NEWS: ဘောလုံးရာသီ ပယ်ဖျက်ရင် ချန်ပီယံနဲ့ ဥရောပဝင်ခွင့် ဘယ်လိုလုပ်မလဲ အတည်ပြုတဲ့ UEFA

UNICODE – ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို အပြီးမသတ်နိုင်ပါကလည်း ပယ်ဖျက်မှု လုပ်မှာ မဟုတ်ပဲ ချန်ပီယံအသင်းတွေကို သက်မှတ်ပေးသွားမယ်လို့ ယူအီးအက်ဖ်အေက အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်လာရာမှာ လက်ရှိ ဘောလုံးရာသီကို ဆက်မကစားနိုင်ပဲ ဖြစ်လာခဲ့ရင် လက်ရှိ အမှတ်ပေးဇယား အဆင့် ရပ်တည်မှုအတိုင်းပဲ ဆုံးဖြတ်ပါမယ်။ ဒါကြောင့် သက်ဆိုင်ရာလိဂ်တွေမှာ ဦးဆောင်သူတွေဖြစ်တဲ့ လီဗာပူး၊ ဘာစီလိုနာ၊ ဂျူဗင်တပ်၊ ဘိုင်ယန်မြူနစ်၊ ပီအက်ဂျီ အစရှိတဲ့ အသင်းတွေက လိဂ်ချန်ပီယံတွေ ဖြစ်လာကြမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကတော့ လာမယ့်ရာသီ ဥရောပဝင်ခွင့်ကို မီနီ ပြိုင်ပွဲ အသေးစားအဖြစ် play-off တွေ ကစားစေလိုပေမယ့် ဒါက ဖြစ်လာနိုင်ဖို့ အတော်လေးကို ခက်ခဲခဲ့ပါပြီ။ ယူအီးအက်ဖ်အေက လိဂ်ပြိုင်ပွဲတိုင်း လက်ကျန် ပွဲတွေကို မကစားနိုင်ဘူးဆိုရင် တစ်ပွဲချင်း ရရှိတဲ့ ရမှတ်တွေကို အခြေခံပြီး ဥရောပဝင်ခွင့်တွေကို သက်မှတ်ပေးမယ့် နည်းလမ်းကိုပဲ ဆုံးဖြတ်ပေးဖွယ်ရှိတယ်။

အမှတ်ပေးဇယားကို ရမှတ် ၈၂ မှတ်ဖြင့် ဦးဆောင်နေကာ ဒုတိယနေရာမှ မန်စီးတီးကို ၂၅ မှတ်ထိ ဖြတ်ထားနိုင်တဲ့ လီဗာပူးဟာ ဒီရာသီရဲ့ ချန်ပီယံဖြစ်လာမယ်။ ဒါ့အပြင် ဥရောပဝင်ခွင့်ကိုတော့ တစ်ပွဲချင်း ရတဲ့ ရမှတ်တွေအရ လီဗာပူး၊ မန်စီးတီး၊ လက်စတာနဲ့ ချယ်ဆီးတို့က ချန်ပီယံလိဂ်ဝင်ခွင့်တွေ ရရှိသွားပါမယ်။

မန်စီးတီးက ဥရောပပွဲ ၂ ရာသီ ပယ်ဖျက်ခံထားရတာကြောင့် ယူနိုက်တက်က လာမယ့်ရာသီကို အစားထိုး ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသွားမှာဖြစ်ပေမယ့် အဆင့် ၇ နေရာမှာ ရှိနေတဲ့ ရှက်ဖီးဟာ မန်စီးတီးနည်းတူ တစ်ပွဲလျော့ ကစားထားတာဖြစ်ပြီး လက်ကျန်ပွဲကို အနိုင်ရမယ်ဆိုရင် ယူနိုက်တက်ရဲ့ အဆင့် ၅ နေရာကို ယူနိုင်မှာဖြစ်ကာ သီအိုရီအရ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ရယူသွားနိုင်ပါတယ်။

ယူရိုပါလိဂ်ကိုတော့ ဝုဗ်၊ ရှက်ဖီးတို့က ဝင်ခွင့်ရမှာဖြစ်ပြီး အဆိုပါ ပွဲအလိုက်ရမှတ် ရယူနိုင်စွမ်းမှာ အာဆင်နယ်က စပါးထက် တစ်ပွဲလျော့ ကစားထားပြီး ရမှတ်ယူနိုင်စွမ်းအရ အာဆင်နယ်က ယူရိုပါလိဂ် ဝင်ခွင့်ရဖွယ်ရှိတယ်။ ဘောလုံးလိဂ်တိုင်းဟာ လိဂ်ဖလားနဲ့ တန်းဆင်းဇုန်တွေလို ပြည်တွင်းလိဂ်တွေရဲ့ ကိစ္စတွေကို ကိုယ်တိုင် ဆုံးဖြတ်ခွင့်မျိုးကိုတော့ ယူအီးအက်ဖ်အေက ခွင့်ပေးသွားပါမယ်။

