ချယ်ဆီးအသင်းက ကော်တင်ညိုကို ခေါ်ယူဖို့ိ ကြိုးစားနေခြင်းကို ဝေဖန်လိုက်တဲ့ ဂယ်ရီနဗီး

UNICODE – ပရီးမီးယားလိဂ်နဲ့ ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနဗီးက ချယ်ဆီးအသင်းရဲ့ ကော်တင်ညိုအတွက် ပေါင် ၇၅ သန်းဖြင့် ခေါ်ယူနိုင်ဖို့ ကြိုးစားနေမှုအပေါ် စကိုင်းစပေါ့ကနေ ဝေဖန်မှု လုပ်ဆောင်သွားပါတယ်။

ဒီကာလတွေမှာ ချယ်ဆီးအသင်းဟာ လုပ်ခ ၁၀% ကို ဖြတ်တောက်ဖို့ ကိစ္စနဲ့ ပက်သက်ပြီး အသင်းသားတွေဘက်က ကိုယ်စားလှယ်ဖြစ်တဲ့ ကွီတာနဲ့ ဆွေးနွေးနေတာပါ။ နဗီးက ကိုယ်အသင်းသားတွေရဲ့ လုပ်ခကိုတော့ ကိုရိုနာ ကပ်ဘေးမှာ ဘဏ္ဍာရေးထိခိုက်မှုကြောင့် အပြည့် မပေးနိုင်ပေမယ့် အခြားအသင်းက ကစားသမားကို ပေါင် ၇၅ သန်းလောက် သုံးဖို့တော့ ငွေကြေးရှိတာက မမှန်ကန်ဘူးလို့ ဆိုလာတာဖြစ်တယ်။

လာလီဂါကလပ် ဘာစီလိုနာဟာ နွေမှာ ကော်တင်ညိုကို ရောင်းထုတ်မှာဖြစ်ပြီး သူ့ကို ခေါ်ယူလိုက ခေါ်ယူနိုင်ကြောင့် ကလပ်တွေကို အကြောင်းကြားရာမှာ ချယ်ဆီးကို ဦးစားပေး အကြောင်းကြောင်းထားခြင်းကို စကိုင်းစပေါ့ကပဲ ဖော်ထုတ်ထားတာဖြစ်ပါတယ်။

နဗီးက ‘ မျဉ်းပြိုင် စကြဝဠာကြီး တစ်ခုလိုပါပဲ။ ချယ်ဆီးအသင်းခေါင်းဆောင် ကွီတာက အသင်းဘုတ်အဖွဲ့နဲ့ အသင်းသားတွေရဲ့ လုပ်ခ ၁၀-၁၅% ကို လျော့ချယူပေးဖို့အကြောင်း ကုန်ခဲ့တဲ့ ၃ ပတ်လုံး စကားပြောနေတယ်။ ချယ်ဆီးအသင်းသားတွေက သူတို့အသင်းက ကော်တင်ညိုကို ပေါင် ၇၅ သန်းနဲ့ ချိတ်ဆက်နေတယ်ဆိုတာကို သိရင် ဘာတွေလဲကွာဆိုပြီး ဖြစ်နေမှာပါပဲ။

ကျနော်သာ ချယ်ဆီးကစားသမားဆိုရင် လုပ်ခ ရွှေ့ဆိုင်းယူဖို့ကို သဘောတူညီပေးမိမှာပါပဲ။ ဒါပေမယ့် ကလပ်က ပေါင် ၇၅ သန်းတန် ကစားသမားတစ်ဦးကို ခေါ်ယူဖို့နဲ့ နွေအသုံးစရိတ်ကို တိုးမြင့်လိုက်ပြီဆိုတဲ့ သတင်းကို ကြားရမယ်ဆိုရင် လက်ရှိ ကစားသမားတွေရဲ့ လုပ်ခကို အရင်ပေးသင့်တယ်လို့ ယူဆမိမှာပါပဲ။

ကျနော်ကတော့ ကစားသမားတွေရဲ့ လုပ်ခကို အပြည့် မပေးလိုဘူးဆိုရင် ကစားသမား တစ်ဦးအတွက် ပေါင် ၇၅ သန်းလောက် သုံးတာက မဖြစ်သင့်ပါဘူး။ ဒါက ယုတ္တိဗေဒ သဘောအရလည်း အံမဝင်သလို အဓိပ္ပာယ်လည်း မရှိပါဘူး ’ လို့ ဝေဖန်သွားတာ ဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ်နဲ့ ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနဗီးက ချယ်ဆီးအသင်းရဲ့ ကော်တင်ညိုအတွက် ပေါင် ၇၅ သန်းဖြင့် ခေါ်ယူနိုင်ဖို့ ကြိုးစားနေမှုအပေါ် စကိုင်းစပေါ့ကနေ ဝေဖန်မှု လုပ်ဆောင်သွားပါတယ်။




