သုံးသပ်သူတွေ ပြောဆိုမှု နားမထောင်ကြောင်းနဲ့ နဗီးညီအကိုက လေသမားတွေလို့ ကလော့ပ် ပြော

UNICODE – မန်နေဂျာယာဂင်ကလော့ပ်က သူဟာ ဘောလုံးသုံးသပ်သူတွေရဲ့ ပရိသတ်ဖြစ်ပေမယ့်လည်း သူတို့ ပြောတာတွေကို အရမ်းကြီး နားမထောင်ပါဘူးလို့ စကိုင်းစပေါ့က ကာရေဂါ၊ ဒေဗ့်ဂျုံးတို့နဲ့ အင်တာဗျူးမှာ ထုတ်ပြောလာပါတယ်။

ကလော့ပ်ကတော့ ဒီလို နားမထောင်ခြင်းကပဲ သုံးသပ်သူတွေနဲ့ သူ့ကြားမှာ ဆက်ဆံရေးကောင်းတွေ မပျက်စေဖို့ အဓိက အကြောင်းရင်း ဖြစ်စေနိုင်တယ်လို့ ထင်တယ်။ နောက်ပြီး ပွဲတွေကို ကိုယ်တိုင် သုံးသပ်မှုနဲ့ လေ့လာမှု လုပ်ရာမှာ အခြားသူတွေရဲ့ အမြင်တွေ သူ့အတွေးထဲကို မရောက်လာဖို့ကလည်း မန်နေဂျာတစ်ယောက်အတွက် အရေးပါတဲ့ အချက်ဖြစ်ပါတယ်။

ကလေ့ာပ်က ” ဘောလုံးသုံးသပ်သူတွေ ဘာပြောသလဲဆိုတာကို အတော်များများတော့ နားမထောင်ပါဘူး။ ဆော်ရီးပါ ဂျင်မီ (ကာရေဂါ)။ ဒါကပဲ ငါတို့ကြားမှာ အချင်းချင်း ရင်းရင်းနှီးနှီး ဆက်နေနိုင်မယ့် အကြောင်းရင်းလို့ ထင်ပါတယ်။

ငါလည်း သုံးသပ်သူ လုပ်ရတာတွေ ရှိပါတယ်။ ဒါပေမယ့် မင်းတို့လိုတော့ ရုပ်သံမှာ အကြာကြီး ဝေဖန်တာမျိုးတော့ မဟုတ်ဘူးပေါ့။ မင်းတို့က ပွဲတွေ အများကြီးကို ကြည့်ရတယ်။ အများကြီး ရှင်းပြရတယ်။ ဒီအလုပ်က ရာနှုန်းပြည့် ခက်ခဲပါလိမ့်မယ်။ ကစားသမားဟောင်းတွေက အရမ်းကောင်းကောင်း လုပ်နိုင်ကြပါတယ်။ မင်းတို့ ဝေဖန်တာကိုတော့ ငါတို့လို မန်နေဂျာတွေက အချိန်ပြည့် နားမထောင် ပေးနိုင်ပါဘူး။ ငါတို့မှာကလည်း ကိုယ်ပိုင် ပြဿနာတွေနဲ့ပါ။

ဒီအခြေအနေမှာ မင်းတို့က ငါတို့ရဲ့ အနေအထားကို အကဲဖြတ်ကြတယ်။ ငါတို့ကလည်း လုပ်ခဲ့ပြီးတဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်လို့ မရပါဘူး။ ငါ အများကြီး နားထောင်တာတွေ မလုပ်နိုင်ဘူး။ ဘောလုံးပွဲတွေကိုလည်း နောက်ခံ ကြေညာသူတွေရဲ့ အသံမပါပဲ ပွဲတွေ အများကြီးကို ကြည့်ရတယ်။ အဲ့တာက မင်းတို့ ပြောတာတွေ ဆိုးတာကြောင့် မဟုတ်ပါဘူး။ ပွဲအပေါ်မှာ ပိုပြီး အာရုံစိုက်နိုင်ဖို့ ဖြစ်ပါတယ်။ ” လို့ ရှင်းပြခဲ့တယ်။

