မေလ ပထမပတ်မှာ လေ့ကျင့်ရေး ပြန်ဆင်းဖို့ အသင့်ပြင်ထားတဲ့ ပရီးမီးယားလိဂ် ကလပ်နှစ်သင်း

UNICODE – လာမယ့် မေလ ပထမအပတ်မှာ ပရီးမီးယားလိဂ်ကလပ် နှစ်သင်းဟာ လေ့ကျင့်ရေး ပြန်ဆင်းမှုနဲ့အတူ မြက်ခင်းပြင်တွေပေါ် ပြန်ဝင်လာတော့မှာဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ဘရိုက်တန် အသင်းတွေဟာ ဇွန်လထဲမှာ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲတွေအတွက် အဆင်သင့် ဖြစ်နေဖို့ လေ့ကျင့်ရေးတွေ ပြန်စတင်မှာပါ။ ဘောလုံးပွဲတွေအတွက် အဆင်သင့်ဖြစ်ဖို့ရာ ကစားသမားတွေဟာ ပုံမှန် လေ့ကျင့်ရေးကို သုံးပတ်လောက်ထိ လုပ်ဆောင်ဖို့ လိုခြင်းကြောင့် ကလပ်တွေက လေ့ကျင့်ရေးတွေ ပြန်စဖို့ လုပ်ဆောင်လာခြင်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကို ပြန်စဖို့ ဗြိတိန်အာဏာပိုင်တွေနဲ့ ညိနှိုင်းနေပေမယ့် တရားဝင် ရက်ကိုတော့ သက်မှတ် အတည်ပြုလာခြင်း မရှိသေးပါဘူး။ လာမယ့် အပတ်မှာ ပရီးမီးယားလိဂ် ရှယ်ယာရှင်တွေက ဆွေးနွေးမှုတွေ လုပ်ဆောင်မှာ ဖြစ်ပေမယ့် လူသားတွေကို စိတ်ဓါတ်ပိုင်း တက်ကြွစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘောလုံးပွဲတွေအပြင် အခြားသော ပရော်ဖက်ရှင်နယ် အားကစားတွေကို ပြန်စတင်ခွင့်ပြုဖို့ ဗြိတိန်အာဏာပိုင်းတွေ စဉ်းစားလာတာဖြစ်တယ်။

ယူနိုက်တက် လက်ထောက်နည်းပြ ကီရန် မက်ကန်နာက မေလထဲမှာ လေ့ကျင့်ရေးတွေ ပြန်စတင်မယ်လို့ ဆိုထားပြီး တရားဝင် ကိစ္စတွေကတော့ ဒီအပတ် ဆွေးနွေးမှုပြီးမှ ကြေညာဖွယ်ရှိတယ်။ နောက်ဆုံးအကြိမ် လုပ်ဆောင်ထားတဲ့ ရှယ်ယာရှင်များ အစည်းအဝေးမှာ ပရီးမီးယားလိဂ်ကလပ်တွေက ထိခိုက်မှုကြီးမယ့် ဘောလုံးရာသီ ဖျက်သိမ်းမှုအစား ဘောလုံးရာသီကို ရှေ့ဆက်ဖို့ ဆန္ဒရှိကြောင်း အတည်ပြုခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကို ပယ်ဖျက်ဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့တဲ့ ဘရိုက်တန်အသင်းကလည်း လက်တွေ့ကျတဲ့ ကိစ္စတွေကို လက်ခံတဲ့ အနေနဲ့ ဘောလုံးပွဲတွေ ပြန်စတဲ့အခါ အဆင်သင့်ဖြစ်နေဖို့ မေလ ပထမအပတ်မှာတင် လေ့ကျင့်ရေး ပြန်စမယ်လို့ အတည်ပြုလာခြင်းဖြစ်တယ်။

ဘရိုက်တန်အသင်း အကြီးအကဲ ပေါလ်ဘာဘာက ” ဘယ်လို လုပ်ကြမလဲဆိုတာကို ဆက်ပြီးလည်း ပုံဖော်နေဆဲပါ။ နောက်အပတ် ပရီးမီးယားလိဂ် ဆွေးနွေးမှုမှာတော့ အာဏာပိုင်တွေထံက နောက်ဆုံးရ သတင်း အချက်အလက်တွေနဲ့အတူ ကျနေ်ာတို့တွေ့ ဆွေးနွေးမှု ထပ်လုပ်သွားပါမယ်။ အဲ့တာပြီးရင်တော့ ဘာဆက်လုပ်မလဆြိုတာကို ကျနေ်ာတို့ မြင်ကြရတော့မယ်လို့ ထင်ပါတယ်။

