လီဗာပူးအသင်း ဆုလားတွေ ဆက်လက် စိန်ခေါ်နိုင်ဖို့ မန်စီးတီး လမ်းစဉ်လိုက်ရန် သတိပေးမှု

UNICODE – လီဗာပူးအသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းကြီး ဖီးသွမ်ပဆန်က နွေအပြောင်းအရွှေ့မှာ ဝါနာကို ခေါ်ယူခြင်းနဲ့အတူ ကလပ်ရဲ့ တိုက်စစ်အင်အားကို တိုးချဲ့ဖို့ သတိပေးစကား ပြောဆိုသွားပါတယ်။

သွမ်ပဆန်က ပြည်တွင်းမှာ အဓိက ပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးအသင်းဟာ နေရာတိုင်းမှာ ထိပ်တန်းကစားသမားတွေ ရှိနေတဲ့ အနေအထားကို ထောက်ပြခဲ့တယ်။ လီဗာပူးကလည်း တူညီတဲ့ ချဉ်းကပ်မှုအဖြစ် အသင်းလူစာရင်းမှာ ဝါနာလို ထိပ်တန်း ကစားသမားကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ဖီးသွမ်ပဆန်က ” ဝါနာကို ခေါ်ယူမှုက လက်ရှိ တိုက်စစ် သုံးယောက်အတွက် စိန်ခေါ်မှု ဖြစ်လိမ့်မယ်လို့ ငါထင်တယ်။ တိုက်စစ် သုံးယောက်ရှိနေတာကို ဝါနာခေါ်ပြီး ဘာလုပ်မှာလဲဆိုပြီး ထင်ကြတာမျိုးတွေ ရှိပေမယ့် မန်နေဂျာတစ်ယောက်က ဒီထက် ပိုပြီး တွေးဖို့ လိုပါတယ်။ ဖြစ်လာနိုင်တဲ့ အခြေအနေတိုင်းအတွက် အစီအစဉ်တွေ ရှိထားရမယ်။

ဝါနာကို ခေါ်လိုက်တာကလည်း တိုက်စစ်သမားတွေကို စိတ်ပျက်စေမယ်လို့ မထင်ပါဘူး။ သူတို့ကို စိန်ခေါ်မှုတွေ ပေးလာမှာဖြစ်သလို ပိုကောင်းလာစေမယ်လို့ ငါထင်တယ်။ သွင်းဂိုးတွေကို ပိုပြီး လိုတယ်လို့ ငါထင်ပါတယ်။ တိုက်စစ် သုံးယောက်တန်းကနေ သွင်းဂိုးတွေ ရပေမယ့် အထောင်တိုက်စစ်သမား စစ်စစ် ငါတို့အသင်းမှာ မရှိပါဘူး။ ဝါနာက လီဗာပူးအသင်းကို အဲ့အပိုင်းမှာ ဖြည့်တင်းပေးနိုင်ပါတယ်။

မန်စီးတီးအသင်းကို ကြည့်မယ်ဆိုရင် နေရာတိုင်းအတွက် ထိပ်တန်းကစားသမားတွေ ရှိထားတာကို မြင်ရမယ်။ လီဗာပူးကလည်း အဲ့လို ရှိနေဖို့ လိုပါတယ်။ ဝါနာက ငါတို့အတွက် ထိပ်တန်း အင်အားဖြည့်မှု ဖြစ်လာစေမှာပါ။ ယာဂင်ကလော့ပ်က တိုက်စစ်ပိုင်း ဧရိယာမှာ အသစ်တွေ လိုနေမယ်လို့ ငါထင်တယ်။

ဒီအခြေအနေမှာ ဝါနာကို လိုအပ်တယ်လို့ ငါကတော့ တကယ်ကို ယူဆထားပါတယ်။ သူက အရမ်းကောင်းတဲ့ လက်မှတ်ထိုးမှုနဲ့ ငါတို့ တကယ်ကို လိုအပ်နေတဲ့ အင်အားဖြည့်တင်းမှုလည်း ဖြစ်လာမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာဟာ ဇွန်လ ၁၅ ရက်နေ့မှာ စာချုပ်ကုန်မယ့် သူ့ရဲ့ ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းကို ပေးချေရင် လီဗာပူးအသင်းအတွက် လက်မှတ်ထိုးပေးဖို့ အဆင်သင့်ဖြစ်နေတယ်။ သို့ပေမယ့်လည်း လီဗာပူးအသင်းဟာ ဇန်နဝါရီတုန်းကလိုပဲ တီမိုဝါနာကို ကမ်းလှမ်းဖို့ လှုပ်ရှားမှုတွေ ပြသလာမယ့် အနေအထားတွေ မပြသေးတာဖြစ်ပါတယ်။