ကလော့ပ်က အင်္ဂလန်က ဘောလုံးသုံးသပ်သူတွေကို စိတ်ပျက်ခဲ့တာက ၂၀၁၆ ခုနှစ်က ကာရီယက်ရဲ့ မတော်တဆ ဖြစ်ရပ်ကို ဂယ်ရီနဗီးနဲ့ ဖီးနဗီးတို့ ဝေဖန်ရာက စတင်တယ်လို့ ယုံကြည်ရတယ်။ အဲ့တုန်းက လီဗာပူးဟာ ဘုန်းမောက်ကို ၄-၃ နဲ့ အရေးနိမ့်ခဲ့ပြီး နဗီး ညီအကိုက ကားရီးယက်ကို ပေါ်တင် ဝေဖန်ခဲ့ကြခြင်းဖြစ်ကာ ကလော့ပ်က မီဒီယာကနေတစ်ဆင့် ပြန်လည် တုန့်ပြန်ခဲ့တာဖြစ်တယ်။

” ဘောလုံးသုံးသပ်သူတွေကို လေးစားပါတယ်။ သူတို့နဲ့ ပြဿနာလည်း မရှိဘူး။ ဒါပေမယ့် အသင်းသားတွေအကြောင်း သူတို့တွေ ဝေဖန်တာက ဂယ်ရီနဗီးကို ပြင်းထန်တဲ့ စကားတွေနဲ့ ငါတုန့်ပြန်မိခဲ့တုန်းကလို အန္တရာယ်ဖြစ်စေတယ်။ ကိုယ်ဘာသာ ကာကွယ်ဖို့ သူတို့ပြောတာတွေ သိပ်ပြီးလည်း နားမထောင်တော့ပါဘူး။

ဘောလုံးသုံးသပ်သူတွေက ဘောလုံးသမားဟောင်းတွေပါ။ ဘောလုံးသမားတွေဖြစ်ပါရဲ့နဲ့ ဝေဖန်မှုတွေ ရင်ဆိုင်ရချိန်မှာ ဘယ်လို ခံစားရလဲဆိုတာကို သူတို့ မေ့နေကြတယ်။ အထူးသဖြင့် နဗီး ညီအကိုပဲ။ တစ်ယောက်ဆိုရင် မန်နေဂျာတောင် ဖြစ်ခဲ့တာပါ။ ဝေဖန်မှုက အလုပ်မဖြစ်တာကို သူ သိသင့်ပါတယ်။

ဒါပေမယ့် သူက လီဗာပူးကစားသမားတွေကို ကူညီဖို့ သိပ် စိတ်မဝင်စားတဲ့ သူမျိုးပါ။ ဒါကို ငါ မှန်းဆလို့ရတယ်။ ဒါပေမယ့် သူ့ရဲ့ ပြောဆိုမှုတွေက အဓိပ္ပာယ် မရှိပါဘူး။ သူက မန်နေဂျာအဖြစ် လုပ်တုန်းက သူ့ကစားသမားတွေကို အကဲဖြတ်ဖို့တောင် ရုန်းကန်ခဲ့ရတာကို အားလုံးလည်း မြင်ခဲ့တယ်။ ဒီတော့ ဘာလို့များ ငါ့ရဲ့ ကစားသမားတွေကို တီဗီ အစီအစဉ်ကနေ ဝေဖန်ခွင့်မျိုး သူ့ကို လုပ်ခွင့်ပေးရမှာလဲ?” လို့ ကလော့ပ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI – မန္ေနဂ်ာယာဂင္ကေလာ့ပ္က သူဟာ ေဘာလံုးသံုးသပ္သူေတြရဲ႕ ပရိသတ္ျဖစ္ေပမယ့္လည္း သူတို႔ ေျပာတာေတြကို အရမ္းၾကီး နားမေထာင္ပါဘူးလို႔ စကိုင္းစေပါ့က ကာေရဂါ၊ ေဒဗ့္ဂ်ံဳးတို႔နဲ႔ အင္တာဗ်ဴးမွာ ထုတ္ေျပာလာပါတယ္။

