ဒီဘက်နှစ်တွေမှာ စမတ်ကျကျလုပ်နေတဲ့ ချယ်ဆီးရဲ့ လုပ်ဆောင်ချက်တွေကို ချီးကျူးခြင်း

UNICODE – ချယ်ဆီးအသင်း ကွင်းလယ်လူဟောင်း ခရိတ် ဘန်လေက အသင်းဟောင်းဟာ အပြောင်းအရွှေ့မှာ ခံယူချက်တွေ ပြောင်းလဲလာပြီး အသင်းပိုင်ရှင်က ကစားသမား ခေါ်ယူမှုမှာ ပိုမို ရင့်ကျက်လာပြီလို့ ထုတ်ဖော် ပြောဆိုပါတယ်။

ယခင်ကဆိုရင် ချယ်ဆီးဟာ ဈေးကွက်မှာ လိုချင်တဲ့ ကစားသမားတွေကို စိတ်တိုင်းကျ ခေါ်ယူနိုင်ဖို့ ဈေးကြီးတွေ ပေးလေ့ရှိတာပါ။ ဒါပေမယ့် ပြောင်းလဲလာတဲ့ ဘောလုံးစည်းမျဉ်းတွေနဲ့အတူ ချယ်ဆီးဟာ အသင်းပိုင်ရှင်ရဲ့ ငွေကြေးတွေကို အများအပြား သုံးစွဲခြင်းထက် ကိုယ်ပိုင် ရပ်တည်ချက်တွေ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ချယ်ဆီးကစားသမားဟောင်းကြီးက ” ကျနော် ပြောနိုင်တာတစ်ခုက ချယ်ဆီးနဲ့ပက်သက်တဲ့ မြင်ကွင်းကျယ်တွေက ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။ ဒါတွေက ချယ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ရဲ့ အာသီသတွေကြောင့် ဖြစ်ပါတယ်။ ကုန်ခဲ့တဲ့ နှစ်တွေမှာ ချယ်ဆီးရဲ့ ငွေကြေးသုံးစွဲမှုတွေက ပြောင်းလဲလာပါတယ်။

မိုဗစ်က ‘ငါတို့ မနှစ်က အမှတ်ပေးဇယား ဦးဆောင်သူတွေနဲ့ ရမှတ် ၁၀ မှတ်ပြတ်တယ်၊ နွေမှာ ကစားသမားခေါ်၊ ၆ ယောက်လောက်ခေါ်၊ ဘယ်လောက်ကုန်ကုန် ငါဂရုမစိုက်ဘူး’ ဆိုတဲ့ အခြေအနေတွေက ဒီဘက်နှစ်တွေမှာ ချယ်ဆီးရဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေက အများကြီး ပြောင်းလဲသွားခဲ့ပါတယ်။

သူတို့ ငွေကြေးသုံးစွဲမှုတွေကို ပိုပြီး စမတ်ကျကျ လုပ်လာတယ်၊ ပိုကျစ်လစ်အောင် လုပ်လာတယ်။ အရင်တုန်းကလို ဗုန်းဘောလအော သုံးစွဲတာတွေ မလုပ်တော့ဘူး။ လက်ရှိမှာ သူတို့ဟာ အသင်းရဲ့ နေရာကို ထိန်းသိမ်းဖို့ရာ တိုက်ခိုက်နိုင်ဖို့ ပူလီဆစ်နဲ့ ကစားသမား နှစ်ဦးလောက်ကို ခေါ်ယူထားတယ်။

အေဘရာမိုဗစ်က အရင်တုန်းကလို သန်း ၅၀၀ လောက်သုံးပြီး အသင်းဝက်စာလောက် လူဖြည့်တာတွေ မလုပ်တော့ဘူး။ မိုဗစ်က အရင် ၁၀ နှစ်တုန်းကလို မဟုတ်ပဲ ၂၀၂၀ မှာ အမြင်သစ်တွေ ရှိလာခဲ့ပါပြီ ” လို့ ထုတ်ဖော် ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI – ခ်ယ္ဆီးအသင္း ကြင္းလယ္လူေဟာင္း ခရိတ္ ဘန္ေလက အသင္းေဟာင္းဟာ အေျပာင္းအေရႊ႔မွာ ခံယူခ်က္ေတြ ေျပာင္းလဲလာျပီး အသင္းပိုင္ရွင္က ကစားသမား ေခၚယူမႈမွာ ပိုမို ရင့္က်က္လာျပီလို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

