NEWS: တရားဝင် တောင်းပန်စာနဲ့အတူ ဝန်ထမ်းတွေကို အနားပေးမယ့်ကိစ္စ ပြင်ဆင်တဲ့ လီဗာပူး

UNICODE – လီဗာပူးဟာ ကစားသမားမဟုတ်တဲ့ ကလပ်ဝန်ထမ်း အချို့ကို နေအိမ်မှာ အနားယူစေမယ့် ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ပါကြောင်းနဲ့ ကလပ်ဘက်က လွဲမှားတဲ့ ဆုံးဖြတ်ချက် ပြုလုပ်ခဲ့မိတာအတွက် ပရိသတ်တွေနဲ့တကွ သက်ဆိုင်သူတွေကို တောင်းပန်ပါကြောင်း တရားဝင် စာထုတ်ခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဗြိတိန်အစိုးရက ထုတ်ပြန်ထားတဲ့ နေအိမ်မှာ ပြန်နားရမယ့် ဝန်ထမ်းတွေအတွက် အစိုးရထံက ရန်ပုံငွေ ထုတ်ယူသုံးစွဲခွင့်ကို လျောက်ထားဖို့ စာထုတ်ခဲ့တာပါ။ အစိုပါ ဥပဒေအရ အစိုးရထံကနေ လုပ်ခရဲ့ ၈၀% ကို ရမှာဖြစ်ပြီး ကလပ်ဘက်က ကျန်တဲ့ ၂၀% ကို ပေးဖို့ စီစဉ်ခဲ့တာဖြစ်တယ်။

ဒီကိစ္စကို ပရိသတ်တွေနဲ့ ကစားသမားဟောင်းတွေ ဆန့်ကျင်တဲ့အပြင် အားကစားကလောင်ရှင်တွေနဲ့ မီဒီယာတွေက မှားယွင်းတဲ့ လုပ်ဆောင်မှုအဖြစ် ထောက်ပြခဲ့ကြတာပါ။ လီဗာပူးအသင်း ဘုတ်အဖွဲ့က ကလပ်ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်မှုတွေ လုပ်ခဲ့ပြီး ယခင်ဆုံးဖြတ်ချက်ဟာ ကလပ်ရဲ့ ပုံရိပ်နဲ့ စည်းလုံးမှုကို ပျက်ပြားစေတယ်လို့ တွေ့ရှိခဲ့တာကြောင့် ပယ်ဖျက် ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးစီအီးအို ပီတာမိုးရဲ့ ကလပ်ဝဘ်ဆိုဒ်ကနေ ထုတ်ပြန်ကြေညာမှုမှာ လီဗာပူးအသင်း လည်ပတ်နိုင်ဖို့ ကူညီပေးကြတဲ့ အသင်းဝန်ထမ်းတွေ၊ ဒီကိစ္စနဲ့ ပက်သက်ပြီး ညိနှိုင်းလုပ်ဆောင်ပေးကြတဲ့ ပရိသတ်တွေ၊ ကိုယ်စားလှယ်တွေ၊ လီဗာပူးမြို့တော်ဝန်၊ Spirit of Shankly အဖွဲ့နဲ့တကွ တာဝန်ရှိသူတွေကိုပါ ကျေးဇူးတင်ကြောင်း ထုတ်ပြန်သွားပါတယ်။

လီဗာပူးရဲ့ ဆုံးဖြတ်ချက် ပြင်ဆင်ပေးမှုဟာ မှားယွင်းတယ်လို့ ယူဆတဲ့ ကိစ္စတစ်ခုကို အမှန်ပြန်ဖြစ်ဖို့ ရဲဝင့်စွာ ပြင်ဆင်ပေးမှုဖြစ်ပြီး အသိအမှတ်ပြုထိုက်ပါကြောင်း ဒီကနေ့ ဗြိတိန်သတင်းတွေက ဖော်ပြထားပါတယ်။

