကွန်တီက မေလ ၁၈ ရက်နေ့မှာ ပရော်ဖက်ရှင်နယ် အားကစားအသင်းတွေက လေ့ကျင့်ရေးတွေ ပြန်လည် စတင်နိုင်တယ်လို့ တရားဝင် ကြေညာလိုက်ပါတယ်။

စီးရီးအေဟာ မတ်လ ၇ ရက်နေ့တည်းက ဘောလုံးပွဲတွေကို ရပ်နားထားတာဖြစ်ပြီး အီတလီအာဏာပိုင်တွေက နိုင်ငံတစ်ဝန်းကို ပိတ်ဆို့မှုဗတွ လုပ်ထားတာပါ။ စီးရီးအေဟာ ဘောလုံးပွဲစဉ် ၁၁ ပွဲစာတွေ ကစားဖို့ ကျန်ရှိနေပြီး ပွဲစဉ် ၂၅ ကနေ ပြန်လည် စတင်ကစားသွားမှာဖြစ်တယ်။

အခုလို လေ့ကျင့်မှုတွေကို ပြန်စတင်ခွင့် ပေးလိုက်ခြင်းကြောင့် ဇွန်လမှာ စီးရီးအေပွဲတွေကို ပြန်ကစားနိုင်ဖွယ် ရှိပါတယ်။ စီးရီးအေကလပ်တွေ လေ့ကျင့်ရေး ပြန်ဆင်းနိုင်မယ့်ရက်စွဲကို ကြေညာခဲ့တာဖြစ်ပေမယ့် ပွဲကစားမယ့် ရက်စွဲကိုတော့ အတည်ပြု ကြေညာခဲ့ခြင်း မရှိပါဘူး။

ဝန်ကြီးချုပ် ကွန်တီက မေလ ၄ ရက်နေ့မှာတော့ ကစားသမားတွေ တစ်ဦးချင်း လေ့ကျင့်ရေးတွေ ပြန်စတင်ဖို့ ခွင့်ပြုပေးမှာဖြစ်တယ်။ ဒါ့အပြင် အများဆိုင်ရာ ပန်းခြံတွေ၊ ဥယာဉ်တွေကိုကိုလည်း ပြန်ဖွင့်ပေးမှာဖြစ်ကာ တူညီတဲ့ နယ်ထဲမှာ ပြည်သူတွေဟာ လည်ပတ်ခွင့်ရမှာဖြစ်ပါတယ်။

ကွန်တီက ” အားကစားဆိုင်ရာဝန်ကြီးနဲ့အတူ လက်တွဲ လုပ်ဆောင်မှုတွေကြောင့် မေလ ၄ ရက်မှာ ကစားသမားတွေက တစ်ဦးချင်းဆိုင်ရာ လေ့ကျင့်ရေးတွေ စတင်လုပ်ဆောင်ဖို့ ကျနေ်ာတို့တွေ ခွင့်ပြုပေးမှာဖြစ်ပြီး အဖွဲ့အလိုက် လေ့ကျင့်မှုတွေကိုတော့ မေလ ၁၈ ရက်နေ့မှာ လုပ်ဆောင်ခွင့်ပေးပါမယ် ” လို့ တနင်္ဂနွေမှာပဲ တီဗီကနေတစ်ဆင့် တစ်နိုင်ငံလုံးကို ကြေညာမှုမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

အီတလီ ဝန်ကြီးချုပ်ကတော့ ဘောလုံးပွဲတွေကို လုံခြုံစိတ်ချရအောင် လူအနည်းဆုံးနဲ့ ကစားသွားမှာဖြစ်ပြီး ချစ်ခင်မြတ်နိုးရတဲ့ ဘောလုံးသမားတွေ ဖျားနာမှာတွေကို မဖြစ်စေဖို့ ဂရုစိုက်မယ်လို့လည်း ကြေညာခဲ့ပါတယ်။

