ဥရောပမှာ အလိုရှိခြင်း အခံရဆုံးဖြစ်လာသူ ဂါဘရီရယ် မာဂဲအက်စ်ကိစ္စ လိုင်လီ ဥက္ကဌ ရှင်းပြ

UNICODE – ပြင်သစ်ကလပ် လိုင်လီအသင်း ဥက္ကဌဖြစ်သူ ဂျရတ်လိုပက်စ်က ၎င်းအသင်းရဲ့ ခံစစ်သမားလေး ဂါဘရီရယ် မာဂဲအက်စ်ဟာ ကလပ်အများအပြား စိတ်ဝင်စားခြင်းကို ခံနေရပေမယ့် အသင်းကြီးတွေထံ ပြောင်းဖို့ပဲ အာရုံစိုက်ပါလိမ့်မယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။

ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းမန်နေဂျာ ကာလိုစ့် အန်ဆယ်လော့တီက စိတ်ဝင်စားလာတဲ့ မာဂဲအက်စ်ဟာ ဘရာဇီးသား လူငယ်ခံစစ်သမားဖြစ်ပြီး ဒီရာသီ ချန်ပီယံလိဂ်ပွဲတွေမှာ ပါဝင်ကစားခွင့် ရနေသူဖြစ်တယ်။ ၂၀၁၇ ခုနှစ်က ဘရာဇီးကလပ် အေဗိုင်ကနေ လိုင်လီကို ပေါင် ၁.၅ သန်းနဲ့ ပြောင်းလာခဲ့တဲ့ ၂၂ နှစ်အရွယ် ခံစစ်သမားဟာ ဥရောပရဲ့ အနာဂတ် အကောင်းဆုံး လူငယ် ခံစစ်သမားတွေထဲ တစ်ဦးအဖြစ် ပါဝင်လာခဲ့ပါတယ်။

ဂျရတ်လိုပက်စ်က ” ဥရောပရဲ့ လွှမ်းမိုးမှုအရှိဆုံး ဗဟိုခံစစ်သမား ၅ ဦးထဲမှာ မာဂဲအက်စ် ပါဝင်နေပါတယ်။ ဒါကိုလည်း သူ့ရဲ့ အချက်အလက်တွေကို ကြည့်ရင် သိကြပါမယ်။ ပြင်သစ်ပြင်ပတွေမှာ ရေပန်းစားမှု အရမ်းကို မမြင့်ပေမယ့် သူ့ရဲ့ တစ်ဦးချင်းတွေမှာ အသာစီးရယူမှုက ရုပ်ပိုင်းဆိုင်ရာ ဘယ်လောက်ထိ ကောင်းသလဲဆိုတာကို အားလုံး မြင်သိရမှာဖြစ်တယ်။

သူက တကယ်ကို စက်တစ်ခုလိုပါပဲ။ သူ့ရဲ့ နည်းလမ်းအတိုင်း အကောင်းဆုံး လုပ်ဆောင်နေတယ်။ အသင်းကြီးတစ်သင်းကို ဒီနွေမှာ သူမပြောင်းရွှေ့နိုင်သေးရင်တောင်မှ သူ့ရဲ့ ကိုယ်ပိုင်နည်းလမ်းကြောင့်ပဲ ဘရာဇီး လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံလာရမယ့်သူပါ ” ဆိုပြီး သူ့ကောင်လေးကို အထူး ချီးကျူးထားပါတယ်။

လိုင်လီမှာ တောက်ပလာတာ နှစ်ရာသီ ရှိပြီးဖြစ်တဲ့ မာဂဲအက်စ်ဟာ ပြင်သစ်မြေမှာ အစောပိုင်းတုန်းက ခြေစွမ်းပြဖို့ ရုန်းကန်ရပြီး အငှားထွက်မှုတွေ လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် အခွင့်အရေးကောင်းတွေ အသုံးချနိုင်မှုကြောင့် ဒီ နှစ်နှစ်အတွင်း စီနီယာအဆင့်မှာ အဓိက ကစားသမားဖြစ်လာခဲ့တယ်။

