NEWS: ပရီးမီးယားလိဂ်နဲ့ EFL လိဂ်တွေရဲ့ တန်းဆင်း တန်းတက် စနစ်ကို စတင်အဖြေရှာပြီ

UNICODE – ပရီးမီးယားလိဂ်ကို လာမယ့် သီတင်းပတ်တွေအတွင်း ပြန်လည်စတင်ဖို့ ဦးတည်လာခဲ့ချိန်မှာ ဘောလုံးရာသီ အပြီးမသတ်ခဲ့ရင် ဆိုတဲ့ အနေအထားအတွက် တန်းတက် တန်းဆင်း စတစ်ကို ရှင်းလင်းတဲ့ အဖြေ ထုတ်ပေးဖို့ ကလပ်တွေက တောင်းဆို ညိနှိုင်းမှု စတင်တော့မှာဖြစ်ကြောင်း တယ်လီဂရပ်က ဖော်ပြသွားပါတယ်။

ပရီးမီးယားလိဂ်က “Project Restart” လို့ အမည်ပေးထားတဲ့ လက်ကျန် ၉၂ ပွဲကို ပရိသတ်မပါပဲ ကွင်းပိတ်ကစားကြမှာဖြစ်တယ်။ အင်္ဂလန်ပြည်တွင်းမှာ ဘောလုံးပွဲတွေကို ပထမဆုံး ပြန်စတင်မှာက ပရီးမီးယားလိဂ်ဖြစ်ပြီး အခြားသော EFL ပြိုင်ပွဲတွေကတော့ နောက်ကျပြီးမှ ပြန်စနိုင်မှာဖြစ်တယ်။ ဒါကလည်း ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုအရ ပိုမို လုပ်နိုင်ကိုင်နိုင်တဲ့ ပရီးမီးယားလိဂ်က အရင်ပြန်စဖို့ လုပ်နိုင်ခြင်း ဖြစ်ပါတယ်။

EFL ပြိုင်ပွဲတွေဖြစ်တဲ့ ချန်ပီယံရှစ်၊ လိဂ်ဝမ်း၊ လိဂ်တူးတွေကတော့ ပရီးမီးယာလိဂ်ရဲ့ အခြေအနေကို လိုက်ပြီး ကွင်းပိတ်ကစားတဲ့ အနေအထားကို လိုက်လံ ကျင့်သုံးနိုင်ပေမယ့် သူတို့မှာက ဘဏ္ဍာရေးအခက်အခဲ ရှိလာနိုင်ပါတယ်။ ဒါကြောင့် EFL ပြိုင်ပွဲတွေ မကစားနိုင်ရင် တန်းတက် တန်းဆင်းစနစ်ကို ဘယ်လို လုပ်မလဲဆိုတဲ့ အဖြေအတွက် ပရီးမီးယားလိဂ်ကော EFL ကလပ် ၇၂ သင်းပါ ဆုံးဖြတ်ချက်တစ်ခု လုပ်ရမှာဖြစ်ပါတယ်။

ကလပ်တွေက ကိုရိုနာ ကပ်ဘေးမှာ ဘောလုံး ဘယ်လို ကစားရမလဲဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပက်သက်လို့ ရှင်းလင်းတဲ့ ဦးတည်ချက်တွေကို သိလိုတယ်။ ချန်ပီယံရှစ် ဦးဆောင်သူတွေဖြစ်တဲ့ လိဒ်နဲ့ ဝက်ဘရွန်းက ဘောလုံးရာသီ ဆက်မကစားနိုင်လို့ တန်းတက်ခွင့်မရရင် တရားစွဲမှုတွေကို လုပ်ဆောင်မှာဖြစ်တယ်။

နယ်သာလန်နဲ့ ဘယ်ဂျီယံလိဂ်တွေ လုပ်သလို ထိပ်ဆုံးလိဂ်က တစ်သင်းကိုမှ တန်းမဆင်းစေပဲ အောက်တန်းလိဂ်က ၂ သင်းကို တန်းတက်စေဖို့ စနစ်က အင်္ဂလန်မှာတော့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို ၂၂ ထား ကစားရမယ်ဆိုရင် ဘောလုံးရာသီ နောက်ကျမှ ပြန်စတင်နိုင်မယ့် အခြေအနေမှာ အသင်း ၂၂ သင်းအတွက် ပွဲစဉ်ဇယား ရေးဆွဲပေးဖို့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလို့ သိရတယ်။

ဒါကြောင့် လာမယ့်အပတ်မှာတော့ အာဏာပိုင်တွေရဲ့ ခွင့်ပြုမိန့်ဖြင့် ပရီးမီးယားလိဂ်ကို ပြန်စတင်ဖို့ကိစ္စအပြင် တန်းတက် တန်းဆင်းစနစ်ကို ဘယ်လို လုပ်ပေးမလဲကို ရှင်းလင်းတဲ့ အဖြေရဖို့ ဆွေးနွေးပေးရမှာ ဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ကို လာမယ့္ သီတင္းပတ္ေတြအတြင္း ျပန္လည္စတင္ဖို႔ ဦးတည္လာခဲ့ခ်ိန္မွာ ေဘာလံုးရာသီ အျပီးမသတ္ခဲ့ရင္ ဆိုတဲ့ အေနအထားအတြက္ တန္းတက္ တန္းဆင္း စတစ္ကို ရွင္းလင္းတဲ့ အေျဖ ထုတ္ေပးဖို႔ ကလပ္ေတြက ေတာင္းဆို ညိႏိႈင္းမႈ စတင္ေတာ့မွာျဖစ္ေၾကာင္း တယ္လီဂရပ္က ေဖာ္ျပသြားပါတယ္။

