NEWS: ဘောလုံးပွဲတွေ ပြန်စရင် အခမဲ့ ရုပ်သံစနစ်ဖြင့် ထုတ်လွှင့်ဖို့ စဉ်စားပေးရမယ့် ပရီးမီးယားလိဂ်

UNICODE – ကိုရိုနာ ကပ်ဘေးကြောင့် ပရီးမီးယားလိဂ်ကို ပြန်စခဲ့ပြီး ကွင်းပိတ် ကစားရမယ်ဆိုရင် အခမဲ့ ရုပ်သံလွှင့်မှုတွေနဲ့ ကြည့်ခွင့်ပေးဖို့ လိဂ်တာဝန်ရှိသူတွေ စဉ်းစားနေကြောင်း ဗြိတိန် ဖွံ့ဖြိုးမှုဆိုင်ရာ အတွင်းရေးမှူးက ထုတ်ပြောကြောင်း တယ်လီဂရပ်က ဖော်ပြလာပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေဟာ မေလ ၉ ရက်နေ့မှာ လေ့ကျင့်ရေးတွေကို ပြန်လုပ်နိုင်ဖို့ ရည်ရွယ်ထားပြီး နောက်ထပ် သုံးပတ် အကြာမှာတော့ ဘောလုံးပွဲတွေကို ကွင်းပိတ် စနစ်နဲ့အတူ ပြန်ကစားနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ လက်တလောမှာတော့ သေချာတဲ့ ပွဲစဉ်ဇယားနဲ့ အကြောင်းရင်း အစီအစဉ်တွေကို ချပြလာနိုင်ခြင်း မရှိပဲ ဆွေးနွေးနေကြဆဲဖြစ်တယ်။

ဗြိတိန် နိုင်ငံရေးသမားဖြစ်သူ Oliver ခ ပရီးမီးယားလိဂ်ပွဲတွေ ပြန်စတဲ့အခါ ပွဲတိုက်ရိုက် ကြည့်ရဖို့ social-distancing စည်းမျဉ်းတွေကို ဖောက်ဖျက်ကြမှာကို စိုးရိမ်နေပါတယ်။ ဒီဂျစ်တယ်၊ ဖွံ့ဖြိုးမှု၊ မီဒီယာနဲ့ အားကစား ကော်မတီကိုလည်း ဒီကိစ္စနဲ့ ပက်သက်ပြီး Dowden က သတိပေးမှု လုပ်ထားပါတယ်။

Dowden က ဘောလုံးပွဲတွေ ပြန်စတဲ့အခါ ပွဲကြည့်ခွင့် ချန်နယ်တွေကို တရားဝင် အခပေးဖြင့် ရယူထားတဲ့ မိတ်ဆွေတွေရဲ့ နေအိမ်မှာ သွားရောက် စုကြည့်ရှုရမှာက မမှန်ကန်ဘူးလို့ ယူဆနေတာပါ။ ဒါကြောင့်ပဲ ကမ္ဘာအကြီးဆုံး ဘောလုံးပြိုင်ပွဲကို ချန်နယ်တွေကနေ အခမဲ့ ပြသဖို့ကို အကြံပေးထားတာဖြစ်တယ်။

ကမ္ဘာအကြီးဆုံး အားကစား ထုတ်လွှင့်မှု ရုပ်သံတွေဖြစ်တဲ့ Sky Sports နဲ့ BT Sport ကို Dowden က တိုက်ရိုက် တိုက်တွန်းမှုဖြစ်ပေမယ့် အဆိုပါ ရုပ်သံကုမ္ပဏီတွေက အခမဲ့ ထုတ်လွှင့်ဖို့ကို စဉ်းစားဖွယ် မရှိဘူးလို့လည်း သိရတယ်။ ဒီအကြောင်းနဲ့ ပက်သက်ပြီး ပရီးမီးယားလိဂ်ဘက်က တုန့်ပြန်မှု မပေးပေမယ့် ထည့်စဉ်းစားသွားမယ်လို့လည်း သိလာရတာဖြစ်တယ်။

ဗြိတိန်အာဏာပိုင်းတွေကတော့ အများပြည့်သူအတွက် မှားယွင်းတဲ့ လုပ်ဆောင်မှုတွေ ဖြစ်စေမယ့် ကိစ္စတွေနဲ့ social distancing စည်းမျဉ်းတွေကို မဖောက်ဖျက်မှပဲ ဘောလုံးပွဲတွေ ပြန်စဖို့ကို ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။

