ဂျော်ဒန် ဟန်ဒါဆန်ရဲ့ တောက်ပမှုကို ပြိုင်ဘက်ကြီး ပေါလ်စခိုးနဲ့ နှိုင်းယှဉ် သုံးသပ်တဲ့ စတီဗင်ဂျရတ်

UNICODE – လီဗာပူးအသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်က သူ့ရဲ့ ဆက်ခံသူဖြစ်တဲ့ ဂျော်ဒန်ဟန်ဒါဆန်ကို ပြိုင်ဘက်ဟောင်းဖြစ်တဲ့ ယူနိုက်တက်က ပေါလ်စခိုးလိုပဲ ပွဲကို ထိန်းချုပ်နိုင်သူလို့ သုံးသပ် ပြောဆိုသွားပါတယ်။

မန်နေဂျာယာဂင်ကလော့ပ် လက်အောက်မှာ ခြေစွမ်း တိုးတက်လာခဲ့တဲ့ ဟန်ဒါဆန်ဟာ ဂျာမာန်သားကြီးရဲ့ လူစာရင်းမှာ ပထမဆုံး နာမည်ချရေးခံရသူလို့ နာမည်ကြီးပါတယ်။ ဟန်ဒါဆန်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ နှစ်ကြိမ် တက်ရောက်နိုင်ခြင်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းမှာ လီဗာပူးကို နှစ်နှစ်ဆက်တိုက် တက်ရောက်စေဖို့ရာမှာ အဓိကကျတဲ့ ကစားသမားလည်းဖြစ်တယ်။

ဒီရာသီမှာလည်း သူဟာ ကာလရှည် ဝေးကွာနေတဲ့ လီဗာပူးအသင်း အမှတ်ပေးဖလား တစ်ကြိမ် ပြန်အနိုင်ရဖို့ ကြိုးစားပေးရာမှာ အဓိကကျသူ တစ်ဦးဖြစ်တယ်။ ဒါ့အပြင် ကိုရိုနာ ကပ်ဘေးမှာ လူသားဆန်မှုနဲ့ ဦးဆောင်နိုင်စွမ်းရှိသူအဖြစ် လုပ်ဆောင်ပြခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းခေါင်းဆောင်အဖြစ်ကော ဒီနှစ်ရဲ့ အကောင်းဆုံး ပရီးမီးယားလိဂ် ကစားသမားအဖြစ်ပါ ချီးကျူးခြင်းတွေကို ရရှိထားပါတယ်။

ဂျရတ်က ပြောရာမှာ ” ကွင်းတွင်း ကွင်းပြင်မှာ ဟန်ဒါဆန်ရဲ့ ကိုင်တွယ် လုပ်ဆောင်ပုံနဲ့ ပက်သက်ပြီး ကျနော်ကတော့ အံ့အားသင့်မိခြင်း မရှိပါဘူး။ အင်္ဂလန်မှာကော လီဗာပူးမှာပါ သူနဲ့အတူ နှစ်တွေအကြာကြီး တွဲကစားခဲ့ဖူးပါတယ်။

အရမ်းကြံ့ခိုင်တယ်၊ ကွင်းထဲမှာ ပါဝင်ကစားတဲ့အခါ ကိုယ်ကျိုးမငဲ့တဲ့ အားကစားစိတ်ဓါတ်ရှိတယ်။ သူကိုယ်တိုင်ထက် အခြားသူတွေအတွက် တွေးပြီး လုပ်ဆောင်းပေးသူဖြစ်ပြီး သူနဲ့ တွဲကစားဖူးသူတိုင်းက အသင်းအတွက် ဟန်ဒါဆန် လုပ်ဆောင်ပေးတာကို အသိအမှတ် ပြုကြပါတယ်။

