BREAKING: တကမ္ဘာလုံးရဲ့ ဘောလုံးရာသီအတွက် ၄၈ နာရီအတွင်း ဖီဖာ ကြေညာချက်ထုတ်မည်

UNICODE – ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွင်း တကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ လိဂ်ကို အဆုံးသတ်မှု ကိစ္စအတွက် ဖီဖာပါဝင်လာပြီဖြစ်ပြီး လိဂ်ပြိုင်ပွဲတွေ အဆုံးသတ်နိုင်ဖို့ ရက်အကန့်အသတ်မရှိ နောက်ဆုတ်ပေးသွားမှာဖြစ်ကြောင်း The Athletic က အတည်ပြုလိုက်ပါတယ်။

အဓိကအားဖြင့် ဥရောပ လိဂ်ပြိုင်ပွဲတွေမှာ ရင်ဆိုင်ရမယ့် ဇွန်လ ၃၀ ရက်နေ့နောက်ပိုင်း သက်ဆိုင်ရာ ကစားသမားတွေ စာချုပ်ကုန်မယ့် ကိစ္စအတွက် ကမ္ဘာဘောလုံးအဖွဲ့ချုပ်က ဝင်ပါပေးလာတာဖြစ်တယ်။ ဖီဖာဟာ ဥရောပ နွေဈေးကွက် ဖွင့်လှစ်မှု နေ့စွဲတင်မကပဲ ကစားသမား သက်တမ်းတိုးဆိုင်ရာ ကိစ္စကိုပါ ပါဝင်ပေးသွားမှာဖြစ်ပါတယ်။

ဒီကိစ္စကို လာမယ့် ၄၈ နာရီအတွင်း ဖီဖာက တရားဝင် ကြေညာချက်တစ်ခု ထုတ်ပြန်ပေးမှာဖြစ်ပြီး ဒါဟာ နိုင်ငံတိုင်း ရင်ဆိုင်နေရတဲ့ ကိုရိုနာ ကပ်ဘေးအတွက် အတတ်နိုင်ဆုံးသော ပါဝင်ကူညီမှု ဖြစ်လာပါမယ်။ ယူအီးအက်ဖ်အေက သြဂုတ်လ ၃ ရက်နေ့ကို နောက်ဆုံးထားမယ့် သဘောမျိုး ပြောထားပေမယ့် ဖီဖာရဲ့ ပါဝင်မှုက ပိုမိုထိရောက်တဲ့ လုပ်ငန်းစဉ်တွေကို လမ်းညွှန်နိုင်မှာပါ။

ဘောလုံးရာသီတွေကို ပယ်ဖျက်သင့်တယ်၊ ဆက်ယှဉ်ပြိုင်သင့်တယ်ဆိုတာက အငြင်းပွားဖွယ် ဆုံးဖြတ်ချက် ဖြစ်နေခဲ့ပေမယ့် ဖီဖာရဲ့ ပါဝင်မှုအရ ဒါအတွက် ပိုမိုတိကျတဲ့ အဖြေတစ်ခုကိုပါ မြင်လာရမှာဖြစ်တယ်။ ဖီဖာရဲ့ တရားဝင် အတည်ပြုပေးမှုမှာ သက်ဆိုင်ရာနိုင်ငံတွေဟာ ကိုယ်ပိုင် ပြည်တွင်းလိဂ်တွေကို အဆုံးသတ်နိုင်သည်ထိ အချိန်ရသွားဖို့ ရှိပါတယ်။

အရင်အပတ်မှာပဲ ယူအီးအက်ဖ်အေရဲ့ ဆွေးနွေးမှုနောက်ဆက်တွဲအဖြစ် ပြီးခဲ့တဲ့ သောကြာနေ့က ပရီးမီးယားလိဂ် တာဝန်ရှိသူတွေဟာ ညိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ တရုတ်မှာ ယှဉ်ပြိုင်ဖို့နဲ့ ကွင်းပိတ်ကန်ဖို့လို ညိနှိုင်းမှုတွေတော့ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ZAWGYI – ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီအတြင္း တကမၻာလံုး ရင္ဆုိင္ေနရတဲ့ လိဂ္ကို အဆံုးသတ္မႈ ကိစၥအတြက္ ဖီဖာပါဝင္လာျပီျဖစ္ျပီး လိဂ္ျပိဳင္ပြဲေတြ အဆံုးသတ္ႏုိင္ဖို႔ ရက္အကန္႔အသတ္မရွိ ေနာက္ဆုတ္ေပးသြားမွာျဖစ္ေၾကာင္း The Athletic က အတည္ျပဳလုိက္ပါတယ္။