ZAWGYI – ကိုရိုနာ ကပ္ေဘးေၾကာင့္ ပရီးမီးယားလိဂ္ကို ျပန္စခဲ့ျပီး ကြင္းပိတ္ ကစားရမယ္ဆိုရင္ အခမဲ့ ရုပ္သံလႊင့္မႈေတြနဲ႔ ၾကည့္ခြင့္ေပးဖို႔ လိဂ္တာဝန္ရွိသူေတြ စဥ္းစားေနေၾကာင္း ျဗိတိန္ ဖြံ႔ျဖိဳးမႈဆိုင္ရာ အတြင္းေရးမွဴးက ထုတ္ေျပာေၾကာင္း တယ္လီဂရပ္က ေဖာ္ျပလာပါတယ္။

ပရီးမီးယားလိဂ္ ကလပ္ေတြဟာ ေမလ ၉ ရက္ေန႔မွာ ေလ့က်င့္ေရးေတြကို ျပန္လုပ္ႏုိင္ဖို႔ ရည္ရြယ္ထားျပီး ေနာက္ထပ္ သံုးပတ္ အၾကာမွာေတာ့ ေဘာလံုးပြဲေတြကို ကြင္းပိတ္ စနစ္နဲ႔အတူ ျပန္ကစားႏုိင္ဖို႔ ပစ္မွတ္ထားေနပါတယ္။ လက္တေလာမွာေတာ့ ေသခ်ာတဲ့ ပြဲစဥ္ဇယားနဲ႔ အေၾကာင္းရင္း အစီအစဥ္ေတြကို ခ်ျပလာႏုိင္ျခင္း မရွိပဲ ေဆြးေႏြးေနၾကဆဲျဖစ္တယ္။

ျဗိတိန္ ႏုိင္ငံေရးသမားျဖစ္သူ Oliver ခ ပရီးမီးယားလိဂ္ပြဲေတြ ျပန္စတဲ့အခါ ပြဲတိုက္ရိုက္ ၾကည့္ရဖို႔ social-distancing စည္းမ်ဥ္းေတြကို ေဖာက္ဖ်က္ၾကမွာကို စိုးရိမ္ေနပါတယ္။ ဒီဂ်စ္တယ္၊ ဖြံ႔ၿဖိဳးမႈ၊ မီဒီယာနဲ႔ အားကစား ေကာ္မတီကိုလည္း ဒီကိစၥနဲ႔ ပက္သက္ျပီး Dowden က သတိေပးမႈ လုပ္ထားပါတယ္။

Dowden က ေဘာလံုးပြဲေတြ ျပန္စတဲ့အခါ ပြဲၾကည့္ခြင့္ ခ်န္နယ္ေတြကို တရားဝင္ အခေပးျဖင့္ ရယူထားတဲ့ မိတ္ေဆြေတြရဲ႕ ေနအိမ္မွာ သြားေရာက္ စုၾကည့္ရႈရမွာက မမွန္ကန္ဘူးလို႔ ယူဆေနတာပါ။ ဒါေၾကာင့္ပဲ ကမၻာအၾကီးဆံုး ေဘာလံုးျပိဳင္ပြဲကို ခ်န္နယ္ေတြကေန အခမဲ့ ျပသဖို႔ကို အၾကံေပးထားတာျဖစ္တယ္။

ကမၻာအၾကီးဆံုး အားကစား ထုတ္လႊင့္မႈ ရုပ္သံေတြျဖစ္တဲ့ Sky Sports နဲ႔ BT Sport ကို Dowden က တိုက္ရိုက္ တိုက္တြန္းမႈျဖစ္ေပမယ့္ အဆိုပါ ရုပ္သံကုမၸဏီေတြက အခမဲ့ ထုတ္လႊင့္ဖို႔ကို စဥ္းစားဖြယ္ မရွိဘူးလို႔လည္း သိရတယ္။ ဒီအေၾကာင္းနဲ႔ ပက္သက္ျပီး ပရီးမီးယားလိဂ္ဘက္က တုန္႔ျပန္မႈ မေပးေပမယ့္ ထည့္စဥ္းစားသြားမယ္လို႔လည္း သိလာရတာျဖစ္တယ္။

ျဗိတိန္အာဏာပိုင္းေတြကေတာ့ အမ်ားျပည့္သူအတြက္ မွားယြင္းတဲ့ လုပ္ေဆာင္မႈေတြ ျဖစ္ေစမယ့္ ကိစၥေတြနဲ႔ social distancing စည္းမ်ဥ္းေတြကို မေဖာက္ဖ်က္မွပဲ ေဘာလံုးပြဲေတြ ျပန္စဖို႔ကို ခြင့္ျပဳေပးသြားမွာ ျဖစ္ပါတယ္။