NEWS: ပရီးမီးယားလိဂ်က ကြွယ်ဝတဲ့ ပိုင်ရှင်တွေနဲ့ ဘောလုံးသမားတွေကြား ထိပ်တိုက်တွေ့မှု စတင်

UNICODE – သောကြာနေ့က ပရီးမီးယားလိဂ်နဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့ချုပ်တို့ သဘောတူညီခဲ့တဲ့ လုပ်ခရဲ့ ၃၀% ဖြတ်တောက်ခံခြင်း နောက်ဆက်တွဲအဖြစ် စနေနေ့မှာ လိဂ်တာဝန်ရှိသူတွေဟာ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ အသင်းခေါင်းဆောင်တွေနဲ့ ထိပ်တိုက် ဆွေးနွေးမှု လုပ်ခဲ့ပါတယ်။

The Athletic က ဖော်ပြရာမှာ သောကြာနေ့တုန်းက ဗီဒီယို အစည်းအဝေးကနေ ထွက်ပေါ်တဲ့ ဆုံးဖြတ်အရ လက်ရှိ အချိန်ကစပြီး လုပ်ခရဲ့ ၁၀% ကို ဖြတ်တောက်ခံရမှာဖြစ်ကာ ကျန်တဲ့ ၂၀% ကို လာမယ့်ရာသီ မစခင်ထိ ဖြတ်တောက်ခံရဖို့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဆုံးဖြတ်ချက်ဟာ နယူးကာဆယ်၊ နော်ဝစ်နဲ့ စပါးအသင်းတို့က ကစားသမားတွေနဲ့တော့ အဆင်ပြေခြင်း မရှိပါဘူး။

ကလပ် ၂၀ လုံးရဲ့ အသင်းခေါင်းဆောင်တွေက လုပ်ခ ဖြတ်တောက်ဖို့ကို သဘောတူပေမယ့် အဓိက ပြဿနာတစ်ရပ်က ကလပ်ဝန်ထမ်းတွေကို လုပ်ခအပြည့်ပေးမှုနဲ့လည်း ဆက်နွယ်နေပါတယ်။ ကစားသမားတွေဘက်က သူတို့ကို လုပ်ခ လျော့ယူစေရင် ဝန်ထမ်းတွေကို လုပ်ခအပြည့်ပေးဖို့ အာမခံချက် ရလိုနေပါတယ်။

လုပ်ခ ၃၀% လျော့ယူကြမယ်ဆိုရင် ဒါဟာ ပေါင် သန်း ၅၀၀ ပမာဏရှိတဲ့ သဘောတူညီမှုကို လုပ်ပေးလိုက်တာဖြစ်တယ်။ ကစားသမားတွေကိုယ်တိုင်က သူတို့တွေ လုပ်ခ လျော့ယူပေမယ့် ဝန်ထမ်းတွေရဲ့ လုပ်ခအတွက် ကလပ်က တာဝန်မယူပဲ အာဏာပိုင်တွေထံက အကူအညီယူခြင်းဟာ အသင်းပိုင်ရှင်တွေကိုပဲ အကျိုးအမြတ်ဖြစ်စေမယ့် ညိနှိုင်းမှုလို့လည်း ယုံကြည်နေတာဖြစ်တယ်။

ပရီးမီးယားလိဂ် ဒီရာသီ ဆုံးရံှူးနိုင်တဲ့ ငွေကြေးပမာဏ ပေါင် ၁.၁၃၇ ဘီလီယံ

– Sky Sports မှ ပေါင် ၃၇၁ သန်း၊ BT Sport မှ ပေါင် သန်း ၅၀၊ နိုင်ငံတကာ ရုပ်သံလွင့်ခ ပေါင် ၃၄၁ သန်းတို့ဖြင့် ဒီရာသီကို အပြီးမသတ်နိုင်ရင် ရုပ်သံဝင်ငွေပေါင်း ပေါင် ၇၆၂ သန်း

– မတ်လအတွင်း ပွဲတွေ ရပ်နားပြီးနောက်ပိုင်း ပွဲနေ့ ဝင်ငွေတွေ၊ လက်မှတ်မှုထားတွေနဲ့အတူ ပေါင် ၁၇၅ သန်းမှ ပေါင် သန်း ၂၀၀ ထိ ရောက်နိုင်တဲ့ ပွဲနေ့ငွေကြေး

– ကလပ်အသင်း ၂၀ မှ ကစားသမားတွေ လုပ်ခရဲ့ ၃၀% လျော့ချယူရာမှ ထွက်ပေါ်လာမယ့် ပေါင် ၅၇၀ သန်းတို့ဖြစ်ပါတယ်။

