အာဆင်နယ်ကနေ အူဘာမီယန် ထွက်ခွာခဲ့ရင် မအံ့သြကြပါနဲ့လို့ ဘာဘာတော့ဗ် သုံးသပ်

UNICODE – ပရီးမီးယားလိဂ်ကလပ် စပါးနဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်တစ်ယောက် နွေမှာ မြောက်လန်ဒန်ကလပ်ကနေ ထွက်ခွာခဲ့ရင် မအံ့သြကြပါဖို့ သတိပေးစကား ပြောဆိုလိုက်ပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီမှာ ဒေါ့မွန်ကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် အူဘာမီယန်ဟာ ဆုဖလားအောင်မြင်မှု တစ်ခုမှ မရှိထားသလို အာဆင်နယ်အသင်းကလည်း ဖလားစိန်ခေါ်နိုင်မယ့် အဆင့်မှာ ရှိမနေပါဘူး။ အထူးသဖြင့် အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ဝေးကွာလာမှုဟာ အူဘာမီယန်ကို လန်ဒန်ကလပ်မှာ ဆက်ကစားဖို့ စဉ်းစားလာစေတယ်လို့ ဘာဘာတော့ဗ်က မြင်ပါတယ်။

ဂါဘွန်သား တိုက်စစ်သမားကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာလို ကလပ်တွေကပါ စဉ်းစားနေတာဖြစ်ပြီး အသက် ၃၀ ရှိနေပြီဖြစ်တဲ့ အူဘာမီယန်ဟာ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်ရတော့မှာပဲ ဖြစ်ပါတယ်။

ဘာဘာတော့ဗ်က ” အူဘာမီယန်ကို အာဆင်နယ်မှာ ပျော်ရဲ့လားလို့ မေးကြည့်ဖို့ လိုပါတယ်။ အကယ်လို့ မပျော်ဘူးလို့ သူပြန်ဖြေရင်လည်း ဘာကြောင့် အဲ့လို ဖြေသလဲဆိုတာ ကျနော် နားလည်ပေးနိုင်ပါတယ်။

ဘောလုံးဆိုတာ ဆုဖလားတွေ အောင်မြင်ဖို့ပါ။ အာဆင်နယ်က ကစားပုံကောင်းပေမယ့် အချိန်အတော်များများမှာတော့ လက်ဗလာနဲ့ပဲ ရာသီသိမ်းခဲ့တယ်ဆိုတာကို ကျနေ်ာတို့ အားလုံး သိပါတယ်။ ကစားသမားတစ်ယောက်အတွက်တော့ အဲ့တာက စိတ်ပျက်စရာပါပဲ။ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်ကလည်း သူ့ကို လက်မှတ်ထိုးလိုနေတဲ့ အခြေအနေမှာ အူဘာမီယန်က အရမ်းကို စဉ်းစားနေရမှာပါ။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ကိုယ်တိုင်လည်း လန်ဒန်ကလပ်တစ်ခုမှာ ကစားခဲ့ဖူးတဲ့ ဘာဘာတော့ဗ်က အာဆင်နယ်ဟာ အူဘာမီယန်ကို ဆက်ထိန်းနိုင်ဖို့ အားသာချက် အနည်ငယ်လည်း ရှိထားသေးတယ်လို့ မြင်ပါတယ်။

သူကပဲ ” သူ့မိသားစုဟာ လန်ဒန်မှာ အသားကျနေပြီးဖြစ်ပြီး အသင်းဖော်တွေလည်း ရှိတာကြောင့် ဒါတွေကလည်း သူဆက်နေဖို့ ဖြစ်လာစေနိုင်ပါတယ်။ လန်ဒန်မှာ ကစားရတာက ဘောလုံးသမား တစ်ယောက်အတွက် အရမ်းကို ကောင်းပါတယ်။ အကောင်းဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်။ နောက်ပြီး အာဆင်နယ်လို့ အသင်းမှာ ကစားရတာ အရမ်းကောင်းပါတယ်။ အူဘာမီယန်အတွက် လိုအပ်နေတာ တစ်ခုတည်းက ဆုဖလားတွေပဲ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ကလပ္ စပါးနဲ႔ ယူႏုိက္တက္ တုိက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က အာဆင္နယ္ တိုက္စစ္မွဴး အူဘာမီယန္တစ္ေယာက္ ေႏြမွာ ေျမာက္လန္ဒန္ကလပ္ကေန ထြက္ခြာခဲ့ရင္ မအံ့ၾသၾကပါဖို႔ သတိေပးစကား ေျပာဆိုလိုက္ပါတယ္။

