ဒေါ့မွန်ကနေ ထွက်ခွာတဲ့အခါ လန်ဒန်ကို ဆန်ချိုပြောင်းလာဖို့ စည်းရုံးရေးဆင်းနေတဲ့ ချယ်ဆီး

UNICODE – ချယ်ဆီး လူငယ်တောင်ပံသမား အိုဒွိုင်းက သူနဲ့ ဒေါ့မွန်တောင်ပံသမား ဆန်ချိုတို့ဟာ အရမ်းကို ရင်းနှီးကြတဲ့ သူငယ်ချင်းတွေဖြစ်ကြောင်းနဲ့ ဆန်ချိုကို ချယ်ဆီးထံ ပြောင်းလာစေလိုတယ်လို့ ဝန်ခံလိုက်ပါတယ်။

ဒေါ့မွန်ဘက်က ပေါင် သန်း ၁၀၀ ဈေးခေါ်ထားတဲ့ ဆန်ချိုကို နွေမှာ ခေါ်ယူဖို့ ယူနိုက်တက်နဲ့ ချယ်ဆီးတို့က အပြိုင် ဖြစ်နေပေမယ့် မည့်သည့် အသင်းကမှ အသာရနေခြင်း မရှိသေးပါဘူး။ သူ့အတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးက မြင့်မားလွန်းခြင်းကလည်း ကလပ်တွေကို စဉ်းစားစရာတွေ ပေးနေတာဖြစ်ပြီး ဆန်ချိုဟာ ချယ်ဆီးအသင်းကို အားပေးသူ ဖြစ်ပေမယ့် ဒါက လန်ဒန်ကို ပြောင်းလာဖို့တော့ အရေးသာစေမှာလည်း မဟုတ်ပါဘူး။

အင်္ဂလန် သက်တမ်းအလိုက်တွေမှာနဲ့ လူငယ်အဆင့်မှာ တွဲဘက်တွေအဖြစ်ကော ပြိုင်ဘက်အဖြစ်ပါ ရင်ဆိုင်ထားတဲ့ ဆန်ချိုဟာ ကစားသမားဟောင်းဖြစ်ပြီး သူနဲ့အတူ တွဲဘက်ကစားလိုတဲ့ စိတ်ရှိတယ်လို့ ချယ်ဆီးကြယ်ပွင့်က အင်စတာဂရမ်ကနေ ဆိုခဲ့တာဖြစ်တယ်။

အိုဒွိုင်းကပဲ ” ကျနော်နဲ့ ဆန်ချိုက အရမ်းကို ရင်းနှီးပါတယ်။ နေ့တိုင်းမှာလည်း စကားပြောဖြစ်တယ်။ အချင်းချင်းလည်း ဘယ်လိုတွေ တိုးတက်လုပ်ဆောင်နေလဲဆိုတာကို ဂရုစိုက်လေ့ရှိတယ်။ နှစ်ဦးလုံး ကောင်းကောင်းလုပ်နိုင်ဖို့ ဆန္ဒရှိပြီး ဒီရာသီမှာ သူက အရမ်းကို ကောင်းမွန်နေကာ ဘောလုံးရာသီကောင်းကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

ပိုကောင်းလာဖို့ ကျနေ်ာတို့ကြားမှာ တွန်းအားပေးမှုတွေ ရှိပါတယ်။ သူက ကစားသမားကောင်းပါ။ သူနဲ့ တွဲဘက် ကစားရတာကို ကျနော် နှစ်သက်ပါတယ်။ တွဲဘက်ကစားဖို့ရာ သူက ထူးချွန်တဲ့ ကစားသမား ဖြစ်ပါတယ်။ အင်္ဂလန်အတွက် သက်တမ်းအလိုက်တွေမှာ ကျနေ်ာတို့ကို ကောင်းကောင်း တွဲကစားမှုနဲ့ ကျော်ဖြတ်လာကြတာဖြစ်တယ်။

လူငယ် ဖလားပွဲတွေမှာ သူနဲ့ အကြိမ် အနည်းငယ် ရင်ဆိုင်ကစားဖူးတယ်။ အင်္ဂလန်အတွက်လည်း အတူကစားဖူးတယ်။ အချင်းချင်း လက်တွဲကစားရတာကို ကျနော်တို့ အမြဲ နှစ်သက်ပါတယ်။ အတူတွဲဘက် ကစားခဲ့မှုတွေအရ ကျနေ်ာတို့တွေ တစ်ယောက်အကြောင်း တစ်ယောက် သိကြပါတယ်။ အဲ့လို ကစားရတာကိုလည်း နှစ်သက်ကြတယ်။

ချယ်ဆီးကို သူ ပြောင်းလာမလားဆိုတာကို ကျနော် မသိပါဘူး။ သူ ပြောင်းလာမယ်ဆိုရင်တော့ ကျနော် နှစ်သက်မိမှာပါ။ ကျနေ်ာတို့က ဒီကာလတွေတစ်ယောက် ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိကြပြီး တွဲဘက်ကစားတိုင်းလည်း အရမ်းကောင်းခဲ့တယ်။ သူ ချယ်ဆီးကို ပြောင်းလာရင် ဒီမှာ ကျနေ်ာတို့ တွဲဘက်ကစားနိုင်ဦးမယ်လို့ ထင်ပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ZAWGYI – ခ်ယ္ဆီး လူငယ္ေတာင္ပံသမား အိုဒိြဳင္းက သူနဲ႔ ေဒါ့မြန္ေတာင္ပံသမား ဆန္ခ်ိဳတို႔ဟာ အရမ္းကို ရင္းႏွီးၾကတဲ့ သူငယ္ခ်င္းေတြျဖစ္ေၾကာင္းနဲ႔ ဆန္ခ်ိဳကို ခ်ယ္ဆီးထံ ေျပာင္းလာေစလိုတယ္လို႔ ဝန္ခံလိုက္ပါတယ္။