ကေလာ့ပ္ကေတာ့ ဒီလို နားမေထာင္ျခင္းကပဲ သံုးသပ္သူေတြနဲ႔ သူ႔ၾကားမွာ ဆက္ဆံေရးေကာင္းေတြ မပ်က္ေစဖို႔ အဓိက အေၾကာင္းရင္း ျဖစ္ေစႏုိင္တယ္လို႔ ထင္တယ္။ ေနာက္ျပီး ပြဲေတြကို ကိုယ္တိုင္ သံုးသပ္မႈနဲ႔ ေလ့လာမႈ လုပ္ရာမွာ အျခားသူေတြရဲ႕ အျမင္ေတြ သူ႔အေတြးထဲကို မေရာက္လာဖို႔ကလည္း မန္ေနဂ်ာတစ္ေယာက္အတြက္ အေရးပါတဲ့ အခ်က္ျဖစ္ပါတယ္။

ကေလ့ာပ္က ” ေဘာလံုးသံုးသပ္သူေတြ ဘာေျပာသလဲဆိုတာကို အေတာ္မ်ားမ်ားေတာ့ နားမေထာင္ပါဘူး။ ေဆာ္ရီးပါ ဂ်င္မီ (ကာေရဂါ)။ ဒါကပဲ ငါတို႔ၾကားမွာ အခ်င္းခ်င္း ရင္းရင္းႏွီးႏွီး ဆက္ေနႏုိင္မယ့္ အေၾကာင္းရင္းလို႔ ထင္ပါတယ္။

ငါလည္း သံုးသပ္သူ လုပ္ရတာေတြ ရွိပါတယ္။ ဒါေပမယ့္ မင္းတို႔လိုေတာ့ ရုပ္သံမွာ အၾကာၾကီး ေဝဖန္တာမ်ိဳးေတာ့ မဟုတ္ဘူးေပါ့။ မင္းတို႔က ပြဲေတြ အမ်ားၾကီးကို ၾကည့္ရတယ္။ အမ်ားၾကီး ရွင္းျပရတယ္။ ဒီအလုပ္က ရာႏႈန္းျပည့္ ခက္ခဲပါလိမ့္မယ္။ ကစားသမားေဟာင္းေတြက အရမ္းေကာင္းေကာင္း လုပ္ႏုိင္ၾကပါတယ္။ မင္းတို႔ ေဝဖန္တာကိုေတာ့ ငါတို႔လို မန္ေနဂ်ာေတြက အခ်ိန္ျပည့္ နားမေထာင္ ေပးႏုိင္ပါဘူး။ ငါတုိ႔မွာကလည္း ကိုယ္ပိုင္ ျပႆနာေတြနဲ႔ပါ။

ဒီအေျခအေနမွာ မင္းတို႔က ငါတို႔ရဲ႕ အေနအထားကို အကဲျဖတ္ၾကတယ္။ ငါတို႔ကလည္း လုပ္ခဲ့ျပီးတဲ့ ဆံုးျဖတ္ခ်က္ကို ျပန္ျပင္လို႔ မရပါဘူး။ ငါ အမ်ားၾကီး နားေထာင္တာေတြ မလုပ္ႏုိင္ဘူး။ ေဘာလံုးပြဲေတြကိုလည္း ေနာက္ခံ ေၾကညာသူေတြရဲ႕ အသံမပါပဲ ပြဲေတြ အမ်ားၾကီးကို ၾကည့္ရတယ္။ အဲ့တာက မင္းတို႔ ေျပာတာေတြ ဆိုးတာေၾကာင့္ မဟုတ္ပါဘူး။ ပြဲအေပၚမွာ ပိုျပီး အာရံုစိုက္ႏုိင္ဖို႔ ျဖစ္ပါတယ္။ ” လို႔ ရွင္းျပခဲ့တယ္။