၂၀၁၈ ခုႏွစ္ ဇန္နဝါရီမွာ ေဒါ့မြန္ကေန ေျပာင္းေရႊ႔လာခဲ့ျပီးေနာက္ အူဘာမီယန္ဟာ ဆုဖလားေအာင္ျမင္မႈ တစ္ခုမွ မရွိထားသလို အာဆင္နယ္အသင္းကလည္း ဖလားစိန္ေခၚႏုိင္မယ့္ အဆင့္မွာ ရွိမေနပါဘူး။ အထူးသျဖင့္ အာဆင္နယ္ရဲ႕ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကေန ေဝးကြာလာမႈဟာ အူဘာမီယန္ကို လန္ဒန္ကလပ္မွာ ဆက္ကစားဖို႔ စဥ္းစားလာေစတယ္လို႔ ဘာဘာေတာ့ဗ္က ျမင္ပါတယ္။

ဂါဘြန္သား တိုက္စစ္သမားကို ေခၚယူဖို႔ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာလို ကလပ္ေတြကပါ စဥ္းစားေနတာျဖစ္ျပီး အသက္ ၃၀ ရွိေနျပီျဖစ္တဲ့ အူဘာမီယန္ဟာ ဆံုးျဖတ္ခ်က္တစ္ခုကို ပိုင္ပိုင္ႏုိင္ႏိုင္ လုပ္ေဆာင္ရေတာ့မွာပဲ ျဖစ္ပါတယ္။

ဘာဘာေတာ့ဗ္က ” အူဘာမီယန္ကို အာဆင္နယ္မွာ ေပ်ာ္ရဲ႔လားလို႔ ေမးၾကည့္ဖို႔ လိုပါတယ္။ အကယ္လို႔ မေပ်ာ္ဘူးလို႔ သူျပန္ေျဖရင္လည္း ဘာေၾကာင့္ အဲ့လို ေျဖသလဲဆိုတာ က်ေနာ္ နားလည္ေပးႏုိင္ပါတယ္။

ေဘာလံုးဆိုတာ ဆုဖလားေတြ ေအာင္ျမင္ဖို႔ပါ။ အာဆင္နယ္က ကစားပံုေကာင္းေပမယ့္ အခ်ိန္အေတာ္မ်ားမ်ားမွာေတာ့ လက္ဗလာနဲ႔ပဲ ရာသီသိမ္းခဲ့တယ္ဆိုတာကို က်ေန္ာတို႔ အားလံုး သိပါတယ္။ ကစားသမားတစ္ေယာက္အတြက္ေတာ့ အဲ့တာက စိတ္ပ်က္စရာပါပဲ။ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္ကလည္း သူ႔ကို လက္မွတ္ထိုးလိုေနတဲ့ အေျခအေနမွာ အူဘာမီယန္က အရမ္းကို စဥ္းစားေနရမွာပါ။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ကိုယ္တိုင္လည္း လန္ဒန္ကလပ္တစ္ခုမွာ ကစားခဲ့ဖူးတဲ့ ဘာဘာေတာ့ဗ္က အာဆင္နယ္ဟာ အူဘာမီယန္ကို ဆက္ထိန္းႏုိင္ဖို႔ အားသာခ်က္ အနည္ငယ္လည္း ရွိထားေသးတယ္လို႔ ျမင္ပါတယ္။

သူကပဲ ” သူ႔မိသားစုဟာ လန္ဒန္မွာ အသားက်ေနျပီးျဖစ္ျပီး အသင္းေဖာ္ေတြလည္း ရွိတာေၾကာင့္ ဒါေတြကလည္း သူဆက္ေနဖို႔ ျဖစ္လာေစႏုိင္ပါတယ္။ လန္ဒန္မွာ ကစားရတာက ေဘာလံုးသမား တစ္ေယာက္အတြက္ အရမ္းကို ေကာင္းပါတယ္။ အေကာင္းဆံုးေတြထဲက တစ္ခုျဖစ္ပါတယ္။ ေနာက္ျပီး အာဆင္နယ္လို႔ အသင္းမွာ ကစားရတာ အရမ္းေကာင္းပါတယ္။ အူဘာမီယန္အတြက္ လိုအပ္ေနတာ တစ္ခုတည္းက ဆုဖလားေတြပဲ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။