လေးနှစ်အတွင်း ဖလားတစ်လုံး အနိုင်ရရမယ်လို့ ကတိပေးခဲ့ရခြင်း အကြောင်းကို ကလော့ပ် ရှင်းပြ

UNICODE – လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ နည်းပြလောကထဲကို ၂၀၀၈ ခုနှစ်တည်းက ဝင်ရောက်လာပြီး ကလပ် သုံးသင်းထိ ကိုင်တွယ်ခဲ့ပေမယ့် တစ်ကြိမ်မှ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရခြင်း မရှိပါဘူး။

ဂျာမနီကလပ်တွေမှာ ကောင်းမွန်တဲ့ လမ်းခွဲခြင်းကိုပဲ သူကနေ စတင်ကာ အမြဲ လုပ်ဆောင်ခဲ့တဲ့ ကလော့ပ်ဟာ လီဗာပူးမှာတော့ မတူညီတဲ့ ခံစားချက်ကို ရရှိခဲ့ပါတယ်။ ကမ္ဘာအကောင်းဆုံး အသင်းတွေထဲက တစ်သင်းကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးဖို့ရာ အချိန်လိုအပ်မှာ ဖြစ်ခြင်းက လေးနှစ်အတွင်း ဆုဖလားတစ်လုံး အနိုင်ရစေရမယ်လို့ သူကတိပေးရခြင်းရဲ့ အကြောင်းရင်းလို့ ကလော့ပ်က ဆိုပါတယ်။

ကလော့ပ်ကပဲ ” ကျနေ်ာတို့ အချိန်လိုခဲ့တာ ရှင်းပါတယ်။ တစ်ညတည်းနဲ့ အပြောင်းအလဲတွေ မဖြစ်နိုင်ဘူးဆိုတာလည်း သေချာတယ်။ လူတိုင်းက လီဗာပူးကို အသွင်ပြောင်းလဲလာတာ မြင်လိုခဲ့ကြတယ်။ ဒီတော့ ကျနော်ကလည်း အချိန်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

လီဗာပူးအသင်းကို မကိုင်တွယ်ခင်မှာ ရာထူးကနေ ထုတ်ပယ်ခံရတဲ့ဆိုတဲ့ အတွေ့အကြုံမျိုး လုံးဝ မရှိခဲ့ပါဘူး။ ဒါပေမယ့် လီဗာပူးမှာတော့ အချိန်တိုအတွင်းမှာ လုံလောက်အောင် မကောင်းပြနိုင်ဘူးဆိုရင် ကျနော် ရာထူးကနေ ထုတ်ခံရနိုင်တယ်ဆိုတာ နားလည်ခဲ့တယ်။

ဒါကြောင့်လည်း လီဗာပူးမန်နေဂျာအဖြစ် ရောက်လာချိန်မှာပဲ လေးနှစ်အတွင်းမှာ တိုးတက်လာပြီး ဆုဖလား တစ်ခုခုကို အနိုင်ရရပါမယ်လို့ ကတိပေးခဲ့တာပါပဲ။ ကျနော်က လေးနှစ် အချိန်တောင်းခဲ့တာ မဟုတ်ပါဘူး ကျနော် တောင်းဆိုခဲ့တာက အချိန်ပေးဖို့ အတွက်ပါပဲ။ အဲ့တာကို ကျနော်တို့ ရခဲ့တယ်။

ကောင်းတာတစ်ခုက ၇ ပွဲ ၈ ပွဲလောက် ကစားပြီးတဲ့ အချိန်ထိ လီဗာပူးပိုင်ရှင်က ကျနော်အပေါ် ယုံကြည်ပေးတာပါပဲ။ ကျနေ်ာနဲ့ နည်းပြအဖွဲ့ဝင်တွေ မှန်ကန်တဲ့ နည်းလမ်းနဲ့ သွားနေတယ်လို့ သူတို့ ယုံကြည်ပြီး သံသယမေးခွန်း တစ်ခုတောင်မှ မထုတ်ခဲ့ပါဘူး။ သူတို့က ကျနေ်ာတို့ကို အပြည့်အဝ ယုံကြည်ပြီး အားလုံး အဆင်ပြေတယ်လို့ ထောက်ခံခဲ့ကြတယ်။

ဒါပေမယ့် ကျနေ်ာတို့တွေဟာ ဆီးဗီးလာ၊ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ကို ဗိုလ်လုပွဲတွေမှာ အရေးနိမ့်ခဲ့တယ်။ သုံးသပ်သူတွေက သူ နောက်ထပ် ဗိုလ်လုပွဲကို အနိုင်မရရင် အပြောင်းအလဲ ဖြစ်တော့မယ်လို့ သုံးသပ်ကြတာပေါ့။ ကျနေ်ာတို့ အသင်းထဲမှာတော့ ဒါမျိုး ဘယ်သူမှ မတွေးခဲ့ကြပါဘူး ” လို့ ရှင်းပြခဲ့တယ်။