ကုန်ခဲ့တဲ့ နှစ်တွေမှာ သူဟာ ကစားပွဲတွေမှာ ပိုမို တိုးတက်လာတယ်။ သူရဲ့ ဘောလုံးပေးမှုတွေက ထူးချွန်တယ်။ ပေါလ်စခိုးလိုပဲ ပွဲကို ထိန်းချုပ်မှုနဲ့အတူ ပြေးလွှားကစားနေတယ်။ သူက စံနမူနာ ဦးဆောင်သူဖြစ်ပြီး အသင်းအတွက် အမြဲတမ်း ရှိပေးနေသူဖြစ်တယ်။

ဟန်ဒါဆန်ရဲ့ စိတ်ဝင်စားဖွယ် ရင့်ကျက် အရွယ်ရောက်လာမှုကို ကျနော် ကြည့်လာခဲ့ရတယ်။ သူက အမြဲတမ်း ကောင်းမွန်တဲ့ ကောင်လေး၊ ကောင်းမွန်တဲ့ အသင်းဖော်နဲ့ လူသားဆန်သူတစ်ဦး ဖြစ်ပါတယ်။ အခြားသော သူတွေကလည်း ကွင်းတွင်း ကွင်းပြင်တွေမှာ ဟန်ဒါဆန်ရဲ့ အရေးပါမှုကို စတင်ပြီး သိလာကြတာအတွက် အံ့အားသင့်မိခြင်း မရှိပါဘူး။

လူသားတစ်ယောက် အနေနဲ့ကော ကစားသမားတစ်ယောက် အနေနဲ့ပါ သူ့ကို ဂုဏ်ပြု ချီးကျူးနေကြခြင်းကလည်း ထိုက်တန်ပါတယ်။ ဒါတွေက အစစ်အမှန် ချီးကျူးသင့်တဲ့ ကိစ္စတွေပဲလေ။ ဟန်ဒါဆန်က ထူးချွန်တဲ့ ကစားသမားကောင်း တစ်ဦးဆိုတာကို ကျနော် အာမခံပါတယ်။ ကျနော်က သူနဲ့ ကိုယ်တိုင် တွဲကစားခဲ့သူပါ ” လို့ ဖြစ်ပါတယ်။

ZAWGYI – လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း စတီဗင္ဂ်ရတ္က သူ႔ရဲ႕ ဆက္ခံသူျဖစ္တဲ့ ေဂ်ာ္ဒန္ဟန္ဒါဆန္ကို ျပိဳင္ဘက္ေဟာင္းျဖစ္တဲ့ ယူႏုိက္တက္က ေပါလ္စခိုးလိုပဲ ပြဲကို ထိန္းခ်ဳပ္ႏုိင္သူလို႔ သံုးသပ္ ေျပာဆိုသြားပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္ လက္ေအာက္မွာ ေျခစြမ္း တိုးတက္လာခဲ့တဲ့ ဟန္ဒါဆန္ဟာ ဂ်ာမာန္သားၾကီးရဲ႕ လူစာရင္းမွာ ပထမဆံုး နာမည္ခ်ေရးခံရသူလို႔ နာမည္ၾကီးပါတယ္။ ဟန္ဒါဆန္ဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ႏွစ္ၾကိမ္ တက္ေရာက္ႏုိင္ျခင္းနဲ႔ ပရီးမီးယားလိဂ္ ခ်န္ပီယံေျပးလမ္းမွာ လီဗာပူးကို ႏွစ္ႏွစ္ဆက္တိုက္ တက္ေရာက္ေစဖို႔ရာမွာ အဓိကက်တဲ့ ကစားသမားလည္းျဖစ္တယ္။

ဒီရာသီမွာလည္း သူဟာ ကာလရွည္ ေဝးကြာေနတဲ့ လီဗာပူးအသင္း အမွတ္ေပးဖလား တစ္ၾကိမ္ ျပန္အႏုိင္ရဖို႔ ၾကိဳးစားေပးရာမွာ အဓိကက်သူ တစ္ဦးျဖစ္တယ္။ ဒါ့အျပင္ ကိုရိုနာ ကပ္ေဘးမွာ လူသားဆန္မႈနဲ႔ ဦးေဆာင္ႏုိင္စြမ္းရွိသူအျဖစ္ လုပ္ေဆာင္ျပခဲ့ျခင္းေၾကာင့္ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး အသင္းေခါင္းေဆာင္အျဖစ္ေကာ ဒီႏွစ္ရဲ႕ အေကာင္းဆံုး ပရီးမီးယားလိဂ္ ကစားသမားအျဖစ္ပါ ခ်ီးက်ဴးျခင္းေတြကို ရရွိထားပါတယ္။