ZAWGYI – အီတလီ ဝန္ၾကီးခ်ဳပ္ ကြန္တီက ေမလ ၁၈ ရက္ေန႔မွာ ပေရာ္ဖက္ရွင္နယ္ အားကစားအသင္းေတြက ေလ့က်င့္ေရးေတြ ျပန္လည္ စတင္ႏုိင္တယ္လို႔ တရားဝင္ ေၾကညာလိုက္ပါတယ္။

စီးရီးေအဟာ မတ္လ ၇ ရက္ေန႔တည္းက ေဘာလံုးပြဲေတြကို ရပ္နားထားတာျဖစ္ျပီး အီတလီအာဏာပိုင္ေတြက ႏုိင္ငံတစ္ဝန္းကို ပိတ္ဆို႔မႈဗတြ လုပ္ထားတာပါ။ စီးရီးေအဟာ ေဘာလံုးပြဲစဥ္ ၁၁ ပြဲစာေတြ ကစားဖို႔ က်န္ရွိေနျပီး ပြဲစဥ္ ၂၅ ကေန ျပန္လည္ စတင္ကစားသြားမွာျဖစ္တယ္။

အခုလို ေလ့က်င့္မႈေတြကို ျပန္စတင္ခြင့္ ေပးလိုက္ျခင္းေၾကာင့္ ဇြန္လမွာ စီးရီးေအပြဲေတြကို ျပန္ကစားႏုိင္ဖြယ္ ရွိပါတယ္။ စီးရီးေအကလပ္ေတြ ေလ့က်င့္ေရး ျပန္ဆင္းႏုိင္မယ့္ရက္စြဲကို ေၾကညာခဲ့တာျဖစ္ေပမယ့္ ပြဲကစားမယ့္ ရက္စြဲကိုေတာ့ အတည္ျပဳ ေၾကညာခဲ့ျခင္း မရွိပါဘူး။

ဝန္ၾကီးခ်ဳပ္ ကြန္တီက ေမလ ၄ ရက္ေန႔မွာေတာ့ ကစားသမားေတြ တစ္ဦးခ်င္း ေလ့က်င့္ေရးေတြ ျပန္စတင္ဖို႔ ခြင့္ျပဳေပးမွာျဖစ္တယ္။ ဒါ့အျပင္ အမ်ားဆိုင္ရာ ပန္းျခံေတြ၊ ဥယာဥ္ေတြကိုကိုလည္း ျပန္ဖြင့္ေပးမွာျဖစ္ကာ တူညီတဲ့ နယ္ထဲမွာ ျပည္သူေတြဟာ လည္ပတ္ခြင့္ရမွာျဖစ္ပါတယ္။

ကြန္တီက ” အားကစားဆုိင္ရာဝန္ၾကီးနဲ႔အတူ လက္တြဲ လုပ္ေဆာင္မႈေတြေၾကာင့္ ေမလ ၄ ရက္မွာ ကစားသမားေတြက တစ္ဦးခ်င္းဆိုင္ရာ ေလ့က်င့္ေရးေတြ စတင္လုပ္ေဆာင္ဖို႔ က်ေန္ာတို႔ေတြ ခြင့္ျပဳေပးမွာျဖစ္ျပီး အဖြဲ႔အလုိက္ ေလ့က်င့္မႈေတြကိုေတာ့ ေမလ ၁၈ ရက္ေန႔မွာ လုပ္ေဆာင္ခြင့္ေပးပါမယ္ ” လို႔ တနဂၤေႏြမွာပဲ တီဗီကေနတစ္ဆင့္ တစ္နုိင္ငံလံုးကို ေၾကညာမႈမွာ ထည့္သြင္း ေျပာဆိုခဲ့ပါတယ္။

အီတလီ ဝန္ၾကီးခ်ဳပ္ကေတာ့ ေဘာလံုးပြဲေတြကို လံုျခံဳစိတ္ခ်ရေအာင္ လူအနည္းဆံုးနဲ႔ ကစားသြားမွာျဖစ္ျပီး ခ်စ္ခင္ျမတ္ႏိုးရတဲ့ ေဘာလံုးသမားေတြ ဖ်ားနာမွာေတြကို မျဖစ္ေစဖို႔ ဂရုစိုက္မယ္လုိ႔လည္း ေၾကညာခဲ့ပါတယ္။