ယခင္ကဆိုရင္ ခ်ယ္ဆီးဟာ ေစ်းကြက္မွာ လိုခ်င္တဲ့ ကစားသမားေတြကို စိတ္တိုင္းက် ေခၚယူႏုိင္ဖို႔ ေစ်းၾကီးေတြ ေပးေလ့ရွိတာပါ။ ဒါေပမယ့္ ေျပာင္းလဲလာတဲ့ ေဘာလံုးစည္းမ်ဥ္းေတြနဲ႔အတူ ခ်ယ္ဆီးဟာ အသင္းပိုင္ရွင္ရဲ႕ ေငြေၾကးေတြကို အမ်ားအျပား သံုးစြဲျခင္းထက္ ကိုယ္ပိုင္ ရပ္တည္ခ်က္ေတြ ရွိလာခဲ့ျပီျဖစ္ပါတယ္။

ခ်ယ္ဆီးကစားသမားေဟာင္းၾကီးက ” က်ေနာ္ ေျပာႏုိင္တာတစ္ခုက ခ်ယ္ဆီးနဲ႔ပက္သက္တဲ့ ျမင္ကြင္းက်ယ္ေတြက ေျပာင္းလဲသြားခဲ့ျပီျဖစ္ပါတယ္။ ဒါေတြက ခ်ယ္ဆီးပိုင္ရွင္ ေအဘရာမိုဗစ္ရဲ႕ အာသီသေတြေၾကာင့္ ျဖစ္ပါတယ္။ ကုန္ခဲ့တဲ့ ႏွစ္ေတြမွာ ခ်ယ္ဆီးရဲ႕ ေငြေၾကးသံုးစြဲမႈေတြက ေျပာင္းလဲလာပါတယ္။

မိုဗစ္က ‘ငါတို႔ မႏွစ္က အမွတ္ေပးဇယား ဦးေဆာင္သူေတြနဲ႔ ရမွတ္ ၁၀ မွတ္ျပတ္တယ္၊ ေႏြမွာ ကစားသမားေခၚ၊ ၆ ေယာက္ေလာက္ေခၚ၊ ဘယ္ေလာက္ကုန္ကုန္ ငါဂရုမစိုက္ဘူး’ ဆိုတဲ့ အေျခအေနေတြက ဒီဘက္ႏွစ္ေတြမွာ ခ်ယ္ဆီးရဲ႕ အေျပာင္းအေရႊ႔ လုပ္ေဆာင္မႈေတြက အမ်ားၾကီး ေျပာင္းလဲသြားခဲ့ပါတယ္။

သူတို႔ ေငြေၾကးသံုးစြဲမႈေတြကို ပိုျပီး စမတ္က်က် လုပ္လာတယ္၊ ပိုက်စ္လစ္ေအာင္ လုပ္လာတယ္။ အရင္တုန္းကလို ဗုန္းေဘာလေအာ သံုးစြဲတာေတြ မလုပ္ေတာ့ဘူး။ လက္ရွိမွာ သူတို႔ဟာ အသင္းရဲ႕ ေနရာကို ထိန္းသိမ္းဖို႔ရာ တိုက္ခိုက္ႏုိင္ဖို႔ ပူလီဆစ္နဲ႔ ကစားသမား ႏွစ္ဦးေလာက္ကို ေခၚယူထားတယ္။

ေအဘရာမိုဗစ္က အရင္တုန္းကလို သန္း ၅၀၀ ေလာက္သံုးျပီး အသင္းဝက္စာေလာက္ လူျဖည့္တာေတြ မလုပ္ေတာ့ဘူး။ မိုဗစ္က အရင္ ၁၀ ႏွစ္တုန္းကလို မဟုတ္ပဲ ၂၀၂၀ မွာ အျမင္သစ္ေတြ ရွိလာခဲ့ပါျပီ ” လို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့တာျဖစ္ပါတယ္။