မန်နေဂျာ ဂရေဟမ် ပေါ်တာနဲ့ နည်းစနစ်ဒါရိုက်တို့က ကစားသမားတွေကို မေလ ပထမအပတ်မှာတင် လေ့ကျင့်ရေး အတူတကွ ဆင်းဖို့ ဗီဒီယိုကနေ မှာကြားထားပါတယ်။ ဇွန်လထဲမှာ ဘောလုံးပွဲတွေကို ပြန်စနိုင်ဖို့ အလားအလာရှိတယ်။ ဒါပေမယ့် ဘောလုံးပွဲတွေ ပြန်ကစားရမယ့်ရက်တွေကို သက်မှတ်မှုတွေ လုပ်ရဦးမှာဖြစ်သလို အဲ့အကြောင်းနဲ့ ပက်သက်ပြီး စကားပြောမှုတွေတော့ မလုပ်ရသေးပါဘူး။

အဖြေပေးလို့မရတဲ့ ကိစ္စတွေတော့ ရှိနေဆဲပါ။ lockdown ကာလကို ဖွင့်ပေးတော့မှာလား။ ကစားသမားတွေ လေ့ကျင့်ရေး ပြန်လုပ်ကြမယ်ဆိုရင် အဖွဲ့ငယ်တွေနဲ့ လုပ်ရမှာလား။ အပြည့်အဝ လုပ်ကြရမှာလား။ ဘောလုံးအသင်းတွေ အဖြေမပေးနိုင်တဲ့ ကိစ္စတေါတော့ အများကြီး ရှိနေဆဲပါ ” လို့ ဆိုသွားတာဖြစ်ပါတယ်။

ZAWGYI – လာမယ့္ ေမလ ပထမအပတ္မွာ ပရီးမီးယားလိဂ္ကလပ္ ႏွစ္သင္းဟာ ေလ့က်င့္ေရး ျပန္ဆင္းမႈနဲ႔အတူ ျမက္ခင္းျပင္ေတြေပၚ ျပန္ဝင္လာေတာ့မွာျဖစ္ပါတယ္။

ယူႏုိက္တက္နဲ႔ ဘရိုက္တန္ အသင္းေတြဟာ ဇြန္လထဲမွာ ယွဥ္ျပိဳင္ရမယ့္ ပရီးမီးယားလိဂ္ပြဲေတြအတြက္ အဆင္သင့္ ျဖစ္ေနဖို႔ ေလ့က်င့္ေရးေတြ ျပန္စတင္မွာပါ။ ေဘာလံုးပြဲေတြအတြက္ အဆင္သင့္ျဖစ္ဖို႔ရာ ကစားသမားေတြဟာ ပံုမွန္ ေလ့က်င့္ေရးကို သံုုးပတ္ေလာက္ထိ လုပ္ေဆာင္ဖို႔ လိုျခင္းေၾကာင့္ ကလပ္ေတြက ေလ့က်င့္ေရးေတြ ျပန္စဖို႔ လုပ္ေဆာင္လာျခင္း ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကို ျပန္စဖို႔ ျဗိတိန္အာဏာပိုင္ေတြနဲ႔ ညိႏိႈင္းေနေပမယ့္ တရားဝင္ ရက္ကိုေတာ့ သက္မွတ္ အတည္ျပဳလာျခင္း မရွိေသးပါဘူး။ လာမယ့္ အပတ္မွာ ပရီးမီးယားလိဂ္ ရွယ္ယာရွင္ေတြက ေဆြးေႏြးမႈေတြ လုပ္ေဆာင္မွာ ျဖစ္ေပမယ့္ လူသားေတြကို စိတ္ဓါတ္ပိုင္း တက္ၾကြေစဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ေဘာလံုးပြဲေတြအျပင္ အျခားေသာ ပေရာ္ဖက္ရွင္နယ္ အားကစားေတြကို ျပန္စတင္ခြင့္ျပဳဖို႔ ျဗိတိန္အာဏာပိုင္းေတြ စဥ္းစားလာတာျဖစ္တယ္။