အဓိကအားျဖင့္ ဥေရာပ လိဂ္ျပိဳင္ပြဲေတြမွာ ရင္ဆုိင္ရမယ့္ ဇြန္လ ၃၀ ရက္ေန႔ေနာက္ပိုင္း သက္ဆုိင္ရာ ကစားသမားေတြ စာခ်ဳပ္ကုန္မယ့္ ကိစၥအတြက္ ကမၻာေဘာလံုးအဖြဲ႔ခ်ဳပ္က ဝင္ပါေပးလာတာျဖစ္တယ္။ ဖီဖာဟာ ဥေရာပ ေႏြေစ်းကြက္ ဖြင့္လွစ္မႈ ေန႔စြဲတင္မကပဲ ကစားသမား သက္တမ္းတိုးဆိုင္ရာ ကိစၥကိုပါ ပါဝင္ေပးသြားမွာျဖစ္ပါတယ္။

ဒီကိစၥကို လာမယ့္ ၄၈ နာရီအတြင္း ဖီဖာက တရားဝင္ ေၾကညာခ်က္တစ္ခု ထုတ္ျပန္ေပးမွာျဖစ္ျပီး ဒါဟာ ႏုိင္ငံတိုင္း ရင္ဆုိင္ေနရတဲ့ ကိုရိုနာ ကပ္ေဘးအတြက္ အတတ္ႏုိင္ဆံုးေသာ ပါဝင္ကူညီမႈ ျဖစ္လာပါမယ္။ ယူအီးအက္ဖ္ေအက ၾသဂုတ္လ ၃ ရက္ေန႔ကို ေနာက္ဆံုးထားမယ့္ သေဘာမ်ိဳး ေျပာထားေပမယ့္ ဖီဖာရဲ႕ ပါဝင္မႈက ပိုမိုထိေရာက္တဲ့ လုပ္ငန္းစဥ္ေတြကို လမ္းညႊန္ႏုိင္မွာပါ။

ေဘာလံုးရာသီေတြကို ပယ္ဖ်က္သင့္တယ္၊ ဆက္ယွဥ္ျပိဳင္သင့္တယ္ဆိုတာက အျငင္းပြားဖြယ္ ဆံုးျဖတ္ခ်က္ ျဖစ္ေနခဲ့ေပမယ့္ ဖီဖာရဲ႕ ပါဝင္မႈအရ ဒါအတြက္ ပိုမိုတိက်တဲ့ အေျဖတစ္ခုကိုပါ ျမင္လာရမွာျဖစ္တယ္။ ဖီဖာရဲ႕ တရားဝင္ အတည္ျပဳေပးမႈမွာ သက္ဆုိင္ရာႏုိင္ငံေတြဟာ ကိုယ္ပိုင္ ျပည္တြင္းလိဂ္ေတြကို အဆံုးသတ္ႏုိင္သည္ထိ အခ်ိန္ရသြားဖို႔ ရွိပါတယ္။

အရင္အပတ္မွာပဲ ယူအီးအက္ဖ္ေအရဲ႕ ေဆြးေႏြးမႈေနာက္ဆက္တြဲအျဖစ္ ျပီးခဲ့တဲ့ ေသာၾကာေန႔က ပရီးမီးယားလိဂ္ တာဝန္ရွိသူေတြဟာ ညိႏိႈင္းမႈေတြ လုပ္ေဆာင္ခ့ဲေပမယ့္ အဆင္မေျပခဲ့ပါဘူး။ တရုတ္မွာ ယွဥ္ျပိဳင္ဖို႔နဲ႔ ကြင္းပိတ္ကန္ဖို႔လို ညိႏိႈင္းမႈေတြေတာ့ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။