မာဂဲအက်စ်ဟာ တိုက်စစ်ကို ဘောလုံးပေးမှု ၅၇၈ ကြိမ်ရှိပြီး ဒီရာသီမှာ လိုင်လီ ကစားသမားတွေထဲ ဒုတိယအမြင့်ဆုံးဖြစ်တယ်။ အဝေးဘောပေးမှုတွေလည်း အထူးကောင်းမွန်တယ်။ သူ့ရဲ့ ကစားဟန်ဟာ မော်ဒန် ခံစစ်သမားတစ်ဦးရဲ့ လက္ခဏာတွေ ပြည့်စုံပြီး ပရီးမီးယားလိဂ်လို ရုပ်ပိုင်းဆိုင်ရာ အားပြုမှုမှာ အသားကျမယ်လို့ ယုံကြည်ထားရတယ်။

လန်ဒန်ကလပ်တွေဖြစ်တဲ့ ချယ်ဆီး၊ အာဆင်နယ်တို့က သူ့ကို စောင့်ကြည့်မှုတွေ လုပ်ထားစဉ်မှာပဲ အဲဗာတန်ဘက်က တရားဝင် ကမ်းလှမ်းဖို့ထိ အာရုံကျလာခြင်းဖြစ်ပါတယ်။ သူဟာ လာမယ့် ဒီဇင်ဘာမှာ အသက် ၂၃ နှစ် ပြည့်မှာဖြစ်ပြီး ပြင်သစ်ကလပ်နဲ့ ၂၀၂၃ ခုနှစ်ထိ စာချုပ် ရှိထားပါတယ်။

ZAWGYI – ျပင္သစ္ကလပ္ လိုင္လီအသင္း ဥကၠဌျဖစ္သူ ဂ်ရတ္လိုပက္စ္က ၄င္းအသင္းရဲ႕ ခံစစ္သမားေလး ဂါဘရီရယ္ မာဂဲအက္စ္ဟာ ကလပ္အမ်ားအျပား စိတ္ဝင္စားျခင္းကို ခံေနရေပမယ့္ အသင္းၾကီးေတြထံ ေျပာင္းဖို႔ပဲ အာရံုစိုက္ပါလိမ့္မယ္လို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

ပရီးမီးယားလိဂ္ကလပ္ အဲဗာတန္အသင္းမန္ေနဂ်ာ ကာလိုစ့္ အန္ဆယ္ေလာ့တီက စိတ္ဝင္စားလာတဲ့ မာဂဲအက္စ္ဟာ ဘရာဇီးသား လူငယ္ခံစစ္သမားျဖစ္ျပီး ဒီရာသီ ခ်န္ပီယံလိဂ္ပြဲေတြမွာ ပါဝင္ကစားခြင့္ ရေနသူျဖစ္တယ္။ ၂၀၁၇ ခုႏွစ္က ဘရာဇီးကလပ္ ေအဗိုင္ကေန လိုင္လီကို ေပါင္ ၁.၅ သန္းနဲ႔ ေျပာင္းလာခဲ့တဲ့ ၂၂ ႏွစ္အရြယ္ ခံစစ္သမားဟာ ဥေရာပရဲ႕ အနာဂတ္ အေကာင္းဆံုး လူငယ္ ခံစစ္သမားေတြထဲ တစ္ဦးအျဖစ္ ပါဝင္လာခဲ့ပါတယ္။