ZAWGYI – လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ နည္းျပေလာကထဲကို ၂၀၀၈ ခုႏွစ္တည္းက ဝင္ေရာက္လာျပီး ကလပ္ သံုးသင္းထိ ကိုင္တြယ္ခဲ့ေပမယ့္ တစ္ၾကိမ္မွ ရာထူးကေန ထုတ္ပယ္ခံခဲ့ရျခင္း မရွိပါဘူး။

ဂ်ာမနီကလပ္ေတြမွာ ေကာင္းမြန္တဲ့ လမ္းခြဲျခင္းကိုပဲ သူကေန စတင္ကာ အျမဲ လုပ္ေဆာင္ခဲ့တဲ့ ကေလာ့ပ္ဟာ လီဗာပူးမွာေတာ့ မတူညီတဲ့ ခံစားခ်က္ကို ရရွိခဲ့ပါတယ္။ ကမၻာအေကာင္းဆံုး အသင္းေတြထဲက တစ္သင္းကို လမ္းေၾကာင္းမွန္ေပၚ ျပန္တင္ေပးဖို႔ရာ အခ်ိန္လိုအပ္မွာ ျဖစ္ျခင္းက ေလးႏွစ္အတြင္း ဆုဖလားတစ္လံုး အႏုိင္ရေစရမယ္လို႔ သူကတိေပးရျခင္းရဲ႕ အေၾကာင္းရင္းလို႔ ကေလာ့ပ္က ဆိုပါတယ္။

ကေလာ့ပ္ကပဲ ” က်ေန္ာတို႔ အခ်ိန္လိုခဲ့တာ ရွင္းပါတယ္။ တစ္ညတည္းနဲ႔ အေျပာင္းအလဲေတြ မျဖစ္ႏုိင္ဘူးဆိုတာလည္း ေသခ်ာတယ္။ လူတိုင္းက လီဗာပူးကို အသြင္ေျပာင္းလဲလာတာ ျမင္လိုခဲ့ၾကတယ္။ ဒီေတာ့ က်ေနာ္ကလည္း အခ်ိန္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

လီဗာပူးအသင္းကို မကိုင္တြယ္ခင္မွာ ရာထူးကေန ထုတ္ပယ္ခံရတဲ့ဆိုတဲ့ အေတြ႔အၾကံဳမ်ိဳး လံုးဝ မရွိခဲ့ပါဘူး။ ဒါေပမယ့္ လီဗာပူးမွာေတာ့ အခ်ိန္တိုအတြင္းမွာ လံုေလာက္ေအာင္ မေကာင္းျပႏိုင္ဘူးဆိုရင္ က်ေနာ္ ရာထူးကေန ထုတ္ခံရႏုိင္တယ္ဆိုတာ နားလည္ခဲ့တယ္။

ဒါေၾကာင့့္လည္း လီဗာပူးမန္ေနဂ်ာအျဖစ္ ေရာက္လာခ်ိန္မွာပဲ ေလးႏွစ္အတြင္းမွာ တိုးတက္လာျပီး ဆုဖလား တစ္ခုခုကို အႏုိင္ရရပါမယ္လို႔ ကတိေပးခဲ့တာပါပဲ။ က်ေနာ္က ေလးႏွစ္ အခ်ိန္ေတာင္းခဲ့တာ မဟုတ္ပါဘူး က်ေနာ္ ေတာင္းဆိုခဲ့တာက အခ်ိန္ေပးဖို႔ အတြက္ပါပဲ။ အဲ့တာကို က်ေနာ္တုိ႔ ရခဲ့တယ္။

ေကာင္းတာတစ္ခုက ၇ ပြဲ ၈ ပြဲေလာက္ ကစားျပီးတဲ့ အခ်ိန္ထိ လီဗာပူးပိုင္ရွင္က က်ေနာ္အေပၚ ယံုၾကည္ေပးတာပါပဲ။ က်ေန္ာနဲ႔ နည္းျပအဖြဲ႔ဝင္ေတြ မွန္ကန္တဲ့ နည္းလမ္းနဲ႔ သြားေနတယ္လို႔ သူတို႔ ယံုၾကည္ျပီး သံသယေမးခြန္း တစ္ခုေတာင္မွ မထုတ္ခဲ့ပါဘူး။ သူတို႔က က်ေန္ာတို႔ကို အျပည့္အဝ ယံုၾကည္ျပီး အားလံုး အဆင္ေျပတယ္လို႔ ေထာက္ခံခဲ့ၾကတယ္။

ဒါေပမယ့္ က်ေန္ာတို႔ေတြဟာ ဆီးဗီးလာ၊ မန္စီးတီးနဲ႔ ရီးရဲလ္မက္ဒရစ္တုိ႔ကို ဗိုလ္လုပြဲေတြမွာ အေရးနိမ့္ခဲ့တယ္။ သံုးသပ္သူေတြက သူ ေနာက္ထပ္ ဗိုလ္လုပြဲကို အႏုိင္မရရင္ အေျပာင္းအလဲ ျဖစ္ေတာ့မယ္လို႔ သံုးသပ္ၾကတာေပါ့။ က်ေန္ာတို႔ အသင္းထဲမွာေတာ့ ဒါမ်ိဳး ဘယ္သူမွ မေတြးခဲ့ၾကပါဘူး ” လို႔ ရွင္းျပခဲ့တယ္။