ZAWGYI – လီဗာပူးဟာ ကစားသမားမဟုတ္တဲ့ ကလပ္ဝန္ထမ္း အခ်ိဳ႕ကို ေနအိမ္မွာ အနားယူေစမယ့္ ဆံုးျဖတ္ခ်က္ကို ျပန္လည္ ျပင္ဆင္ပါေၾကာင္းနဲ႔ ကလပ္ဘက္က လြဲမွားတဲ့ ဆံုးျဖတ္ခ်က္ ျပဳလုပ္ခဲ့မိတာအတြက္ ပရိသတ္ေတြနဲ႔တကြ သက္ဆုိင္သူေတြကို ေတာင္းပန္ပါေၾကာင္း တရားဝင္ စာထုတ္ခဲ့ျပီျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ျဗိတိန္အစိုးရက ထုတ္ျပန္ထားတဲ့ ေနအိမ္မွာ ျပန္နားရမယ့္ ဝန္ထမ္းေတြအတြက္ အစိုးရထံက ရန္ပံုေငြ ထုတ္ယူသံုးစြဲခြင့္ကို ေလ်ာက္ထားဖို႔ စာထုတ္ခဲ့တာပါ။ အစိုပါ ဥပေဒအရ အစိုးရထံကေန လုပ္ခရဲ႕ ၈၀% ကို ရမွာျဖစ္ျပီး ကလပ္ဘက္က က်န္တဲ့ ၂၀% ကို ေပးဖို႔ စီစဥ္ခဲ့တာျဖစ္တယ္။

ဒီကိစၥကို ပရိသတ္ေတြနဲ႔ ကစားသမားေဟာင္းေတြ ဆန္႔က်င္တဲ့အျပင္ အားကစားကေလာင္ရွင္ေတြနဲ႔ မီဒီယာေတြက မွားယြင္းတဲ့ လုပ္ေဆာင္မႈအျဖစ္ ေထာက္ျပခဲ့ၾကတာပါ။ လီဗာပူးအသင္း ဘုတ္အဖြဲ႔က ကလပ္ရဲ႕ ဆံုးျဖတ္ခ်က္ကို ျပန္လည္ သံုးသပ္မႈေတြ လုပ္ခဲ့ျပီး ယခင္ဆံုးျဖတ္ခ်က္ဟာ ကလပ္ရဲ႕ ပံုရိပ္နဲ႔ စည္းလံုးမႈကို ပ်က္ျပားေစတယ္လို႔ ေတြ႔ရွိခဲ့တာေၾကာင့္ ပယ္ဖ်က္ ျပင္ဆင္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးစီအီးအို ပီတာမိုးရဲ႕ ကလပ္ဝဘ္ဆိုဒ္ကေန ထုတ္ျပန္ေၾကညာမႈမွာ လီဗာပူးအသင္း လည္ပတ္ႏုိင္ဖို႔ ကူညီေပးၾကတဲ့ အသင္းဝန္ထမ္းေတြ၊ ဒီကိစၥနဲ႔ ပက္သက္ျပီး ညိႏိႈင္းလုပ္ေဆာင္ေပးၾကတဲ့ ပရိသတ္ေတြ၊ ကိုယ္စားလွယ္ေတြ၊ လီဗာပူးျမိဳ႕ေတာ္ဝန္၊ Spirit of Shankly အဖြဲ႔နဲ႔တကြ တာဝန္ရွိသူေတြကိုပါ ေက်းဇူးတင္ေၾကာင္း ထုတ္ျပန္သြားပါတယ္။

လီဗာပူးရဲ႕ ဆံုးျဖတ္ခ်က္ ျပင္ဆင္ေပးမႈဟာ မွားယြင္းတယ္လို႔ ယူဆတဲ့ ကိစၥတစ္ခုကို အမွန္ျပန္ျဖစ္ဖို႔ ရဲဝင့္စြာ ျပင္ဆင္ေပးမႈျဖစ္ျပီး အသိအမွတ္ျပဳထိုက္ပါေၾကာင္း ဒီကေန႔ ျဗိတိန္သတင္းေတြက ေဖာ္ျပထားပါတယ္။