ေဒါ့မြန္ဘက္က ေပါင္ သန္း ၁၀၀ ေစ်းေခၚထားတဲ့ ဆန္ခ်ိဳကို ေႏြမွာ ေခၚယူဖို႔ ယူႏုိက္တက္နဲ႔ ခ်ယ္ဆီးတို႔က အျပိဳင္ ျဖစ္ေနေပမယ့္ မည့္သည့္ အသင္းကမွ အသာရေနျခင္း မရွိေသးပါဘူး။ သူ႔အတြက္ ေပးရမယ့္ ေျပာင္းေရႊ႔ေၾကးက ျမင့္မားလြန္းျခင္းကလည္း ကလပ္ေတြကို စဥ္းစားစရာေတြ ေပးေနတာျဖစ္ျပီး ဆန္ခ်ိဳဟာ ခ်ယ္ဆီးအသင္းကို အားေပးသူ ျဖစ္ေပမယ့္ ဒါက လန္ဒန္ကို ေျပာင္းလာဖို႔ေတာ့ အေရးသာေစမွာလည္း မဟုတ္ပါဘူး။

အဂၤလန္ သက္တမ္းအလုိက္ေတြမွာနဲ႔ လူငယ္အဆင့္မွာ တြဲဘက္ေတြအျဖစ္ေကာ ျပိဳင္ဘက္အျဖစ္ပါ ရင္ဆုိင္ထားတဲ့ ဆန္ခ်ိဳဟာ ကစားသမားေဟာင္းျဖစ္ျပီး သူနဲ႔အတူ တြဲဘက္ကစားလိုတဲ့ စိတ္ရွိတယ္လို႔ ခ်ယ္ဆီးၾကယ္ပြင့္က အင္စတာဂရမ္ကေန ဆိုခဲ့တာျဖစ္တယ္။

အိုဒိြဳင္းကပဲ ” က်ေနာ္နဲ႔ ဆန္ခ်ိဳက အရမ္းကို ရင္းႏွီးပါတယ္။ ေန႔တိုင္းမွာလည္း စကားေျပာျဖစ္တယ္။ အခ်င္းခ်င္းလည္း ဘယ္လိုေတြ တိုးတက္လုပ္ေဆာင္ေနလဲဆိုတာကို ဂရုစိုက္ေလ့ရွိတယ္။ ႏွစ္ဦးလံုး ေကာင္းေကာင္းလုပ္ႏုိင္ဖို႔ ဆႏၵရွိျပီး ဒီရာသီမွာ သူက အရမ္းကို ေကာင္းမြန္ေနကာ ေဘာလံုးရာသီေကာင္းကို ပိုင္ဆုိုင္ထားတာ ျဖစ္ပါတယ္။

ပိုေကာင္းလာဖို႔ က်ေန္ာတို႔ၾကားမွာ တြန္းအားေပးမႈေတြ ရွိပါတယ္။ သူက ကစားသမားေကာင္းပါ။ သူနဲ႔ တြဲဘက္ ကစားရတာကို က်ေနာ္ ႏွစ္သက္ပါတယ္။ တြဲဘက္ကစားဖို႔ရာ သူက ထူးခၽြန္တဲ့ ကစားသမား ျဖစ္ပါတယ္။ အဂၤလန္အတြက္ သက္တမ္းအလိုက္ေတြမွာ က်ေန္ာတို႔ကို ေကာင္းေကာင္း တြဲကစားမႈနဲ႔ ေက်ာ္ျဖတ္လာၾကတာျဖစ္တယ္။

လူငယ္ ဖလားပြဲေတြမွာ သူနဲ႔ အၾကိမ္ အနည္းငယ္ ရင္ဆိုင္ကစားဖူးတယ္။ အဂၤလန္အတြက္လည္း အတူကစားဖူးတယ္။ အခ်င္းခ်င္း လက္တြဲကစားရတာကို က်ေနာ္တို႔ အျမဲ ႏွစ္သက္ပါတယ္။ အတူတြဲဘက္ ကစားခဲ့မႈေတြအရ က်ေန္ာတို႔ေတြ တစ္ေယာက္အေၾကာင္း တစ္ေယာက္ သိၾကပါတယ္။ အဲ့လို ကစားရတာကိုလည္း ႏွစ္သက္ၾကတယ္။

ခ်ယ္ဆီးကို သူ ေျပာင္းလာမလားဆိုတာကို က်ေနာ္ မသိပါဘူး။ သူ ေျပာင္းလာမယ္ဆိုရင္ေတာ့ က်ေနာ္ ႏွစ္သက္မိမွာပါ။ က်ေန္ာတို႔က ဒီကာလေတြတစ္ေယာက္ ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြ ရွိၾကျပီး တြဲဘက္ကစားတိုင္းလည္း အရမ္းေကာင္းခဲ့တယ္။ သူ ခ်ယ္ဆီးကို ေျပာင္းလာရင္ ဒီမွာ က်ေန္ာတို႔ တြဲဘက္ကစားႏုိင္ဦးမယ္လို႔ ထင္ပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။