လာမယ့်ရာသီ ဥရောပဝင်ခွင့်မှာ အာဆင်နယ် ယူနိုက်တက်တို့ အသာရသွားနိုင်တဲ့ UEFA စည်းမျဉ်း

UNICODE – လာမယ့်ရာသီ ဥရောပဝင်ခွင့်မှာ အာဆင်နယ် ယူနိုက်တက်တို့ အသာရသွားနိုင်တဲ့ UEFA စည်းမျဉ်း
လာမယ့်ရာသီ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲ ဝင်ခွင့်တွေကို အားကစားဆိုင်ရာ အရည်အချင်း စစ်ဆေးမှုအပေါ်မှာ တွက်ချက်မှုနဲ့အတူ ဝင်ခွင့်ပေးတာမျိုး ဖြစ်လာနိုင်ကြောင်း ယူအီးအက်ဖ်အေ စည်းမျဉ်းမှာ ဖော်ပြထားပါတယ်။

ယူအီးအက်ဖ်အေဟာ လာမယ့် သောကြာနေ့မှာ ကိုရိုနာ ကပ်ဘေးကြောင့် သက်ရောက်မှု ကြီးမားမယ့် ကိစ္စတွေကို ဆွေးနွေးမှု ထပ်လုပ်ဦးမှာပါ။ ဒီတစ်ကြိမ်မှာလည်း အဖွဲ့ဝင် ၅၅ ဦးပါ ဗီဒီယို စည်းဝေးမှု ဖြစ်လာမှာဖြစ်ပြီး ဥရောပဆိုင်ရာ ဘောလုံးလိဂ်တွေရဲ့ အဆုံးသတ်မှု အခြေအနေတွေကို ဆွေးနွေးကြမှာဖြစ်တယ်။

စကိုင်းစပေါ့က ဖော်ပြလာမှုအရ ယူအီးအက်ဖ်အေရဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆိုင်ရာ စည်းမျဉ်းဥပဒေ အပိုင်း ၄ မှာတော့ ” ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အရည်အချင်း ပြည့်မှီတဲ့ အသင်းတွေကို ရွှေးချယ်ရာမှာ အားကစားဆိုင်ရာ ထိုက်တန်မှုရှိရဲ့လား စစ်ဆေးမှုမှာ ကလပ်တွေ အရည်အချင်း ပြည့်မှီရမယ် ” ဆိုတဲ့ အချက်ပါဝင်နေပါတယ်။

လာမယ့်ရာသီ ဥရောပပြိုင်ပွဲတွေကို ဝင်ရောက်ခွင့် ပေးရာမှာ ယူအီးအက်ဖ်အေ အဆင့်သက်မှတ်ချက်အတိုင်း ကလပ်တွေရဲ့ ရပ်တည်ချက်နဲ့ ဝင်ခွင့်ပေးမှုတွေကို လုပ်ဖို့ ထည့်သွင်း ဆွေးနွေးသွားနိုင်တယ်လို့ သိရတယ်။ ပုံမှန်အားဖြင့် ယူအီးအက်ဖ်အေဟာ ရလဒ်တွေကို တစ်ရာသီပြီးတိုင်း (သို့) ၅ ရာသီ တစ်ကြိမ် တွက်ချက်ပေးတာဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်စီးတီး (၆)၊ လီဗာပူး (၈)၊ ယူနိုက်တက် (၉)၊ အာဆင်နယ် (၁၀) တို့ဟာ အင်္ဂလန်ရဲ့ ထိပ်ဆုံး လေးသင်းဖြစ်ပြီး နောက်မှာတော့ စပါး (၁၃)၊ ချယ်ဆီး (၁၄)၊ လက်စတာ (၇၀) နဲ့ ဝုဗ် (၈၅) တို့ကတော့ အင်္ဂလန် ထိပ်ဆုံး လေးသင်းနောက် ယူအီးအက်ဖ်အေဆင့် ရပ်တည်မှုတွေဖြစ်ပါတယ်။

ဒါကြောင့် ယူအီးအက်ဖ်အေရဲ့ အဆင့်ရပ်တည်ချက်အတိုင်း ဥရောပပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးဖြတ်ပေးမယ်ဆိုရင် ဒီရာသီမှာ ပရီးမီးယားလိဂ် အဆင့်ရပ်တည်ချက် ၅ နဲ့ ၉ နေရာတွေမှာရှိတဲ့ ယူနိုက်တက်နဲ့ အာဆင်နယ်ဟာ အဆင့် ၄ မှာရှိတဲ့ ချယ်ဆီးထက် ပိုမို တစ်ပန်းသာနေတာဖြစ်ပါတယ်။