ZAWGYI – ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီကို အျပီးမသတ္ႏုိင္ပါကလည္း ပယ္ဖ်က္မႈ လုပ္မွာ မဟုတ္ပဲ ခ်န္ပီယံအသင္းေတြကို သက္မွတ္ေပးသြားမယ္လို႔ ယူအီးအက္ဖ္ေအက အတည္ျပဳလိုက္ျပီ ျဖစ္ပါတယ္။

ဥေရာပေဘာလံုးအဖြဲ႔ခ်ဳပ္က ဆံုးျဖတ္လာရာမွာ လက္ရွိ ေဘာလံုးရာသီကို ဆက္မကစားႏုိင္ပဲ ျဖစ္လာခဲ့ရင္ လက္ရွိ အမွတ္ေပးဇယား အဆင့္ ရပ္တည္မႈအတိုင္းပဲ ဆံုးျဖတ္ပါမယ္။ ဒါေၾကာင့္ သက္ဆုိင္ရာလိဂ္ေတြမွာ ဦးေဆာင္သူေတြျဖစ္တဲ့ လီဗာပူး၊ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္၊ ဘိုင္ယန္ျမဴနစ္၊ ပီအက္ဂ်ီ အစရွိတဲ့ အသင္းေတြက လိဂ္ခ်န္ပီယံေတြ ျဖစ္လာၾကမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကေတာ့ လာမယ့္ရာသီ ဥေရာပဝင္ခြင့္ကို မီနီ ျပိဳင္ပြဲ အေသးစားအျဖစ္ play-off ေတြ ကစားေစလိုေပမယ့္ ဒါက ျဖစ္လာႏုိင္ဖို႔ အေတာ္ေလးကို ခက္ခဲခဲ့ပါျပီ။ ယူအီးအက္ဖ္ေအက လိဂ္ျပိဳင္ပြဲတိုင္း လက္က်န္ ပြဲေတြကို မကစားႏုိင္ဘူးဆိုရင္ တစ္ပြဲခ်င္း ရရွိတဲ့ ရမွတ္ေတြကို အေျခခံျပီး ဥေရာပဝင္ခြင့္ေတြကို သက္မွတ္ေပးမယ့္ နည္းလမ္းကိုပဲ ဆံုးျဖတ္ေပးဖြယ္ရွိတယ္။

အမွတ္ေပးဇယားကို ရမွတ္ ၈၂ မွတ္ျဖင့္ ဦးေဆာင္ေနကာ ဒုတိယေနရာမွ မန္စီးတီးကို ၂၅ မွတ္ထိ ျဖတ္ထားႏုိင္တဲ့ လီဗာပူးဟာ ဒီရာသီရဲ႕ ခ်န္ပီယံျဖစ္လာမယ္။ ဒါ့အျပင္ ဥေရာပဝင္ခြင့္ကိုေတာ့ တစ္ပြဲခ်င္း ရတဲ့ ရမွတ္ေတြအရ လီဗာပူး၊ မန္စီးတီး၊ လက္စတာနဲ႔ ခ်ယ္ဆီးတို႔က ခ်န္ပီယံလိဂ္ဝင္ခြင့္ေတြ ရရွိသြားပါမယ္။

မန္စီးတီးက ဥေရာပပြဲ ၂ ရာသီ ပယ္ဖ်က္ခံထားရတာေၾကာင့္ ယူႏုိက္တက္က လာမယ့္ရာသီကို အစားထိုး ပါဝင္ယွဥ္ျပိဳင္ခြင့္ ရရွိသြားမွာျဖစ္ေပမယ့္ အဆင့္ ၇ ေနရာမွာ ရွိေနတဲ့ ရွက္ဖီးဟာ မန္စီးတီးနည္းတူ တစ္ပြဲေလ်ာ့ ကစားထားတာျဖစ္ျပီး လက္က်န္ပြဲကို အႏုိင္ရမယ္ဆိုရင္ ယူႏုိက္တက္ရဲ႕ အဆင့္ ၅ ေနရာကို ယူႏုိင္မွာျဖစ္ကာ သီအိုရီအရ ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုပါ ရယူသြားႏုိင္ပါတယ္။

ယူရိုပါလိဂ္ကိုေတာ့ ဝုဗ္၊ ရွက္ဖီးတို႔က ဝင္ခြင့္ရမွာျဖစ္ျပီး အဆိုပါ ပြဲအလုိက္ရမွတ္ ရယူႏုိင္စြမ္းမွာ အာဆင္နယ္က စပါးထက္ တစ္ပြဲေလ်ာ့ ကစားထားျပီး ရမွတ္ယူႏုိင္စြမ္းအရ အာဆင္နယ္က ယူရိုပါလိဂ္ ဝင္ခြင့္ရဖြယ္ရွိတယ္။ ေဘာလံုးလိဂ္တိုင္းဟာ လိဂ္ဖလားနဲ႔ တန္းဆင္းဇုန္ေတြလို ျပည္တြင္းလိဂ္ေတြရဲ႕ ကိစၥေတြကို ကိုယ္တိုင္ ဆံုးျဖတ္ခြင့္မ်ိဳးကိုေတာ့ ယူအီးအက္ဖ္ေအက ခြင့္ေပးသြားပါမယ္။