NEWS: သီတင်းပတ်တွေအတွင်း ဗြိတိန်အာဏာပိုင်ရဲ့ ခွင့်ပြုမှုနဲ့ ပရီးမီးယားလိဂ် ပြန်စတင်နိုင်မည်

UNICODE – ပရီးမီးယားလိဂ်အသင်းတွေဟာ ဘောလုံးရာသီကို ပြန်စဖို့ ပြင်ဆင်နေပြီး အာဏာပိုင်းထံက ခွင့်ပြုမှုနဲ့ အကူအညီ ရခဲ့ပြီဆိုရင် အတည်ပြုထားတဲ့ ကွင်းတွေမှာ ဘောလုံးပွဲတွေကို ပြန်ကစားမှာဖြစ်ကြောင်း The Times က ဖော်ပြခဲ့ပါတယ်။

ပြန်လည်စတင်မှာက ဘောလုံးပွဲတင် မဟုတ်ပဲ အာဏာပိုင်တွေက ခွင့်ပြုပေးတဲ့ အခြားသော ပရော်ဖက်ရှင်နယ် အားကစားတွေလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည် စတင်ခွင့်ပေးဖို့ကို လက်တွဲ လုပ်ဆောင်သွားမှာဖြစ်ကာ ဒါဟာ လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို တိုးတက်လာစေဖို့ ဗြိတိန်အာဏာပိုင်တွေက ရည်ရွယ်ခြင်းဖြစ်တယ်လို့ သိရတယ်။

အားကစားပွဲတွေဟာ အကန့်အသတ်ရှိထားတဲ့ ကွင်းတွေမှာပဲ ကစားရမှာဖြစ်ပြီး ထိန်သိမ်းကြပ်မှု၊ ဆေးအဖွဲ့ အထောက်အပံ့နဲ့ စစ်ဆေးမှုတွေကို ခံယူမှုတွေတော့ လိုအပ်မှာဖြစ်တယ်။ ပရီးမီးယားလိဂ်က ဒီအစီအစဉ်ကို “Project Restart” လို့ အမည်ပေးထားပြီး အရင်အပတ်က ရှယ်ယာရှင်များ အစည်းအဝေးမှာ ကစားရမယ့် ကွင်းတွေကို အကန့်အသတ် ထားမှုမှာ ပရိသတ်မပါပဲ ကွင်းပိတ်ကစားဖို့ ဆွေးနွေးခဲ့ကြတာဖြစ်တယ်။

အင်္ဂလန်ပြည်တွင်းမှာတော့ ဘောလုံးပွဲတွေကို ပထမဆုံး ပြန်စတင်မှာက ပရီးမီးယားလိဂ်ဖြစ်ပြီး အခြားသော EFL ပြိုင်ပွဲတွေကတော့ နောက်ကျပြီးမှ ပြန်စနိုင်မယ်လို့ သိရတယ်။ ဒါကလည်း ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုအရ ပိုမို လုပ်နိုင်ကိုင်နိုင်တဲ့ ပရီးမီးယားလိဂ်က အရင်ပြန်စဖို့ ပိုမို လုပ်ဆောင်နေခြင်းကြောင့်လည်း ဖြစ်တယ်။

အာဏာပိုင်တွေက ဘောလုံးပွဲတွေ ပြန်မစခင်မှာ ဗြိတိန်ပြည်တွင်း ကိုရိုနာကြောင့် ကူးစက်နှုန်း၊ သေဆုံးနှုန်းတွေ အပါအဝင် စမ်းသပ်မှု ၅ ခုကိုလည်း လုပ်ဆောင်သွားမှာဖြစ်တယ်။ ကန့်သတ်ထားတဲ့ စည်းမျဉ်းတွေကို အားကစားပြိုင်ပွဲတိုင်း လိုက်နာရမှာဖြစ်သလို ပုံမှန် စစ်ဆေးမှု ခံယူခြင်းတွေ လုပ်ဆောင်ရမှာဖြစ်တယ်။

ဗြိတိန်အစိုးရဟာ လက်ရှိ lockdown ကို ပြန်လည် သုံးသပ်မှုအား လာမယ့် မေလ ၇ ရက်နေ့မှာ လုပ်ဆောင်မှာဖြစ်တယ်။ အဆိုပါ သုံးသပ်မှုဟာ ဘောလုံးပွဲတွေ ပြန်စဖို့ ကိစ္စကိုပါ ဆုံးဖြတ်ပေးသွားဖို့ ရှိနေပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္အသင္းေတြဟာ ေဘာလံုးရာသီကို ျပန္စဖို႔ ျပင္ဆင္ေနျပီး အာဏာပိုင္းထံက ခြင့္ျပဳမႈနဲ႔ အကူအညီ ရခဲ့ျပီဆိုရင္ အတည္ျပဳထားတဲ့ ကြင္းေတြမွာ ေဘာလံုးပြဲေတြကို ျပန္ကစားမွာျဖစ္ေၾကာင္း The Times က ေဖာ္ျပခဲ့ပါတယ္။