ကေလာ့ပ္က အဂၤလန္က ေဘာလံုးသံုးသပ္သူေတြကို စိတ္ပ်က္ခဲ့တာက ၂၀၁၆ ခုႏွစ္က ကာရီယက္ရဲ႕ မေတာ္တဆ ျဖစ္ရပ္ကို ဂယ္ရီနဗီးနဲ႔ ဖီးနဗီးတို႔ ေဝဖန္ရာက စတင္တယ္လို႔ ယံုၾကည္ရတယ္။ အဲ့တုန္းက လီဗာပူးဟာ ဘုန္းေမာက္ကို ၄-၃ နဲ႔ အေရးနိမ့္ခဲ့ျပီး နဗီး ညီအကိုက ကားရီးယက္ကို ေပၚတင္ ေဝဖန္ခဲ့ၾကျခင္းျဖစ္ကာ ကေလာ့ပ္က မီဒီယာကေနတစ္ဆင့္ ျပန္လည္ တုန္႔ျပန္ခဲ့တာျဖစ္တယ္။

” ေဘာလံုးသံုးသပ္သူေတြကို ေလးစားပါတယ္။ သူတို႔နဲ႔ ျပႆနာလည္း မရွိဘူး။ ဒါေပမယ့္ အသင္းသားေတြအေၾကာင္း သူတို႔ေတြ ေဝဖန္တာက ဂယ္ရီနဗီးကို ျပင္းထန္တဲ့ စကားေတြနဲ႔ ငါတုန္႔ျပန္မိခဲ့တုန္းကလို အႏၱရာယ္ျဖစ္ေစတယ္။ ကိုယ္ဘာသာ ကာကြယ္ဖို႔ သူတို႔ေျပာတာေတြ သိပ္ျပီးလည္း နားမေထာင္ေတာ့ပါဘူး။

ေဘာလံုးသံုးသပ္သူေတြက ေဘာလံုးသမားေဟာင္းေတြပါ။ ေဘာလံုးသမားေတြျဖစ္ပါရဲ႕နဲ႔ ေဝဖန္မႈေတြ ရင္ဆိုင္ရခ်ိန္မွာ ဘယ္လို ခံစားရလဲဆိုတာကို သူတို႔ ေမ့ေနၾကတယ္။ အထူးသျဖင့္ နဗီး ညီအကိုပဲ။ တစ္ေယာက္ဆိုရင္ မန္ေနဂ်ာေတာင္ ျဖစ္ခဲ့တာပါ။ ေဝဖန္မႈက အလုပ္မျဖစ္တာကို သူ သိသင့္ပါတယ္။

ဒါေပမယ့္ သူက လီဗာပူးကစားသမားေတြကို ကူညီဖို႔ သိပ္ စိတ္မဝင္စားတဲ့ သူမ်ိဳးပါ။ ဒါကို ငါ မွန္းဆလို႔ရတယ္။ ဒါေပမယ့္ သူ႔ရဲ႕ ေျပာဆိုမႈေတြက အဓိပၸာယ္ မရွိပါဘူး။ သူက မန္ေနဂ်ာအျဖစ္ လုပ္တုန္းက သူ႔ကစားသမားေတြကို အကဲျဖတ္ဖို႔ေတာင္ ရုန္းကန္ခဲ့ရတာကို အားလံုးလည္း ျမင္ခဲ့တယ္။ ဒီေတာ့ ဘာလို႔မ်ား ငါ့ရဲ႕ ကစားသမားေတြကို တီဗီ အစီအစဥ္ကေန ေဝဖန္ခြင့္မ်ိဳး သူ႔ကို လုပ္ခြင့္ေပးရမွာလဲ?” လို႔ ကေလာ့ပ္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။