ZAWGYI – လီဗာပူးအသင္းရဲ႕ အသင္းေခါင္းေဆာင္ေဟာင္းၾကီး ဖီးသြမ္ပဆန္က ေႏြအေျပာင္းအေရႊ႔မွာ ဝါနာကို ေခၚယူျခင္းနဲ႔အတူ ကလပ္ရဲ႕ တိုက္စစ္အင္အားကို တိုးခ်ဲ႔ဖို႔ သတိေပးစကား ေျပာဆိုသြားပါတယ္။

သြမ္ပဆန္က ျပည္တြင္းမွာ အဓိက ျပိဳင္ဘက္ျဖစ္တဲ့ မန္စီးတီးအသင္းဟာ ေနရာတိုင္းမွာ ထိပ္တန္းကစားသမားေတြ ရွိေနတဲ့ အေနအထားကို ေထာက္ျပခဲ့တယ္။ လီဗာပူးကလည္း တူညီတဲ့ ခ်ဥ္းကပ္မႈအျဖစ္ အသင္းလူစာရင္းမွာ ဝါနာလို ထိပ္တန္း ကစားသမားကို ေခၚယူသင့္တယ္လို႔ တိုက္တြန္းခဲ့တာျဖစ္ပါတယ္။

ဖီးသြမ္ပဆန္က ” ဝါနာကို ေခၚယူမႈက လက္ရွိ တိုက္စစ္ သံုးေယာက္အတြက္ စိန္ေခၚမႈ ျဖစ္လိမ့္မယ္လို႔ ငါထင္တယ္။ တိုက္စစ္ သံုးေယာက္ရွိေနတာကို ဝါနာေခၚျပီး ဘာလုပ္မွာလဲဆိုျပီး ထင္ၾကတာမ်ိဳးေတြ ရွိေပမယ့္ မန္ေနဂ်ာတစ္ေယာက္က ဒီထက္ ပိုျပီး ေတြးဖို႔ လိုပါတယ္။ ျဖစ္လာႏုိင္တဲ့ အေျခအေနတိုင္းအတြက္ အစီအစဥ္ေတြ ရွိထားရမယ္။

ဝါနာကို ေခၚလိုက္တာကလည္း တိုက္စစ္သမားေတြကို စိတ္ပ်က္ေစမယ္လို႔ မထင္ပါဘူး။ သူတို႔ကို စိန္ေခၚမႈေတြ ေပးလာမွာျဖစ္သလို ပိုေကာင္းလာေစမယ္လို႔ ငါထင္တယ္။ သြင္းဂိုးေတြကို ပိုျပီး လိုတယ္လို႔ ငါထင္ပါတယ္။ တိုက္စစ္ သံုးေယာက္တန္းကေန သြင္းဂိုးေတြ ရေပမယ့္ အေထာင္တုိက္စစ္သမား စစ္စစ္ ငါတို႔အသင္းမွာ မရွိပါဘူး။ ဝါနာက လီဗာပူးအသင္းကို အဲ့အပိုင္းမွာ ျဖည့္တင္းေပးႏုိင္ပါတယ္။

မန္စီးတီးအသင္းကို ၾကည့္မယ္ဆိုရင္ ေနရာတိုင္းအတြက္ ထိပ္တန္းကစားသမားေတြ ရွိထားတာကို ျမင္ရမယ္။ လီဗာပူးကလည္း အဲ့လို ရွိေနဖို႔ လိုပါတယ္။ ဝါနာက ငါတို႔အတြက္ ထိပ္တန္း အင္အားျဖည့္မႈ ျဖစ္လာေစမွာပါ။ ယာဂင္ကေလာ့ပ္က တိုက္စစ္ပိုင္း ဧရိယာမွာ အသစ္ေတြ လိုေနမယ္လို႔ ငါထင္တယ္။

ဒီအေျခအေနမွာ ဝါနာကို လိုအပ္တယ္လို႔ ငါကေတာ့ တကယ္ကို ယူဆထားပါတယ္။ သူက အရမ္းေကာင္းတဲ့ လက္မွတ္ထိုးမႈနဲ႔ ငါတို႔ တကယ္ကို လိုအပ္ေနတဲ့ အင္အားျဖည့္တင္းမႈလည္း ျဖစ္လာမွာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လိုက္ဇစ္တိုက္စစ္မွဴး တီမိုဝါနာဟာ ဇြန္လ ၁၅ ရက္ေန႔မွာ စာခ်ဳပ္ကုန္မယ့္ သူ႔ရဲ႕ ေျပာင္းေရႊ႔ေၾကး ေပါင္ ၅၂ သန္းကို ေပးေခ်ရင္ လီဗာပူးအသင္းအတြက္ လက္မွတ္ထိုးေပးဖို႔ အဆင္သင့္ျဖစ္ေနတယ္။ သို႔ေပမယ့္လည္း လီဗာပူးအသင္းဟာ ဇန္နဝါရီတုန္းကလိုပဲ တီမိုဝါနာကို ကမ္းလွမ္းဖို႔ လႈပ္ရွားမႈေတြ ျပသလာမယ့္ အေနအထားေတြ မျပေသးတာျဖစ္ပါတယ္။