ZAWGYI – ေသာၾကာေန႔က ပရီးမီးယားလိဂ္နဲ႔ ပေရာ္ဖက္ရွင္နယ္ ေဘာလံုးသမားမ်ားအဖြဲ႔ခ်ဳပ္တို႔ သေဘာတူညီခဲ့တဲ့ လုပ္ခရဲ႕ ၃၀% ျဖတ္ေတာက္ခံျခင္း ေနာက္ဆက္တြဲအျဖစ္ စေနေန႔မွာ လိဂ္တာဝန္ရွိသူေတြဟာ ပရီးမီးယားလိဂ္ကလပ္ေတြရဲ႕ အသင္းေခါင္းေဆာင္ေတြနဲ႔ ထိပ္တိုက္ ေဆြးေႏြးမႈ လုပ္ခဲ့ပါတယ္။

The Athletic က ေဖာ္ျပရာမွာ ေသာၾကာေန႔တုန္းက ဗီဒီယို အစည္းအေဝးကေန ထြက္ေပၚတဲ့ ဆံုးျဖတ္အရ လက္ရွိ အခ်ိန္ကစျပီး လုပ္ခရဲ႕ ၁၀% ကို ျဖတ္ေတာက္ခံရမွာျဖစ္ကာ က်န္တဲ့ ၂၀% ကို လာမယ့္ရာသီ မစခင္ထိ ျဖတ္ေတာက္ခံရဖို႔ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီဆံုးျဖတ္ခ်က္ဟာ နယူးကာဆယ္၊ ေနာ္ဝစ္နဲ႔ စပါးအသင္းတို႔က ကစားသမားေတြနဲ႔ေတာ့ အဆင္ေျပျခင္း မရွိပါဘူး။

ကလပ္ ၂၀ လံုးရဲ႕ အသင္းေခါင္းေဆာင္ေတြက လုပ္ခ ျဖတ္ေတာက္ဖို႔ကို သေဘာတူေပမယ့္ အဓိက ျပႆနာတစ္ရပ္က ကလပ္ဝန္ထမ္းေတြကို လုပ္ခအျပည့္ေပးမႈနဲ႔လည္း ဆက္ႏြယ္ေနပါတယ္။ ကစားသမားေတြဘက္က သူတို႔ကို လုပ္ခ ေလ်ာ့ယူေစရင္ ဝန္ထမ္းေတြကို လုပ္ခအျပည့္ေပးဖို႔ အာမခံခ်က္ ရလိုေနပါတယ္။

လုပ္ခ ၃၀% ေလ်ာ့ယူၾကမယ္ဆိုရင္ ဒါဟာ ေပါင္ သန္း ၅၀၀ ပမာဏရွိတဲ့ သေဘာတူညီမႈကို လုပ္ေပးလိုက္တာျဖစ္တယ္။ ကစားသမားေတြကိုယ္တိုင္က သူတို႔ေတြ လုပ္ခ ေလ်ာ့ယူေပမယ့္ ဝန္ထမ္းေတြရဲ႕ လုပ္ခအတြက္ ကလပ္က တာဝန္မယူပဲ အာဏာပိုင္ေတြထံက အကူအညီယူျခင္းဟာ အသင္းပိုင္ရွင္ေတြကိုပဲ အက်ိဳးအျမတ္ျဖစ္ေစမယ့္ ညိနိႈင္းမႈလို႔လည္း ယံုၾကည္ေနတာျဖစ္တယ္။

ပရီးမီးယားလိဂ္ ဒီရာသီ ဆံုးရံွဴးႏုိင္တဲ့ ေငြေၾကးပမာဏ ေပါင္ ၁.၁၃၇ ဘီလီယံ

– Sky Sports မွ ေပါင္ ၃၇၁ သန္း၊ BT Sport မွ ေပါင္ သန္း ၅၀၊ ႏုိင္ငံတကာ ရုပ္သံလြင့္ခ ေပါင္ ၃၄၁ သန္းတို႔ျဖင့္ ဒီရာသီကို အျပီးမသတ္ႏုိင္ရင္ ရုပ္သံဝင္ေငြေပါင္း ေပါင္ ၇၆၂ သန္း

– မတ္လအတြင္း ပြဲေတြ ရပ္နားျပီးေနာက္ပိုင္း ပြဲေန႔ ဝင္ေငြေတြ၊ လက္မွတ္မႈထားေတြနဲ႔အတူ ေပါင္ ၁၇၅ သန္းမွ ေပါင္ သန္း ၂၀၀ ထိ ေရာက္ႏုိင္တဲ့ ပြဲေန႔ေငြေၾကး

– ကလပ္အသင္း ၂၀ မွ ကစားသမားေတြ လုပ္ခရဲ႕ ၃၀% ေလ်ာ့ခ်ယူရာမွ ထြက္ေပၚလာမယ့္ ေပါင္ ၅၇၀ သန္းတို႔ျဖစ္ပါတယ္။