ပရီးမီးယားလိဂ္က “Project Restart” လို႔ အမည္ေပးထားတဲ့ လက္က်န္ ၉၂ ပြဲကို ပရိသတ္မပါပဲ ကြင္းပိတ္ကစားၾကမွာျဖစ္တယ္။ အဂၤလန္ျပည္တြင္းမွာ ေဘာလံုးပြဲေတြကို ပထမဆံုး ျပန္စတင္မွာက ပရီးမီးယားလိဂ္ျဖစ္ျပီး အျခားေသာ EFL ျပိဳင္ပြဲေတြကေတာ့ ေနာက္က်ျပီးမွ ျပန္စႏုိင္မွာျဖစ္တယ္။ ဒါကလည္း ဘ႑ာေရးဆိုင္ရာ စိန္ေခၚမႈအရ ပိုမို လုပ္ႏုိင္ကိုင္ႏုိင္တဲ့ ပရီးမီးယားလိဂ္က အရင္ျပန္စဖို႔ လုပ္ႏိုင္ျခင္း ျဖစ္ပါတယ္။

EFL ျပိဳင္ပြဲေတြျဖစ္တဲ့ ခ်န္ပီယံရွစ္၊ လိဂ္ဝမ္း၊ လိဂ္တူးေတြကေတာ့ ပရီးမီးယာလိဂ္ရဲ႔ အေျခအေနကို လိုက္ျပီး ကြင္းပိတ္ကစားတဲ့ အေနအထားကို လုိက္လံ က်င့္သံုးႏုိင္ေပမယ့္ သူတို႔မွာက ဘ႑ာေရးအခက္အခဲ ရွိလာႏုိင္ပါတယ္။ ဒါေၾကာင့္ EFL ျပိဳင္ပြဲေတြ မကစားႏုိင္ရင္ တန္းတက္ တန္းဆင္းစနစ္ကို ဘယ္လို လုပ္မလဲဆိုတဲ့ အေျဖအတြက္ ပရီးမီးယားလိဂ္ေကာ EFL ကလပ္ ၇၂ သင္းပါ ဆံုးျဖတ္ခ်က္တစ္ခု လုပ္ရမွာျဖစ္ပါတယ္။

ကလပ္ေတြက ကိုရိုနာ ကပ္ေဘးမွာ ေဘာလံုး ဘယ္လို ကစားရမလဲဆိုတဲ့ ဆံုးျဖတ္ခ်က္နဲ႔ ပက္သက္လို႔ ရွင္းလင္းတဲ့ ဦးတည္ခ်က္ေတြကို သိလိုတယ္။ ခ်န္ပီယံရွစ္ ဦးေဆာင္သူေတြျဖစ္တဲ့ လိဒ္နဲ႔ ဝက္ဘရြန္းက ေဘာလံုးရာသီ ဆက္မကစားႏုိင္လို႔ တန္းတက္ခြင့္မရရင္ တရားစြဲမႈေတြကို လုပ္ေဆာင္မွာျဖစ္တယ္။

နယ္သာလန္နဲ႔ ဘယ္ဂ်ီယံလိဂ္ေတြ လုပ္သလို ထိပ္ဆံုးလိဂ္က တစ္သင္းကိုမွ တန္းမဆင္းေစပဲ ေအာက္တန္းလိဂ္က ၂ သင္းကို တန္းတက္ေစဖို႔ စနစ္က အဂၤလန္မွာေတာ့ အလုပ္ျဖစ္မွာ မဟုတ္ပါဘူး။ လာမယ့္ရာသီ ပရီးမီးယားလိဂ္ကို ၂၂ ထား ကစားရမယ္ဆိုရင္ ေဘာလံုးရာသီ ေနာက္က်မွ ျပန္စတင္ႏုိင္မယ့္ အေျခအေနမွာ အသင္း ၂၂ သင္းအတြက္ ပြဲစဥ္ဇယား ေရးဆြဲေပးဖို႔ ဘယ္လိုမွ အဆင္မေျပႏုိင္ဘူးလို႔ သိရတယ္။

ဒါေၾကာင့္ လာမယ့္အပတ္မွာေတာ့ အာဏာပိုင္ေတြရဲ႕ ခြင့္ျပဳမိန္႔ျဖင့္ ပရီးမီးယားလိဂ္ကို ျပန္စတင္ဖို႔ကိစၥအျပင္ တန္းတက္ တန္းဆင္းစနစ္ကို ဘယ္လို လုပ္ေပးမလဲကို ရွင္းလင္းတဲ့ အေျဖရဖို႔ ေဆြးေႏြးေပးရမွာ ျဖစ္ပါတယ္။