ဂ်ရတ္လိုပက္စ္က ” ဥေရာပရဲ႕ လႊမ္းမိုးမႈအရွိဆံုး ဗဟိုခံစစ္သမား ၅ ဦးထဲမွာ မာဂဲအက္စ္ ပါဝင္ေနပါတယ္။ ဒါကိုလည္း သူ႔ရဲ႕ အခ်က္အလက္ေတြကို ၾကည့္ရင္ သိၾကပါမယ္။ ျပင္သစ္ျပင္ပေတြမွာ ေရပန္းစားမႈ အရမ္းကို မျမင့္ေပမယ့္ သူ႔ရဲ႕ တစ္ဦးခ်င္းေတြမွာ အသာစီးရယူမႈက ရုပ္ပိုင္းဆိုင္ရာ ဘယ္ေလာက္ထိ ေကာင္းသလဲဆိုတာကို အားလံုး ျမင္သိရမွာျဖစ္တယ္။

သူက တကယ္ကို စက္တစ္ခုလိုပါပဲ။ သူ႔ရဲ႕ နည္းလမ္းအတိုင္း အေကာင္းဆံုး လုပ္ေဆာင္ေနတယ္။ အသင္းၾကီးတစ္သင္းကို ဒီေႏြမွာ သူမေျပာင္းေရႊ႔ႏုိင္ေသးရင္ေတာင္မွ သူ႔ရဲ႕ ကိုယ္ပိုင္နည္းလမ္းေၾကာင့္ပဲ ဘရာဇီး လက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ခံလာရမယ့္သူပါ ” ဆိုျပီး သူ႔ေကာင္ေလးကို အထူး ခ်ီးက်ဴးထားပါတယ္။

လိုင္လီမွာ ေတာက္ပလာတာ ႏွစ္ရာသီ ရွိျပီးျဖစ္တဲ့ မာဂဲအက္စ္ဟာ ျပင္သစ္ေျမမွာ အေစာပိုင္းတုန္းက ေျခစြမ္းျပဖို႔ ရုန္းကန္ရျပီး အငွားထြက္မႈေတြ လုပ္ခဲ့ရပါတယ္။ ဒါေပမယ့္ အခြင့္အေရးေကာင္းေတြ အသံုးခ်ႏုိင္မႈေၾကာင့္ ဒီ ႏွစ္ႏွစ္အတြင္း စီနီယာအဆင့္မွာ အဓိက ကစားသမားျဖစ္လာခဲ့တယ္။

မာဂဲအက္စ္ဟာ တိုက္စစ္ကို ေဘာလံုးေပးမႈ ၅၇၈ ၾကိမ္ရွိျပီး ဒီရာသီမွာ လိုင္လီ ကစားသမားေတြထဲ ဒုတိယအျမင့္ဆံုးျဖစ္တယ္။ အေဝးေဘာေပးမႈေတြလည္း အထူးေကာင္းမြန္တယ္။ သူ႔ရဲ႕ ကစားဟန္ဟာ ေမာ္ဒန္ ခံစစ္သမားတစ္ဦးရဲ႕ လကၡဏာေတြ ျပည့္စံုျပီး ပရီးမီးယားလိဂ္လို ရုပ္ပိုင္းဆိုင္ရာ အားျပဳမႈမွာ အသားက်မယ္လို႔ ယံုၾကည္ထားရတယ္။

လန္ဒန္ကလပ္ေတြျဖစ္တဲ့ ခ်ယ္ဆီး၊ အာဆင္နယ္တို႔က သူ႔ကို ေစာင့္ၾကည့္မႈေတြ လုပ္ထားစဥ္မွာပဲ အဲဗာတန္ဘက္က တရားဝင္ ကမ္းလွမ္းဖို႔ထိ အာရံုက်လာျခင္းျဖစ္ပါတယ္။ သူဟာ လာမယ့္ ဒီဇင္ဘာမွာ အသက္ ၂၃ ႏွစ္ ျပည့္မွာျဖစ္ျပီး ျပင္သစ္ကလပ္နဲ႔ ၂၀၂၃ ခုႏွစ္ထိ စာခ်ဳပ္ ရွိထားပါတယ္။