ယူႏုိက္တက္ လက္ေထာက္နည္းျပ ကီရန္ မက္ကန္နာက ေမလထဲမွာ ေလ့က်င့္ေရးေတြ ျပန္စတင္မယ္လို႔ ဆိုထားျပီး တရားဝင္ ကိစၥေတြကေတာ့ ဒီအပတ္ ေဆြးေႏြးမႈျပီးမွ ေၾကညာဖြယ္ရွိတယ္။ ေနာက္ဆံုးအၾကိမ္ လုပ္ေဆာင္ထားတဲ့ ရွယ္ယာရွင္မ်ား အစည္းအေဝးမွာ ပရီးမီးယားလိဂ္ကလပ္ေတြက ထိခုိက္မႈၾကီးမယ့္ ေဘာလံုးရာသီ ဖ်က္သိမ္းမႈအစား ေဘာလံုးရာသီကို ေရွ႔ဆက္ဖို႔ ဆႏၵရွိေၾကာင္း အတည္ျပဳခဲ့ပါတယ္။

ပရီးမီးယားလိဂ္ကို ပယ္ဖ်က္ဖို႔ အၾကိမ္ၾကိမ္ တိုက္တြန္းခဲ့တဲ့ ဘရိုက္တန္အသင္းကလည္း လက္ေတြ႔က်တဲ့ ကိစၥေတြကို လက္ခံတဲ့ အေနနဲ႔ ေဘာလံုးပြဲေတြ ျပန္စတဲ့အခါ အဆင္သင့္ျဖစ္ေနဖို႔ ေမလ ပထမအပတ္မွာတင္ ေလ့က်င့္ေရး ျပန္စမယ္လို႔ အတည္ျပဳလာျခင္းျဖစ္တယ္။

ဘရိုက္တန္အသင္း အၾကီးအကဲ ေပါလ္ဘာဘာက ” ဘယ္လို လုပ္ၾကမလဲဆိုတာကို ဆက္ျပီးလည္း ပံုေဖာ္ေနဆဲပါ။ ေနာက္အပတ္ ပရီးမီးယားလိဂ္ ေဆြးေႏြးမႈမွာေတာ့ အာဏာပိုင္ေတြထံက ေနာက္ဆံုးရ သတင္း အခ်က္အလက္ေတြနဲ႔အတူ က်ေန္ာတို႔ေတြ႔ ေဆြးေႏြးမႈ ထပ္လုပ္သြားပါမယ္။ အဲ့တာျပီးရင္ေတာ့ ဘာဆက္လုပ္မလျဆိုတာကို က်ေန္ာတို႔ ျမင္ၾကရေတာ့မယ္လို႔ ထင္ပါတယ္။

မန္ေနဂ်ာ ဂေရဟမ္ ေပၚတာနဲ႔ နည္းစနစ္ဒါရိုက္တို႔က ကစားသမားေတြကို ေမလ ပထမအပတ္မွာတင္ ေလ့က်င့္ေရး အတူတကြ ဆင္းဖို႔ ဗီဒီယိုကေန မွာၾကားထားပါတယ္။ ဇြန္လထဲမွာ ေဘာလံုးပြဲေတြကို ျပန္စႏုိင္ဖို႔ အလားအလာရွိတယ္။ ဒါေပမယ့္ ေဘာလံုးပြဲေတြ ျပန္ကစားရမယ့္ရက္ေတြကို သက္မွတ္မႈေတြ လုပ္ရဦးမွာျဖစ္သလို အဲ့အေၾကာင္းနဲ႔ ပက္သက္ျပီး စကားေျပာမႈေတြေတာ့ မလုပ္ရေသးပါဘူး။

အေျဖေပးလို႔မရတဲ့ ကိစၥေတြေတာ့ ရွိေနဆဲပါ။ lockdown ကာလကို ဖြင့္ေပးေတာ့မွာလား။ ကစားသမားေတြ ေလ့က်င့္ေရး ျပန္လုပ္ၾကမယ္ဆိုရင္ အဖြဲ႔ငယ္ေတြနဲ႔ လုပ္ရမွာလား။ အျပည့္အဝ လုပ္ၾကရမွာလား။ ေဘာလံုးအသင္းေတြ အေျဖမေပးႏုိင္တဲ့ ကိစၥေတါေတာ့ အမ်ားၾကီး ရွိေနဆဲပါ ” လို႔ ဆိုသြားတာျဖစ္ပါတယ္။