BREAKING: ပရီးမီးယားလိဂ် အသင်း ၂၀ လုံး ဘုံ သဘောတူညီမှု တစ်ချက် ဆက်လက် ရှိမည်

UNICODE – အပတ်တိုင်း လုပ်နေတဲ့ ပရီးမီးယားလိဂ် ရှယ်ယာရှင်များ အစည်းအဝေးဟာ ဒီအပတ်အတွက်လည်း ဆက်လက် လုပ်ဆောင်ခဲ့ပြီး အရေးပါတဲ့ အချို့ကိစ္စတွေမှာ အငြင်းအခုံ ဖြစ်နေကြဆဲလို့ သိရပါတယ်။

ဒါပေမယ့်လို့ ဇွန် ၃၀ နောက်ဆုံးထား လိဂ်ကို အပြီးသတ်လိုကြောင်း ကိစ္စအပေါ် ဆွေးနွေးမှုတွေကတော့ ထပ်တိုးမလာခဲ့ပဲ ကလပ် ၂၀ လုံးဟာ ဒီရာသီကို သေချာပေါက် အပြီးသတ်ဖို့ဆိုတဲ့ သဘောတူညီမှုကိုတော့ တစုတစည်းထဲ ဆက်လက် အတည်ပြုထားကြပါတယ်။ ဒါအပြင် လုပ်ခ ဖြတ်တောက်ရေးနဲ့ အပြောင်းအရွှေ့ ဖွင့်လှစ်ရေး ကိစ္စတွေမှာလည်း အငြင်းအခုံ မဖြစ်ခဲ့ကြပါဘူး။

ဇွန် ၃၀ မှာ စာချုပ် ကုန်ဆုံးမယ့် ကစားသမားတွေ ရှိနေခြင်း၊ စီးပွားရေး ကြေငြာ သဘောတူညီချက်တွေက အဲဒီရက်မှာ အဆုံးသတ်ဖို့ ရှိနေတာတွေကြောင့် ပရီးမီးယားလိဂ်ကို နောက်ဆုံးထားမယ့် ရက်စွဲကို အတည်ပြုလိုနေတာ ဖြစ်တယ်။ ဖီဖာက ကစားသမားတွေ စာချုပ်ကုန်ဆုံးမယ့် ကိစ္စ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ထားပေမယ့် တရားဝင် အားဖြင့် ဇွန်မှာ စာချုပ် ကုန်သွားတဲ့ ကစားသမားကို လက်ရှိကလပ်အတွက် ဆက်ကစားဖို့ တွန်းအားမပေးနိုင် ဖြစ်နေပါတယ်။

ပရီးမီးယားလိဂ် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကတော့ ” ပရီးမီးယားလိဂ်နဲ့ ကလပ်အသင်းတွေက စီပွားရေးနဲ့ ဒီလုပ်ငန်းကြီး တစ်ခုလုံးကို အပြည့်အဝ အာရုံစိုက်နေတယ်။ ရှယ်ယာရှင်တွေ၊ ရုပ်သံပါတနာတွေကလည်း အစိုးရရဲ့ အပြည့်အဝ အားပေးမှုနဲ့အတူ လုံခြုံစိတ်ချရမှုတွေ ရှိလာရင် ဘောလုံးပွဲတွေကို ပြန်စတင်ဖို့ ရည်မှန်းထားတယ်။

ကစားသမားတွေ၊ နည်းပြတွေ၊ မန်နေဂျာတွေ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေရဲ့ ကျန်းမာရေးက ဦးစားပေးဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အကြံပေးမှုတွေက ခွင့်ပြုမှပဲ ဘောလုံးရာသီကို ပြန်စပါမယ်။

ဒီကနေ့ ရှယ်ယာရှင်တွေ အစည်းအဝေးမှာ ဖြစ်နိုင်မယ့် ရက်စွဲကို ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတာဖြစ်ပြီး ရက်စွဲကို အတည်မပြုနိုင်ပေမယ့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို အပြီးသတ်ဖို့က ကျနေ်ာတို့ရဲ့ ဦးတည်ချက် ဖြစ်နေဆဲပါပဲ ” လို့ ဒီကနေ့ ဆွေးနွေးပွဲအပြီး သတင်းထုတ်ပြန်ပေးသွားပါတယ်။