ဂ်ရတ္က ေျပာရာမွာ ” ကြင္းတြင္း ကြင္းျပင္မွာ ဟန္ဒါဆန္ရဲ႕ ကိုင္တြယ္ လုပ္ေဆာင္ပံုနဲ႔ ပက္သက္ျပီး က်ေနာ္ကေတာ့ အံ့အားသင့္မိျခင္း မရွိပါဘူး။ အဂၤလန္မွာေကာ လီဗာပူးမွာပါ သူနဲ႔အတူ ႏွစ္ေတြအၾကာၾကီး တြဲကစားခဲ့ဖူးပါတယ္။

အရမ္းၾကံ႔ခိုင္တယ္၊ ကြင္းထဲမွာ ပါဝင္ကစားတဲ့အခါ ကိုယ္က်ိဳးမငဲ့တဲ့ အားကစားစိတ္ဓါတ္ရွိတယ္။ သူကိုယ္တိုင္ထက္ အျခားသူေတြအတြက္ ေတြးျပီး လုပ္ေဆာင္းေပးသူျဖစ္ျပီး သူနဲ႔ တြဲကစားဖူးသူတိုင္းက အသင္းအတြက္ ဟန္ဒါဆန္ လုပ္ေဆာင္ေပးတာကို အသိအမွတ္ ျပဳၾကပါတယ္။

ကုန္ခဲ့တဲ့ ႏွစ္ေတြမွာ သူဟာ ကစားပြဲေတြမွာ ပိုမို တိုးတက္လာတယ္။ သူရဲ႕ ေဘာလံုးေပးမႈေတြက ထူးခၽြန္တယ္။ ေပါလ္စခိုးလိုပဲ ပြဲကို ထိန္းခ်ဳပ္မႈနဲ႔အတူ ေျပးလႊားကစားေနတယ္။ သူက စံနမူနာ ဦးေဆာင္သူျဖစ္ျပီး အသင္းအတြက္ အျမဲတမ္း ရွိေပးေနသူျဖစ္တယ္။

ဟန္ဒါဆန္ရဲ႕ စိတ္ဝင္စားဖြယ္ ရင့္က်က္ အရြယ္ေရာက္လာမႈကို က်ေနာ္ ၾကည့္လာခဲ့ရတယ္။ သူက အျမဲတမ္း ေကာင္းမြန္တဲ့ ေကာင္ေလး၊ ေကာင္းမြန္တဲ့ အသင္းေဖာ္နဲ႔ လူသားဆန္သူတစ္ဦး ျဖစ္ပါတယ္။ အျခားေသာ သူေတြကလည္း ကြင္းတြင္း ကြင္းျပင္ေတြမွာ ဟန္ဒါဆန္ရဲ႕ အေရးပါမႈကို စတင္ျပီး သိလာၾကတာအတြက္ အံ့အားသင့္မိျခင္း မရွိပါဘူး။

လူသားတစ္ေယာက္ အေနနဲ႔ေကာ ကစားသမားတစ္ေယာက္ အေနနဲ႔ပါ သူ႔ကို ဂုဏ္ျပဳ ခ်ီးက်ဴးေနၾကျခင္းကလည္း ထိုက္တန္ပါတယ္။ ဒါေတြက အစစ္အမွန္ ခ်ီးက်ဴးသင့္တဲ့ ကိစၥေတြပဲေလ။ ဟန္ဒါဆန္က ထူးခၽြန္တဲ့ ကစားသမားေကာင္း တစ္ဦးဆိုတာကို က်ေနာ္ အာမခံပါတယ္။ က်ေနာ္က သူနဲ႔ ကိုယ္တိုင္ တြဲကစားခဲ့သူပါ ” လို႔ ျဖစ္ပါတယ္။