ZAWGYI – လာမယ့္ရာသီ ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ ျပိဳင္ပြဲ ဝင္ခြင့္ေတြကို အားကစားဆုိင္ရာ အရည္အခ်င္း စစ္ေဆးမႈအေပၚမွာ တြက္ခ်က္မႈနဲ႔အတူ ဝင္ခြင့္ေပးတာမ်ိဳး ျဖစ္လာနုိင္ေၾကာင္း ယူအီးအက္ဖ္ေအ စည္းမ်ဥ္းမွာ ေဖာ္ျပထားပါတယ္။

ယူအီးအက္ဖ္ေအဟာ လာမယ့္ ေသာၾကာေန႔မွာ ကိုရိုနာ ကပ္ေဘးေၾကာင့္ သက္ေရာက္မႈ ၾကီးမားမယ့္ ကိစၥေတြကို ေဆြးေႏြးမႈ ထပ္လုပ္ဦးမွာပါ။ ဒီတစ္ၾကိမ္မွာလည္း အဖြဲ႔ဝင္ ၅၅ ဦးပါ ဗီဒီယို စည္းေဝးမႈ ျဖစ္လာမွာျဖစ္ျပီး ဥေရာပဆိုင္ရာ ေဘာလံုးလိဂ္ေတြရဲ႕ အဆံုးသတ္မႈ အေျခအေနေတြကို ေဆြးေႏြးၾကမွာျဖစ္တယ္။

စကိုင္းစေပါ့က ေဖာ္ျပလာမႈအရ ယူအီးအက္ဖ္ေအရဲ႕ ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ဆိုင္ရာ စည္းမ်ဥ္းဥပေဒ အပိုင္း ၄ မွာေတာ့ ” ျပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ျပိဳင္ဖို႔ အရည္အခ်င္း ျပည့္မွီတဲ့ အသင္းေတြကို ေရႊးခ်ယ္ရာမွာ အားကစားဆုိင္ရာ ထိုက္တန္မႈရွိရဲ႕လား စစ္ေဆးမႈမွာ ကလပ္ေတြ အရည္အခ်င္း ျပည့္မွီရမယ္ ” ဆိုတဲ့ အခ်က္ပါဝင္ေနပါတယ္။

လာမယ့္ရာသီ ဥေရာပျပိဳင္ပြဲေတြကို ဝင္ေရာက္ခြင့္ ေပးရာမွာ ယူအီးအက္ဖ္ေအ အဆင့္သက္မွတ္ခ်က္အတိုင္း ကလပ္ေတြရဲ႕ ရပ္တည္ခ်က္နဲ႔ ဝင္ခြင့္ေပးမႈေတြကို လုပ္ဖို႔ ထည့္သြင္း ေဆြးေႏြးသြားႏိုင္တယ္လို႔ သိရတယ္။ ပံုမွန္အားျဖင့္ ယူအီးအက္ဖ္ေအဟာ ရလဒ္ေတြကို တစ္ရာသီျပီးတိုင္း (သို႔) ၅ ရာသီ တစ္ၾကိမ္ တြက္ခ်က္ေပးတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မန္စီးတီး (၆)၊ လီဗာပူး (၈)၊ ယူႏုိက္တက္ (၉)၊ အာဆင္နယ္ (၁၀) တို႔ဟာ အဂၤလန္ရဲ႕ ထိပ္ဆံုး ေလးသင္းျဖစ္ျပီး ေနာက္မွာေတာ့ စပါး (၁၃)၊ ခ်ယ္ဆီး (၁၄)၊ လက္စတာ (၇၀) နဲ႔ ဝုဗ္ (၈၅) တို႔ကေတာ့ အဂၤလန္ ထိပ္ဆံုး ေလးသင္းေနာက္ ယူအီးအက္ဖ္ေအဆင့္ ရပ္တည္မႈေတြျဖစ္ပါတယ္။

ဒါေၾကာင့္ ယူအီးအက္ဖ္ေအရဲ႕ အဆင့္ရပ္တည္ခ်က္အတိုင္း ဥေရာပပြဲေတြ ဝင္ေရာက္ယွဥ္ျပိဳင္ခြင့္ ဆံုးျဖတ္ေပးမယ္ဆိုရင္ ဒီရာသီမွာ ပရီးမီးယားလိဂ္ အဆင့္ရပ္တည္ခ်က္ ၅ နဲ႔ ၉ ေနရာေတြမွာရွိတဲ့ ယူႏုိက္တက္နဲ႔ အာဆင္နယ္ဟာ အဆင့္ ၄ မွာရွိတဲ့ ခ်ယ္ဆီးထက္ ပိုမို တစ္ပန္းသာေနတာျဖစ္ပါတယ္။