ZAWGYI – အပတ္တိုင္း လုပ္ေနတဲ့ ပရီးမီးယားလိဂ္ ရွယ္ယာရွင္မ်ား အစည္းအေဝးဟာ ဒီအပတ္အတြက္လည္း ဆက္လက္ လုပ္ေဆာင္ခဲ့ျပီး အေရးပါတဲ့ အခ်ိဳ႕ကိစၥေတြမွာ အျငင္းအခံု ျဖစ္ေနၾကဆဲလို႔ သိရပါတယ္။

ဒါေပမယ့္လို႔ ဇြန္ ၃၀ ေနာက္ဆံုးထား လိဂ္ကို အျပီးသတ္လိုေၾကာင္း ကိစၥအေပၚ ေဆြးေႏြးမႈေတြကေတာ့ ထပ္တိုးမလာခဲ့ပဲ ကလပ္ ၂၀ လံုးဟာ ဒီရာသီကို ေသခ်ာေပါက္ အျပီးသတ္ဖို႔ဆိုတဲ့ သေဘာတူညီမႈကိုေတာ့ တစုတစည္းထဲ ဆက္လက္ အတည္ျပဳထားၾကပါတယ္။ ဒါအျပင္ လုပ္ခ ျဖတ္ေတာက္ေရးနဲ႔ အေျပာင္းအေရႊ႔ ဖြင့္လွစ္ေရး ကိစၥေတြမွာလည္း အျငင္းအခံု မျဖစ္ခဲ့ၾကပါဘူး။

ဇြန္ ၃၀ မွာ စာခ်ဳပ္ ကုန္ဆံုးမယ့္ ကစားသမားေတြ ရွိေနျခင္း၊ စီးပြားေရး ေၾကျငာ သေဘာတူညီခ်က္ေတြက အဲဒီရက္မွာ အဆံုးသတ္ဖို႔ ရွိေနတာေတြေၾကာင့္ ပရီးမီးယားလိဂ္ကို ေနာက္ဆံုးထားမယ့္ ရက္စြဲကို အတည္ျပဳလိုေနတာ ျဖစ္တယ္။ ဖီဖာက ကစားသမားေတြ စာခ်ဳပ္ကုန္ဆံုးမယ့္ ကိစၥ အတြက္ ေဆြးေႏြးမႈေတြ ျပဳလုပ္ထားေပမယ့္ တရား၀င္ အားျဖင့္ ဇြန္မွာ စာခ်ဳပ္ ကုန္သြားတဲ့ ကစားသမားကို လက္ရွိကလပ္အတြက္ ဆက္ကစားဖို႔ တြန္းအားမေပးနုိင္ ျဖစ္ေနပါတယ္။

ပရီးမီးယားလိဂ္ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္ကေတာ့ ” ပရီးမီးယားလိဂ္နဲ႔ ကလပ္အသင္းေတြက စီပြားေရးနဲ႔ ဒီလုပ္ငန္းၾကီး တစ္ခုလံုးကို အျပည့္အဝ အာရံုစိုက္ေနတယ္။ ရွယ္ယာရွင္ေတြ၊ ရုပ္သံပါတနာေတြကလည္း အစိုးရရဲ႕ အျပည့္အဝ အားေပးမႈနဲ႔အတူ လံုျခံဳစိတ္ခ်ရမႈေတြ ရွိလာရင္ ေဘာလံုးပြဲေတြကို ျပန္စတင္ဖို႔ ရည္မွန္းထားတယ္။

ကစားသမားေတြ၊ နည္းျပေတြ၊ မန္ေနဂ်ာေတြ၊ ဝန္ထမ္းေတြနဲ႔ ပရိသတ္ေတြရဲ႕ က်န္းမာေရးက ဦးစားေပးျဖစ္ျပီး ေဆးဘက္ဆိုင္ရာ အၾကံေပးမႈေတြက ခြင့္ျပဳမွပဲ ေဘာလံုးရာသီကို ျပန္စပါမယ္။

ဒီကေန႔ ရွယ္ယာရွင္ေတြ အစည္းအေဝးမွာ ျဖစ္ႏုိင္မယ့္ ရက္စြဲကို ေဆြးေႏြးမႈေတြ လုပ္ခဲ့ၾကတာျဖစ္ျပီး ရက္စြဲကို အတည္မျပဳႏုိင္ေပမယ့္ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီကို အျပီးသတ္ဖို႔က က်ေန္ာတို႔ရဲ႕ ဦးတည္ခ်က္ ျဖစ္ေနဆဲပါပဲ ” လို႔ ဒီကေန႔ ေဆြးေႏြးပြဲအျပီး သတင္းထုတ္ျပန္ေပးသြားပါတယ္။