ျပန္လည္စတင္မွာက ေဘာလံုးပြဲတင္ မဟုတ္ပဲ အာဏာပိုင္ေတြက ခြင့္ျပဳေပးတဲ့ အျခားေသာ ပေရာ္ဖက္ရွင္နယ္ အားကစားေတြလည္း ပါဝင္သြားမွာ ျဖစ္ပါတယ္။ ျပိဳင္ပြဲေတြကို ျဖစ္ႏုိင္သမွ် အျမန္ဆံုး ျပန္လည္ စတင္ခြင့္ေပးဖို႔ကို လက္တြဲ လုပ္ေဆာင္သြားမွာျဖစ္ကာ ဒါဟာ လူသားေတြရဲ႕ စိတ္ပိုင္းဆုိင္ရာကို တိုးတက္လာေစဖို႔ ျဗိတိန္အာဏာပိုင္ေတြက ရည္ရြယ္ျခင္းျဖစ္တယ္လို႔ သိရတယ္။

အားကစားပြဲေတြဟာ အကန္႔အသတ္ရွိထားတဲ့ ကြင္းေတြမွာပဲ ကစားရမွာျဖစ္ျပီး ထိန္သိမ္းၾကပ္မႈ၊ ေဆးအဖြဲ႔ အေထာက္အပံ့နဲ႔ စစ္ေဆးမႈေတြကို ခံယူမႈေတြေတာ့ လိုအပ္မွာျဖစ္တယ္။ ပရီးမီးယားလိဂ္က ဒီအစီအစဥ္ကို “Project Restart” လို႔ အမည္ေပးထားျပီး အရင္အပတ္က ရွယ္ယာရွင္မ်ား အစည္းအေဝးမွာ ကစားရမယ့္ ကြင္းေတြကို အကန္႔အသတ္ ထားမႈမွာ ပရိသတ္မပါပဲ ကြင္းပိတ္ကစားဖို႔ ေဆြးေႏြးခဲ့ၾကတာျဖစ္တယ္။

အဂၤလန္ျပည္တြင္းမွာေတာ့ ေဘာလံုးပြဲေတြကို ပထမဆံုး ျပန္စတင္မွာက ပရီးမီးယားလိဂ္ျဖစ္ျပီး အျခားေသာ EFL ျပိဳင္ပြဲေတြကေတာ့ ေနာက္က်ျပီးမွ ျပန္စႏုိင္မယ္လို႔ သိရတယ္။ ဒါကလည္း ဘ႑ာေရးဆိုင္ရာ စိန္ေခၚမႈအရ ပိုမို လုပ္ႏုိင္ကိုင္ႏုိင္တဲ့ ပရီးမီးယားလိဂ္က အရင္ျပန္စဖို႔ ပိုမို လုပ္ေဆာင္ေနျခင္းေၾကာင့္လည္း ျဖစ္တယ္။

အာဏာပိုင္ေတြက ေဘာလံုးပြဲေတြ ျပန္မစခင္မွာ ျဗိတိန္ျပည္တြင္း ကိုရိုနာေၾကာင့္ ကူးစက္ႏႈန္း၊ ေသဆံုးႏႈန္းေတြ အပါအဝင္ စမ္းသပ္မႈ ၅ ခုကိုလည္း လုပ္ေဆာင္သြားမွာျဖစ္တယ္။ ကန္႔သတ္ထားတဲ့ စည္းမ်ဥ္းေတြကို အားကစားျပိဳင္ပြဲတိုင္း လိုက္နာရမွာျဖစ္သလို ပံုမွန္ စစ္ေဆးမႈ ခံယူျခင္းေတြ လုပ္ေဆာင္ရမွာျဖစ္တယ္။

ျဗိတိန္အစိုးရဟာ လက္ရွိ lockdown ကို ျပန္လည္ သံုးသပ္မႈအား လာမယ့္ ေမလ ၇ ရက္ေန႔မွာ လုပ္ေဆာင္မွာျဖစ္တယ္။ အဆိုပါ သံုးသပ္မႈဟာ ေဘာလံုးပြဲေတြ ျပန္စဖို႔ ကိစၥကိုပါ ဆံုးျဖတ္ေပးသြားဖို႔ ရွိေနပါတယ္။